မြင်းဝင်းကျေးရွာ ကော်မရှင်ဥက္ကဋ္ဌ ဝိုင်းဝန်းရိုက်နှက်ခံရ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက မတ်လ (၂၈)ရက်နေ့  သတင်းစာရှင်းလင်းပွဲတွင်တွေ့ ရစဉ်
ပခုက္ကူမြို့နယ် မြင်းဝင်းကျေးရွာရှိ အ.မ.က (၁၈၂) မူလတန်းကျောင်း တွင် မတ်လ ၂၈ ရက်နေ့  နေ့လည် ၁၂ နာရီခန့်က မြို့နယ်ကော်မရှင်ရုံးမှ အစည်းအဝေး လုပ်နေစဉ်အတွင်း ရွာသား ၃ ယောက် ကျောင်းဝင်းအတွင်းဝင်ကာ အော်ဟစ်ဆဲဆိုပြီး မြင်းဝင်းကျေးရွာ ကော်မရှင်ဥက္ကဋ္ဌကို ဝိုင်းဝန်းရိုက် နှက်ကာ ထွက်ပြေးမှုတစ်ခု ဖြစ်ခဲ့ ကြောင်း ပခုက္ကူမြို့နယ်NLD ပါတီအောင်နိုင်ရေးအဖွဲ့မှ ဒေါ်မိုးမိုးခိုင်ထံကပြောသည်။

" မြို့နယ်ကော်မရှင်ရုံးကနေ ပြီး ရွေးကောက်ပွဲနေ့အတွက် မဲရုံမှူး သင်တန်းအကြောင်း ဆွေးနွေးနေ တုန်း ကိုငဥ၊ ကိုဟန်သိန်း၊ ကိုငလွင်တို့ ၃ ယောက်ရောက်လာပြီး တော့ မင်းတို့ ခွပ်ဒေါင်းကိုမဲပေးရင် ဒူးတွေ ရိုက်ချိုးမယ်ပြောပြီး အော် ဟစ်ဆဲဆိုကြတယ်။ ဒါကို မြင်းဝင်း ကျေးရွာကော်မရှင်ဥက္ကဋ္ဌက သွား ရောက်တားမြစ်တဲ့အချိန်မှာ ဒီရွာ သား ၃ ယောက်က ဝိုင်းရိုက်ပြီး ထွက်ပြေးသွားကြတယ်'' ဟု ၄င်း က ပြောပြသည်။
အဆိုပါ ဖြစ်စဉ်ကို ကော်မရှင် ရုံးမှ အဆင့်ဆင့်တင်ပြသွားမည်ဖြစ် ပြီး ရိုက်နှက်ထွက်ပြေးသွားသူ ၃ ယောက်ကို မြင်းဝေးကျေးရွာ ရဲစခန်းမှ လိုက်လံရှာဖွေဖမ်းဆီးလျက် ရှိကြောင်း သိရသည်။
 Messenger News Journal
မြင်းဝင်းကျေးရွာ ကော်မရှင်ဥက္ကဋ္ဌ ဝိုင်းဝန်းရိုက်နှက်ခံရ မြင်းဝင်းကျေးရွာ ကော်မရှင်ဥက္ကဋ္ဌ ဝိုင်းဝန်းရိုက်နှက်ခံရ Reviewed by သစ်ထူးလွင် on 15:39 Rating: 5

11 comments:

ပုဂံစစ်သည် said...

အော်ရိုက်တဲ့ကောင်တွေက ပိုက်ဆံဘယ်လောက် ရမှန်းမှမသိတာကို။

မြန်မာ့မြေ said...

သခင်အားရ ကျွန်ပါးဝ နေတဲ့ကောင်တွေနေမှာ

kyawminmin said...

လူမိုက်တွေကြီးစိုးတဲ့ မြန်မာနိုင်ငံတော်ကြီး ရှေ့ဆက်တိုးတက်ကောင်းမွန်လာဖို့ အဖေ့သွေးအတိုင်း တကယ်အနစ်နာခံကြိုးစားနေတဲ့ အမေစုကလွဲရင်ဘယ်သူ့ကိုမှ ယုံကိုမယုံဘူး လူမိုက်လူလိမ်တွေ ပုံပြောတိုင်းယုံရမှာလား

amtkhunlay said...

ကောင်းလှချည်လား ဒေါင်းမြကြည်သားရယ်။
ရွာသားနှယ် မင်းတို့ ဘယ်လောက် ချမ်းသာသွားမှာ မလို့တုန်း။ ပစ္စုပ္ပန်လည်းမကောင်း၊ အနာဂတ်လည်းမကောင်း၊ သံသရာမှာလည်းမကောင်း။
မင်းတို့မို့ မစဉ်းမစား လုပ်ရက်ကြတယ်ကွာ။
ဂဠုန်ဦးစော မျိုးဆက်တွေ ထင်ပါရဲ့။

myogyimdy said...

ဇာတ်လမ်းတွေဆင်ကုန်ပီ...ခွပ်ဒေါင်းမျိုးရိုးကအဲဒီလိုမလုပ်ဘူးကွ....

Thaw Gyi said...

မြန်မာနိုင်ငံမှာ ငွေလေးနည်းနည်းပေးရင်ရိုက်တဲ့ရွာသားတွေတော်တော်များပါ
တယ်ဗျာ..အဲဒါတွေကို. ပညာပေးသင့်ပါတယ်. အသိပညာလေးတော့
ပေးသင့်ပါတယ်. တချိုရွာတွေမှာဆို. ငွေလေးတစ်ထောင်မပေးလို့ ဓားနဲ့ 
ခုတ်တဲ့အထိဖြစ်ပျက်နေတာကိုကြားမိပါတယ်.. ဘာပဲပြောပြောမလုပ်သင့်ပါ

nay myo said...

သမတဦးသိန်းစိန်နဲ့လူကြီးတွေ၇ဲ့ ဥပဒေနဲ့အာဏာ
ကိုအောက်ခြေကလူကြီးတွေကေ၇ှာက်ဂ၇ုမဆိုက်ဘူးဆိုတဲ့
သဘောသက်ေ၇ာက်နေတယ် အုပ်ချုပ်နေတဲ့သူတွေကိုက
ညံ့ဖြင်းလို့ခုလိုလုပ်၇ဲနေတာ

လင်းသစ် said...

မြန်နမာနိုင်ငံတွင် ပညာရေးစနစ် နိမ့်နေသောကြောင့် ယခုလို ပညာမဲ့ဆန်သော လူများပေါ်ထွက်နေတာ ဖြစ်ပါလိမ့်မည်။

soecyclone said...

အင်း!
ရွာသားတွေကလည်း ငွေရရင်လုပ်တဲ့ကောင်တွေဆိုတော့ပြောရတာခက်တယ်၊
စဉ်းစားဆင်ခြင်မှု့မှမရှိတာပဲလေ။

luthaar said...

ပညာမဲ့ ရမ်းကားတတ်သူတွေကို အသုံးချတာ လွန်သွားပြီ။အသိအလိမ္မာ ပညာတွေဖြန့်ဝေကြပါဦး။ကျေးရွာစာကြည့်တိုက်အကျိုးသက်ရောက်မှုမရှိပါကြောင်းနဲ့ လူမှုရေး ပြိုကွဲနေတာထင်ရှာတဲ့သာဓကပါပဲ။

lin lin said...

ငွေမရှိလို့ ပညာမတက်လို့ တွေးခေါ်မှု့အားနည်းလို့ အမှားလုပ်တဲ့သူကိုခွှင့်လွှတ်လို့ရပါသေးတယ် ပြန်ပြင်ရင်ရပါသေးတယ် ပညာတက်ပြီး အာဏာတွေရှိပြီး
ရာထူးတွေနဲ့ပျော်မွေ့ပြီး အမှားတွေကိုပိုက်ပြီး ကိုယ်ထည့်နိမ့်ပါးသူတွေကို
ိုအသုံးချပြီး ခိုင်းစေတက်တဲ့ အကျင့်ဆိုးတွေကိုတော့ ပြင်လို့ရမယ်မထင်ပါ

Powered by Blogger.