ရိုးရာအကတွေနဲ့ ပျော်ရွှင်နေတဲ့ လားရှိုးမြို့ ခံတွေ (ဓါတ်ပုံ)
ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုနေတဲ့ လားရှိုးတက္ကသိုလ် ကျောင်းသား/သူများ
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား လားရှိုးမြို့ လူထုပျော်ရွှင်ဝမ်းမြောက်စွာ
ရိုးရာအကအလှတွေနဲ့ ကြိုဆိုခဲ့ကြစဉ်။
ဓါတ်ပုံ- လားရှိုးမြို့ ခံတဦးပေးပို့ ထားတာဖြစ်ပါတယ်။
11 comments:
Unknown said...
very pleasant view,,,,Bravo!
Ye Win said...
အဲဒါ လားရှိုးသားတွေ ကွ
tapaungthi said...
အရမ်းကို ကြည်နူးဝမ်းသာမိပါတယ်
စိတ်ဓါတ်အမှန်ကို ပြနေကြတာပါ..။
တအိမ်တယောက်အတင်းမခေါ်ထားပါဘူး..။
မလာမနေရ ညာလည်းမခေါ်ပါဘူး .။
ကဲ အဲဒီတော့ သဘောပေါက်..။
ှဲKaung said...
တပြည်လုံးချစ်တဲ့အမေ..
myayeethway said...
အမေ လုံခြုံရေးအတွက် စိုးရိမ်တယ်
zay said...
သုံးထောင်မပါခုံမပါ....မလာမနေရအာဏာမပြ...မုန့်ဟင်းခါးမကျွေး ရေမပေး... ဟိုလမ်းမဖောက် သည်လမ်းမဆောက်... လူငွှေထူထူနေပူပူ....အရိတ်မရှိအကာမပါ...အဲ အဲ အဓိကမေတာ အမေ့မှာပါတယ် လာ သွားမယ်သူငယ်ချင်းတို့။ ။
hla min said...
တစ်အိမ် တစ်ယောက် မဖြစ်မနေ အိမ်စောင့် ချန်ထားကြပါ လို. မနဲတောင်းပန် ထားရတယ် ............
Ko Ko Sai said...
ဒါမှ သျှမ်းမြောက်သား/သူတွေကွ။
Anonymous said...
zay ခင်ဗျား
ကဗျာလေးနဲ့ ရင်ထဲက ခံစားချက် တစ်ထပ်ထဲဖြစ်ခဲ့ပါတယ်။ စာလုံးပေါင်းနဲနဲပြင်လိုက်ပြီး ပြန်ရေးလိုက်ပါတယ်။ ကျွန်တော့ရဲ့ ရင်ထဲက အမေ့
အတွက်ရည်ညွှန်းပြီး မေတ္တာနဲ့ အမေ လို့ တစ်ပိုဒ်ထပ်ဖြည့်ခွင့်ပြုပါ။
ခံစားချက်ခြင်းတူညီတဲ့ အမေ့သားသမီးများရှိခဲ့ရင် မျှဝေခံစားပေးကြစေလိုပါတယ်။
မေတ္တာနဲ့ အမေ
သုံးထောင်မပါ ခုံမပါ
မလာမနေရ အာဏာမပြ။
မုန့်ဟင်းခါးမကျွေး ရေမပေး
ဟိုလမ်းမဖောက် ဒီလမ်းမဆောက်
လူငွေ့ထူထူ နေပူပူ
အရိပ်မရှိ အကာမပါ
အဲ အဲ
အဓိက မေတ္တာ
အမေ့မှာ ပါတယ်
လာ သွားမယ် သူငယ်ချင်းတို့။
အမြဲ အပြုံးပန်းတွေနဲ့ လင်းနေတဲ့ အမေ။
အမြဲ အမုန်းတရားတွေနဲ့ ကင်းနေတဲ့ အမေ။
ကျောကသား ရင်ကသား . . .
ကျောကသမီး ရင်ကသမီး . . .
သန်း၆၀သော သားသမီးတို့အတွက် . . .
မနာလိုခြင်း ငြူစူခြင်း အရှင်းကင်းတဲ့အမေ။
သာယာ ပျော်ရွှင်ခြင်းကိုသာ ပေးအပ်လိုတဲ့ အမေ။
ငါတို့ရဲ့ နှလုံးသားထဲက
ငြိမ်းချမ်းတဲ့ အမေ။
တို့တွေရဲ့ အမေကို ကြိုဖို့ . . .
လာ သွားမယ် သူငယ်ချင်းတို့
mae ei said...
ဒါတို့လားရှိုးကွ။ သွားချင်းလိုက်တာ။
zay said...
လေးစားပါတယ် Ram အခုမှ ကျွန်တော်တို့ ဖန်တိံးမှူ့ လေးပိုပြိံး ပြည့်ဆုံသွားတော့တယ် ခက်တာကကျွန်တော့် ipad နဲ့နှစ်ထပ်စာလုံးရိုက်လို့မရဘူး အကြံကောင်းပေးပါဥိံး
Powered by Blogger.