တပ်မတော်သားတွေရဲ့အကျပ်အတည်းတွေကို သမ္မတ ဦးသိန်းစိန်ထံ
တင်ပြခဲ့တဲ့အတွက် အချုပ်တစ်လ ချခံခဲ့ရတယ်လို့ သံလျင်ရေတပ်စခန်းက
ရေတပ်တပ်သား ကိုသူရိန်က အဖြစ်အပျက်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက
ဖွင့်ဟ၀န်ခံခဲ့ပါတယ်။
တပ်မတော်သားတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ
ဆုံးရှုံးနေတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်ထံ စာရေးသားတင်ပြခဲ့တဲ့အတွက်
ကိုသူရိန်ကို နိုင်ငံရေးလုပ်တယ်ဆိုပြီး စခန်းမှူး ဒုဗိုလ်မှူးကြီး
ဇော်ဝင်းထွန်းက အချုပ်ချခဲ့ပါတယ်။
ရေတပ်သား ကိုသူရိန်က အခုလိုပြောပြပါတယ်။
“ဒုတိယဗိုလ်မှူးကြီးတွေ ထိုင်ခိုင်းပြီးတော့ ငါမေးမယ်တဲ့။ မင်း ဘာလုပ်မလဲတဲ့။ မင်းက ရဲဘော်တဲ့။ ဒုတိယ ဗိုလ်မှူးကြီး ပြောတဲ့စကားနဲ့ မင်းပြောတဲ့စကား ဘယ်ဟာက အရာရောက်မယ်ထင်သလဲ။ မင်းလည်း ပြောချင်ရာပြော၊ ငါတို့လည်း ရေးချင်သလိုရေးပြီး အမိန့်ချချင်သလို ချမယ်တဲ့။ ငါတို့က ဒုတိယ ဗိုလ်မှူးကြီးတွေ၊ မင်းကို ထောင်အနှစ် ခုနစ်ဆယ်လောက် ချပစ်လို့ရတယ်တဲ့။ နိုင်ငံရေးလုပ်လို့တဲ့”
သူအချုပ်က လွတ်လာပြီးတော့ သင်္ဘောမှာပဲ ပြန်ထားခဲ့ပါတယ်။ အဲဒီနောက် ဒဏ်ရာရတဲ့အတွက် သံလျင်ရေတပ်စခန်း ဆေးရုံမှာ ဆေးကုသခံခဲ့ပြီး လွန်ခဲ့တဲ့ရက်က ဆေးရုံကဆင်းလာခဲ့ကြောင်း ပြောဆိုပါတယ်။ အဲဒီနောက် ကိုသူရိန်ဟာ အန်အယ်လ်ဒီဌာနချုပ်ကို လာရောက်ပြီး မိမိတို့အကျပ်အတည်းတွေကို ပြောဆိုခဲ့သလို တပ်မတော် အရာရှိဟောင်းတစ်ဦးထံမှာလည်း အဖြစ်အပျက်တွေကို ဖွင့်ဟထွက်ဆိုခဲ့ပါတယ်။
သံလျင် သီလ၀ါ ရေတပ်စခန်း လူနေအိမ်ရာတွေအတွင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ချိတ်ဆွဲခြင်းမပြုဖို့ စခန်းတာဝန်ရှိသူ ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက တားမြစ်ခဲ့တယ်လို့ ရေတပ်သားသူရိန်ကပြောပါတယ်။
လောလောဆယ် ကိုသူရိန်ရဲ့နောက်ဆုံးအခြေအနေကို မသိရသေးပေမယ့် ဖမ်းဆီးအရေးယူခံမှာကို စိုးရိမ်ပူပန်နေကြောင်း သူ့မိတ်ဆွေတစ်ဦးက ပြောဆိုပါတယ်။ ကိုသူရိန်ရဲ့ ဖွင့်ဟထွက်ဆိုချက်တွေဟာ မနေ့ကစပြီး အင်တာနက် စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
RFA
Myanmar News Now မှ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ ရဲဘော်သူရိန်း ရဲ့ ရင်ဖွင့်ထားတဲ့ (ရုပ်/သံ)
ရေတပ်သား ကိုသူရိန်က အခုလိုပြောပြပါတယ်။
“ဒုတိယဗိုလ်မှူးကြီးတွေ ထိုင်ခိုင်းပြီးတော့ ငါမေးမယ်တဲ့။ မင်း ဘာလုပ်မလဲတဲ့။ မင်းက ရဲဘော်တဲ့။ ဒုတိယ ဗိုလ်မှူးကြီး ပြောတဲ့စကားနဲ့ မင်းပြောတဲ့စကား ဘယ်ဟာက အရာရောက်မယ်ထင်သလဲ။ မင်းလည်း ပြောချင်ရာပြော၊ ငါတို့လည်း ရေးချင်သလိုရေးပြီး အမိန့်ချချင်သလို ချမယ်တဲ့။ ငါတို့က ဒုတိယ ဗိုလ်မှူးကြီးတွေ၊ မင်းကို ထောင်အနှစ် ခုနစ်ဆယ်လောက် ချပစ်လို့ရတယ်တဲ့။ နိုင်ငံရေးလုပ်လို့တဲ့”
သူအချုပ်က လွတ်လာပြီးတော့ သင်္ဘောမှာပဲ ပြန်ထားခဲ့ပါတယ်။ အဲဒီနောက် ဒဏ်ရာရတဲ့အတွက် သံလျင်ရေတပ်စခန်း ဆေးရုံမှာ ဆေးကုသခံခဲ့ပြီး လွန်ခဲ့တဲ့ရက်က ဆေးရုံကဆင်းလာခဲ့ကြောင်း ပြောဆိုပါတယ်။ အဲဒီနောက် ကိုသူရိန်ဟာ အန်အယ်လ်ဒီဌာနချုပ်ကို လာရောက်ပြီး မိမိတို့အကျပ်အတည်းတွေကို ပြောဆိုခဲ့သလို တပ်မတော် အရာရှိဟောင်းတစ်ဦးထံမှာလည်း အဖြစ်အပျက်တွေကို ဖွင့်ဟထွက်ဆိုခဲ့ပါတယ်။
သံလျင် သီလ၀ါ ရေတပ်စခန်း လူနေအိမ်ရာတွေအတွင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ချိတ်ဆွဲခြင်းမပြုဖို့ စခန်းတာဝန်ရှိသူ ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက တားမြစ်ခဲ့တယ်လို့ ရေတပ်သားသူရိန်ကပြောပါတယ်။
လောလောဆယ် ကိုသူရိန်ရဲ့နောက်ဆုံးအခြေအနေကို မသိရသေးပေမယ့် ဖမ်းဆီးအရေးယူခံမှာကို စိုးရိမ်ပူပန်နေကြောင်း သူ့မိတ်ဆွေတစ်ဦးက ပြောဆိုပါတယ်။ ကိုသူရိန်ရဲ့ ဖွင့်ဟထွက်ဆိုချက်တွေဟာ မနေ့ကစပြီး အင်တာနက် စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
RFA
Myanmar News Now မှ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ ရဲဘော်သူရိန်း ရဲ့ ရင်ဖွင့်ထားတဲ့ (ရုပ်/သံ)
သမ္မတထံစာရေးလို့ ရေတပ်သားတစ်ဦး ထောင်တစ်လကျ
Reviewed by သစ်ထူးလွင်
on
22:32
Rating:
17 comments:
ဘာ -- အပြစ်ရှိလို.--ဟုတ်လား-- ထောင် ၁ လချပြီးပြီ ?-- ဒါဆိုလည်း ဆက်မထားနဲ. ၊ တပ်ကထုတ်ပစ်လိုက်လေ ၊ ဗျာ -- ထုတ်ပစ်လို.မဖြစ်ဘူး ? -- တပ်ထဲဝင်မယ်.သူ ပါးနေလို.- -အော်-ဟုတ်လား - ? ? ?
ညီလေးရေ....သတ္တိကိုတော့ကြိုက်တယ်....ဒါပေမဲ့သမ္မတကြီးက...ယခုနိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကိစ္စတွေနဲ့အလုပ်ရှုပ်နေတုံးမှာ....ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ....ပင်လယ်ထဲမှာငါးစာဖြစ်သွားမှာစိုးလို့ပါ။
ဟာ စောတီးဗျာ ဝေဖန်စောသွားတယ် ... မှန်တယ် ဗျ..
ရေတပ်စခန်းမို စခန်းမှူးလို့ခေါ်တာ.. ပြီးတော့ အခု ပို့စ်ကိုရေးတာလည်းအစ်ကိုမဟုတ်ဘူး RFA ရေးထားတာ ... အဲဒီ့အမှားအတွက်တောင်းပန်ပါတယ်...
အခြားအကြံပြုတာလေးတွေကိုတော့ အလေးထားစေလိုပါတယ်...
“ဒုတိယဗိုလ်မှူးကြီးတွေ ထိုင်ခိုင်းပြီးတော့ ငါမေးမယ်တဲ့။ မင်း ဘာလုပ်မလဲတဲ့။ မင်းက ရဲဘော်တဲ့။ ဒုတိယ ဗိုလ်မှူးကြီး ပြောတဲ့စကားနဲ့ မင်းပြောတဲ့စကား ဘယ်ဟာက အရာရောက်မယ်ထင်သလဲ။ မင်းလည်း ပြောချင်ရာပြော၊ ငါတို့လည်း ရေးချင်သလိုရေးပြီး အမိန့်ချချင်သလို ချမယ်တဲ့။ ငါတို့က ဒုတိယ ဗိုလ်မှူးကြီးတွေ၊ မင်းကို ထောင်အနှစ် ခုနစ်ဆယ်လောက် ချပစ်လို့ရတယ်တဲ့။
ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်း ဆိုတဲ့ငနဲ ...
မင်းလိုကောင်မျိုးတွေများများရှိလေ တို့တိုင်းပြည်နာလေ။
တပ်မတော်ကို ထူထောင်ခဲ့သူ မြန်မာပြည်လွတ်လပ်ရေးရအောင် ဘယ်လောက်အထိ အနစ်နာခံ ကြိုးစားခဲ့တဲ့ခေါင်းဆောင်
ဘယ်သူလဲမေးရင် ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို
အဲဒီအချိန်ကမမွေးသေးတဲ့ သူငယ်နှပ်စားမေးတောင်သိတယ်။
မင်းမသိဘူးလား?
အဲဒါကို ဘာဖြစ်လဲကွ ... ဓါတ်ပုံချိတ်တာ ...
မင်းသိလား ... လေးစားလို့ကွ .... ချစ်လို့ ... နားလည်လား
အေး .... မင်းလိုကောင်မျိုးတွေတော့ မုန်းပြီးရင်း မုန်းခံရမှာပဲ..
ခွေးလိုအကောင်
ကိုသစ်ထူးလွင်ရေ!!!
နောက်တစ်ခါကျရင်စာ(သို.)အသံဖိုင်လောက်ပဲတင်ပေးပါ။အစ်ကိုစေတနာကို နားလည်ပါတယ်။ဒါပေ.မယ်.ကျွန်တော်တို.နိုင်ငံကတကယ်မလွတ်လပ်သေးပါဘူး။
ီ
အဲဒါအကြောင်းတွေ့ကတကယ်ကိုအမှန်ပါဘဲ...လိုင်းမှာနေရင်ဘယ်ပါတီဝင်ရဲပုံတွေကို ချိတ်စရာမလိုဘူးဆိုပြီး.ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်အောင်ဆန်းစုကြည်ပုံတွေ
ကိုချက်ချင်းပြုတ်ခိုင်းပါတယ်ဗိုလ်တထောင်သံလျှက်စွန်းရေတပ်လိုင်းတွေမှာပါ..
ဒီရဲဘော်လေးလိုဘဲခံစားနေရတဲရဲဘော်တွေအများကြီးရှိပါသေးတယ်..ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ရင်တောင်ရဲရဲဝင်ငင်မချစ်ရပါဘူး...ရဲဘော်အားလုံးအပါအ၀င်သူရဲမိသားစုဝင်တွေအားလုံးပါ...
တပ်ထဲမှာ အဲဒီလိုမျိုး ယုတ်မာမှုတွေ အများကြီးရှိပါတယ် ..ဒီလိုပဲ ခေါင်းငုံ့ခံနေရတဲ့သူတွေအများကြီးပါ ...တပ်ထဲက အရာရှိတွေတောင် ဒီရဲဘော်လို မတင်ပြရဲတဲ့ အတွက် သတ္တိကိုလေးစားပါတယ် .... ...ဒါပေမယ့် ... ရဲဘော် သူရိန် တစ်ယောက် ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းရဲ့ ညစ်ပတ်ယုတ်မာမှုတွေကို မခံစားရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်... အမှန်တရားကို နတ်စောင့်ပါစေ....
ဒုဗိုလ်မှူးကြီးရေ.. ခင်ဗျားတို့ကလည်း လူစွမ်းကောင်းတွေချည်းပဲ...
စော်မယ်ဆိုတာချည်းပဲ...
ကိုယ့်လူကိုယ်ချည်း တီးမနေနဲ့ဦး... ရေပြင်ကြီးကို လာတို့တဲ့ လက်တွေကို တီးဖို့ချန်ထားဦး... ခင်ဗျားတို့ မချိတ်ရဲတဲ့ ဓါတ်ပုံထဲက လူကြီးသာ အခုချိန်ရှိကြည့်... ရေပြင်ကြီးကို လက်ဝါးကြီး ဖြန့်တောင်းနေတဲ့ ကလားကြီးလက်ကို ဖြတ်ပြီးလောက်ပြီ....
အင်း... ဘာတွေလဲကွာ။ ငါပြောချင်တာက သူရိန် ဒီလောကကြီးမှာ မင်းတစ်ယောက်တည်းမဟုတ်ဘူးဆိုတာတော့သိစေချင်တယ်...ထစ်ခနဲ ရှိသမ္မတ ဆီတက်တာတော့ ငါမကြိုက်ဘူး...ဒို့ ငယ်ငယ်တုန်းကလည်း ရန်ဖြစ်ပြီဆို ဆရာမကို တန်းတိုင်တဲ့ကောင်ဆို အရမ်းမုန်းတာသိလား
အတိုင်စောသွားတယ်..ဒီအနေထားနဲ့ဘာမှထူးလာမှာမဟုတ်ဘူး
ဟိုတုန်းကကျောင်းသားတွေလည်းအမှန်တရားဘက်ရပ်တည်ကြ
တာ...ခေါင်းပြတ်တာတောင်..လူတော်တော်များများမသိသွားဘူး
icypoem ရေ
လောကမှာ တရားတဲ့ဘက်နဲ့ မတရားတဲ့ဘက် ကိုယ်ဘယ်ဘက်မှာ နေမှာလဲ။ ရှုံးမှန်းသေချာပေါက်သိနေရင်တောင် တရားတဲ့ဘက်မှာပဲ ဆက်နေနိုင်သေးတဲ့သူကို သူရဲကောင်းလို့ခေါ်တယ်။ မတရားတာလုပ်လို့ အပြစ်မရဘူးမထင်နဲ့။ ကိုယ်လုပ်တဲ့ ကောင်းမှု့ မကောင်းမှု့အတိုင်း စေတနာကြီးရင် ကြီးသလောက် အဆပေါင်းများစွာ ပြန်ရမှာပါ။
icypoem..အခုဖြစ်နေတာမင်းတို့ငယ်ငယ်တုန်းကလိုလက်သီးထိုး
ရန်ဖြစ်နေတဲ့အမှုမဟုတ်ဘူးကွ..အခက်မသင့်ရင်လူပါပျောက်သွား
မယ်..တရားရင်တရားတယ်.မတရားရင်..မတရားဘူးပေါ့ဗျာ..
တိုင်ဖို့မလို...ဖြေရှင်းဖို့မလိုရင်..ဥပဒေဆိုတာ.ဘာလုပ်ဖို့ထားမလဲ...ကိုယ့်လူ???????
ဒီကောင်တွေဘယ်လိုဖြစ်နေတာလဲ တပ်မတော်ဆိုတာ ဗိုလ်ချုပ်ရဲ့ကြိုးစားမှုကြောင့်ဖြစ်လာတာ...ကျေးဇူးရှင် ကို
ဆော်ကားတာပဲ ဟေ့ကောင်တွေ မင်းတို့တွေနောက်ဘ၀မှာ
တိရိစ္ဆာန်ဖြစ်မမေ့နဲ့။အဆင်သင့် တက်ထိုင်ပြီး ကျေးဇူးရှင်ကိုဆော်ကားတယ်။မင်းတို့တွေ ရုပ်ကိုပဲနှိပ်ဆက်လို့ရမယ် လူတွေရဲ့စိတ်ထဲမှာ ဗိုလ်ချုပ်ဟာ သေမသွားဘူးကွ။မင်းတို့တွေမြဲမြဲမှတ်ထား။
ပဲပြုတ်နဲ့နံပြားစားပြီး၊ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုရအောင်ယူခဲ့သူ၊ပြည်သူချစ်တဲ့၊အနောက်နိုင်ငံကြီးတွေကလေးလေးစားစားဆက်ဆံခံရတဲ့၊အင်္ဂလိပ်စာပညာတတ်ဗိုလ်ချုပ်အောင်ဆန်းကိုကြည်ငြိုကြတာနဲ့-အနောက်နိုင်ငံဖြစ်ဇမ်ခံအိမ်ကြီးတွေမှာ၊private golf ကွင်းတွေမှာ၊ တရုတ်ဆီကတောင်းထားတဲ့ကိုယ်ပိုင်လေယဉ်ပေါ်မှာ၊ ခိုးယူပိုင်ဆိုင်ပြီးသား ပြည်သူ့ဘဏ္ဍဲာ့ဒေါ်လာသန်းပေါင်းများစွာပေါ်မှာ၊ ဇိမ်ခံစည်းစိမ်ယစ်နေကြတဲ့-ပြီးတော့ လူမမယ်လူငယ်ကျေင်းသားများစွာကို ပစ်သတ်ခိုင်းတဲ့၊ရပာန်းသံဃာတွေကိုသုတ်သင်မိန့်ပေးတဲ့၊ တိုင်းရင်းသားနွယ်တွေကိုမျိုးဖြုတ်စစ်ဆင်ရေးကိုကြိတ်ပြီး-ဖေါ်ဆောင်ခဲ့တဲ့၊ ကဗာနဲ့တကွ၊ ပြည်သူတွေရဲ့ မိုးထိအောင်တက်နေတဲ့တိုးတိုးရောကျယ်ကျယ်ပါ ဆဲရေးခံနေရတဲ့-စာမတတ်တဲ့၊ပါးစပ်ကဘုရားဘုရားလက်က ကားယားကားယားလုပ်နေတဲ့၊လုပ်နေဆဲ-အဇာသတတ်၊ငတက်ပြားဦးသန်းရွှေ နှင့်အဖွဲ့ ပာာဆိုရင်- ကောင်းကင်နဲ့မြေကြီးကွာသလိုဘဲ -ကွာခြားလွန်းလှပါတယ်။ သေမထူးနေမထူးဘဝနဲ့၊ မထူးတော့ဘူးဆိုပြီး တသက်လုံး ပစ်မိန့်ကြီးဘဲပေးနေခဲ့တော့တယ်လေ။ နှလုံးသားကွဲကြေလောက်အောင်တောင်းပန်ရင်တောင်၊အနနွမေတာရှင်ဇန်ဆင်းရှင်ဘုရားသခင်တောင် ခွင့်လွတ်နိုင်ပါတော့မလား၊ လေးလေးနက်နက်တွေးမိပါရဲ့၊ လောဘကြေင့်-လူစီဖါလို ရန်လိုမုန်းထား-ဘုရားတောင် ပုန်ကန်ဝင့် မာန်တက်လာတာကိုး၊ တူသောအကျိုးကိုတော့လူတိုင်းရစမြဲပါဘဲ၊
ဗိုလ်မှူးကြီးက တစ်ယောက်တည်းပါ၊ ရဲဘော်ဆိုတာ အများကြီးပါ ကျွန်တော်သာ ရဲဘော်ဆိုရင် ပြန်ပြောက်လိုက်ပါမယ် ခင်ဗျား ဘယ်နှစ်ရက်အသက်ရှင်ရှင် သေးလဲလို့ပါ
ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော် အဖေ တာဝန်ကျတဲ့ တပ်မှာ
အချုပ်သားကို ဒုအရာခံဗိုလ် က ထိုးလို့ ဗဟိုကင်းတစ်ခုလုံးကိုဖောက်ပြီး
လက်နတ်တိုတ်ထဲက လက်နတ်တွေယူပြီး တောခိုဖို့ကြိုးစားခဲ့တဲ့ ရဲဘော်တွေကို
အရမ်းလေးစား ဂုဏတ်ပြုတယ်.. ကျန်တဲ့ ရဲဘော်ရဲဘတ်တွေလဲ အဲဒီလို စိတ်ဓာတ် တွေ ရဲရဲဝင့်ဝင့် ဆုံးဖြတ်ကြပါစေလို ဆုတောင်းမိတယ်..
ဒီကောင်တွေ လက်အောက်မှာ နေနေကြမဲ့ အစား သေတာက မြတ်ပါတယ်.
တိုက်ပြီး အသေခံကြမလား အနှိမ်ခဲ့ဘ၀ နဲ့နေကြမလား.. ဒီကောင်တွေကို ပြန်ချကြဗျာ...
Post a Comment