လစာတိုးပေးပြီးပထမဆုံး လာဘ်ပေးလာဘ်ယူကိစ္စအရေးယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ 
ဝန်ထမ်းတွေကိုလစာတိုးပေးရန်နှင့် ၀န်ထမ်းများအကျင့်ပျက်ခြစားမှုများရှိပါက 
ထိရောက်စွာအရေးယူရန် ပြောကြားခဲ့
ပြီးနောက် ၀န်ထမ်းများကို ထောက်ပံ့ကြေးငွေ
(၃၀၀၀၀ိ)ကျပ်စီ တိုးမြင့်ပေးလိုက်ပြီဖြစ်ပါတယ်။
ဒီအမိန့်ထုတ်ပြန်ပြီးနောက်ရက်မှာဘဲ ရန်ကုန်တိုင်း
 ဒေသကြီး၊   ကျောက်တံတားရဲစခန်းမှ စခန်းမှူးရဲအုပ်ဇော်နိုင်အောင်နှင့်ဒုရဲအုပ်အောင်ကျော်သူ တို့သည် ဒေါ်လာပွဲစား(၃)ဦးအား ဖမ်းဆီးချုပ်နှောင်ထားပြီးမှ လာဘ်လာဘအဖြစ် ငွေကျပ်(၄)သိန်း တောင်းကာ
 ပြန်လွှတ်လိုက်ပါတယ်။
ဒီကိစ္စနဲ့ပါတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှဝန်ကြီးသိရှိသွားပြီး ချက်ခြင်းဘဲ စစ်ဆေးခိုင်းကာ အဖြစ်မှန်ပေါ်ပေါက်တဲ့အတွက် စခန်းမှူးရဲအုပ်ဇော်နိုင်အောင်နှင့်ဒုရဲအုပ်အောင်ကျော်သူတို့ထံမှ ချက်ခြင်းလပ်ယူထားသည့်ငွေများအား သိမ်းဆီးကာ အမှုနှင့်ဖမ်းချုပ်စစ်ဆေးနေပါတယ်
ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ပြည်ထဲရေးဝန်ကြီးမှ ချက်ခြင်းအကောင်အထည်ဖော်လျှက်ရှိပါကြောင်း ၀န်ထမ်းများအနေဖြင့် လပ်ပေးလပ်ယူကိစ္စ များကို မပြုလုပ်ကြရန်ရှောင်ရှားနိုင်ရန်အတွက်ကျောက်တံတားမြို့နယ်မှ ၀န်ထမ်းတစ်ဦးအနေဖြင့် ၀န်ထမ်းများသိရှိနိုင်ရန် အသိပေးတင်ပြပါတယ်။
လစာတိုးပေးပြီးပထမဆုံး လာဘ်ပေးလာဘ်ယူကိစ္စအရေးယူခြင်း လစာတိုးပေးပြီးပထမဆုံး လာဘ်ပေးလာဘ်ယူကိစ္စအရေးယူခြင်း Reviewed by သစ်ထူးလွင် on 06:59 Rating: 5
70 comments:
rambo said...
all right good news,go a head
thanks thit htoo lwin page
Toe Gyi said...
မုန့်မရခင်ဒုတ်ရသွားရှာတဲ့ ရဲကလေးတွေတော့ သနားစရာဖြစ် နေပါပြီ၊ ပြည်ထဲရေးဝန်ကြီး ဌာနက မသိသေး တာတွေကြတော့ ဘယ်လိုလုပ်မလဲ? ပြည်ထဲရေးဝန်ကြီးဌာန လဘ်စားရင်ကော?
realism said...
နည်းနည်းစားတဲ့သူတွေပဲအေ၇းယူမှာလား...ဒါဆိုများများစားမယ်.....
Maha Doke said...
စတစ်ကာ သူတောင်းစါး မော်တော်ပစ်ကယ်များကိုလဲ
အရေးယူရန်လိုအပ်နေတယ်
သုခ said...
အမှန်အကန် လုပ်မှာလား၊၀န်ကြီးဌာန ငွေစာရင်းကွာမှုတွေရော ဘယ်လို အရေးယူကြမှာလဲ၊အစိုးရဌာန ဆိုတာ အထက် အဆင့်ဆင့် တာဝန်ယူရပါတယ်၊အချို့နိုင်ငံရှိ ၀န်ကြီး တွေဆိုလျှင် ရှက်လို့ရာထူးမှ နုတ်ထွက်ကြပါတယ်၊မြန်မာ ၀န်ကြီးများရာ ရှက်တတ်ကြဥလား၊မနှစ်က လပ် အစားဆုံးကျောင်း(၁၀)ကျောင်းစာရင်းကြေညာပီးမှဘာမှ အရေးမယူပါ၊စောင့်ကြည့်ပါအုံးမယ်။
myochit.mm.2012@gmail.com said...
ဒါပဲလေ.. ဒီလိုပဲဖြစ်ရမှာပေါ့.. ဒါအမှန်တရားတွေလေ...
shwethanhtay said...
ဒါဆိုရင် အမှုသစ်တွေကို စပြီး အရေးယူပြီးရင် အမှုဟောင်းတွေကိုပါဆက် အရေးယူပေးဖို့ အရေးဆိုကြရအောင်ဗျာ။
tharzaw said...
ကြိုဆိုပါတယ်။
တိုင်းပြည်ရဲ့နေရာအနှံ့မှာရှိနေတာကိုလည်း သိလိမ့်မယ်ထင်ပါရဲ့။
Anonymous said...
ဝမ်းသာတယ်ဟေ့..သူရဦးရွှေမန်းနဲ့.ရဲမူးကြီးတို့အား.ထောက်ခံပါသည်.
အခြားဌာနများလဲ.ဆောင်ရွက်ရန်တိုက်တွန်းပါသည်..
pyaponthu said...
စားဝတ်နေရေး မပြေလည် ရင် လဒ်ပေးလဒ်ယူ ကတော့ ပျောက်မှာ မှုတ်ဘူး။စားဝတ်နေရေးပြေလည်နေတဲ့သူတို့ဝန်ကြီးတွေ အကြီးအကျယ် လဒ်စားတာတော့ဘာ အပြစ်ဒဏ်မှ မပေးဘူးလား။အောက်ခြေဝန်ထမ်းတွေဘဲ ဖိနှိပ်လို့ ဘယ်တရားမလဲ။လစာတိုးပေးလို့စားဝတ်နေရေး ပြေလည်မယ်ထင်လို့လား။သမ္မတကြီးပြောသလို တိုးပေးတဲ့သူ ၃.၃% ။ခံစားရတဲ့ ကုန်ဈေးနှန်း ဒုက္ခ ၉၆.၇%ပြည်သူတွေခံစားရတယ်။ကုန်သည်တွေ ပိုချမ်းသာတယ်။ဒါဘဲ ...လစာတိုးတာ ပြည်သူအများစု ကိုဒုက္ခပေးသလိုဘဲ။။
seazinyaw said...
မြန်မာနိုင်ငံနိုင်ငံခြာရင်းနှီးမြုပ်နှံမှူ.ဘဏ် MICB ဗိုလ်အောင်ကျော်လမ်း ရှိဘဏ်မှ စာရေးမ များသည်၊ ဘဏ်လုပ်ငန်း အဆင့်ဆင့်အားရှုပ်ထွေးကြံ့ကြာအောင် လုပ်ရ်ျ customerများ အားရိုင်းစိုင်းစွာဆက်ဆံပြီး လာဘ်ငွေပေးမှ လုပ်ပေးနေကြပါသည်၊ သူတို.နှင့်ဆက်ဆံလုပ်ကိုင်နိုင်ရန် သူတို.ချိတ်ထားသော agent များငှားရပြီး သူတို.ကိုပေးရန်နှင့် agent ခစုစုပေါင်းအနည်းဆုံး၁၀၀၀၀ကျပ် သုံးရပါသည်၊ အမြန် လိုလျှင် အမြန်ကြေးထပ်ပေးရပါသည်၊ ထို.ကြောင့် customer များမှ bankဆောင်ရွက်ခအပြင် ငွေများထပ်မံသုံးစွဲ နေရပါသည်၊ စာရေးမတဦး၏နေစဉ်ဝင်ငွေမှာ ယခုတိုးမြှင့်ပေးလိုက်သော ထောက်ပံ့ကြေးထက်မနည်း ပါ၊ အလွန် အံ့သြကုန်နိုင်ဘွယ် ခြစားနေသော ဘဏ်ကြီးဖြစ်နေ ပါသဖြင့် သက်ဆိုင်ရာမှ စုံစမ်းအရေးယူပေးကြပါရန် တင်ပြအပ်ပါသည်။
minthukha said...
ရဲ ရဲ ချင်းတော့ ဆော်ကုန်ပီ... နောက်ဆို မီးသတ်တို့။။ ကြက်ခြေနီတို့လာတော့မယ်ထင်တယ်။။ :)
evil said...
မင်္ဂလာသတင်းပါ၊ လူကြီးတွေပြောနေတာကိုဟာသတွေပြောနေတယ်ထင်ပြီး
ဂရုမစိုက်တဲ့ဝန်ထမ်းတွေကိုတိုင်တန်းတတ်ဖို့လိုပါပီ..
phyo1980 said...
ကောင်းတယ်ဟ...လုပ်စမ်းပါအဲ့လို။ခုတော့လိုင်းတွေကျလို့ သစ်ထူးလွင်ကို မနည်းဖွင့်ကြည့်နေရတယ်။
ကိုငယ် said...
ကောင်းပါတယ် အခုလိုမျိုး အရေးယူဆောင်ရွက်တာကိုလဲ ကြိုဆိုပါတယ်..။ ရှေ့လျှောက်လဲ ဒီ့ထက် ပိုမို ဆောင်ရွက်နိုင်ပါစေလို့...။
HtetNWin said...
ကောင်းတယ်ဗျာ..အားပေးတယ်.."အားလုံးငြိမ်ပါ..မီးစုံဖွင့်မယ်"ပေါ့။ ခဏလေးတောင်မအောင့်နိုင်ဘူး..ဟဟ
Anonymous said...
ကိုင်းဖျားကိုင်းနားလေးတွေခုတ်ပြရုံနဲ့ကျုပ်တို့ကျေနပ်လက်ခံမယ်မထင်ပါနဲ့အစိုးရမင်းများ။
အောင်သောင်းလို အကောင်တစ်ကောင်လောက်ဇိကုပ်ပြရင်ဖြင့် အစိုးရမင်းများကိုစယုံကြည်ပါတော့မည်ဖြစ်ကြောင်း။
thethnin said...
နာမည်ကောင်းရဖို့ ဓားစာခံ ဖြစ်သွားတယ်ထင်ပ
စားနေတာတော့ တနိုင်ငံလုံးပဲ
ko htat said...
၇ဲစားလိုက်တဲ့အမှုကိုလဲဖြေ၇ှင်းပါ၊
စစ်အာဏာ၇ှင်လက်ထပ်မှာတက်လာတဲ့စစ်တပ်က
ချစားအကျင့်ပျက်လူကြီးများ၇ဲ့အကြီးစားလပ်စား
မှုများကိုထိေ၇ာက်စွါအေ၇းယူပေးနိုင်ဖို့နဲ့လစာတိုး
တဲ့အတွက်ကုန်ဈေးနှုန်းကိုလဲတိုးမြင့်မသွါးအောင်
ထိမ်းသိမ်းသွားဖို့လဲလိုပ်အပ်ပါတယ်
Shwe Mg said...
မှန်တာလုပ်...ဟုတ်တာပြော...ကျုပ်တို့ပြည်သူတွေမှားရင်...ပြည်သူကိုအပြစ်ပေး...အစိုးရ၀န်ထမ်းမှားရင်..အစိုးရ၀န်ထမ်းကိုအပြစ်ပေး...အားလုံးကိုကျောသား..ရင်သား..မခွဲခြားပဲ...အုပ်ချုပ်ကြည့်စမ်းပါ...ပြည်သူတွေယုံကြည်တဲ့ အစိုးရ မကြာခင်ဖြစ်လာလိမ့်မယ်...မဟုတ်တမ်းတရားတွေလုပ်ပြီး မဲဆွယ်စရာလည်းမလိုဘူး...ငွေသုံးပြီး...မြူဆွယ်စရာလည်းမလိုဘူး..မှန်တဲ့အတိုင်းပဲလုပ်...အားလုံး ကြည်ညိုတယ်...
Yu said...
အောက်ကိုပဲဖိမနေနဲ့ ။ အပေါ်ကိုလည်း ဖိကြပါဦးဟ။
အောက်ကလူတွေပဲ အရေးယူပြီး အပေါ်ကလူတွေက ဒီတိုင်းက ဒီတိုင်းပဲ
Martintun said...
ရန်ကင်း အလုပ်သမားရုံး(နိုင်ငံခြားသွားမယ့်အလုပ်သမားတွေ Smart Card လုပ်တဲ့နေရာ) မှာလဲ လာဘ်စားမှုတွေရှိပါတယ်။ အမည်တော့မပြောတော့ပါဘူး။ ပြီးတော့ ရန်ကင်းရုံးမှာငွေFEC သွင်းတော့လဲ10တန် 5ကျပ်တန်ဆိုရင်လက်မခံပဲ။ အနည်းဆုံး 20တန်ကိုသာလက်ခံပါတယ်။ ဒါဆို 10 တန် 5ကျပ်တန် တွေဘယ်နေရာမှာသွားသုံးရမှာလဲဗျာ... ဒီကိစ္စကလုံးဝအဓိပါယ်မရှိဘူး........
Chit Pe said...
ကောင်း ပါ တယ် ခင် ဗျာ။ အားပေး ပါတယ်။
minthukha said...
အစတည်းကဖြစ်နေတာပါ.... ခုမှ ဒီပေါ်ရောက်လာတာဖြစ်မယ်။။။။
aung aung said...
နဲနဲလေးတွေကိုပဲ နမူနာ လုပ်ပြနေတာလား ?
များများစားတဲ့ လူ တွေကျတော့ မသိချင်ယောင်ဆောင်နေတာလား ?
မကင်းရာ မကင်းကြောင်းတွေမို့လား မသိဘူးနော်
အားလုံး တစ်ပြည်းညီ ဖြစ်လာခဲ့ရင်တော့ အရမ်းကို ကောင်းပါတယ်
အားလုံး ညီတူညီမျှ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်
MON said...
လှကျော်နေ ပြောတာ ထောက်ခံတယ်ဗျို့။ အသေးအဖွဲလေးတွေ ကို စိတ်မဝင်စားဘူး၊ ဆရာကြီးတွေကို အရင် အရေးယူပြမှ ဒို့ကတော့ထောက်ခံမယ်
amtkhunlay said...
ထိုသို့သော အကျင့်ပျက်ခြစားမှုများသည် စားဝတ်နေရေး မပြေလည်၍ မဟုတ်ပါ။ ရှေ့ဆောင်လမ်းပြ ကောင်း၍သာ ဖြစ်ပါသည်။ လေဆိပ်သည်၎င်း၊ ရေဆိပ်သည်၎င်း၊ ကုန်းဆိပ်သည်၎င်း၊ ဘူတာသည်၎င်း၊ ဆေးရုံသည်၎င်း၊ စာသင်ကျောင်းသည်၎င်း၊ စက်ရုံသည်၎င်း၊ ရုံးသည်၎င်း၊ ဘဏ်သည်၎င်း စသည်စသည်တို့သည်၎င်း ရှေ့သွားမဖြောင့်ကြ၍သာ နောက်သွားကောက်ကြ ခြင်းဖြစ်ပေသည်။ ကျူပင်ခုတ်သော်ငြား ကျူငုတ်ကျန်သည်ဖြစ်၍ ပြီးဆုံးနိုင်အံ့မထင်။ သံသရာ အကျိုးဆက်များအား သိမြင်နိုင်ကြပါစေ။
taung pai gyi said...
အကြီးကြီးခိုး​နေတဲ့ဝန်ကြီးဆိုတဲ့လူ​တွေကို အရင်ဆုံးလုပ်သင့်တယ် သူတို့ ကမြှပည်သူ့ ပိုင်​ငွေ နိုင်ငံပိုင်​ငွေ​တွေ ကိုခိုးယူ​နေကြတာ
angry ppl said...
အောက်ကလူလောက်နဲ့ဘာမှမဖြစ်လောက်ပါဘူး။သူတို့စားတာ၎သိန်း ဝန်ကြီးအဆင့်စားရင်သိန်း၄၀၀။အဲဒီတော့ ပြည်ထဲရေးဝန်ကြီးရေများများစားတဲ့သူတွေလဲအရေးယူပါအုံး။ပြည်သူအတွက်လုပ်ကြပါ ပြည်သူတွေကတော့ဆင်းရဲပြီးအရာရှိတွေကချမ်းသာနေတာမျိုးကိုလဲတားဆီးကြပါ။ပာိုဝန်ကြီးဆိုရင်ဘီလျံ
angry ppl said...
အောက်ကလူလောက်နဲ့ဘာမှမဖြစ်လောက်ပါဘူး။သူတို့စားတာ၎သိန်း ဝန်ကြီးအဆင့်စားရင်သိန်း၄၀၀။အဲဒီတော့ ပြည်ထဲရေးဝန်ကြီးရေများများစားတဲ့သူတွေလဲအရေးယူပါအုံး။ပြည်သူအတွက်လုပ်ကြပါ ပြည်သူတွေကတော့ဆင်းရဲပြီးအရာရှိတွေကချမ်းသာနေတာမျိုးကိုလဲတားဆီးကြပါ။ပာိုဝန်ကြီးဆိုရင်ဘီလျံ
a said...
ဘယ်လိုမှထိထိရောက်ရာက်အရေးယူမှာမဟုတ်၊အပေါ်ပိုင်းအားလုံးသူခိုးများဖြစ်သည်။စားဝတ်နေရေးကြောင့်အသေးအမွှားလုပ်သူများကိုသာအရေးယူပြလိမ့်မည်။ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွတ်မဲ့အလုပ်သူခိုးများမလုပ်ပါ၊မယုံကြပါနဲ့။
ုkyaw said...
မြန်မာပြည်မှာ မသိလို့မေးပါရစေ သတင်းအဖွဲ့တို့ (စ.စ.စ)တို့လိုဌာနမျိုး
ကြတော့ဘယ်သူက၊ဘယ်အဖွဲ့ကအရေးယူမှာလဲ တစ်နိုင်ငံလုံးကဒီအဖွဲ့တွေကိုကြောက်နေရတယ် သူတို့ရဲ့အမှားတွေကိုကြတော့ဘယ်အဖွဲ့ကစစ်ဆေးအရေးယူမှာလဲ။
yangonthu said...
Bravo !
Anonymous said...
အသေးအမွှားလေးတွေအေ၇းယူတာမပြောပလောက်ပါ..above the lawပုဂ္ဂိုလ်..နိုင်ငံတော်..သူခိုးကြီးများကို..တည်ဆဲဥပဒေများက..သူတို့ အတွက်ထုတ်ပြန်ထားတာမဟုတ်ဘူးထင်ပ.တ၇ားဥပဒေ..စိုးမိုးမှု..ဘက်လိုက်နေသရွေ့ ...ဒို့ ပြည်..မဟန်သေးဘူး...ကွ..
Min Ko Aung said...
အကျင့်ပျက်ချစားမှုတွေက ဌာနတိုင်းမှာရှိပါတယ်..
ဆက်လက်ဖော်ထုတ် အရေးယူပေးပါ။
လောလောဆယ် ကြံ့ဖွတ်တွေ ထင်ရာဆိုင်းနေတာကိုလည်း
ရွေးကောက်ပွဲမစခင် အမြန်အရေးယူဖို့လိုအပ်ပါတယ်..
a2m2007blogspot.com said...
Agree With Hla Kyaw Nay...
NayKha said...
ဟုတ်ပါ.ဗျာ မှန် ပါ. ပု၇ွက်ဆိတ်လောက်လေးတော. သတ်မပြနဲ. မယုံဘူး
ကြံ့ ကြီး ဆင်ကြီး မဟုတ်တောင် ခွေးလောက်တော. သတ်ပြလိုက်
ဒါဆို ယုံပေးလိုက်မယ်.........
thihathuya said...
ဟုတ်ပ..ဟုတ်ပ..အကြီးကြီးတွေကြတော့လုပ်မပြသေးဘူး..
လုပ်မရတာလား..မလုပ်ကောင်းလို့လားကွယ်..ဘာပဲဖြစ်ဖြစ်စီမံ
ချက်ထားပြီးတာဆွဲ..ဒါမှ..တဖြည်းဖြည်းသူခိုးတွေမလှုပ်ရဲတော့မှာ!!
Anonymous said...
ကောင်းတဲ့ သတင်းတစ်ပုဒ်ပါပဲ ရှေ့ ဆက်ပြီးလဲ အစိုးရဌာနများနဲ့ ချိတ်ဆက်လုပ်ကိုင်နေရသော ကုမ္မဏီဝန်းထမ်းများနဲ့ တစ်ကွ ကုန်သည် agent အစရှိသည်တို့ အလုပ်လုပ်ရတွင်ကျယ်အောင်၊ လာဒ်ပေးလာဒ်ယူမှု့ တွေကို အစိုးရဌာန တိုင်းကို ထိန်းချုပ်နိုင်အောင်၊ တရားဝင် တိုင်ကြားနိုင်တဲ့ စာများ ရုံးဌာနတိုင်းတွင်ဖုန်းနံပါတ်နှင့်တစ်ကွ ကြော်ငြာကပ်ထား
သင့်ပါသည် . . .အခွန်ရုံးတစ်ချို့ မှာ ဒါမျိုးကပ်ထားတာတွေ့ ရတဲ့အတွက် သူတို့  ငွေလဲ မတောင်းရဲသလို အလုပ်ကိုလည်း အချိန်ဆွဲ လုပ်တာမျိုးမရှိပါဘူး . . . ငွေမရနိုင်မှတော့ အလုပ်အကြွေးထားရင် သူတို့ ပဲ အလုပ်ပိုမယ် အတိုင်ခံရမယ် . .ဒီတော့ အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်လာတာ တွေ့ ရတယ် . . . ဟိုနေ့ ချိန်း ဒီနေ့ ချိန်းတာမျိုးတွေ သိပ်မရှိတော့ဘူး. . .
lwannaymie said...
ဝမ်းသာပါတယ်....ဥက္ကဌကြီးနဲ့ပြည်ထဲရေးဝန်ကြီး။(ဒါပေမဲ့အိပ်ခြင်ရောင်ဆောင်နေတာလား...
သမ္မတကြီးခန့်ပိုင်ခွင့်မရှိတဲ့ပြည်ထဲရေးဝန်ကြီးခင်ဗျား)....(အရင်ကထဲကမသေရုံစားထားပြီး...လက်ရှိလဲသေတဲ့အထိစားအုံးမဲ့...လက်ရှိညွှန်ချုပ်၊ဝန်ကြီးတွေကိုဖမ်းရမှာပါ။)(လာမည်...ကြာမည်)ဆိုတာ
၁၀နှစ်အောက်ကလေးတွေကိုသွားပြောပါ။ ခင်ဗျားရာထူးကဆင်းပြီးနောက်ပိုင်းမှနောက်တက်တဲ့လူကိုမြှောက်ပေး၊အပြစ်ပုံတဲ့အကွက်ကရိုးနေပြီ....ဒီလိုနဲ့ဘဲခင်ဗျားတို့နှစ်နှစ်ဆယ်ကျော်အောင်အုပ်ချုပ်ခဲ့ပြီးပြီ။ ပြည်သူတွေအားလုံးသိနေပြီ။
(မှတ်ချက်ရိုးသားသောလူနည်းစုတပ်မတော်အရာရှိကြီးများကိုထာဝရ...တကယ်လေးစားပါတယ်။)
tapaungthi said...
ဦးအောင်သောင်းကို စစ်တော့လေ
အသေးလေးတွေလုပ်တာထက် အကြီးကြီးကအရေးကြီးတယ်
ktd said...
အူမတောင့်မှ သီလစောင့်မယ်တဲ့ စကားပုံကိုပြောတာ။
တစ်ချို့အူမအကြီးအကျယ်တောင့်တာတောင် သီလမစောင့်ကြပါ။
စိတ်ပါ၊ သူများစားသလိုစားချင်၊ နေသလိုနေချင်၊ ၀တ်သလိုဝတ်ချင်၊ လုပ်သလိုလုပ်ချင်တဲ့ စိတ်တွေလျော့ပါ။ ကြောင့်ကျမှုတွေကြောင့် လာဒ်စားရတာလို့ ဆိုကြမယ်။ ရိုးသားမှုကြောင့် အစစအရာရာ ဒုက္ခရောက်စေဦး၊ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ၊ ကိုယ့်တစ်မိသားစုတည်းမှ မဟုတ်တာ၊ ငါချမ်းသာဖို့၊ ငါ့မိသားစု စားဝတ်နေရေး၊ အစစအရာရာ လူချမ်းသာဘ၀ရောက်ဖို့ ဆိုတဲ့၊ သူများတွေထက် ပိုရှိ၊ ပိုချမ်းသာ၊ ပိုအဆင်ပြေချင်တဲ့ အတ္တစိတ်ကို လျော့လိုက်ရင်၊ လာဒ်စားတယ်ဆိုတဲ့ဘ၀ဆိုးသံသရာထဲက ကင်းလွတ်လိမ့်မယ်။ ခေါက်ရိုးကျိုးနေတဲ့ မြန်မာပြည်ရဲ့ ၀န်ထမ်းလောက၊ အာဏာပိုင်အဖွဲ့အစည်းက လူကြီးရဲ့စရိုက်ကတော့ ခက်ခဲမှု ရှိနိုင်တယ်။ ။ ။
အမြင်သစ် said...
မှန်လိုက်လေ Hla Kyaw Nay ရေ ပင်စည်ကြီးတွေဖြစ်တဲ့
ကုန်အောင်တောင်းတို့ ၊ ငိုကျော်ဆန်းတို့ ၊ မတင့်ဆန်းတို့၊
တိုင်းပြည်မှာလျှပ်စစ်ဓါတ်အားတွေပိုနေပါတယ်ဆိုတဲ့ ဇော်မင်း တို့လိုပုဂ္ဂိုလ်မျိုးတွေကျတော့လက်ဆုပ်လပ်ကိုင်မရှိလို့လား။ အားလုံးအသိနော်။ စတိလောက်တော့လုပ်မပြနဲ့ဗျာ။
ပင်စည်တွေခုတ်ပလိုက်။ကိုင်းဖားကိုင်းနားဆိုတာ သူ့အလိုလို
ပါပါတယ်။
MOCer said...
Very good news! Responsible authorities should surprise check every ministry. For example, when export/ import license is applied at the export/ import division of Ministry of Commerce, some amount of black money has to attach with the document.If some companies want to get special opportunities,they discuss with higher level people and gave some ... until they satisfy. After that, ok!
ရန်ကုန်သူ said...
ရဲတွေကတော့ လွန်ပါတယ်၊ အရေးယူတာကောင်းပါတယ်။ ဒါပေမဲ့ တခုရှိတာက အပိုထောက်ပံ့ကြေး 30000 ပေးတာ ၀န်ထမ်းတော်တော်များများအတွက် ဘာမှ သိပ်မထူးပါဘူး၊ ဥပမာ မူလ လစာ ၅၀၀၀၀ ရတဲ့သူက အခု ရှစ်သောင်းရမယ်ဆိုရင်တောင် လူတစ်ယောက်စာ ဖြစ်အောင်သုံးမယ်ဆိုရင် ရနိုင်ပေမဲ့ မိသားစု ရှိတဲ့ သူတွေ ဘယ်လိုမှ မလောက်နိုင်ပါဘူး၊ အိမ်ပိုင်မရှိတဲ့ မိသားစုတွေအများကြီး ရှိပါတယ်။ အဲဒီတော့ ၀န်ထမ်းက လဘ်မယူလို့  ဘယ်မှာသွားခိုးရမလဲ။ အထက်ပိုင်းက လူကြီးတွေ သိန်း သောင်းပေါင်းများစွာ ယူနေတာ ကြတော့ ဘယ်သူ မှ အရေးမယူကြတော့ဘူးလား။ အရင် အစိုးရ လက်ထက်ကထဲ က သူတို့ နဲ့ နီးစပ်တဲ့ သူတွေ က မတရား တွေ ယူကြ ပြိုင်ဘက်မရှိ လုပ်ငန်းတွေ လုပ်ကြ၊ ပြည်သူပိုင်တွေ ကို သူတို့ ယူချင်တိုင်း ယူမယ့်အစား ပြည်သူတွေကို ထိုက်သင့်သလောက်လုပ်ပေးမယ်ဆိုရင် လူတွေ ဒီလောက် မဆင်းရဲပါဘူး။ လစာ ဘယ်လိုမှ မလောက်ငတာ သိရက်သားနဲ့ စံပြ အရေးယူမဲ့အစား အဲဒီလို ၀န်ထမ်းတွေ ကို ဘယ်လိုနည်းနဲ့ ကူညီရမလဲ ဆိုတာ အစိုးရ အနေနဲ့ ၀ိုင်းဝန်း စဉ်းစားပေးသင့်ပါတယ်။
ei said...
MICB ဘဏ်ဝန်ထမ်းများ အလွန်ဆိုးပါသည်။ LC ဖွင့် Bill ထုတ် ရာတွင် အပိုပိုက်ဆံလည်းယူ အချိန်လည်းအရမ်းကြာပါသည်။
marga said...
လှကျော်နေ ပြောတာမှန်ပါတယ်
အမှန်တကယ်လုပ်ချင်ရင်တော့ အကြီးကြီးတွေကိုလုပ်ပြီး
နမူနာပြပါလား။ခုဟာကတော့ဖြင့် အလုပ်ပြတာလောက်ပါ
ဒါ့ထက်ဆိုးတာတွေရှိနေတယ်နော်
koko said...
Very good news
Unknown said...
ရဲတွေကို များများအရေးယူမှ ကောင်းမယ်။ နောက်မစ်ဆို မသိနားမလည်တဲ. ပြည်သူတွေကို အနိုင်ကျင်. တောင်းစားဖို.ပဲသိတယ်။သူတောင်းစားတွေ.............
Myanmar said...
မသိလို့ မဟုတ်ပါဘူးဗျာ။ သိပါတယ်။ သို့သော် ဒီကောင်တွေကို သုံးလာတာလဲ ကြာနေတော့ ဆက်သုံးနေတာပါ။ ခက်တာက အစိုး၇က ခြေမမကောင်း ခြေမ လက်မမကောင်း လက်မသဘောမထားနိုင်သေးတော့ တိုင်းပြည်ကတော့ အတော့ကို နာလှပီပေါ့ဗျာ။ ။
Myanmar said...
ကုန်အောင်တောင်းတို့ ၊ ငိုကျော်ဆန်းတို့ ၊ မတင့်ဆန်း၊
ဓာတ်လိုက် ဇော်မင်း ၊ ဒုသမ္မတ Shit လုံး တို့ အင်း ပြည်သူပေးတဲ့ ဘုန်းတော်ဘွဲ့တွေနဲ့ တင့်တယ်ပါ့ဗျာ။ ။
mawjay said...
ကြီးကြီးလေးပဲလား
သေးသေးလား
သေးသေးကြီးကြီးလား
ကြီးကြီးသေးသေးလား
တွေးကြည့်စမ်းပေါ့ဗျာ
ဟာ . . . . ဟာ
တနသ်ာရီသတင်း said...
အပြစ်ရိုတဲ့သူကိုအပြစ်ပေး အပြစ်မရိုတဲ့သူကိုအပြစ်မပေးရင်တော့
ကောင်းသောအလုပ်ပါထောက်ခံပါတယ်.............
Myanmarchitthu said...
ကိုယ့်အရည်အသွေးနဲ့ကိုယ်မဲဆွယ်ပါလား၊ ရှက်ဘူးလားမသိ
san said...
ရဲတွေလဲငြမ်မခံနဲ.တော့၊ဆောတော့
shweku said...
နဲနဲလေးလာတ်စားတာကိုဥပမာပေး ပြီး ဇာချဲ့မနေနဲ့
သိန်းထောင်ချီ လာတ်စားနေတဲ့သူတွေကြတော့ မသိချင်ယောင်ဆောင်နေကြတယ် ဆိုတာပြည်သူအားလုံးသိတယ်
ကျုပ်ကတော့ရှင်းတယ်.ဘောင်းဘီချွတ်အစိုးရအဖွဲ့မယုံရဲသေးဘူး
myo kyaw aung said...
aww
Sunmoon said...
RTA takes so long to get the number plate of newly registered motorcycles. Some of them not receive that plates until now although it was registered in last four month ago.
Please help the public who pay the tax and fees officially.
Richard said...
ပင့်ကူအိမ်က ခြင်ကလေးတွေ ယင်ကလေးတွေကိုတော့ ဖမ်းနိုင်တာပေါ့
လင်းနို့ကျတော့ မဖမ်းနိုင်ရှာဘူး ထင်ပါ့။
မြန်မာနိုင်ငံသား said...
လာတ်စားတဲ့ဝန်ထမ်းဆိုတာက အကုန်လုံးကိုပြောတာနော်
သမ္မတ အထိပါတယ်လူကြီးမင်းများခင်ဗျား ဥပမာပြောတာနော်:D...ဒါပေမယ့် ၀န်ကြီးတစ်ယောက်နဲ့ကမ္ဘာကျော်နိုင်ငံခြားသားရှေ့နေကိုငှားနိုင်လောက်တဲ့သူတို့နှစ်ယောက်တည်းဆွေးနွေးလာတ်စားတဲ့ကိစ္စတွေဆိုရင်ဘယ်သူသိနိုင်မလဲ ပရိတ်သတ်တို့ရေ...
27981AKL said...
အာ်....ကိုရဲရယ်...သိန်း၄၀၀၀ လောက်စားပါလားကွယ်။သစ်၁ပင်ခုတ်ထောင်၃နှစ်...၁တောလုံးခုတ်တော့သူဌေးဖြစ်...ကြားဖူးတယ်မဟုတ်လား..
star flower said...
သူမျာနိုင်ငံတွေလိုဝင်ငွေအလိုက် ၇ှိသင့်တဲ့ပိုင်ဆိုင်မှုတွေစစ်ဆေးလိုက်။ဦးသန်းေ၇ွှတို့မိသာစုကနေစပြီး။
ပြီးေ၇ာ...
Anonymous said...
ကောင်းပါတယ်.. ကျေနပ်ပါတယ်..
Unknown said...
စာရေးဆရာကြီး ဦးသိန်ဖေမြင့်က အစွမ်းကုန်သန့်ရှင်းရေး ဆိုပြီး ဟိုတချိန်ကလပ်ပေးလပ်ယူကိစကို သရော်မှတ်တမ်းတင်ထားခဲ့ ၀တ်ထုလေးကို ဖတ်ကြည့်လိုက်ကြပါ မိတ်ဆွေတို့၊ လူငယ်အပေါင်းတို့
phyomgmgsoemyint said...
အဟတ်အဟတ် ပထမဆုံးအရေးယူမှုတဲ့ ဘာမှမဟုတ်ဘူး ဒေါ်လာပွဲစား သုံးကောင်က ပေးနေကြထက်ပိုတောင်းလို့ SB ကိုလက်တို့လိုက်တာ မသိတာကြနေတာပဲ။
SB ကလဲ ပိုက်ဆံယူပြီးအချင်းချင်းအထဲထည့်လိုက်တာတဲ့ လုပ်ဇတ်လေးပါ။
Mr Moe said...
မေးပို့လို့မရလို့ ဒီကနေပဲရေးလိုက်တာပါ။
ကိုသစ်ထူးလွင်
မန္တလေးမှာအခုရက်ပိုင်းလျှပ်စစ်များတောက်လျှောက်ပျက်နေပါတယ်။တစ်နာရီကျော်ကျော်လောက်လာလိုက်
လေးငါးနာရီလောက်ပျက်လိုက်နဲ့ဖြစ်နေပါတယ်။လျှပ်စစ်ရုံးမေးတော့လည်း တိတိပပ
ဘာမှမပြောပါ။ မီးမနိုင်လို့ အရေးပေါ်ပိတ်ထားတာလို့ပဲပြောပါတယ်။
အစိုးရသစ်ပြောင်းခါစက မီးဖြတ်မယ်ဆိုရင်သတင်းစာမှာကြေငြာပါတယ်။ အခုဆို
ဘာမှမကြေငြာတော့ဘူး ပေးချင်သလိုပေး ပျက်ချင်သလိုပျက်နေပါတယ်။
ဘာကြောင့်မပေးနိုင်တယ် ဘာကြောင့်ဆိုတာ အများပြည်သူကို အသိပေးသင့်ပါတယ်။
အခုလိုပူအိုက်တဲ့နွေရာသီမှာဆို လျှပ်စစ်မီးမလာသည့်အတွက် များစွာ
ဒုက္ခရောက်ရပါတယ်။မန္တလေး လျှပ်စစ်မီးနဲ့ပတ်သက်ပြီးတော့
သတင်းများသိရပါလျှင် သိရအောင် ပိုစ့်များတင်ပေးစေချင်ပါတယ်။
snow said...
အမှုစီရင်ချက် သတင်းကိုလည်း ဆက်လက်တင်ပေးစေချင်ပါတယ် ရှင့်...
micromyo said...
ကြည့်ရတာ သူတို့နှဲအမျိုးတော်တဲ့သူကိုတောင်းမိတယ်ထင်တယ်။
Anonymous said...
လာဒ်စားတာကို အရေးယူရင် ၀န်ကြီးအဆင့်ကနေစပြီး အရေးယူသင့်ပါတယ်...။ ရဲတွေစားတာက ပါးပါးရယ်...။ အဲဒီဝန်ကြီးဆိုတဲ့ ကောင်တွေစားတာမှ သိန်းကို ထောင်နဲ့သောင်းနဲ့သိန်းနဲ့ချီပြီစားတာ။
myintmo said...
အားးးးးးးးးးးးးးးးး မင်းတို့ကလည်း ကွာ အဲ့လိုမပြောပါနဲ့အကောင်ကြီးကြီးတွေ ကပေးမှယူတော့တာ ကွ တောင်းစားတာ ကအောက်ခြေက အပေးမခံရတဲ့ လုပ်သားလေးတွေ က တောင်းစားတာလေ အပြစ်ရှိတာပေါ့ ပေးလို့ကမ်းလို့ စားတာအပြစ်မရှိပါဘူး လုပ်ငန်းးလေးရဖို့ စီးပွားရေးလေးများ အဆင်ပြေအောင်လို့ နည်နည်းပါးပါး လုပ်ငန်းရှင်လေး တွေက ဂါတဲ့ သဘော ပါ အရင်ကအကျင်လေး တွေပါနေတဲ့ လုပ်ငန်းရှင် များရဲ့ လုပ်ငန်းဗျူဟာလေးတွေပါ နားလည်ပေးလိုက် ပါ။ သူတို့ကတောင်းစား ရင်တော့ လာဘ်စားတာပေါ့ကွာ ပေးလို့လူလို့စားတာအပြစ် မရှိပါဘူး။ ဘုန်းကြီးတွေမှာတောင် လှူမှစားရတာ လှူတဲ့လူမရှိရင် သင်္ကန်းတောင် တောင်း မ၀တ်ဘူး။အရင်တုန်း ကကြားဖူး ကြမှာပါ ဗမော်ဆရာတော်တောင် မှ စာပြန်ပွဲသွားဖို့ခြုံထည် သင်္ကန်းမရှိလို့ ဖုရား မှာခြုံထားတာစွန့်ပီး ခြုံသွားရတာဘဲကြည့်လေ။တောင်းပြီးလှူ ပါဦး လို့အလှူ မှမခံတာ။ သူတိုအကောင်အကြီးတွေကလည်း ဘာသာတရား ကိုင်းရှိင်းသွား ကြလားမှ မသိတာ တောင်းမစားတော့ ဘူး လှူတဲ့ သူရှိမှ ပေးတဲ့သူရှိမှ စားတော့တာလေ အဲ့ကြတော စားတဲ့လူ ကအပြစ်မဟုတ်တော့ဘူး ပေးတဲ့ လူတွေကအပြစ် ပါဗျာ။ မဟုတ်ဘူးလား။
အဲ့လို ပေးလို့ကျွေးလို့ စားတဲ့လူတွေကို တစ်ခါထဲ မှာလိုက် မယ်နော် စားပီးရင် အီးအီးလေးတော့ ပါဦးလို့ ----စားပီးအီးမပါရင် ဗိုက်ကြီးပူလာ
လိမ့်မယ်လို့ အဘလို့ခေါ်မှကြိုက်တဲ့ ဘဘ ရွှေ လိုဗိုက်ကြီး ပူလာပီး လမ်းမလျှောက် နိုင်ဘဲဖြစ်နေပါမယ်။။။။။။။။။။။။။။။ဗျာ/ မှတ်ချက် - စားပီး အီးမပါ လျှင် ဆရာမိုးလျှောက်တစ်လုံး ကိုစား များများ စား များများ ပါ ပီးတော့ မြန်မြန် လျှောတာပေါ့ .................
Powered by Blogger.