နအဖအဖွဲ့ဝင်တွေရဲ့ ပင်စင်အကြောင်း လွှတ်တော်မှာ မထောက်ပြ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပင်စင်လစာ ကျပ်သိန်းတရာ ရတယ်လို့ ပြောနေကြ
ပင်စင်စားတွေကို လစာ တိုးပေးတဲ့ အထဲမှာ နဝတ အစိုးရ ခေါင်းဆောင်ဟောင်း တွေလည်း အပါအဝင် ဖြစ်ပြီး စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူး ကြီး သန်းရွှေဆိုရင် ပင်စင် လစာ တလ ကျပ်သိန်းတရာနဲ့ ဆုကြေးငွေ (Gratuity) သိန်းနှစ်ထောင့် သုံးရာ ရကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ အမျိုးသားလွှတ်တော် အမတ် ဉီးဖုန်းမြင့်အောင်က ပြောပါတယ်။

စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် နအဖ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး အစိုးရ အဖွဲ့ဝင်တွေ ရနေတဲ့ ပင်စင် လစာတွေနဲ့ ပတ်သက်လို့ ဘယ်သူမှ အတိအကျ မသိရသလို လွှတ်တော် အမတ်တွေလည်း အတိအကျ မသိကြဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တပ်မတော် အရာရှိတွေရဲ့ ပင်စင်ဟာ တပ်မတော်ရဲ့ ဆုံးဖြတ်ချက်အောက်မှာ ရှိနေတယ်လို့လည်း ဉီးဖုန်းမြင့်အောင်က ဆိုပါတယ်။ဒါပေမဲ့ သူတို့ပင်စင် အတွက် ပေးရတဲ့ ငွေဟာ ပြည်သူ့ဘဏ္ဍာငွေဖြစ်တဲ့ အတွက်တော့ လွှတ်တော်နဲ့ သက်ဆိုင်တယ်လို့လည်း ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ ဆောင်ရွက် ချက်တွေ ဖြစ်တဲ့ အစိုးရ တဖွဲ့လုံး လစာ ခံစားခွင့် လျှော့ယူတာ၊ အစိုးရ ပင်စင်စားတွေကို လစာ တိုးမြှင့်ပေးခဲ့တာ၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ ဖွဲ့ခဲ့တာတွေကိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မညီဘူးဆိုပြီး အောက်လွှတ် တော် ဥက္ကဌ သူရ ဦးရွှေမန်းက သောကြာနေ့တုန်းက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာ ပေးပို့ပြီး ထောက်ပြ ပြောဆိုခဲ့ပြီးနောက်မှာ ပင်စင်စား တပ်မတော် အကြီးအကဲတွေရဲ့ ပင်စင်သူရ ဦးရွှေမန်း အပါအဝင် တခြား ထိပ်တန်းစစ်ခေါင်းဆောင်ဟောင်း ၁၀ဦးလောက်ရဲ့ ပင်စင် လစာ စုစုပေါင်းဟာလည်း ကျပ် သိန်းထောင်ချီ ရှိနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတော် ဘတ်ဂျက် မရှိလို့ အစိုးရ ဝန်ထမ်းတွေကို လစာ တိုးမပေးနိုင်ဘူးလို့ ပြောနေချိန်မှာ အခုလို နအဖအစိုးရ အဖွဲ့ဝင်ဟောင်းတွေရဲ့ ပင်စင်လစာတွေ အဆမတန် ကြီးမားနေတာကို လွှတ်တော်မှာ တင်ပြဆွေးနွေးတာမျိုး ခုချိန်ထိ မရှိသေးပါဘူး။အခုအခါမှာတော့ အစိုးရ ပင်စင်စားတွေကို လစာတိုးမြှင့်ပေးခဲ့တဲ့ ကိစ္စကို လွှတ်တော်ကို တင်မယ်ဆိုတဲ့အတွက် နအဖ ခေါင်းဆောင်ဟောင်းတွေကို ပင်စင်လစာ အဆမတန် ပေးနေတယ် ဆိုတဲ့ ကိစ္စကို ထောက်ပြ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
ဘီဘီစီ
နအဖအဖွဲ့ဝင်တွေရဲ့ ပင်စင်အကြောင်း လွှတ်တော်မှာ မထောက်ပြ နအဖအဖွဲ့ဝင်တွေရဲ့ ပင်စင်အကြောင်း လွှတ်တော်မှာ မထောက်ပြ Reviewed by သစ်ထူးလွင် on 04:48 Rating: 5

16 comments:

Tri Asian Taste said...

ရုပ်ကိုက ဒီလောက်ရနေတာ၊ ယူခဲ့တာတွေကို အားမရတဲ့ပုံဘဲ။ မင်းအတွက် ငရဲမှာ အများကြီးရှိတယ်။ ဟိုမှာ မင်းရဲ့ခေါင်ဆောင်းကြီး နေ၀င်းနဲ့ စောမောင် စောင့်နေတယ်။ မင်းကိုလည်း မှီရာ ရောဂါနဲ့လိုက်လာပါတဲ့။

ပန်းသခင် said...

အော်...ငါ့အဖေ ဘဏ်မန်နေ၈ျာကြီးတစ်ယောက်ရဲ့
ပင်စင်လစာလေး ၂သောင်းရမယ် ပြောလို့ အမေ စောင့်နေတာ
အသက်တွေသာ အိုမင်းရင့်ရော်လာတယ်...ခုထိ မရသေးးးး
သူများတွေ ကျတော့ ပြောကိုပြောချင်ဘူးးးတော်...ဟင်းးးးး

supergunner said...

ဘယ်ထောက်ပြနေမလည်းဗျ..ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေမှာပေါ့ ဘယ်နှယ့်..လွတ်တော်မှာရှိတဲ့သူအကုံလုံးတန်းစီးဗျာ..စစ်တပ်ထဲကပင်စင် မစားတဲ့သူရှေထွက်ဆိုလက်ဆယ်ချောင်းတောင်ပြည့်မယ်မထင်ဘူး..ကျန်တာ မန်ဒါလီတွေပဲ..ရိုးရိုးမန်ဒါလီမဟုတ်ဘူး..နှစ်သီးစားမန်ဒါလီ..ပင်စင်လစာက အရပ်သားပြန်တန်းဝင်အရာရှိရဲ့ တစ်လ လစာရှိတယ်ဗျ

Chit San Maung said...

ပြည်သူလူထုရဲ့ ချွေးနဲစာအခွန်ကို လူတစ်စုက လက်ဝါးကြီးအုပ် စိတ်ကြိုက်သုံးမယ်ဆိုရင် ပြည်သူလူထုကို ဗိုလ်ကျကျွန်ပြုခြင်း
ဖြစ်ပါတယ်..။
အမိမြန်မာပြည် အာဏာရှင်တစ်ပိုင်း၊ ဒီမိုကရေစီတစ်ပိုင်း စနစ်မှ လွတ်မြောက်နိုင်ပါစေ..။

ko htat said...

တပ်မတော်၇ဲ့လမ်းပြကြည်ကြီးပါ မြန်မာ့
တပ်မတော်ကို ပြည်သူမုန်းအောင်၇ွံအောင်ဖျက်စီခဲ့
ပြည်သူနဲ့တပ်မတော်ကြားသွေးကွဲအောင်ဖျက်ခဲ့တဲ့
တ၇ာခံ၊သမိုင်းမှာမှတ်တိုင်တခုထူလို့၇တဲ့ လူသတ်
သမားခေါင်ဆောင်ကြီးပါ၊ သူတို့ကောင်းစားအောင်
တင်ပြပေးသွားတဲ့ဆ၇ာကို ပင်စင်ယူတဲ့ထိပြည်သူ့
ငွေတွေနဲ့ကျေးဇူးစပ်နေအုံးမှာပါ

Toe Toe said...

တပ်မတော်ရဲ့ဆုံးဖြတ်ချက်အောက်မှာရှိနေတယ်ဆိုလို့ဒီနေ့တပ်မတော်နေ့မှာ
စစ်တပ်ကိုအများတိုးတဲ့၃၀၀၀၀/-ကျပ်အပြင် တပ်ချုပ်ကသူ့အမိန့်နဲ့တပ်ဘတ်ဂျက်
ထဲကနေသီးသန့်ထပ်တိုးပေးဘို့အမိန့််ထွက်မယ်လို့သတင်းတွေထွက်နေတယ်လို့
ပြောနေကြကြောင်းကြားရပါတယ်။အတည်ပြုလို့တော့မရသေးပါဘူး။ပြောတဲ့သူ
ကတော့စစ်တပ်အသိုင်းဝိုင်းကပါဘဲ။အဲဒီလိုသာမှန်ခဲ့ရင်တော့ တပ်ကခုချိန်ထိသီး
ခြားအသွင်ဆောင်နေတဲ့အဓိပ္ပါယ်ဆောင်နေသလိုဘဲ။လွှတ်တော်အတည်ပြုချက်။
အများနည်းတူအဆင့်လစာသတ်မှန်ချက်ကိုပုံမှန်ထားပြီး၊သက်စွန့်နဲ့အခြားစရိတ်
တွေကိုသီးသန့်တိုးပေးတာပိုကောင်းပါတယ်။ခုတော့တပ်လစာကပိုများနေတယ်
အသက်စွန့်စရာမလိုတဲ့အ၇ပ်ဘက်ပြောင်းလာတော့သူတို့လစာကအရပ်ဘက်နဲ့
၂ဆင့်လောက်ပိုမြင့်နေတော့သူတို့လဲတစ်မျိုးဖြစ်နေတာပေါ့။ပိုပေးနည်းကိုညှိသင့်
တယ်။ဘောင်လဲဝင်၊အရပ်နဲ့လစာနှုန်းမှာအဆင့်တူတဲ့နည်း၊တပ်ထဲရှိတုံးပိုလဲရအောင်
ထောက်ပံ့တဲ့နည်းလေးပါ။အင်းစောပါသေးတယ်။ပြောပြတာပါ။

blue said...

very good

Toe Toe said...

သူတို့ထောက်မှာစိုးလို့နောက်ကြောင်းမအေးလို့မလွှဲဘဲဒီလောက်ထိကြာသွားတာ။
ဒီပိုက်ဆံလောက်နဲ့တော့မပြောကြပါနဲူ့တော့၊အားလုံးနောက်ကြောင်းပြန်မသွားချင်
ကြတာအတူတူ၊ပြီးတာတွေူလိုက်ထောက်နေမဲ့အစား၊ခုအချိန်ကနေရှေ့ဘယ်လို
ကောင်းအောင်ထိန်းကြောင်းလုပ်ဆောင်ကြမလဲဆိုတာဘဲဝိုင်းလုပ်ကြရအောင်။
ပြောလို့မရတဲ့ကိစ္စတော့ပြောနေလဲအပိုပါဘဲ။သခင်သန်းထွန်းရဲ့စကားလိုအာဏာ
ဆိုတာသေနတ်ပြောင်းဝမှာရှိတယ်ဆိုတာခုချိန်ထိတော့ဟုတ်နေတာဘဲ။တဖြည်း
ဖြည်းပြောင်းပေးမယ်လို့ထင်ပါတယ်။မြန်မြန်သွားနိုင်အောင်ဘဲလုပ်ကြပါဗျာ။ကျွန်
တော်တို့စောင့်ရင်းအသက်တွေကြီးလာပါပြီ။သူတို့လဲငြိမ်သွားရင်ပါတီသန့်စင်ရေး
တွေလုပ်သွားနိုင်ပါတယ်။ဒေါက်တာမောင်မောင်စကားနားထောင်ခဲ့ရင်ခုလိုအနှစ်၂၀
ကျော်မခံရဘဲ အေးအေးဆေးဆေးပြောင်းသွားမှာကို။ဆန္ဒစောလို့...ခံခဲ့ရပြီ။

Ko Htet said...

အော်သူတောင်းစားတွေ တောင် ပေးရသေးတာပဲ----
သူတို့က မျိုးရိုးကကို တောင်းစားချင်တာ၊ဘယ်လောက်ရှိရှိ"တောင်းစားမယ်၊ ခိုးစားမယ်၊ လုစားမယ်၊ ဓါးပြတိုက်မယ်၊ လူသတ်မယ်၊" ဒါတွေပဲလုပ်ခဲ့တာ လူတိုင်းသိတယ်။
အေး မင်းတို့ မသာပေါ်ရင်တောင် ဘယ်သူမှ ၀မ်းမနည်းဘူး။
ဒါဘာကြောင့်လဲသိလား?
မင်းတို့လုပ်ခဲ့ သလောက် တန်ရာတန်ရာပေါ့။

sekomyo said...

မျက်နှာကပုဝိုင်းဝိုင်း၊ နှာခေါင်းကကြီးကြီး၊ မျက်ပေါက်ကမှေးမှေး၊ နဖူးကကျဉ်းကျဉ်း
ဖားပြုတ်လောက်မှကြည့်မကောင်းတဲ့မျက်ခွက်

lwannaymie said...

ဥက္ကဌရွှေမန်းက...သမ္မတကြီးကိုတော့ထောက်တယ်။ ဒါမျိုးကိစ္စနဲ့စီးပွားရေးလက်ဝက်ကြီးအုပ်ပြီးခိုးနေတဲ့သူတွေ(သူနဲ့ပတ်သက်သူအပါအဝင်)
...ကြတော့နှာဆေးနေတယ်၊ရူးခြင်ယောင်ဆောင်နေတယ်....ယခုပြည်သူတွေကဆုတ်ပြတ်မွဲနေပြီ....သူတို့ကတော့ငွေ-သန်းနဲ့ချီချမ်းသာကြတယ်။ ပြည်သူတွေလေးစားလာအောင်မဲဆွယ်ပြီး.....လုပ်ပုံကတစ်ခြားဆီဖြစ်နေတယ်....ဦးရွှေမန်းစိတ်ဓါတ်အမြန်ပြင်ပါ...ကောင်းအောင်ကျိုးစားပါ....ပြည်သူတွေကခွဲခြားတတ်တယ်နော်...သတိ။

iitcm said...

I totally agree Toe Toe is comment. that should be.. we need to change start by start. but we must believe that we can get what we want, I do hope you people as well, we have to be united buddies! then we can WIN what we want...

သခင်မြန်မာ said...

ဘဘကြီး နိဗာန်မြန်မြန်ရောက်ပါစေနော်....လူပြည်မှာမကောင်းပါဘူး

pyaponthu said...

ဦးရွှေမန်း က သမ္မကြီးကိုဘဲ ထောက်တယ်။သူတ့ရုတ်ပြည်သွားပြီး မြန်မာပြည်ကိုရောင်းစားထားတာတွေ။သူ့ပင်စင် လဲ တလ ၅၀။သန်းရွှေပင်စင် တလ သိန်း ၁၀၀ နည်းမနေဘူးလား၊အဲ့တာ ကြသူ ဘာလို့မပြောတာလဲ။ပြည်သူကို ၂ပေါက် တပေါက်ရိုက်တယ်။မီးစနဲ့လူ

ရာရာ said...

ကျက်သရေ တစ်စက်မှမရှိတဲ့ ဒီပုံကြီးကိုမတင်ပါနဲ့ဗျို့......အဟောင်းတွေ အသစ် ပြန်ဖြစ်ဖြစ်နေလို့ပါ။

88independent said...

တပ်မတော်အကြီးအကဲများ၏ပင်စင်လစာနှင့်gratuity များအတိအကျကိုလွှတ်တော်တွင်မေးမြန်းပြီးပြည်သူများအားတင်ပြသင့်ပါသည်။

Powered by Blogger.