တွံတေးမြို့နယ် ရွှေသူဌေးတာ စိုက်/မွေးစခန်း အကျဉ်းဦးစီးဌာန မှ
အကျဉ်းဦးစီးဌာန ရန်ပုံငွေအုတ်ဖုတ်သည့် လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသူ
အကျဉ်းသားများ ထွက်ပြေးခဲ့မှုကြောင့် ရိုင်ဖယ်သေနတ်ဖြင့် လေးချက် ပစ်ခတ်၍
ပြန်လည်ဖမ်းဆီးရာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရဲအုပ်---- စခန်းမှူးတာဝန်ထမ်း ဆောင်စဉ် တွံတေးမြို့နယ် ရွှေသူ ဌေးတာ စိုက်/မွေးစခန်း အကျဉ်းဦး စီးဌာနမှ ရဲဘက်အကျဉ်းသားတစ်ဦး ထွက်ပြေးသွားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ အကျဉ်းသားတစ်ဦး သေဆုံးသွား၍ သက်ဆိုင်ရာက သက်သေများနှင့် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးခဲ့ရာတွင် တွံတေးမြို့ နယ် စိုက်/မွေးစခန်း၏ ချောင်းတစ် ဘက်ကမ်း ဇီးဖြူကုန်းတောအတွင်း ၌ အကျဉ်းသားကိုကိုနိုင်(၂၆ နှစ်) ထောင်ဝင်အမှတ်အစ/၁၁/၀၇၈၀၇/က၊ တိုက်ကြီးမြို့နယ်နေသူအား ၀ဲဘက်နံ၌ သေနတ်ထိမှန် ဒဏ်ရာတစ်ချက်ရရှိလျက် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု သိရသည်။
ဆက်လက်စုံစမ်းခဲ့ရာ မတ်လ ၈ ရက်နေ့ ညနေ ၄း၃၀ နာရီအချိန် ရွှေသူဌေးတာ အကျဉ်းဦးစီးဌာနမှ ---- တာဝန်ယူ ဆောင်ရွက်သည့် အကျဉ်းဦးစီးဌာန ရန်ပုံငွေအုတ်ဖုတ်သည့် လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိ သော တိုက်ကြီးမြို့နယ် တရားရုံး၏ ရာကြီး ၇၀၃/၂၀၁၁ ပုဒ်မ ၃၈၀အမှု ဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့တွင် အဆိုပါ ရဲဘက်စခန်းသို့ စတင်ရောက်ရှိလာသူ ကိုကိုနိုင်၊ မှော်ဘီမြို့နယ် တရားရုံး၏ ရာကြီး ၁၂၇/၂၀၁၁ ပုဒ်မ ၃၈၀ အမှုဖြင့် ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် အဆိုပါရဲဘက်စခန်းသို့ စတင်ရောက်ရှိလာသူ ဇော်ဝင်း(၂၃နှစ်) အစ/၁၁/ ၁၃၇၂၂/ မှော်ဘီမြို့နယ်နေသူနှင့် သန်လျင်မြို့နယ် တရားရုံး၏ရာကြီး ၅၀၉/၂၀၁၁ ပုဒ်မ ၃၇၆/၅၁၁အမှုဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရဲဘက်စခန်းသို့ စတင်ရောက်ရှိလာသူထွန်းနိုင် (ခ)ကိုဦး(၃၂နှစ်)အစ/၁၁/ ၀၆၈၆၀ သန်လျင်မြို့နယ် နေသူတို့သုံးဦးမှာ ဇီးဖြူကုန်းချောင်းအား ဖြတ်၍ ထွက်ပြေးသွားသဖြင့် လ-ခ-ရ တာဝန်ကျမှ ရိုင်ဖယ်သေနတ်ဖြင့် လေးချက် ပစ်ခတ်ခဲ့ကြောင်း၊ ထွက်ပြေး လွတ်မြောက်ခဲ့သဖြင့် ရဲဘက်စခန်း တာဝန်ခံမှ လိုက်လံရှာဖွေခဲ့ရာ ကိုကိုနိုင်၏ အလောင်းအား ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန် တွင် ဇီးဖြူကုန်းတောအတွင်း၌ တွေ့ ရှိခဲ့ကြောင်း သိရသည်။
EMG

ထောင်သားများကျေးကျွန်းသဖွယ်ခိုင်းစေခံနေရပုံ |
အကျဉ်းသားများထွက်ပြေးခဲ့၍ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံး
Reviewed by သစ်ထူးလွင်
on
05:22
Rating:
3 comments:
ခိုင်းရင်လဲ ကောင်းကောင်းတော့ ကျွေးသင့်ပါတယ်။ကြည့်ရတာ အဟာရ မပြည့်သလိုဘဲ။
ထောင်မှူးမီသားစုတွက် ရံပုံငွေလား
သူတို့သားသမီးတွေတွက် သုံးနိင်အောင်လုပ်ဖို့တွက် ရံပုံငွေတွေလုပ်နေကြတာ
အော် ဆိုးလိုက်တဲ့ကံ ထောင်ကျတာတောင် ကျွန်ဖြစ်နေတယ်...
pyaponthu ရေ အဲဒီဓါတ်ပုံက သစ်ထူးလွင်မှာပါတာ ၂ ခါရှိပါပြီ။ ပထမတစ်ခါက ရခိုင်ဘက်ကထောင်မှာ အကျဉ်းသားမျာကို ကျေးကျွန်သဖွယ်စေခိုင်းနေ ဆိုတဲ့ခေါင်းစဉ်နဲ့ပါတာပါ။ နောက်တစ်ခု ပြောချင်တာက ယနေ့ အကျဉ်းသားများ၇ဲ့ ၀တ်စုံဟာ အဖြူရောင်မဟုတ်တော့ပါဘူး။ အပြာရောင် ဖြစ်ပါတယ်။ နိုင်ငံတော်က ချမှတ်ပေးထားတဲ့ကျွေးမွေးစရိတ်နဲ့ တစ်ပတ်ကို အသား ၂ရက်ကျွေးပါတယ်၊ တစ်ယောက်ကို ၅ကျပ်သားနှုန်းပါ။ များသောအားဖြင့်တော့ အမဲသားကျွေးပါတယ်။ အမဲမစားရင် ကြက်ဥပါ။ အချို့စခန်းတွေမှာတော့ ၀က်သားလည်းကျွေးပါတယ်။ ကျန်အသားမပါနေ့တွေမှာတော့ ကုလားပဲဟင်းကျွေးပါတယ်။ ကုလားပဲမှာ ပရိုတင်းဓါတ် လုံလောက်စွာပါပါတယ်။ နိုင်ငံတော်က ပြစ်ဒဏ်ချလိုက်ထဲက အလုပ်မဲ့လား၊ အလုပ်ကြမ်းနဲ့ထောင်ဒဏ်လား။ ငွေဒဏ်ဆိုပြီးရှိပါတယ်။ အခုအလုပ်ခိုင်းတဲ့လူတွေဟာလည်း အလုပ်ကြမ်းနဲ့ထောင်ဒဏ်ဆိုပြီး ကျလာသူတွေပဲ ဖြစ်ဖို့များပါတယ်။ နောက်အခုအလုပ်စခန်းတွေမှာ အကျဉ်းသားတွေကို အခမဲ့ခိုင်းစေတာမဟုတ်ပါဘူး။ သူတို့မှာ လုပ်အားခရှိပါတယ်။ နိုင်ငံတော်ကသတ်မှတ်ထားသောလုပ်အားခ ရပါတယ်. ထို့အပြင် သက်ဆိုင်ရာအလုပ်စခန်းနဲ့ ထောင်များရဲ့ အလုပ်အပေါ်မှ ရငွေကို ပြန်လည်ကျွေးမွေးခြင်းများလည်းရှိပါတယ်။ ထောင်ဆိုတါ မတစ်ထောင်သားတွေ ရှိတဲ့နေရာပါ။ အမေကမွေး ထောင်ကကျွေးဆိုတဲ့လူတွေရှိသလို ၅(ည)နဲ့ ရောက်နေတဲ့သူတွေလည်းရှိပါတယ်။ ဒါကို စာဖတ်ပရိသတ်များ သိနားလည်စေချင်ပါတယ်။ ကိုသစ်ထူးလွင်လည်း ဓါတ်ပုံကို ကျွန်တော်တို့ comment ကို စီစစ်သလို စီစစ်ပီး ဖော်ပြစေချင်ပါတယ်။ ကိုသစ်ရဲ့ site ကသတင်းတွေစုံလို့ အရမ်းနှစ်သက်ပါတယ်။ အများပြည်သူရဲ့ ခံစားချက်ကို ထင်ဟပ်ပေါ်လွင်စေတဲ့အတွက်လည်း အရမ်းနှစ်သက်ပါတယ်။ အများပြည်သူများ သိရှိစေရန် မြတ်စန္ဒာအမည်နဲ့ ကျွန်တော်သိသမျှကို တင်တဲ့ post တွေမှာ အမှန်တွေကို လည်းပြန်ရှင်းပေးနေပါတယ်။ကျေးဇူးတင်ပါတယ် ကိုသစ်
Post a Comment