မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံရန် အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေ

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အမေရိကန်နှင့် EU နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
''မြန်မာနိုင်ငံရဲ့စွမ်းအင်ကဏ္ဍမှာ ရှာဖွေတူးဖော်ရေးလုပ်ငန်းတွေ ပြုလုပ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့ကို အမေရိကန်ကုမ္ပဏီတွေ လာရောက်ဆွေးနွေးနေသလို ဥရောပနိုင်ငံတွေကလည်း လာရောက် ဆွေးနွေးနေကြပါတယ်။ ဒါပေမယ့် ခုချိန်မှာ sanction ရှိနေသေးတော့ လတ်တလော ဆွေးနွေးမှုတွေက အကြိုညှိနှိုင်းထားတဲ့ သဘောပါ။ ဒီလထဲမှာတင် အမေရိကန်နဲ့ အင်္ဂလန်ကုမ္ပဏီလေးခုလောက် လာရောက်ဆွေးနွေးနေကြပါတယ်''ဟုလည်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက Geo Myanmar-2012 အခမ်းအနားတွင် ပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံဘူမိ သိပ္ပံအသင်းမှ တာဝန်ရှိသူတစ်ဦးက လည်း ''လက်ရှိမြန်မာနိုင်ငံရဲ့ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းတွေမှာ ကုန်းတွင်းလုပ်ကွက် ၁၈ကွက်အတွက် တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ဆိုပြီး ခေါ် ယူခဲ့တယ်။၂၀၁၁ခုနှစ်ထဲမှာ လုပ်ကွက်၁၀ကွက်ကို ပြည်ပခြောက်နိုင်ငံက လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပြုခဲ့တယ်။  အခုနှစ်ထဲမှာ အမေရိကန် ကုမ္ပဏီတွေကလည်း ဒီနိုင်ငံမှာ ရင်း နှီးမြှုပ်နှံဖို့လာဆွေးနွေးနေကြတယ်။ sanction ရုပ်လိုက်ပြီဆိုတာနဲ့ သူတို့တွေက ၀ုန်းကနဲဝင်လာနိုင်အောင် အဆင်သင့်ပြင်ဆင်နေကြတာပါ။ Geo Myanmar -၂၀၁၂ ပွဲမှာလည်း အမေရိကန်ကုမ္ပဏီတွေ၊ ရေနံတူးဖော် ရေးလုပ်ငန်းတွေအတွက် လာရောက်ဆွေးနွေးနေကြတာ တွေ့ရပါတယ်'' ဟုလည်း ပြောကြားခဲ့သည်။
EMG
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံရန် အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံရန် အကြိုညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေ Reviewed by သစ်ထူးလွင် on 01:52 Rating: 5

3 comments:

moeoo said...

Very good .NO china.

U-Click said...

Without China can you live at present? China never seize Myanmar at past & now! Business is give and take. It is Win-Win relation. For example 1$ real cost soft-ware CD they sale 200$, even they have creative cost it need not to sale such price, may be 10$ is enough. But you will feel 200$ is fair not for me.

Mg Khwe said...

အမေရီကန် ဆိုတာလည်း တရုတ်လောက် မဆိုးပေမဲ့ အီရတ် အာဖဂန် ဆော်ဒီ တွေမှာ သူတို့ အကျိုးအတွက် ဘယ်လို လုပ်နေတယ် ဆိုတာကိုလည်း သတိရှိသင့်တယ်။ ကိုယ့်တိုင်းပြည်မှာ နည်းပညာ ဖွံ့ဖြိုးလာဖို့ နဲ့ လူ့သားအရင်းအဖြစ် တည်ဆောက်ဖို့ကို ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ အဲဒီလို မဟုတ်ရင် နိုင်ငံခြား ကုမ်ပဏီတွေ ဟာ သူတို့ အကျိုးအမြတ်ကို သာ ဦးစားပေးပြီး လုပ်သွားမှာ ဖြစ်တယ်။ တိုးတက်မှု တစ်ခုကို စနစ်တကျ စီမံကိန်း ချပြီး အချိန်ယူ လုပ်သွားဖို့လိုတယ်။ အခု ရေတွင်းတူး အခု ရေကြည်သောက် လုပ်လို့ တော့ မရနိုင်ဘူး

Powered by Blogger.