ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မဲဆွယ်မှုများပြုလုပ်နေ

မတ် ၈၊ ၂၀၁၂ (YPI)

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်သည် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်မှုများပြုလုပ်ပေးနေသည့်ပြင် မဲဆွယ်အခမ်းအနားများအတွက် စင်မြင့်တည်ဆောက်ရာတွင် ဒေသခံများကို လုပ်အားပေးစေခိုင်းမှုများကိုပါ လုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။

မြင်းကကွင်းတိုက်နယ်ဒေသခံတစ်ဦးက “ကျွန်တော်တို့ဆီကို ရှေ့လ ၂၄ ရက်ကလာတာ၊ မလာခင် သုံးရက်လောက်အလိုမှာ မဏ္ဍပ်ဆောက်ဖို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက လူငယ်တွေကို လုပ်အားပေးလာခေါ်တယ်” ဟု ပြောသည်။



ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်သည် ဖေဖေါ်ဝါရီလအတွင်းက ငပုတောမြို့နယ်၊ မြင်းကကွင်းတိုက်နယ်အပါအ၀င် ဒေသငါးခုခန့်သို့သွားရောက်ခဲ့ပြီး ရောက်ရာဒေသတိုင်းတွင် ပြောကြားသောမိန့်ခွန်းများ၌ ကြံ့ခိုင်ရေးပါတီကို မဲထည့်ရန်တိုက်တွန်းမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ပုသိမ်မြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးများတွင် ဧရာဝတီတိုင်းသား ၀န်ကြီးချုပ် အဘဦးသိန်းအောင်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အား မဲပေးကြပါစို့ ဟူသောစာတန်းဖြင့် ဦးသိန်းအောင်ဓါတ်ပုံများကပ်ကာကြော်ငြာထားခြင်း၊ ရပ်ကွက်အတွင်း ကြံ့ခိုင်ရေးပါတီဝင်သူတိုင်းကို ငွေကျပ်သုံးသောင်းကို နေ့သွင်းအနေဖြင့်ထုတ်ချေးပေးခြင်း၊ ၎င်းပါတီတံဆိပ်ပါသော အင်္ကျီများနှင့် ဦးထုပ်များကို အခမဲ့ပေးခြင်းများပြုလုပ်နေကြောင်း ပုသိမ်မြို့ခံတို့ကပြောသည်။

ပုသိမ်ခရိုင်တရားလွှတ်တော်ရှေ့နေတစ်ဦးက“ ဦးသိန်းအောင်ဟာ အလုပ်အရမ်းလုပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါပေမယ့် သူ့မှာပါတီစွဲကရှိနေတော့ ဥပဒေနဲ့ငြိစွန်းနေတာစိတ်မကောင်းစရာပဲ” ဟု မှတ်ချက်ပြုသည်။

အစိုးရ၀န်ကြီးများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာ ပါတီလုပ်ငန်းများနှင့် ပါတီအတွက် မဲဆွယ်စည်းရုံးခြင်းများမပြုလုပ်ရန် နည်းဥပဒေများထုတ်ပြန်ထားသည်။      ။
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မဲဆွယ်မှုများပြုလုပ်နေ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မဲဆွယ်မှုများပြုလုပ်နေ Reviewed by သစ်ထူးလွင် on 10:12 Rating: 5

13 comments:

ဖိုးတောက် said...

သူများနိုင်ငံတွေမှာ မဲဆွယ်ဆိုတာ သူဒီနေရာရရင် ဒီဒေသ၊ ပြည်နယ်အတွက် ဘယ်လိုတိုးတက်စေရမယ်.. လူတွေအတွက် ဘာကောင်းကျိုးတွေရမယ်ဆိုတဲ့ အာမခံတွေနဲ့ မဲတောင်းတာပဲ ကြားဖူးပါတယ်... ...
ဒီမှာ ဒီလိုလုပ်တဲ့နည်းကြီးက မကောင်းဘူးထင်တယ်..အသင်းဝင်လာတဲ့လူက အသင်းကိုချစ်လို့၊ အထင်ကြီးလို့၊ လေးစားလို့ ၀င်တာဆိုရင်ကောင်းတာပေါ့.. ငွေလိုလို့ အကျီ င်္နဲ့ ဦးထုပ် လိုချင်လို့ ၀င်လာတယ်ဆိုရင်တော့ မမိုက်ပါဘူး... ငွေချေးတဲ့လူတွေကလည်း ပြီးရင် ငွေလဲပြန်ဆပ်ရဦးမယ်.. ခိုင်းသမျှလည်း လုပ်ရဦးမယ်...ဟူး.. မဂွတ်... မဂွတ်...

ချစ်ရာ မ said...

ပုသိမ်မြို့ မှာက ၀န်ကြီးချုပ်ကိုယ်တိုင် ၀န်ထမ်းတွေကို မဲဆွယ်စည်းရုံးနေပါတယ်။မတ် ၅ ရက်နေ့ကလဲ ရှောပြာမှာ မဲဆွယ်စည်းရုံးရေ ဆင်တာ လက်နက်ကိုင် စစ်သားတွေ၊ရဲတွေပါတယ်။
သူတို့သေမှာတော့ကြောက်ကြတယ် သူများကိုတော့ ချောင်ပြီးလုပ်ကြံကြတယ်နော်။တော်တော်လဲ တရားပါလားနော်။

tharzaw said...

ပုသိမ်ခရိုင်တရားလွှတ်တော်ရှေ့နေတစ်ဦးက“ ဦးသိန်းအောင်ဟာ အလုပ်အရမ်းလုပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါပေမယ့် သူ့မှာပါတီစွဲကရှိနေတော့ ဥပဒေနဲ့ငြိစွန်းနေတာစိတ်မကောင်းစရာပဲ” ဟု

အစိုးရ၀န်ကြီးများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာ ပါတီလုပ်ငန်းများနှင့် ပါတီအတွက် မဲဆွယ်စည်းရုံးခြင်းများမပြုလုပ်ရန် နည်းဥပဒေများထုတ်ပြန်ထားသည်။ ။

ဘာလို့လိုက်နာရမှာလဲကွ။
ငါတို့ဖွတ်တွေက နည်းဥပဒေရဲ့ အထက်မှာရှိတာပဲ။
အဟွတ် ... အဟွတ် ... ဖွတ်။

SN said...

ပေးရင်ယူလိုက်မှာပေါ့...ထည့်တော့ ကိုထည့်ချင်တာ ထည့်မှာပေါ့......အေးဆေးပါ

Anonymous said...

Missing Ways Patriots.....Or LIARS.....

Anonymous said...

Missing Ways Patriots...or LIARS....

ကိုငလင်း said...

အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးမခွဲခြားနိုင်သော ၀ံမင်းခင်ဗျား....
သတိလည်းထားဦးမှပေါ့ ကိုယ်ကလူကြီးပဲ.......
သဘောထားကြီးရမှာပေါ့ လောဘမကြီးရဘူးလေ....
ဝံကြီးချုပ်ကနေ ၀ံကြီးပြုတ်ဖြစ်နေဦးမယ်....
မျိုးကြီးရဲ့သီချင်းလို...
***မထူးဇာတ်ကြီးက နေရင်တော့ တစ်နေ့နေ့အရှိုက်ကိုထိဦးမယ်***

tharzaw said...

(ပုသိမ်ခရိုင်တရားလွှတ်တော်ရှေ့နေတစ်ဦးက“ ဦးသိန်းအောင်ဟာ အလုပ်အရမ်းလုပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါပေမယ့် သူ့မှာပါတီစွဲကရှိနေတော့ ဥပဒေနဲ့ငြိစွန်းနေတာစိတ်မကောင်းစရာပဲ” ဟု မှတ်ချက်ပြုသည်။

အစိုးရ၀န်ကြီးများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာ ပါတီလုပ်ငန်းများနှင့် ပါတီအတွက် မဲဆွယ်စည်းရုံးခြင်းများမပြုလုပ်ရန် နည်းဥပဒေများထုတ်ပြန်ထားသည်။ ။)

ငါတို့ဖွတ်တွေလုပ်ချင်ရာလုပ်တယ်ကွာ။
နည်းဥပဒေဆိုတာ ငါတို့ဖွတ်တွေရဲ့လက်အောက်မှာပဲရှိတယ်။
ငါတို့ဖွတ်တွေ လွှတ်တော်ထဲမှာရှိနေသမျှ ငါတို့ဖွတ်တွေချမ်းသာပြီး
ပြည်သူတွေမွဲမှာပဲ။
အခုလဲ ငါတို့ဖွတ်တွေချမ်းသာလို့ အလကားပေးတယ်။ ချေးတယ်။
ဘယ်သူသေသေ ငတေမာရင်ပြီးရော။
ဖွတ်။
(ဒီပုဂ္ဂိုလ်တွေရဲ့ စိတ်ထဲကိုဝင်ကြည့်ရ်ျ အငှါးခံစားထားခြင်းသာ)

ရာရာ said...

ကိုချစ်ရာမ...
အဲ့ဒီလက်နက်ကိုင်တွေကိုခေါ်ထားတာ သူတို့ဖွတ်တွေကိုဘယ်လောက်လူချစ်လူခင်များတယ်ဆိုတာ သူတို့ကိုယ်တိုင်သိလို့ဗျ..။ သူတို့မဲဆွယ်တာ ကြိုက်သလောက်ဆွယ်..။ ဂရုစိုက်စရာလို့ကိုမထင်ဘူး...မဲလိမ်မဲခိုးမဲညစ် ကလိမ်ကကျစ်တွေလုပ်မှာပဲစိုးရိမ်ရတာ။ သိတဲ့အတိုင်းလေ...ရှက်မှမရှက်တတ်ကြတာကိုး..။

datha said...

ဟေ့ကောင်သိန်းအောင် မင်းအဆင့်က ဘာလဲ
အဲလိုပဲ ခိုင်းတာလုပ်ရတဲ့ အဆင့်လား
မင်းအဆင့်နဲ့ ဧရာဝတီတိုင် ၀န်ကြီးတဲ့ အံ့သြတယ်ကွာ
မင်တို့ကြောင့် မြန်မာနိုင်ငံကြီး မဖွံ့ဖြိုးတာ
အလုပ်ကို မလုပ်တတ်ဘဲဘာလို့ ရာထူးလိုချင်နေရတာလဲ
ဆင်းပေးလိုက် တာကမှ မင်းအတွက် ကောင်းမယ်ထင်တယ်
မသာ နဲ့ နားဒေါင်း မလိုက်ပါဘူးကွာ..........

စင်ရော် said...

ဒီ အဘ အဘ ဆိုတဲ့အသုံးအနှုန်းက ရှိဆဲ ဖားဆဲပါလား။

marga said...

SN ပြောတာမှန်တယ် ပေးတာယူထားလိုက် ဒီကောင်တွေကို အဲဒီလို ပညာပေး၇မယ် ဒီကောင် အလုပ်လုပ်တာ ပြည်ဥူတွေအတွက်လား
သူတို့ အတွက်လားဆိုတာ မေးချင်ပါတယ် ခရိုင်တရားလွတ်တော်ရှေ့နေ ရေ.........ကြံ့ဖွတ်ကတော့ အရင်ကတည်းကကို ကြည့်မရတာပါ
ကျွန်တော်တစ်ဦးတည်းမဟုတ်ပါ....အားလုံးသောပြည်သူတွေပါပဲ

Unknown said...

အဘ အဘ ကနေ..လဒ..လဒဖြစ်တော့ မှာပါ...

Powered by Blogger.