ကြံ့ဖွံ့ ဦးအောင်သောင်း နှင့် အဖွဲ့ မှ ကားတစီးဝင်တိုက်မှုကြောင့် အဘိုးအိုတဦးသေဆုံး

ဒီကနေ့ မတ်လ ၁၆ ရက်နေ့ နေ့လည် ၁း၀၀ နာရီအချိန်ခန့်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း ဦးဆောင်သည့် အဖွဲ့သည် ၀က်လက်ကျေးရွာ သို့ မဲဆွယ်စည်းရုံးရေးဆင်းရာမှာ နတ်နွားတော်ပို့ရွာအနီးတွင် ဦးကံစိန်ဆိုသည့် အဘိုးအိုတဦးကို စည်းရုံးရေးခရီး ထွက်လာသည့် ယာဉ်တန်းမှ ကားတစီးက တိုက်မိပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါသည်။ 

အဆိုပါ ယာဉ်တိုက်မှုကို  ဦးအောင်သောင်းမှ နေရာမှာတင် အပြီးဖြေရှင်းရန် လက်အောက်ငယ်သားများအား ညွှန်ကြားပြီး ဝက်လူး ကျေးရွာကို ဆက်လက်ထွက်ခွာသွားသည်လို့ သိရပါသည်။

 သေဆုံးသူ အဘိုးအိုမှာ နတ်နွားတော်ပို့ရွာအနီး ပြရာကျေးရွာက ဖြစ်ပါသည်။ တိုက်မိသည့် အဆိုပါကားပိုင်ရှင်မှာ ဦးဦးမောင် (ကားနံပါတ် ၁က/၆၃၆၄) ဖြစ်ပြီး ဦးအောင်သောင်းနှင့် အဖွဲ့မှ မြင်းခြံမြို့နယ်ကနေ ငှားလာတာဖြစ်သည်လို့ သတင်းရရှိပါသည်။
ဘားမားဗီဂျေ 
ကြံ့ဖွံ့ ဦးအောင်သောင်း နှင့် အဖွဲ့ မှ ကားတစီးဝင်တိုက်မှုကြောင့် အဘိုးအိုတဦးသေဆုံး ကြံ့ဖွံ့ ဦးအောင်သောင်း နှင့် အဖွဲ့ မှ ကားတစီးဝင်တိုက်မှုကြောင့် အဘိုးအိုတဦးသေဆုံး Reviewed by သစ်ထူးလွင် on 22:18 Rating: 5

33 comments:

007 jambom said...

this is not man

Ar Ga said...

အပြီး၇ှင်းတယ်ဆိုတာ ဘာလဲ မသိဘူး ။ အစ ဖျောက်မှာလား ? လျှော်ကြေး ပေးပြီးနှုတ်ပိတ်မှာလား ?

zay said...

အမေစုက ကားနဲ့လိုက်ပြိံး စည်းရုံးတယ် ဥိံးအောင်သောင်းက ကားနဲ့တိုက်ပြိံးစည်းရံးတယ်။

Tri Asian Taste said...

ကိုသစ်ထူးလွင် ခင်ဗျားက မမိုက်ဘူးဗျာ....... ကျနော်သတင်းခေါင်စဉ်ကိုဖတ်ပြီး ဦးအောင်သောင်း သေတယ်မှတ်တာ။ ၀မ်းသာတော့မလို့ အဘဦးကံစိန် ဆိုတော့ စိတ်မကောင်း ဖြစ်သွားတယ်။ ဦးအောင်သောင်းနဲ့ အဘဦးကံစိန်ကို ပြန်လဲလို့ရရင် ပြန်လဲပေးပါ အဆစ်နေနဲ့ ကိုတင်ရီဖြစ်ဖြစ်၊ ကိုတင်ဆန်းဖြစ်ဖြစ် အလိုက်ပေးပါ့မယ်။

zay said...

ကြံဖွတ် အောင်သောင်းကားတိုက်လို့သေပြိံတဲ့ ။

myosanoo said...

ဟုတ်တယ်ဗျုအောင်သောင်းသေပြီထင်လိုဝမ်းသာပြီးဝင်ကြည့်တောအောင်သောင်းကါးကပြည်သူကိုတိုက်သတ်ပြီး. အောက်တန်စားစိတ်ဓါတ်နဲ့အောင်သောင်းတို့ကြံ့ဖွတ်မဲသူခိုးရဲ့လူမဆန်တဲ့လုပ်ရပ်ကိုဒေါသဖြစ်မိတယ်သေသင့်တာအောင်သောင်းတို့သူခိုးလူသတ်သမားတွေဗျ

brave heart said...

အောင်သောင်း သောက်ပေါ....စားထားတာတွေများလို့ တနေ့ ကြမ်းပိုးနင့်ပြီးသေမှာ မင်းတယောက်တည်းသေမှာ မဟုတ်ဘူး ဆွေစဉ်မျိုးဆက် အောက်ခုနှစ်ဆက်ထိသေမှာ...အဲဒါ ပြည်သူတွေရဲ့ ကျိန်စာ မှတ်းထား...သေရင် အောက်က ဆွေမျိုးခုနှစ်ဆက်အတွက် ဒယ်အိုးကြီးက စောင့်နေတယ်...

Unknown said...

[ဟုတ်ပါ့....၀မ်းသာတော့ မလို့ ..ဆန် တငံ့၂ ဖြစ်တွားတယ်..“ဟိဟိ

Aung San said...

အဖြစ်မှန်ဆိုရင်လွန်ပါတယ်
လူအသက်တစ်ချောင်းပဲနော့

shweminthar said...

အဲဒါကိုပဲကြည့်တော့လေ။လူလူချင်းစာနာစိတ်မရှိဘူးဆိုတာကိုပြနေတာလေ...
ဘာပဲဖြစ်ဖြစ် သူကအုပ်စု ( ဥစုပ်.....မဟုတ်) ခေါင်းဆောင်အေဲဒါကိုပဲကြည့်တော့လေ။လူလူချင်းစာနာစိတ်မရှိဘူးဆိုတာကိုပြနေတာလေ...
ဘာပဲဖြစ်ဖြစ် သူကအုပ်စု ( ဥစုပ်.....မဟုတ်) ခေါင်းဆောင်လေ....နောက်ကလိုက်လာတဲ့သူတွေကို အပြီးရျင်းပါလို့ပြောရုံနဲ့ဒီပြဿနာက ပြီးသွားလား.....ရင်မဆိုင်ရဲလို့ ခေါင်းရှောင်တာပဲထင်ပါတယ်..အဲဒါကြောင့်လဲ အုပ်စု ခေါင်းဆောင်ဖြစ်နေတာပေါ့။ လူကိုလူလိုတန်လိုးထားတတ်ပါ။ဆင်းရဲသည်ဖြစ်စေ
ချမ်းသာသည်ဖြစ်စေ ..လူကိုလိုလိုတန်ဘိုးထားတတ်မှ လူ့ဘောင်ကြီးက စည်းကမ်းရှိမှာပါ..ခင်ဗျားလုပ်ရပ်ကတော့ အောက်တန်းကျလွန်းတယ်ဗျာ.....အုပ်စုခေါင်းဆောင်ကြီး..........နောက်ကလိုက်လာတဲ့သူတွေကို အပြီးရျင်းပါလို့ပြောရုံနဲ့ဒီပြဿနာက ပြီးသွားလား.....ရင်မဆိုင်ရဲလို့ ခေါင်းရှောင်တာပဲထင်ပါတယ်..အဲဒါကြောင့်လဲ အုပ်စု ခေါင်းဆောင်ဖြစ်နေတာပေါ့။ လူကိုလူလိုတန်လိုးထားတတ်ပါ။ဆင်းရဲသည်ဖြစ်စေ
ချမ်းသာသည်ဖြစ်စေ ..လူကိုလိုလိုတန်ဘိုးထားတတ်မှ လူ့ဘောင်ကြီးက စည်းကမ်းရှိမှာပါ..ခင်ဗျားလုပ်ရပ်ကတော့ အောက်တန်းကျလွန်းတယ်ဗျာ.....အုပ်စုခေါင်းဆောင်ကြီး......

supergunner said...

အင်း..ကားနံပါတ်နဲ့ အတိကျပြောလည်း..ရုရှားကခေတ်ပညာတတ်ကိုကိုတွေ ကလုပ်ဇတ်တွေလို့ ပြောအုံးမယ်...အော်.. ဖွတ်..ဖွတ်ကျား..ဘ၀..ကနေ ဖွတ်စိမ်းဘ၀ရောက်သွားပါကော

seazinyaw said...

အောင်သောင်းက မဲလိမ်ဘို့ကြိုးစားနေပြန်ပြိ၊

thethnin said...

ဟိုက်
အဆစ်တွေတောင်းပေးမယ်ဆိုပါ့လား
ကြံ့ဖွတ်ရေ
မဲတော့ မခိုးကြနဲ့ဗျ.. အရင် ၂၀၁၀ ခိုးထားတာတွေ အခုချိန်ထိ
ချစ်လို့မကုန်ဖြစ်နေတာ
လုပ်တာတွေ ကြည့်တော့လဲ ကျက်သရေတုံးတွေ

ပန်းသခင် said...

လွှတ်တော် မှာ ဒီ အမှု့ ကို ဖြေရှင်းပေးပါရန် ...
ဒီ မိုကရေ စီ ကို လျှောက်လှမ်းနေရင် စိတ်ဓါတ်တွေ အရင် သန့်ရှင်းရပါမည်...
မိမိရှေ့တွင် မတော်တဆ သေဆုံးသွားသော် လူလူ ချင်းစာနာသနားစိတ်နှင့် ကူညီသင့်ပါသည်...ခုလို အပြတ်ရှင်းလိုက်လို့ ပြောသောစကားသည် အာဏာ လို့ ထင်ပါသည်...ထိရောက်စွာ အရေးယူသင့်ပါသည်...

saw 00 said...

ဘယ် သူ သေသေ ကြံ့ ဖွတ် မာရင် ပြီးရော၊ အဲဒါ ကြံ့ ဖွတ်ရဲ့ မူဝါဒနဲ့ စိတ်ဓါတ် ၊ ဒါကို မဲ ပေးကြမဲ့ ပြည်သူ အများ သဘောပေါက် ။

Your sister said...

သူ့အိမ်ဖော်တစ်ယောက်ကိုလည်း ဂေါက်တံနဲ့ရိုက်သတ်ပြီး အလောင်းဖျောက်ပြီး ရဲကိုလည်းနုတ်ပိတ်ခိုင်းထားတာလဲ လုပ်ထားသေးတယ်..။

Your sister said...

သူ့အိမ်ဖော်တစ်ယောက်ကိုလည်း ဂေါက်တံနဲ့ရိုက်သတ်ပြီး အလောင်းဖျောက်ပြီး ရဲကိုလည်းနုတ်ပိတ်ခိုင်းထားတာလဲ လုပ်ထားသေးတယ်..။

tharzaw said...

ဦးကံစိန်ရဲ့ဆွေမျိုးများ အောင်သောင်းကို တရားမြန်မြန်စွဲပါ။

ko ko tin said...

Your sister ရေ ဒီပဲယင်းလုပ်ကြံမှုမှာ သူပါတယ်ဆိုတော့ ဒီလောက်ကတော့အပြော့ပေါ့
သူတို့အတွက်လူသတ်တာလောက်ကတော့ ထမင်းစားရေသောက်ပါ

မောင်ငွေ said...

သည်အမှုကို တရားဥပဒေအတိုင်း အမြန်ဆုံးစီရင်ခိုင်းပေးကြပါ။

Thazin said...

လွှတ်တော်မှာ ဒီအမှု တင်ပြ ဖြေရှင်းပေးပါရန်တောင်းဆိုပါတယ် ။ မီဒီယာ သမားများ သတင်းစာရှင်းလင်းပွဲတွင် ဖြေရှင်းပြီးမပြီး မေးပေးပါရန်တောင်းဆိုပါတယ်

အဆင့်ရှိပြည်သူများ said...

ကားကို သံရည်ကျို စက်ရုံပို့လိုက်တော့ သောက်ရူးရေ
ကား ကို တောင် သေချာမမောင်းတတ်ရင်
မျက်လုံး မပါတာလား ဟိုဟာ မပါလို့လား မသိဘူး

nwenwe said...

တကယ်ဆို သူစီးလာတဲ့ ကားက တိုက်ခဲ့တာမဟုတ်ပေမဲ့ ..သူ့ စည်းရုံးရေးအတွက်သွားတဲ့လမ်းကြောင်း ..မှာဖြစ်တာလေ ..ပြည်သူတွေအတွက် မဲဆွယ်စည်းရုံးရေးသွားတာမှန်ခဲ့ရင် ....ပြည်သူတွေထဲက ပြည်သူတယောက် ကိုကားတိုက်မိတာ.......တိုက်သတ်ပြစ်တာလည်းမဟုတ် .မတော်တဆ ဖြစ်တာလေ ......ကားပေါ်ကနေပြာပြာသလဲ ဆင်းလာပြီး ကောင်းမွန်တဲ့ လုပ်ဆောင်သင့်မျိုးလေး လုပ်ပေးရမှာ မဟုတ်ဘူးလား......ခုတော့ အဲ့လိုတခုမှ လုပ်မပေးဘဲ .လူကိုလူလို့ မမြင် ...ကြက်လေး ငှက်လေး တိုက်မိတဲ့ပုံစံနဲ့ ....ပစ်ပစ်ခါခါ ဒီနေရာမှာတင်အပြီးရှင်း လိုက်ဆိုတော့ တိုင်းပြည်ကြီး ပြောင်းလဲသွားမဲ့ အသဲကြားက မဲတပြားကိုမပေးသင့်တဲ့အပြင် အဲ့ဒီလူကို လူပုံအလယ်မှာ တယောက်ကို လက်ညှိုးလေးတချောင်းစီနဲ့ ဘဲ ထိုးသတ်လိုက်ဖို့ ကောင်းတယ် ...ကြာကြာ ခံစား ရအောင်လို့ .......................

Myanmar said...

ဒီပဲယင်း တ၇ားခံအောင်သောင်းကို အေ၇းယူပေးပါ လွှတ်တော် ဥက္ကကြီးခင်ဗျာ။

virus zaw said...

ူု့ှ်ိုအောက်တန်းကျတဲံ့ကြံ့ဖွတ်တွေ...............................အောက်တန်းကျတယ်ဆိုတာသိလား...........................အောက်ကိုတန်းလန်းလေးကျနေတာ...........................

မောင်မျိုးချစ် said...

ညီအကိုများ .. နာမည်မှားနေပါတယ်
စီးပွားရေးသမားတွေ ပေးထားတဲ့နာမည်က ...
ဦးအောင်တောင်း (သူတောင်းစားလိုတောင်းလွန်းလို့တဲ့)
ကျနော်ကတော့ ခွက်လေးတစ်လုံးပဲ လက်ဆောင်ပေးချင်ပါတယ် ..

Myanmarchitthu said...

အော် မေတ္တာဆိုတာအသွားအပြန်ရှိတယ်ဆိုတာယုံသွားပြီ၊ ဦးအောင်သောင်းကြီးကိုမေတ္တာထားလိုက်ကြတာလွန်ပါရော၊ မရှက်ဘူးလားမသိဘူး

Myanmarchitthu said...

သူခိုး သေဖော်ညှို နေ ဦးမယ် မြန်မြန် ဖော်နော်.တတိုင်းပြည်လုံးမျှော်နေမယ်

မြတ်နိုး said...

ဒယ်အိုးမကြောက်ကြဘူးလားမသိဘူးနော်။

Android Myanmar said...

ဦးအောင်သောင်း မဟုတ်ပါ၊ နာမည်မှားနေပါသည်။ နာမည်အမှန်မှာ "ဦးအောက်တောင်း" ဖြစ်ပါသည်။

ရန်ကုန်သူ said...

ဒီနေရာကနေ သတင်းကောင်းလေး တခု ရှယ်လုပ်ပါရစေ ။ ဦးသန်းရွှေ၊ ဦးအောင်သောင်း နဲ့ အပေါင်းပါများ အားလုံး အ၀ီစိ မှာ PR (Permanent Resident) ရ ထားကြတယ် ကြားတယ်။ သူတို့ အခု လုပ်ရပ်တွေ ဆက်လက်တိုးမြှင့်မယ် ဆိုရင် အ၀ီစိ မှာ Citizenship ပါ ရကြမယ် ကြားတာပဲ၊ ဆက်ကြိုးစားထားကြ ဆရာတို့။

နိုင်နိုင်စနေ။ said...

ကြံဖွံ့အောင်သောင်းပါတီကတော့....နမိတ်ရော၊လဒ်ရောမကောင်းပါလား
စည်းရုံးရေးဆင်းနေတာတောင်ကားတိုက်ပြီးလူသေတယ်ဆိုတော့
ဝမ်းနဲတဲ့နမိတ်ပဲ့......
ရှုံးမှာသေချာတယ်....။

naing oo aung said...

One of the world greatest actor OSCAR KYAW SAN's behavior.

Powered by Blogger.