စစ်ကိုင်းတံတားပေါ်မှာ (ဓါတ်ပုံ-D-Wave) |
ပြည်သူလူထုသိန်းနှင့်ချီကြိုဆိုတဲ့ ဇေယျာရွှေမြေစစ်ကိုင်းခရီးစဉ် (ရုပ်/သံ) ပြည်သူတဦး ပေးပို့ ထားတာပါ။
အကအခုန်တွေနှင့် ပြည်သူတွေ အူလှိုက်အသဲလှိုက်ကြိုဆိုကြပုံကို ကြည့်ရှုခံစားနိုင်ပါတယ်။
သိန်းနှင့်ချီတဲ့လူအုပ်ကြားထဲမှာ စစ်ကိုင်းမြို့ က စုန်းပြူးတွေလည်းပါတဲ့အကြောင်း
စစ်ကိုင်းက ပြည်သူတဦးက အခုလို သတင်းဆက်လက်ပေးပို့ ထားပါတယ်။
4/3/2012 နေ့တွင်စစ်ကိုင်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည်
လာရောက်ဟောပြောမည့် အစီအစဉ်အတွက်ပြင်ဆင်နေသော အဖွဲ့များနှင့်
လာရောက်သည့်သူများအား စ-အ-ဖ ထောက်လှမ်းရေးအတွက် စစ်ကိုင်းမြို့
လေးကျွန်းမြေရပ်ရှိ စိုးကြည်ဝင်း ဗွီဒီယိုမှ
မြင့်ကျော် ဆိုသူက တာဝန်ယူ ရိုက်ကူးပေးနေကြောင်းသိရပါသည်။
၎င်းသည် တချိန်တခါကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်သူများကို
ထောက်လှမ်းရေး သတင်းအတွက် ခိုးယူရိုက်ကူးရင်း ချောင်းဦးမြို့ တွင်ပြသနာ
တက်ဖူးသူတဦးဖြစ်ကြောင်း သိရပါသည်၊
Myanmar News Now
ပြည်သူလူထုသိန်းနှင့်ချီကြိုဆိုတဲ့ အမေစု ဇေယျာရွှေမြေစစ်ကိုင်းခရီးစဉ် (ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
18:44
Rating:
4 comments:
အခုလိုမြင်ကွင်းတွေကို..ကလေကချေ. ကြံ့ဖွတ်ပါတီဝင်များ/ အာဏာပေးရမည်ကို သေမလောက်ကြောက်နေသောသူများ/ ခွေးမင်းဆွေနှင့် မိန်းမတယောက်ကိုဒူးတုန်အောင်ကြောက်နေသော တင်ရီ တို့ မြင်ပါစေ.ကြားသိပါစေလို့ ဆုတောင်းပါတယ်..အမေစုကိုကြိုဆိုကြသော ပြည်သူများကို. လုံးဝ..လုံးဝ လေးစားမိပါသည်
အမေစုရဲ့ သတင်းတွေကို ဂရုတစိုက် ကြည့်ရှု့နေကြတဲ့ ပြည်ပရောက် မြန်ညီကအကိုတွေလည်း အမေစု နဲ့ NLD ကိုချစ်ကြလို့ပါဘဲ..ထားဝယ်ခရီးစဉ်ကနေစပြီး ခြေကုတ်ယူယင်း နေပြည်တော်ကိုချီတက်လာတဲ့အမေ..
မင်းနေပြည်တော် က အမေနဲ့ပြည်သူတွေလက်ကိုရောက်တော့မယ်..စည်းကမ်းရှိခြင်း ရဲဝံ့ခြင်း ညီညွတ်းနဲ့အတူ..အောင်မြင်မှုတွေ ရပါစေ..
ဦးသိန်းစိန်၊ သူရဦးရွှေမန်း...နောက်မှ...ဦးသန်းရွှေ..
ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာ လိုပါတော့သည်
အမေ အစစ အရာရာ ဂရုစိုက်ပါ..
အမေ့လုံခြုံရေးတာဝန်ယူထားသူများ အထူး ဂရုပြုကြပါ..
မပေါ့ဆမိပါစေနှင့်....
မေတ္တာမှန်လို့ ရောင်ပြန်တာပါ။ ဗိုလ်ချုပ်သမီး ဖြစ်လို့ ဆိုတာ လက်မခံပါဘူး။
ဗိုလ်ချုပ်သား အောင်ဆန်းဦးဆိုရင်ကော ခုလိုမျိုး လူတွေက လက်ခံပါ့မလား။
မကောင်းတာ လုပ်တဲ့ သူတွေလည်း ဇာတ်သိမ်းမလှကြပါဘူး ။ သူ့ သမိုင်းနဲ့ သူသွားပါလိမ့်မယ်။ ခိုးရိုက်စရာလိုတဲ့ ခေတ်လည်းမဟုတ်တော့ပါဘူး ။ သိန်းနဲ့ ချီ လူထုကို ထောင်ထဲ ထည့်မယ်ဆိုလည်း ဒီမိုကရေစီ အစိုးရလို့ ပြော စရာမလိုတော့ဘူးပေါ့ဗျာ။ မြန်မာ ပြည်သူလူထုတွေ အနယ်နယ်အရပ်ရပ်မှာ ခုလိုမျိုး ပျော်ရွှင်ကြတာကို မနာလို မရှုစိမ့်နိုင်ဘူးဆိုတဲ့ သူတွေ ဆိုရင်လည်း ဘယ်နေရာမှာဘဲရှိရှိ ဘယ်လိုရာထူးဘဲ ထမ်းဆောင် နေပါစေ လူ့တန်ဖိုး ကင်းမဲ့ နေတဲ့ သူတွေဘဲ ဖြစ်နေမှာပါ။ လူထု သဘောထားကို အလေးထားတယ်ဆိုရင် ခုလို လူထုက ပြသတာကို နားလည်ပေးရမှာပါ။ လွတ်တော် ထဲမှာ ပြည်သူလူထုကို အလေးထားပါတယ် ပြောပြီး ဖြစ်ရပ်မှန်တွေနဲ့ ကင်းကွာနေရင်လည်း အပြောသက်သက်ဖြစ်ပြီး အလုပ်မဖြစ်ပါဘူး။ ပြည်သူ့အတွက် သတင်းစာဆိုတဲ့ မြန့်မာအလင်း ကြေးမုံ ဘယ်သတင်းစာမှ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အကြောင်း သတင်း အကျဉ်းလေးတောင် မပါပါဘူး။ ပြည်သူတွေ ပျော်ရွှင်တဲ့ရတဲ့အကြောင်း တစ်စွန်းတစ်စ လေးတောင် ထည့်မရေးနိုင်ဘူးဆိုတော့ ဒီမိုကရေစီဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ လူထု လက်ခုပ်သံမပါဘဲ အစိုးရတက်လုပ်နေကြတဲ့ လူကြီးတွေအတွက် ရှက်စရာလို့ဘဲ ခံယူမိပါတယ်။ မုဒိတာ တရားမထားနိုင်တဲ့ ကလေးစိတ်သာသာ လူကြီးမင်းများလို့ဘဲ ခံစားမိပါတယ်။
Post a Comment