ကချင်ပြည်နယ်ထဲက မဲဆန္ဒနယ်သုံးခုမှာ လုံခြုံရေးအခြေအနေကြောင့် လာမယ့်
ဧပြီလ ၁ ရက်နေ့ တခြား ပြည်နယ်နဲ့ တိုင်းဒေသတွေမှာကြားဖြတ် ရွေးကောက်ပွဲ
ကျင်းပတဲ့အချိန်မှာ ကျင်းပနိုင်မှာ မဟုတ်ဘဲ ရက်ရွှေ့ဆိုင်းလိုက်ကြောင်းကို
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ အခြေအနေကို အပြည့်စုံ နားလည်နိုင်ဖို့
ကြိုးစားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria
Nuland က ပြောပါတယ်။
“ကချင်ပြည်နယ်က ပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင် မဲပေးခွင့် ဆုံးရှုံးအောင် မြန်မာအစိုးရက တမင် လုပ်တာလား၊ ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို ရွှေ့ဆိုင်းလိုက်တာလဲ ဆိုတာကို နားလည်နိုင်ဖို့ ကျမတို့ ဒီကိစ္စကို စုံစမ်းနေပါတယ်။ သူတို့နဲ့ စကားမပြောရသေးတဲ့အတွက် လောလောဆယ်တော့ ဘာမှ ဝေဖန် မပြောနိုင်သေးပါဘူး။ ကချင်ပြည်နယ်တွင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတယ် ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒါကို ဖြေရှင်းဖို့ နည်းလမ်း ရှိရပါလိမ့်မယ်။”
နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland ပြောသွားတာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လ ကတည်းကစလို့ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပုံသဏ္ဍန် အမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေသလို ဒီအပေါ် အမေရိကန် ပြည်ထောင်စုက စိုးရိမ်တဲ့အကြာင်းနဲ့ မြန်မာအစိုးရနဲ့ ကချင်အဖွဲ့တွေ နှစ်ဘက်စလုံးက အပစ်အခတ် ရပ်စဲကြဖို့ တိုက်တွန်းတဲ့ အကြောင်းလည်း ပြောခွင့်ရအမျိုးသမီး Nuland က ပြောသွားခဲ့ပါတယ်။
VOA

ကချင် ၃ နယ် ရွေးကောက်ပွဲရွှေ့ဆိုင်းမှု အမေရိကန် စောင့်ကြည့်
Reviewed by သစ်ထူးလွင်
on
08:08
Rating:
7 comments:
စစ်အစိုးရတစ်ဖြစ်လဲ.ကြံဖွံ့အစိုးရဟာ.
မတည်ငြိမ်မူ့တွေကိုတစ်ဖြည်းဖြည်းဖန်တီးလာတာတွေ့နေရပါတယ်.
NLD အနိုင်ရလာပီး၂၀၁၅ မှာအစိုးရဖြစ်လာမှာကိုလုံးဝမလိုလားနေတာ
ရှင်းနေပါတယ်.ဒီတော့ပြသနာတွေ.တမျိုးပီးတစ်မျိုးဖန်တီးမယ်.
နောက်ဆုံးသမတနဲ့လွှတ်တော်ကိုဖယ်ပီး.
ထုံးစံအတိုင်းဂျောက်ထဲကျတော့မယ်ဘာမယ်နဲ့
စစ်တပ်လက်ထဲဆွဲစိလိုက်မဲ့ planing ပါပဲ.
၇ှင်း၇ှင်းလေးပါ အာဏာမ၇ှိတဲ့သမတနဲ့လုပ်ချင်၇ာလုပ်
ဥပဒေကိုမလေးစားတဲ့စစ်အာဏာ၇ှင်လူကြီးတွေ၇ဲ့လက်ထပ် မှာဒါတွေကမထူးဆန်းတော့ပါဘူး Nulandအနေနဲ့တာနား
လည်ခက်နေမှာပါ၊ NLD ၇ဲ့ စည်း၇ုံးေ၇းခ၇ီးစဉ်နဲ့အပစ်ခက်
၇ပ်ဆဲပီးမှ အကြမ်းဖက်တိုက်ပွဲတွေဆက်ဖြစ်နေတာတွေကို သုံးသပ်ကြည့်၇င်သူနားလည်နိုင်မှာပါ ဘာဘဲပြောပြောမြန်
မာအေ၇းကိုစောင်ကြည့်နေတဲ့နိုင်ငံတွေကိုတော့သူတို့လုပ်
နေတာတွေသိစေချင်တယ်
၄၈ နေရာအတွက်ဒီလောက်တောင်မှကြောက်နေကြလား၊ကြံ့ဖွတ်တွေရေ။
တကယ်ဆိုမဖြစ်သင့်ပါဘူးနိုင်ငံသားတိုင်းတစ်ချိန်ထဲမှာမဲပေးနိုင်အောင်လက်ရှိအာဏာရပါတီနဲ့အစိုးရကတာဝန်ယူဆောင်ရွက်ပေးရပါမယ် ဒီလိုခွဲခြားလိုက်တာပြည်ထောင်စုတိုင်းရင်းသားတွေစိတ်ဝမ်းကွဲအောင်လုပ်တာနဲ့အတူတူပါပဲ သမ္မတကြီးမှာတာဝန်အပြည့်ရှိပါတယ်။
တော်တော်ကြီးကို ကြောက်နေရလား ကြံဖွံ့ ရယ်။။ကြားတာကတော့ အန်တီစု လာတုန်းက ကွင်းကိုကန့်ကွက်တဲ့ ကြံဖွံ့က ကော်မရှင်ကိုတင်တယ်လို့ကြားတာပဲ.မိုးကောင်းကကြံဖွံ့ကိုယ်စားလှယ် ကျောင်းဆရာကလဲ..တော်တော်ကြောက်နေပုံရတယ်။အခုပိတ်လိုက်တဲ့3ခုစလုံးမှာ ဘာအသံမှမကြားပါဘူးအားလုံးအေးချမ်းနေကြပါတယ်။ ဘာလို့လုပ်ရတယ်ဆိုတာစုံးစမ်းပေးပါ..သက်သက်မဲ့ အခက်အခဲဖြစ်အောင်လုပ်နေတာပါ.လွတ်တော်ထဲရောက်မှာတောင်အဲဒီ လောက်ကြောက်နေရင်.2015 ဆိုရင် ကိုယ်ဟာကိုယ်ကြိုပြီသတ်သေထားလိုက်တော့..ကြားရတာအလုပ်ရှုပ်တယ်..
ရွေးကောက်ပွဲနီးလာလေ...$ကျင့်တွေပေါ်လာပါပြီ....သမ္မတကြီးကလည်းစိတ်ထားကောင်းပြီး၊ရိုးသားမှု့သာရှိတာပါ....လုပ်ပိုင်ခွင့်မှမရှိဘဲ။
ဲဥက္ကဌကြီးတွေကလဲ....သမ္မတကိုထောက်ဖို့ဘဲချောင်းနေတယ်။
အောက်ကခွေးဝန်ချီးတွေက...လက်ခုတ်တီးနေပြီ။
တစ်ဖက်ပါတီတစ်ခုကနိုင်သွားရင် ကျောက်ခိုးထုတ်မရမှာမို့ထင်ပါတယ်....
Post a Comment