ယနေ့ နံနက် ၁၁း၃၀ တွင်
ဇရပ်ကွက် ပြည်ကြီးတံခွန်မြို့နယ် ၆၈လမ်းနှင့်၆၉လမ်းကြား သခင်ဖိုးလှကြီးလမ်း
နိင်စိုးပိုင် သံရေကြိုလုပ်ငန်း ပိုင်ရှင်ဦး ကျော်...၏လုပ်ငန်းခွင်တွင်
တာဝေးပစ်ဗုံးအမျိုးစားဗုံးတစ်လုံးပေါက်ကွဲခဲ့ပါသည်။ အလုပ်လုပ်ကိုင်နေတဲ့
ကလေး၃ဦး ဖြစ်သော စိုးမိုးသူ (ဘ) ဦးအောင်ငွေ ၁၆နှစ် နံသာလှိုင်ရွာ ၊
မြင်းခြံမြို့နယ်မှဖြစ်ပြီး နောက်တစ်ဦးမှာ ကိုမိုး (ဘ) ဦးမင်းစိုး
၁၉နှစ် နှင့် ချစ်ကောင်း (ဘ) ဦးတင်သွင် မိုးထောင်ရွာ
ငါးဇွန်မြို့နယ်တို့ ၃ဦးစလုံးသေဆုံးခဲ့ကြောင်းသိရှိရပါသည်။စိုးမိုးသူ
နှင့် ကိုမိုးတို့မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး
ချစ်ကောင်းမှာတော့ ဆေးရုံကြီးသို့ပို့ဆောင်ပြီး
ညနေ၃နာရီတွင်သေဆုံးခဲ့ကြောင်းသိရသည်။အဆိုပါ တာဝေးပစ်ဗုံးအမျိုးစားကို
သံတူနှင့်ထုရာမှပေါက်ကွဲခဲ့တာဖြစ်ပြီး ကိုမိုးမှာ ဘယ်ခြေပြတ်
၊လက်နှစ်ဘက်ပျက် နှင့် ဗိုက်ပွင့်ဒဏ်ရာဖြင့် နေရာတွင်သေဆုံးခဲ့ပြီးအလားတူ
စိုးမင်းသူမှာလည်း ခြေ၂ဖက်ပျက်
ဗိုက်ပွင့်ဒဏ်ရာနှင့်သေဆုံးသွားခဲ့ကြပါသည်။ချစ်ကောင်းမှာ ခြေ ၊
ဦးခေါင်းတို့တွက် ဒဏ်ရာများရရှိခဲ့ပြီး
ဆေးရုံတွင်သေဆုံးသွားခဲ့ပါသည်။သေဆုံးသူများ၏အခင်းဖြစ်ရာအနီးတစ်ဝှိက်တွင်
ခြောက်ပေါင်တူ ၁လက် နှင့်သံထည်ဟောင်း
ရှော့ဘားများကိုလည်းတွေ့ရှိရပါသည်။ဆက်လက်၍တာဝန်ရှိသူများအခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိစစ်ဆေးရှာဖွေရာမှမပေါက်သေးသောဗုံး
၂၃လုံးကိုလည်းတွေ့ရှိသိမ်းစီးရရှိခဲ့ပါသည်။ပေါက်ကွဲရခြင်းအကြောင်းကိုမူအသေးစိတ်ထပ်မံစုံစမ်းနေပြီး
သူတို့၃ဦးမှာ အဟောင်းထည်များဖျက်ရန်အတွက်
သံထည်များထုနှက်နေချိန်ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း
ပတ်ဝန်းကျင်မှမျက်မြင်များ၏ပြောကြားချက်ကိုသိရှိခဲ့ရပါသည်။
မန္တလေးစက်မှုဇုန်ပေါက်ကွဲမှုသေဆုံးသူနောက်တယောက်ထပ်တိုး
Reviewed by သစ်ထူးလွင်
on
06:25
Rating:
5 comments:
ဒီသတင်းကိုဖတ်လိုက်ရတော့ ရင်ထဲမှာဝမ်းနည်းလိုက်တာ
သေဆုံးသွားသူတွေအတွက်လည်းဘဲ သူတို့ရဲ့မိသားစုနှင့်
ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်။
ဒီဖြစ်ခဲ့တဲ့ကိစ္စမှာ အဓိကတာဝန်ရှိတာ အစိုးရလို့ မြင်ပါတယ်၊
ဘာဖြစ်လို့လဲဆိုတော့
၁) ဒီပစ္စည်း ကိုစတင်တူးဖော်ရရှိတဲ့သူ
၂) ဒီ ပစ္စည်းကို စတင်ဝယ်ယူသူ ( အထမ်းသမား (သို့) တွန်းလှည်းသမား)
အဲဒီနောက် သံရေကျိုစက်ရုံရောက် သွားပြီ ဆိုပါစို့
၃) ဒီပစ္စည်းကို သံရေကျို ဖို့ ပြုလုပ်ရသောသူ ( ယခုသေဆုံသွားသူ)
အထက်အှာဖော်ပြခဲ့တဲ့ အမှတ်စဉ် ၁ ၊၂ ၊၃
ဒီ ဗုံး ကို လူကိုသေစေနိုင်တဲ့ ဗုံး မှန်း တစ်ဦးမှမသိခဲ့ကြပါဘူး
ကျွန်တော်ဘာကိုပြောချင်တာလည်းဆိုတော့ ဒီလိုဗဟုသုတ မရှိတာဟာ ပညာမတတ်လို့ပါ၊
ပညာမတတ်တာ နိုင်ငံဆင်းရဲလို့ပါ၊
နိုင်ငံဆင်းရဲနေတာ အစိုးရေ-ာက်သုံးမကျလို့ပါ
ငယ်ငယ်ရွယ်ရွယ်နဲ့ဘ၀ကိုရုန်းကန်ရင်းသေဆုံးခဲ့ရတဲ့ကလေးငယ်တို့ရေ အရမ်းဝမ်းနည်းရပါတယ်။ နောင်ဘ၀ကျရင် စစ်အစိုးရမရှိတဲ့တိုင်းပြည်မှာလူဖြစ်နိုင်ကြပါစေကွယ်။
ကလေးတွေပဲရှိသေးတယ် သနားပါတယ် အရွယ်ကောင်းလေးတွေ ပညာမတတ်တော့ ၀မ်းစာအတွက် အသက်ငယ်ငယ်နဲ့ အလုပ်လုပ်ကိုင်နေကြရတယ် . . .ဗဟုသုတ နဲတာလဲပါတာပေါ့ . . . သူတို့ မိဘတွေ ဘယ်လောက်ကြေကွဲကြမလဲ . . . အရက်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းနေတဲ့ လူတွေထက်တော့ အခုလိုတန်ဖိုးရှိတဲ့ လူငယ်လေးတွေနိုင်ငံအတွက် နှမြောစရာ . .
လုပ်ငန်းရှင်က အစ ဗဟုသုတနည်းပါးတော့ အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရတယ်။ ဆင်းရဲခြင်းရဲ့ ရလဒ်ပေါ့။ ဒါကြောင့် ရုပ်မြင်သံကြားမှ တန်ဖိုးရှိပြီး ပြည်သူတွေအတွက် ဗဟုသုတရစေမဲ့၊ အရေးပါမဲ့ သတင်းတွေ များများ လွှင့်သင့်ပါတယ်။
အဆုံးစွန်း လိုက်ကြည်.မယ်ဆိုရင် သန်းရွှေ ရဲ. လူ သားမဆန်တဲ . လုပ်ရပ်တွေ ကြောင်. လို. .ယု ဆရင်လဲ လုံးဝ အမှန်ပါပဲ .အစစ အရာရာ အသိပညာနည်းအောင် အတတ်ပညာ မရှိအောင် အမျိုးမျိုး ဖိနှိပ် ထား ခဲ.ပါတယ် အပြစ်မဲ. ပြည်သူတွေ နစ်နာ နေပါတယ်
Post a Comment