သရုပ်ဆောင်ရဲတိုက် ကချင်စစ်ဘေးအတွက်အလှူခံ

ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင် ရဲတိုက်ဟာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ကြောင့် ထွက်ပြေး နေရတဲ့ စစ်ဘေး ဒုက္ခသည်တွေ အတွက် ရည်ရွယ်ပြီး မန္တလေးမြို့မှာ ရန်ပုံငွေ ကောက်ခံမှုတွေ ပြုလုပ်နေပါတယ်။
ဆိပ်ဖြူကျေးရွာ အလှူခရီးစဉ်တွင် တွေ့ရသော ရဲတိုက်
ရဲတိုက်ဖောင်ဒေးရှင်းအတွက် ကမ္ဘာကြီးရဲ့ တထောင့်တနေရာမှာ သူတို့ငိုနေတယ်ဆိုတဲ့ အစီအစဉ် အမည်နဲ့ အလှူ ငွေ ကောက်ခံမှုတွေ လုပ်နေတာလို့ရဲတိုက်က ပြောပါတယ်။
“မန္တလေးမြို့မှာ လှည့်လည်ပြီး အလှူခံနေတာပါ။ ရဲတိုက် ဖောင်ဒေးရှင်း အတွက်ပါ။ စစ်ဘေးသင့် ပြည်သူတွေ အတွက် အလှူခံတာ ဖြစ်ပြီးတော့ ကချင်ပြည်နယ်ထိ သွားလှူဒါန်းမှာပါ။ ကျနော်တို့က လှည့်လည်ပြီး အလှူခံတဲ့ ပုံစံမျိုးပါ။ အလှူရှင်တွေက အိမ်ကနေ စောင့်နေရုံ ပါပဲ။ ကျနော်က တအိမ်တက် တအိမ်ဆင်း အလှူ လိုက်ကောက် ပါတယ်။”
မတ် ၁၄ ရက် နေ့ ကတည်းက အလှူစခံခဲ့တာဟာ အခုဆိုရင် သိန်း ၁၀၀ နီးပါး ရရှိပြီး ဖြစ်တဲ့ အကြောင်းနဲ့ အခုလို စစ်ဘေး ဒုက္ခသည်တွေအတွက် အလှူငွေ လိုက်လံ   ကောက်ခံရမှာ အခက်အခဲတွေ ရှိပေမယ့် မန္တလေးမြို့ခံတွေက လှိုက်လှိုက်လှဲလှဲ အားပေးကြိုဆိုတယ်လို့ ရဲတိုက်က ပြောပြပါတယ်။
“တချို့ အလှူခံတဲ့ နေရာတွေမှာတော့ လူအရမ်းများတဲ့အတွက် လူအုံတာတို့၊ အချိန်ကို လိုအပ် တာထက် ပိုပေးရတာတို့၊ ခရီးနှောင့်တာတို့ တော့ ရှိပါတယ်။ ဒါပေမယ့် မြို့ခံ အားလုံးက ကြိုဆိုကြပြီး အလှူငွေတွေလည်း ၀မ်းပန်းတသာ ထက်ထက် သန်သန် ထည့်ကြတော့ ကျနော်တို့ အမောတော့ ပြေပါတယ်။”
လာမယ့်  ဧပြီလထဲမှာ   ကောက်ခံရရှိတဲ့ အလှူငွေတွေကို  ကချင်ပြည်နယ် ဗန်းမော်မြို့ အထိ သွားရောက် လှူဒါန်းမှာ ဖြစ်ပြီး ရန်ကုန်မှာလည်း အလားတူ  အလှူခံမှုတွေ လုပ်ဆောင်ဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ 
ဒီဗွီဘီ

သရုပ်ဆောင်ရဲတိုက် ကချင်စစ်ဘေးအတွက်အလှူခံ သရုပ်ဆောင်ရဲတိုက် ကချင်စစ်ဘေးအတွက်အလှူခံ Reviewed by သစ်ထူးလွင် on 15:47 Rating: 5

14 comments:

Unknown said...

so clever,,dude!,wishing u success...
:)

Unknown said...

Well Done, Well Done, Well Done

Ye Tite,

The more sacrifice the more successful,
Wish you to get back on to your all efforts all the best in the rest of your life that supporting not only Kachin War Refugees and Water Flood Refugees but also participating NLD Campaigns.

joseph said...

ကိုရဲတိုက်ကိုလေးစားပါတယ်။ကျွန်တော်တို.အားလပ်ရက်တွေမှာကိုရဲတိုက်ဖောင်ဒေးရှင်းအတွက်တက်နိုင်သလောက်ကူညီချင်ပါတယ်။ဆက်သွယ်ရမယ့်လိပ်စာသိသောသူများ
ကျေးဇူးပြုပြီး online ပေါ်တင်ပေးပါ။

စေလိုရာ said...

လေးစားတယ်ဂုဏ်ယူတယ်အောင်မြင်ပါစေအောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်ပါစေပြည်သူတွေအတွက်ဒီထပ်မကပေးဆပ်နိုင်ပါစေလို့ဆုတောင်းပါတယ်

ငတိ said...

လုပ်ကြပါဗျာ....တတ်နိုင်တဲ့သူတွေ ဦးစီးဦးဆောင်ပြုပေးမှသာ နောက်ကမတတ်နိုင်တဲ့ သူတွေကလည်း တတ်နိုင်သလောက်ကလေးတွေ ပါဝင်လာမှာ....တတ်နိုင်သလောက်ကလေးတွေများလာတော့ နိုင်ငံတစ်ခုတောင်ထူတောင်လို့ရပါတယ်....မြန်မာလူမျိုးတွေကစေတနာထက်သန်တယ်...အမျိုးကိုချစ်တယ်....ဘယ်လောက်တောင်အမျိုးချစ်လဲဆိုရင် ကိုမစားရရင်နေ ကိုယ့်အမျိုးအတွက်ဟဲ့ဆိုပြီး လုပ်နေတဲ့သူတွေအများကြီး.....အရမ်းချစ်တာ....အမျိုးနော် အရင်းတွေကိုပြောတာ အဖျားတွေကတော့ ပိုရင်ရမယ်တဲ့...ခုလောလောဆယ်တော့ မပိုသေးဘူးပြောတာပဲ.....

Toe Toe said...

စိတ်ထဲမှာရှိပေမဲ့သူ့လိုစိတ်သွားတိုင်းကိုယ်မပါဘူး။အောင်မြင်ပါစေချီးကျူးပါတယ်
ငြိမ်းချမ်းရေးလဲအမြန်ဆုံးရပါစေလို့ဆုတောင်းလျှက်ပါ။သွေးသားချင်းပြစ်နေတဲ့
သေနတ်ပြောင်းတွေပြည်ပရန်ကာကွယ်မှုအတွက်ပြောင်းနိုင်ပါစေ။

Arlarwaka said...

လေးစားပါတယ် ကိုရဲတိုက် အများအကျိုးဒီထက်ပို ဆောက်ရွက်နိုင်ပါစေ

sean said...

ဂုဏ်ပြုပါတယ် ကြိုဆိုပါတယ်.. တခုတော့ မှာပါရစေ .. မလိုသူတွေရဲ့ ထောင်ချောက် မမိစေရန် .. ကိုရဲတိုက် စာရင်း အဖွဲ့ ကို အသေအချာ ထားစေချင်ပါတယ်... ကိုရဲတိုက်အားလုံးကို ကိုယ့်လို မထင်ပါနဲ့

စေလိုရာ said...

တို့ရဲ့သမ္မတကြီးကအားကိုးရမှာလည်းဟုတ်ပါဘူးကွာကိုရဲတိုတ်တို့လိုတာဝန်သိသိနဲ့လုပ်ဆောင်မှသာကချင်ပြည်သူတွေတစ်နည်းတစ်ဖုံစိတ်အေးရမှာကချင်ပြည်စိတ်အေးချမ်းရသလိုကိုရဲတိုတ်လည်းစိတ်အေးချမ်းရမှာပါတူသောအကျိုးပေးမှာပါအားလုံးအဆင်ပြေနိုင်ပါစေဗျာ

Tharaphe said...

ရန်ကုန်မှာအလှုငွေကောက်ခံမယ်ဆိုရင် ထည့်ချင်ပါတယ်။ဘယ်လိုထည့်ရမလဲသိချင်ပါတယ်။

Tharaphe said...

အလှုငွေဘယ်လိုထည့်ရမလဲ သိချင်ပါတယ်။

tapaungthi said...

ဂွတ် (Good)

Myo said...

ကိုရဲတိုက်ရေ
လေးစားစွာ ထောက်ခံပါတယ်၊ ပြည်သူချစ်တဲ့ အနုပညာရှင်လူငယ် တစ်ဦးက တိုင်းပြည်ရဲ့ လူငယ်ထုအတွက် ဒီလို စံနမူနာကောင်းတွေ လုပ်ပြတာကို အရမ်းကျေးဇူးတင်ပါတယ်။ အနုပညာရှင်တွေ လုပ်တာကိုပြည်သူတွေ အထူးသဖြင့် လူငယ်များက အားကျအတုယူတက် တာ ကိုရဲတိုက်လဲသိမှာပါ။ ဒါကြောင့် လမ်းမှားရောက်နေတဲ့ လူငယ်တွေ ကိုရဲတိုက်ကို အတုယူ ကြပါစေလို့ ဆုတောင်း နေတယ်။ ဆက်ကြိုးစားပေးပါ။ ကိုရဲတိုက် လို စံပြ အနုပညာရှင်တွေ အရမ်းကို လိုအပ်နေတာပါ။ အရမ်းကို ကျေးဇူးတင်ပါတယ်ရှင်။

ရာရာ said...

ကချင်ပြည်နယ်သား ငါက ဘာမှမလုပ်နိုင်ပဲ မင်းက တာဝန်သိသိလုပ်နေခဲ့တော့...ငါ....ရှက်မိတယ် ရဲတိုက်ရာ...

Powered by Blogger.