အသည်းကြားက အဖိုးတန်မဲတစ်ပြား မဆုံးရှုံးစေဖို့ ဒီလိုကာကွယ်စို့

၁။ ။NLDအတွက် ထောက်ခံမဲခြစ်မယ့် နေရာမှာ ဖယောင်းတွေသုတ်လိမ်းထားတယ်လို့ ကြားသိရပါတယ်။ ထို့ကြောင့် မဲမခြစ်ခင်မှာ အရင်စစ်ဆေးစေချင်ပါတယ်။ ထို့နောက် ခဲချွန်ဓါးပါးလေးနဲ့ သေသေချာချာဖွဖွလေး ၃-၄ချက်လောက် အရင် ခြစ်ကြည့်ပါ။ ပြီးမှ အမှန်ခြစ်ပါ။
၂။ ။အမှန်ခြစ်ရာတွင် တွန့်ခြင်း ကောက်ခြင်းများကို ပယ်ဖျက်နိုင်တဲ့အတွက် ပေတံတစ်ချောင်းဖြင့် သေသေချာချာခြစ်စေလိုပါတယ်။
၃။ ။NLDကိုအမှန်ခြစ်ပြီး ခြင်္သေ့ကို အမှားမခြစ်မိဖို့ သတိပြုစေချင်ပါတယ်။ NLDကို အမှန်ခြစ်ပြီး ခြင်္သေ့ကို အမှားခြစ်ပါက ပယ်ဖျက်မဲအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။
၎။ ။အမှန်ခြစ်ရာတွင် အသုံးပြုသည့် ဘောပင်ကို မှင်စိုဘောပင်/ထိပ်လုံးဘောပင်ကိ
ု အသုံးမပြုရန် အထူးသတိပြုပါ။

Myanmar News Now
အသည်းကြားက အဖိုးတန်မဲတစ်ပြား မဆုံးရှုံးစေဖို့ ဒီလိုကာကွယ်စို့ အသည်းကြားက အဖိုးတန်မဲတစ်ပြား မဆုံးရှုံးစေဖို့ ဒီလိုကာကွယ်စို့ Reviewed by သစ်ထူးလွင် on 03:27 Rating: 5

9 comments:

ဇော်ဇော် said...

"NLDအတွက် ထောက်ခံမဲခြစ်မယ့် နေရာမှာ ဖယောင်းတွေသုတ်လိမ်းထားတယ်လို့ ကြားသိရပါတယ်" တော်တော် မိုက်ရိုင်းတဲ့ကောင်တွေပဲ ခွေးကျင့်ခွေးကြံ ကြံတယ်ဆိုတာ ဒါမျိုးပေါ့...

မန္တလေးသား said...

ကျွန်တော်ပို့ပေးတာလေးကို ဖေါ်ပြပေးတဲ့အတွက် ကိုသစ်ထူးလွင်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အမှန်တကယ်တော့ ဒီ့ထက်မက လိုအပ်ချက်တွေ ရှိနေပါသေးတယ်ခင်ဗျာ။ လက်ရှိအနေအထားအရ လိုအပ်ချက်လေးတွေကို သိစေချင်တဲ့အတွက် ပို့ပေးလိုက်တာ ဖြစ်ပါတယ်။ သူတို့က ဒီ့ထက်မက လှည့်ကွက်တွေနဲ့ ညစ်ကြဦးမှာပါ။ NLDကိုမဲပေးသူတို့အနေနဲ့ မဲမပေးခင် အစစအရာရာ သတိထားစေဖို့ အဖိုးတန်မဲလေးတွေ မဆုံးရှုံးစေဖို့ နည်းနည်းလေးမှ အမှားမပါစေဖို့ ကျွန်တော် တင်ပြတာပါ။ NLD မှ အမေစုတို့ အနိုင်ရပါစေ........

ဝန်းသိုသားလေး said...

အမျိုးမျိုး ကို ညစ်ပတ်နေတော့ တာပဲ ဗျာ စိတ်ပျက်စရာတော်တော်ကောင်းနေပြီ

Tri Asian Taste said...

ဇော်ဇော်ရေး ဒီကောင်တွေကို ခွေးနဲ့မနှိုင်းပါနဲ့ကွာ ခွေးသိက္ခါကြသွားမှာစိုးလို့ပါကွာ။

မြန်မာ့မြေ said...

တော်တော်တင်းနေပြီ

ပြည်သူကို ဘာထင်နေကြတာတုန်း
သောက်ကျင့်အမျိုးမျိုး နဲ့ ညစ်ပတ်နေကြပါလား
ထမီပတ်ထားခိုင်းဖို့ ထမီနဲ့တောင်မတန်ဘူး ထမီဝတ်တဲ့သူက လူစိတ်ရှိတယ် မင်းတို့ကလူစိတ်ကိုမရှိဘူး သွေးရူးသွေးတန်းနဲ့ဘာတွေလျှောက်လုပ်နေတာလဲ

Anonymous said...

မဖြစ်နိုင်တာတွေကို.. မပြောစေချင်ပါဘူးဗျာ... NLD သာက နိုင်မှာပါ..

dnp said...

ယခုကောက် နုတ်ဖော်ပြမည့် စကားများမှာ ဗိုလ်ချုပ် လုပ်ကြံမခံရမီ တစ်ပတ်ခန့်အလိုက ရန်ကုန် မြို့ မြို့တော်ခန်း မှ လူထု ပရိသတ်ကြီးကို နောက်ဆုံး ဟောပြော သွားသော ဗိုလ်ချုပ် ၏မိန့်ခွန်း စကားများဖြစ်၏။ ထိုနေ့ကား ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နံနက် အချိန်တွင်ဖြစ်သည်။

(မြန်မာပြည်သူလူထု အားလုံးကို သတိပေးလမ်း ညွှန် ဟောကြားသွားသော နောက်ဆုံး မိန့်ခွန်းဖြစ်သည့် အတွက် အချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။)

“ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင်အတင်းအဓမ္မ လုပ်လာလို့ အစိုးရ ဖြစ်လာတာမဟုတ်ဘူး၊ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကြောင့် ကျုပ်တို့အစိုးရဖြစ်နေ တာပဲ။ တိုင်းပြည်လူထုက ယုံကြည်မှုမရှိ ဘူး၊ မကြည်ညိုဘူးဆိုရင် ကျုပ်တို့လည်း တွယ်မနေပါဘူး၊ ထွက်မှာပါပဲ၊ သို့သော် လည်း တစ်နှစ်လောက် ကျုပ်တို့ကိုစောင့် ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာဘယ်လို လူစားတွေလဲ၊ ရာဇ၀င်ထဲအရေးခံရမယ့် လူတွေလား၊ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားတွေလားဆိုတာ ခင်ဗျားတို့ကိုယ် တိုင်သိလာပါလိမ့်မယ်”

ခင်ဗျားတို့ ဟာ လွတ်လပ်ရေး ကိုလို ချင်ရင်ရနိုင်တဲ့စည်းကမ်းရှိကြပါ။ လွတ်လပ် ရေးကိုလိုချင်ရင် လွတ်လပ်ရေး ကိုရနိုင်တဲ့ ညီညွတ်မှုကိုထိန်းသိမ်းထားပါ။ လွတ်လပ် ရေးကိုလိုချင်ရင်ရနိုင်လောက်တဲ့ထူ ထောင် မှုကို လုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့ နောက် လည်းပဲ ရှေ့ကိုလွတ်လပ်ရေးအရသာကို ခံစားချင်တယ်၊ ခံစားချင်တယ်ဆိုရင် အလုပ် လုပ်ဖို့ စည်းကမ်းရှိကြဖို့ ခင်ဗျား တို့အခုက တည်းက ခင်ဗျား တို့ရဲ့ အကျင့်ဆိုးတွေ၊ အကျင့်ဟောင်း တွေကို ပြင်ကြဖို့လိုပြီ၊ ဖျောက်သင့်ပြီ ဆိုတာ ကျွန်တော်ဒီနေ့ပြော ခဲ့ချင် ပါတယ်။

Unknown said...

ုအမေစု နိုင်ပြီဟေ့

Unknown said...

ုအမေစု နိုင်ပြီဟေ့

Powered by Blogger.