ကျောင်းနံရံတစ်ဝိုက်မှာဒေါင်းအလံပြန်စိုက်မဲ့ကိုမင်းကိုနိုင် နှင့်၈၈မျိုးဆက်ကျောင်းသားဟောင်းများမကွေးမြို့သို့ရောက်ရှိ

ကိုမင်းကိုနိုင် နှင့် ၈၈မျိုးဆက်ကျောင်းသားများ မကွေးမြို့ သို့ ညပိုင်းရောက်ရှိလာစဉ်
မကွေးမြို့သို့ ကိုမင်းကိုနိုင် နှင့်၈၈မျိုးဆက်ကျောင်းသားဟောင်းများ မတ်လ
၅ရက်နေ့ ညနေပိုင်း ၆နာရီ အချိန်တွင်ကန်ပြားကျေးရွာသို့ရောက်ရှိကြပြီး
ရွာသူရွာသားများ၊GTUကျောင်းသားကျောင်းသူများမကွေးမြို့ ဒီမိုကရေစီ
အဖွဲ့ချုပ်မှတာဝန်ရှိသူများကလှိုက်လှဲစွာကြိုဆိုခဲ့ကြပါသည်။

ထိုမှတဆင့်မကွေးမြို့ပေါ်သို့ည၇နာရီတွင်ရောက်ရှိပြီး ဒေသခံပြည်သူလူထုနှင့်
ကျောင်းသားကျောင်းသူအများအပြား
မှဆိုင်ကယ်များကားများဖြင့်ကိုမင်းကိုနိုင်နှင့်
၈၈မျိုးဆက်သစ်ကျောင်းသားဟောင်းများအားကျန်းမာပါစေ၊ချမ်းသာပါစေဟု
ဆုတောင်းပေးကြရင်းသောင်းသောင်းဖြာဖြာကြိုဆိုလိုက်ပါပြီး
မြို့ပေါ်သို့လှည့်လည်ခဲ့ကြပါသည်


၆ရက်နေ့နံနက်၇နာရီအချိန် မြသလွန်ဘုရားသို့တက်ရောက်ဖူးမျှော်ကြပြီး
တည်းခိုရာနေရာ၁၅လမ်းတွင်ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ
အားတွေ့ဆုံဟောပြောပါမည်။


ညီမွန်(မကွေး) Myanmar News Now
ကျောင်းနံရံတစ်ဝိုက်မှာဒေါင်းအလံပြန်စိုက်မဲ့ကိုမင်းကိုနိုင် နှင့်၈၈မျိုးဆက်ကျောင်းသားဟောင်းများမကွေးမြို့သို့ရောက်ရှိ ကျောင်းနံရံတစ်ဝိုက်မှာဒေါင်းအလံပြန်စိုက်မဲ့ကိုမင်းကိုနိုင်  နှင့်၈၈မျိုးဆက်ကျောင်းသားဟောင်းများမကွေးမြို့သို့ရောက်ရှိ Reviewed by သစ်ထူးလွင် on 05:32 Rating: 5

2 comments:

unknown said...

ကျနော်တို့မကွေးကိုလာရောက်လို့အထူးကျေးဇူးတင်ရှိပါတယ်။

Anonymous said...

တာဝန်ရှိသူတို့ရေ မသလွန်မဟုတ်ပါဘူး မြသလွန်ပါ ကျေးဇူးပြုပီးပြင်ပေးကြပါအုံး

Powered by Blogger.