ဒေါ်အောင်ဆန်းစုကြည် အား ကလောမြို့ လူထုသောင်းနှင့်ချီကြိုဆို

ရှမ်းတိုင်းရင်းသားဝတ်စုံနှင့် ကလောမြို့ လူထုကို ဟောပြောနေစဉ်

လူထုဟောပြောပွဲတက်ရောက်လာတဲ့ ကလောမြို့ လူထု

ကလောမြို့ ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် (ဓါတ်ပုံ-Myanmar News Now)
အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်ရှိ စစ်တပ်နယ်ဖြစ်တဲ့ ကလောမြို့ကို ရောက်နေပြီး ထောက်ခံသူ ထောင်ပေါင်းများစွာကို မိန့်ခွန်းပြောတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲဖို့ တပ်မတော်ကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ် ပြောင်းလဲဖို့ တပ်မတော်ရဲ့ အကူအညီနဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

“(ဖွဲ့စည်းပုံ အခြေခံဥပဒေကို) မပြောင်းလဲဘဲနဲ့ ဒီမိုကရေစီ အခြေခံအဆောက်အဦက မခိုင်မြဲနိုင်ပါဘူး။ ဒီလို ပြောင်းလဲတဲ့အချက်ကို ပြောင်းလဲတဲ့နေရာမှာ တပ်မတော်ကလည်း ပါဖို့ လိုတယ်ဆိုတာ အတိအလင်း ပြောပါရစေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေခိုင်မာမှ ကျမတို့နိုင်ငံ ခိုင်မြဲမှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ပြောင်းလဲဖို့ဆိုတာ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်တာမို့လို့ တပ်မတော်ကလည်း ကျမတို့နဲ့အတူတူ ဒီမိုကရေစီပန်းတိုင်ကို ချီတက်ချင်တယ်ဆိုတာကို ပြခြင်းအားဖြင့် တပ်မတော်သား အားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြပါ။”

လွတ်လပ်ရေးကြိုးပမ်းမှုကာလက ပြည်သူနဲ့ တပ်မတော် အပြန်အလှန် ချစ်ခင်မှု၊ အားကိုးမှု ရှိခဲ့တဲ့အခြေအနေမျိုး အခုလည်း ဖြစ်စေချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး အရေးကြီးတဲ့ အကြောင်း၊ တရားဥပဒေ စိုးမိုးရေးဟာ ပြည်သူလူထုကို အကြောက်တရားကနေ အကာအကွယ် ပေးနိုင်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်း-ဒီဗွီဘီ ဓါတ်ပုံ (Myanmar News Now)
ဒေါ်အောင်ဆန်းစုကြည် အား ကလောမြို့ လူထုသောင်းနှင့်ချီကြိုဆို ဒေါ်အောင်ဆန်းစုကြည် အား ကလောမြို့ လူထုသောင်းနှင့်ချီကြိုဆို Reviewed by သစ်ထူးလွင် on 16:15 Rating: 5

4 comments:

min yar zar said...

အမေကတော့ ရောက်လေရာမှာ သူ့ဒေသနဲ့ လိုက်ဖက်တဲ့ တိုင်းရင်းသား
ဝတ်စုံ လေးတွေဝတ်တာ ကျက်သရေရှိလိုက်တာ၊ အမေ့လိုပဲ မြန်မာအမျိုးသမီးထု အားလုံး ကျက်သရေရှိတဲ့ မြန်မာဝတ်စုံ လေးတွေ ၀တ်ကြပါလို့ တိုက်တွန်းလိုပါတယ်။

Htet said...

အင်း မန်းလေးကျရင်ကော ဘယ်လိုဖြစ်မယ်မသိဘူး

Anonymous said...

ကလောစစ်တပ်နဲ့ ရဲမိသားစုများကိုတော့ ဒီနေ့အပြင်ထွက်ခွင့်ပိတ်ထားပါတယ်။

aaa said...

မြန်မာအမျိုးသမီးတိုင်း အမေစုကို အတုခိုးသင့်ပါတယ်
အမေစုကို ကြည့်လိုက်ပါ
ဘယ်အချိန် ဘယ်နေရာမဆို မြန်မာဆန်ဆန် အ၀တ်စားကိုပဲ အမြဲတမ်း ၀တ်ဆင်လေ့ရှိပါတယ်
နိုင်ငံခြားမှာ အချိန်အကြာကြီးနေခဲ့ပေမဲ့ အမိမြန်မာရဲ့ ရိုးရာ ယဉ်ကျေးမှုကို တန်ဖိုးထားတယ် မြတ်နိုးတယ်ဆိုတာ အားလုံးလဲ သတိထားမိမယ်လို့ ထင်ပါတယ်
အဲဒါကြောင့် မြန်မာအမျိုးသမီးများ အမေစုကို အတုခိုးစေချင်ပါတယ်လို့ တိုက်တွန်းလိုက် ပါရစေနော် .....'မ' တစ်ထောင်တစ်ကောင် ဖွား ဆိုတဲ့ ဆိုရိုးစကားကို ပယ်ပြီး တစ်ကမ္ဘာလုံးမှာမှ တစ်ယောက်ပဲ ဖွားတယ်လို့ပဲ ကျတော်ကတော့ ဆိုလိုက်ချင်ပါတယ် ဗျာ ...
အောင်အောင်

Powered by Blogger.