မော်လမြိုင်မြို့ မဲရုံတိုင်းတွင် ကိုယ်စားလှယ်ထားမည်

မတ် ၂၄၊ ၂၀၁၂ (YPI)

ကြားဖြတ်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်ပါတီများက မဲရုံတိုင်း၌ မဲရုံကိုယ်စားလှယ်များ ထားရှိသွားမည်ဖြစ်ကြောင်း ပါတီ တာဝန်ရှိသူ များက ပြောသည်။

လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက်  လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာအနက် မွန်ပြည်နယ်တွင် တစ်နေရာ ပါဝင်သည်။

အဆိုပါ နေရာမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိသွားသည့် သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ဧ။်နေရာ ဖြစ်သည်။

“ကျွန်တော်တို့က တချို့ရုံတွေမဲရုံတွေမှာ ကိုယ်စားလှယ် တစ်ယောက်ထားမယ်၊တချို့ရုံဆိုနှစ်ယောက် ထားမယ်၊မဲရုံအပြည့်ထားသွားမှာပါ”ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သန်းဦးကပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်ဝေကလည်း သူတို့ ပါတီအနေဖြင့် မဲရုံတိုင်းမှာ မဲရုံကိုယ်စားလှယ် ထားသွားမည်ဖြစ်ပြီး ကိုယ်စားလှယ်များဧ။်ပုံစံဖြည့်စာရွက်များကိုလည်း ပြင်ဆင်ဖြည့်စွက်နေပြီး ဖြစ်ကြောင်း ပြောသည်။

“၂၀၁၀ ရွေးကောက်ပွဲတုန်းကမော်လမြိုင်မှာ မဲရုံတရုံကိုကိုယ်စားလှယ် နှစ်ယောက် ထားနိုင်တယ် အခုက အကုန်အကျလည်း များတော့ တချို့မဲရုံမှာ တစ်ရုံတစ်ယောက်ပဲထားနိုင်တော့မယ်”ဟုသူမကဆက်ပြောသည်။

မော်လမြိုင်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၁၁၉ ရုံရှိပြီး စစ်တပ်မဲရုံတရုံပါဝင်သည်။ မဲရုံကိုယ်စားလှယ်များ ဧ။်စာရင်းများကို မတ်လ၂၄ ရက်နေ့တွင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့နောက်ဆုံးထား၍ တင်ပြရမည်ဖြစ်သည်။

မဲရုံထားရှိမည့်အခြေအနေနှင့်ပတ်သတ်၍ ပြည်ခိုင်ဖြိုးပါတီသို့ဆက်သွယ်မေးမြန်းရာတွင် အမည်မပြောကြားခဲ့သူ ရုံးဝန်ထမ်းတဦးက
“ကျွန်မတို့ က စစ်တပ်မဲရုံတရုံကလွဲပြီး ကျန်တာအကုန်မဲရုံကိုယ်စားလှယ်တွေ ထားရှိသွားမှာ ပါ၊တစ်ရုံကိုနှစ်ယောက် ထားရှိသွားမှာပါ”ဟုပြန်လည်ဖြေကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အားလုံးဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကလည်း မဲရုံတစ်ရုံလျင် နှစ်ယောက်နှုန်းဖြင့် မဲရုံတိုင်းမှာ  ကုယ်စားလှယ် ထားရှိသွားမည်ဖြစ်ကြောင်းမော်လမြိုင်အောင်နိုင်ရေး ကော်မတီရုံးမှပြန်ကြားရေးတာဝန်ခံဦးကိုကိုဇော်ကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ မဲပေးနိုင်သူ တသိန်းငါးသောင်းကျော်ရှိကြောင်းထုတ်ပြန်ထားသော်လည်း ပြန်ပြင်ရမည့်မဲစားရင်း အများအပြားရှိနေကြောင်း ၀င်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများကပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများမှာပြည်ခိုင်ဖြိုးပါတီမှ ဦးတင်စိုးမိုးနိုင်၊NLD မှဒေါ်ခင်ဌေးကြွယ် ၊မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ဒေါ်မြင့်မြင့်ဝေနှင့် တစညပါတီမှဦးအောင်သန်းဦးတို့ဖြစ်သည်။               ။
မော်လမြိုင်မြို့ မဲရုံတိုင်းတွင် ကိုယ်စားလှယ်ထားမည် မော်လမြိုင်မြို့ မဲရုံတိုင်းတွင် ကိုယ်စားလှယ်ထားမည် Reviewed by သစ်ထူးလွင် on 14:59 Rating: 5

1 comment:

feels said...

NLD ကလူငယ်တွေ ဆန္ဒဇောတွေသိတ်များ သွားရင် အမှားလုပ်မိရင် ထောင်ခြောက်ထဲ ဝင်သွားမယ် သတိထားကြစေချင်တယ် .. လူကြီးတွေ အကြံအဥာဏ် တိုင်း လိုက်နာဘို့လိုအပ်တယ်နော်

Powered by Blogger.