အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမြို့သို့
စည်းရုံးရေး ခရီးစဉ် သွားရောက်မည့် မတ်လ ၄ ရက်နေ့တွင် စစ်ကိုင်းမြို့မှ
အစိုးရ ဝန်ထမ်းများ အလုပ်ဆင်း ရမည် ဆို၍ ဝန်ထမ်းများ စိတ်ပျက်နေ ကြကြောင်း
စစ်ကိုင်း မြို့ခံများက ပြောကြားသည်။
ယနေ့ (မတ်လ ၃ရက်) နံနက်ပိုင်းက အဆိုပါ အစီအစဉ် ပျက်သွားသည် ဟုဆိုသဖြင့် ဝမ်းသာခဲ့ရကြောင်း သို့သော် ယနေ့ နေ့လည်ပိုင်းတွင် ဆင်းရမည်ဟု ပြန်လည် အကြောင်းကြား ခဲ့သဖြင့် မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို လွဲချော်ဖွယ် ရှိကြောင်း ၎င်းတို့က ဆိုသည်။
The Voice Weekly
ယနေ့ (မတ်လ ၃ရက်) နံနက်ပိုင်းက အဆိုပါ အစီအစဉ် ပျက်သွားသည် ဟုဆိုသဖြင့် ဝမ်းသာခဲ့ရကြောင်း သို့သော် ယနေ့ နေ့လည်ပိုင်းတွင် ဆင်းရမည်ဟု ပြန်လည် အကြောင်းကြား ခဲ့သဖြင့် မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို လွဲချော်ဖွယ် ရှိကြောင်း ၎င်းတို့က ဆိုသည်။
The Voice Weekly
မတ်လ ၄ ရက်နေ့ စစ်ကိုင်းတွင် အစိုးရဝန်ထမ်းများ အလုပ်ဆင်းရမည် ဆို၍ စိတ်ပျက်
Reviewed by သစ်ထူးလွင်
on
23:37
Rating:
5 comments:
စိတ်မပျက်ကြပါနဲ့ စစ်ကိုင်းသူ/သားတို့ရေး ခင်ဗျားတို့ရင်ထဲမှာ အမေစုနဲ့ NLD ရှိရင်ပြီးတာဘဲ။
April(1) ရက်နေ့ကြရင်သာ ခွပ်ဒေါင်းဘေးနားက အကွက်လေးမှာ အမှန်လေးချစ်ပေးလိုက်ကြပါ။ မမှိတော့လည်း
နောက်မှ အင်တာနက်ပေါ်မှာ လာကြည့်ပေါ့။ ကိုသစ်ထူးလွင်ရေ စစ်ကိုင်းသူ/သားတွေအတွက် ရှယ်တင်ဆက်ပေးစေလိုပါတယ်။
ဒါလားစစ်မှန်တဲ့ဒီမိုကရေစီ စနစ်ဖြစ်ပေါ်လာရေးကို ဦတည်သွားနေတယ်ဆိုတာ၊ အခုထိ တစ်သွေး တစ်သံ တစ်မိန့် ဆိုတဲ့ စစ်အုပ်ချုပ်ရေး, အာဏာရှင်စနစ် ဆိုတဲ့စနစ်ဆိုး တွေမပျောက်ကျသေးဘူးအား၊ ဒီအမိန့်ကို ဘယ်သူကထုတ်တာလဲ သမ္မတကြီလား ဒါမှမဟုတ် ဒီကိစ္စကို သမ္မတကြီး မသိဘူးလား၊ မသိချင်ယောင်ဆောင်နေတာလား?၊ သမ္မတကြီး ဦးသိန်းစိန်က စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် အမြန်ဆုံး ပေါ်ပေါက်လာရေးကို အရှိန်အဟုန်နဲ့ သွားနေပါတယ်လို့ ကမ္ကာကို ကြေငြာထားတယ်။ ဒါဆိုရင် အခုလို အာဏာနဲ့အမိန့်ထုတ်တာဟာ ဒီမိုကရေစီစနစ်ကို ချိုးဖျက်တာ သမ္မတကြီးရဲ့ လုပ်ငန်းစဉ်တွေကို ဆန့်ကျင်တာ ဒီတော့ ဒီအမိန့်ထုတ်တဲ့လူကို သမ္မတကြီးက ပြင်းပြင်းထန်ထန် အရေးယူသင့်တာပေါ့။ အစိုးရဝန်ထမ်းများ အားလုံးကိုလဲ တခုတော့မှာချင်တယ် သတ္တိရှိကျပါ အခုအချိန်မှာ သူတို့လုပ်ချင်တိုင်း လုပ်လို့မရတော့ပါဘူး။ "မတရားတဲ့ အမိန့်အာဏာ မှန်သမျှ ဆန့်ကျင်ကျ" ညီညွတ်ကျပါစေ။
အနေဝေးပေမယ့်စိတ်ချင်းနီးဖို့ကအရေးကြီးပါတယ်
April(1) ရက်နေ့ကြရင်သာ ခွပ်ဒေါင်းဘေးနားက အကွက်လေးမှာ အမှန်လေးချစ်ပေးလိုက်ချင်းဖြင့်ထောက်ခံမူ့ကို ပြသကြပါ စို့
ကိုသစ်ရေ မတ်လ ၄ ရက်နေ့ စစ်ကိုင်မြို့က၀န်ထမ်းတွေစိတ်ညစ်ရသလို မန်းမြိုက ၉၁၀ ဖုန်းကိုင်ထားသူတွေလည်းစိတ်ညစ်နေရပါတယ်။ဘယ်သူတွေကဘာတွေလုပ်နေလဲမသိဘူနော်။
thein sein.....how can beleive u?
Post a Comment