မတ်လ ၁ ရက်နေ့ က သမ္မတဦးသိန်းစိန် မိန့် ခွန်းပြောကြားနေစဉ် |
(၁-၃-၂၀၁၂)နေ့နံနက်(၁၀း၁၅)မှာနားထောင်လိုက်ရတဲ့သမ္မတကြီးရဲ့မိန့်ခွန်းကြောင့်များ
စွာကြေကွဲဝမ်းနည်းခဲ့ရပါတယ်။
ကျွန်တော်တို့ဝန်ထမ်းတွေယုံကြည်အားကိုးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ဦးရွှေမန်း၊
စွာကြေကွဲဝမ်းနည်းခဲ့ရပါတယ်။
ကျွန်တော်တို့ဝန်ထမ်းတွေယုံကြည်အားကိုးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ဦးရွှေမန်း၊
ဦးသိန်းစိန်နဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်ကြီးတွေ အနက်ပြည်သူ
ဝန်ထမ်းတွေအပေါ်နားအလည်ဆုံးလို့သတ်မှတ်ထားတဲ့ဦးသိန်းစိန်တစ်ဦးကတော့
ဝန်ထမ်းတွေအပေါ်နားအလည်ဆုံးလို့သတ်မှတ်ထားတဲ့ဦးသိန်းစိန်တစ်ဦးကတော့
ယုံကြည်အားကိုးသလိုမဟုတ်တော့တာသိလိုက်ရတဲ့အတွက်ရင်ထဲမှာတစ်စုံ
တစ်ခုကကြီးမားပြင်းထန်တဲ့အရှိန်အဟုန်နဲ့ပျောက်ပျက်ဆုံးရှုံးသွားသလိုခံစား
လိုက်ရပါတယ်။
ကျွန်တော်တို့ယုံကြည်တာကအစိုးရအတွင်းမှာအဂတိလိုက်စားအကျင့်ပျက်နေတဲ့ ဝန်ကြီးတွေကတစ်ဖက်သမ္မတနဲ့ဖြောင့်မတ်မှန်ကန်တဲ့ဝန်ကြီးများကတဖက်အားပြိုင် လျှက်စုစည်းအုပ်ချုပ်နေကြပြီး၊အကျင့်ပျက်ချစားနေသည့်ဝန်ကြီးအချို့ ကိုသမ္မတမှ စီစစ်ဖော်ထုတ်၍သန့်ရှင်းသောအစိုးရအဖြစ်ဖေါ်ဆောင်မည်ဟုယုံကြည်မျှော် လင့်နေကြသော်ငြားလည်းအစိုးရအတွင်းရှိဝန်ကြီးများအားလုံးနှင့်သမ္မတသည်
စိတ်တူကိုယ်တူ တစ်စိတ်တစ်ဝမ်းတည်း၊တစ်ဖွဲ့တစ်အုပ်စုတည်း၊တစ်သားတည်းဖြစ်ပြီး

Hard liner,Soft liner ဟုကွဲပြားနေခြင်းမရှိကြောင်းသမ္မတမှတရားဝင်ကြေ
ညာပြောဆိုလိုက်သဖြင့်များစွာအံ့သြသွားရပါသည်။
ဒါဆိုရင်မိမိတို့ပြည်သူ့ဝန်ထမ်းများသည် မိမိတို့အစိုးရအတွင်းတွင်မည်သူ့ကိုအားကိုး ယုံကြည်ရတော့ပါမည်နည်း? ယုံကြည်ရာအားကိုးရာတို့ပျောက်ဆုံးကုန်ပြီဖြစ်
ဒါဆိုရင်မိမိတို့ပြည်သူ့ဝန်ထမ်းများသည် မိမိတို့အစိုးရအတွင်းတွင်မည်သူ့ကိုအားကိုး ယုံကြည်ရတော့ပါမည်နည်း? ယုံကြည်ရာအားကိုးရာတို့ပျောက်ဆုံးကုန်ပြီဖြစ်
ပါသည်။အောက်ခြေဝန်ထမ်းအကျင့်ပျက်လာဘ်စားသည်ဆိုသည်မှာပြည်သူလူထု
စားသုံးသူနှင့်တိုက်ရိုက်ဆက်ဆံနေသည့် စည်ပင်၊ ဆက်သွယ်ရေး၊ အကောက်ခွန် လိုဌာနမျိုးတွင်သာမိသားစုစားဝတ်နေရေးမလုံလောက်မှုပေါ်တွင်အခြေခံ၍ဖြစ်
ပေါ်နေသော်ငြား မိမိတို့လျှပ်စစ်(၁)လိုဌာနမျိုးတွင်မူအောက်ခြေဝန်ထမ်းများမှာ
လုံးဝငတ် ပြတ်နေကြပါသည်။ဝန်ကြီးနှင့်အပေါ်အရာရှိကြီးများမှာမူအကျင့်ပျက်
အဂတိလိုက်စားမှုများကြောင့်ဆွေမျိုးတပည့်အဝန်းအဝိုင်းလိုက်ထားစရာမရှိအောင်

ချမ်းသာကြွယ်ဝလျှက်ရှိပါသည်။တရုပ်နိုင်ငံနှင့်ချုပ်ဆိုဆောင်ရွက်သည့်စီမံကိန်းများ တွင်ကော်မရှင်ရာခိုင်နှုန်းများရယူခြင်း၊ဌာနမှဆောင်ရွက်သည့်စီမံကိန်းများတွင်
လည်းအထက်မှအဆင့်ဆင့်ကော်မရှင်ရာခိုင်နှုန်းများဖြတ်တောက်ရယူခြင်း၊
လည်းအထက်မှအဆင့်ဆင့်ကော်မရှင်ရာခိုင်နှုန်းများဖြတ်တောက်ရယူခြင်း၊
ပုဂ္ဂလိကအပ်နှံလုပ်ငန်းများနှင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်မတန်တဆနှုန်းဖြင့် နီးစပ်ရာသားသမီးဆွေမျိုးများနှင့်တပည့်သားမြေးများကိုသာအပ်နြှံခင်း(ဥပမာ-
သယ်ယူပို့ဆောင်ရေးနှုန်းထားများမှာ ပြင်ပပေါက်ဈေးအမှန်ထက်(၂)ဆခန့်နှင့်
စီမံကိန်းလုပ်အားခကိုလည်းအလားတူမတန်တဆ ခွင့်ပြုထုတ်ယူခွင့်ပြုနေခြင်း)
စီမံကိန်းလုပ်အားခကိုလည်းအလားတူမတန်တဆ ခွင့်ပြုထုတ်ယူခွင့်ပြုနေခြင်း)
တနည်းအားဖြင့်ဝန်ကြီးဌာနဘတ်ဂျက်ငွေလုံးငွေရင်းသာမက
သာမာန်ငွေစာရင်းရန်ပုံငွေဧ။် ထက်ဝက်ခန့်လေလွင့်ဆုံးရှုံးနေခြင်း၊
ထိုသို့လုပ်လို့ရအောင်လည်း တပည့်မွေး၍မတန်မရာရာထူးများပေးထားခြင်း၊စီမံကိန်း
ထိုသို့လုပ်လို့ရအောင်လည်း တပည့်မွေး၍မတန်မရာရာထူးများပေးထားခြင်း၊စီမံကိန်း
လုပ်ငန်းများအတွက်ကုမ္ပဏီအသီးသီးထုတ်ယူငွေအားလုံးပေါ်တွင်
(၀.၇၅)ရာခိုင်နှုန်းအား ဝန်ကြီးဦးဇော်မင်းဧ။်
ဇေယျတုဖေါင်ဒေးရှင်း အမည်ဖြင့်အကောင့်တွင်အလှူငွေအဖြစ်
ဖြတ်တောက်ရယူခြင်း
(ထုတ်ငွေပမာဏကြီးမားသည့်အတွက်ဝင်ငွေပမာဏကြီးမားပါသည်။
အခြားဝန်ကြီးများလည်းအလားတူတရားဝင်ဆောင်ရွက်ကြောင်းသိရပြီးအဆိုပါ
ကော်မရှင်များ၊ရာခိုင်နှုန်းများဖြင့်ပင်မိမိတို့ဝန်ထမ်းများဧ။်လစာကိုတိုးမြှင့်ရေး
စီစဉ်ပေးနိုင်ပေသည်။)လက်အောက်ဝန်ထမ်းများဧ။်အကျင့်ပျက်လာဘ်စားမှုများကို

တော့ဝန်ကြီးဌာနဖုန်းနံပါတ်အသီးသီး၊ပုဂ္ဂိုလ်အသီးသီးထံအထောက်အထား
အပြည့်အစုံဖြင့်တိုင်ကြားနိုင်ကြောင်းပြည်ထဲရေးဌာနဝန်ကြီးမှလွှတ်တော်တွင်ဖြေကြား
အပြည့်အစုံဖြင့်တိုင်ကြားနိုင်ကြောင်းပြည်ထဲရေးဌာနဝန်ကြီးမှလွှတ်တော်တွင်ဖြေကြား
သွားသော်လည်း၊ဝန်ကြီးနှင့်ဌာနအကြီးအကဲများဧ။်အကျင့်ပျက်အဂတိလိုက်စားမှု
ကိုတော့မည်သူ့ကိုအားကိုးတိုင်ကြား၍မည်သူကစီစစ်ဖေါ်ထုတ်အရေးယူသွား
မည်နည်း ? ဝန်ထမ်းတွေကိုယ်တိုင်ကအမည်နှင့်တကွတိုင်ကြားဖို့ဆိုတာ
လက်ရှိအလုပ်အပေါ်မှာထိခိုက်နစ်နာပြီးမိသားစုကိုထောက်ထားရသေးသည့်အတွက်
လက်ရှိအလုပ်အပေါ်မှာထိခိုက်နစ်နာပြီးမိသားစုကိုထောက်ထားရသေးသည့်အတွက်
လောလောဆည်မဖြစ်နိုင်ပေ။မိမိတို့အားကိုးသည့်အစိုးရသမ္မတကြီးကိုယ်တိုင်က
အားမကိုးရတော့ဘူးဆိုရင်မိမိတို့ပြည်သူ့ဝန်ထမ်းတွေအပေါ်မတရားအနိုင်ကျင့်ပြုမူ
နေသည်များ၊အကျင့်ပျက်လာဘ်စား
တပည့်မွေးဆရာမွေးနိုင်ငံတော်ငွေအလွဲ
သုံးအဂတိမှုများကိုဒူးထောက်ခေါင်းငုံ့ငြိမ်ခံနေရတော့မည့်အခြေအနေဖြစ်နေတော့သည်။
သုံးအဂတိမှုများကိုဒူးထောက်ခေါင်းငုံ့ငြိမ်ခံနေရတော့မည့်အခြေအနေဖြစ်နေတော့သည်။
လက်အောက်အငယ်တန်းဝန်ထမ်းတွေဧ။်စားဝတ်နေရေးအခက်အခဲများစွာအတွက်ကြီးမား
စွာမျှော်လင့်တောင့်တနေကြသည့်လစာငွေတိုးမြှင့်ရေးအစီအစဉ်မှာသမ္မတဧ။်မိန့်ခွန်းနှင့် အတူအိပ်မက်ပမာလွင့်ပျောက်သွားရချေပြီ။ဝန်ကြီးနှင့်ဌာနအကြီးအကဲတွေအတွက်
လစာဆိုသည်မှာထည့်သွင်းစဉ်းစားစရာမလိုသည့်
ကလေးတစ်ရက်စာမုန့်ဘိုးမျှ သာဖြစ်သော်ငြား
အောက်ခြေဝန်ထမ်းတွေအဖို့တော့မိသားစုတစ်ခုလုံးနေထိုင် စားသောက်ရေးအတွက်အသက်တမျှအရေးကြီးလှပါသည်။
အစိုးရသမ္မတနှင့်ဝန်ကြီးများကအရာမသွင်းမစဉ်းစားဂရုမစိုက်သော်လည်းမိမိတို့
အရာထမ်းအဆင့်လောက်ကတော့ကိုယ်ချင်းစာနာလျှက်ထည့်သွင်းစဉ်းစားကာ
အရာထမ်းအဆင့်လောက်ကတော့ကိုယ်ချင်းစာနာလျှက်ထည့်သွင်းစဉ်းစားကာ
ရင်ထဲမှာနာကျင်စွာခံစားနေရပါသည်။(၃.၃)ရာခိုင်နှုန်းမျှသောဝန်ထမ်းများထက်
(၉၆.၇)ရာခိုင်နှုန်းမျှသောပြည်သူများအရေးအတွက်ဦးစားပေးစဉ်းစားရပါမည်ဟု
သမ္မတကြီးကပြောပါသည်။(၉၆.၇)ရာခိုင်နှုန်းမျှသောပြည်သူများဧ။်အရေး
သမ္မတကြီးကပြောပါသည်။(၉၆.၇)ရာခိုင်နှုန်းမျှသောပြည်သူများဧ။်အရေး
အတွက်ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နှင့်သန့်ရှင်းသောအစိုးရဖြစ်ပေါ်ရေးသည်
ပိုမိုအရေးကြီးသော
ပိုမိုအခြေခံကျသော အဓိကသော့ချက်ဖြစ်သည်ကို
သမ္မတအနေဖြင့်သိသိဖြင့်လစ်လျှူရှုထားလေရော့သလားသံသယဖြစ်မိပါသည်။
ဝန်ထမ်းလစာကိုမစဉ်းစားသေးရင်တောင်မှဝန်ကြီးအဆင့်ခြစားအကျင့်ပျက်မှုများကို
ဝန်ထမ်းလစာကိုမစဉ်းစားသေးရင်တောင်မှဝန်ကြီးအဆင့်ခြစားအကျင့်ပျက်မှုများကို
အမျှော်အမြင်ကြီးမားစွာဖြင့်စီစစ်ဖေါ်ထုတ်အရေးယူသင့်ပေသည်။
မိမိတို့ပြည်သူ့ဝန်ထမ်းတွေလိုချင်သည်မှာ မ-ဆ-လ ခောတ်ကလို ဝေ့လည်ကြောင်ပတ်
စကားလုံးလှလှလေးများမဟုတ်ပါ။ဖွံ့ဖြိုးပြီးနိုင်ငံကြီးများမှခေါင်းဆောင်
စကားလုံးလှလှလေးများမဟုတ်ပါ။ဖွံ့ဖြိုးပြီးနိုင်ငံကြီးများမှခေါင်းဆောင်
ကြီးများကဲ့သို့တိကျရေရာသောသတ်မှတ်ချက်ပါစကားဂတိများနှင့် လက်တွေ့လုပ်
ဆောင်ချက်များကိုသာလိုချင်ပါသည်။ဒီအတိုင်းသာဆိုလျှင်ဝန်ကြီးဌာနအကြီး
အကဲများဧ။်အုပ်ချုပ်ရေးမတရားမှုများ၊အဂတိလိုက်စားမှုများ၊ရာထူးမတရားပိတ်
ဆို့ထားမှုများကိုဝန်ထမ်းများအနေဖြင့်ဆင်းရဲချို့ တဲ့စွာမလောက်မငစားသောက်ရှင်သန်ရင်း
ဆို့ထားမှုများကိုဝန်ထမ်းများအနေဖြင့်ဆင်းရဲချို့ တဲ့စွာမလောက်မငစားသောက်ရှင်သန်ရင်း
ကြေကွဲရင်း ခေါင်းငုံ့မျက်ရည်ကျလျှက် အံကြိတ်ခံနေရတော့မည့်အခြေအနေမျိုး သာဖြစ်ပေတော့မည်။
ဝန်ထမ်းထုကြီးဧ။်ယုံကြည်ချက် မျှော်လင့်ချက်ကြီးပြိုလဲသွားသည်မှာတီဗွီသတင်း
ဝန်ထမ်းထုကြီးဧ။်ယုံကြည်ချက် မျှော်လင့်ချက်ကြီးပြိုလဲသွားသည်မှာတီဗွီသတင်း
ကိုကြည့်ရှုနေသည့်ဝန်ထမ်းတိုင်းဧ။်ပါးစပ်မှထွက်ပေါ်လာသည့်အာမေဍိတ်
သံ၊နာကြည်းစွာတောက်ခေါက်သံနှင့်အတူညှိုးငယ်သွားသောမျက်နှာများက
သက်သေပြလျှက်ရှိပေသည်။ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းနှင့်လွှတ်တော်
သက်သေပြလျှက်ရှိပေသည်။ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းနှင့်လွှတ်တော်
ကိုယ်စားလှယ်အစစ်အမှန်များ၊မကြာမီလွှတ်တော်အတွင်းရောက်ရှိတော့မည့်
အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့တွေအားကြိုးမာန်တက်ကယ်
တင်ကြမှသာလျှင်ဒီအခြေအနေဆိုးတွေမှလွတ်မြောက်နိုင်တော့မည်ဖြစ်ပါသည်။
တင်ကြမှသာလျှင်ဒီအခြေအနေဆိုးတွေမှလွတ်မြောက်နိုင်တော့မည်ဖြစ်ပါသည်။
မိမိတို့ဝန်ထမ်းထုကလည်းအမှန်တရားကိုရဲရဲရင့်ရင့်သတ္တိရှိရှိနဲ့ဖေါ်ထုတ်တောင်းဆို
လျှက်ဝန်ကြီးဌာနများဧ။်မတရားမှုများက
ိုစည်းကမ်းရှိရှိ ညီညီညွတ် ညွတ် ဆန့်ကျင်တိုက်ပွဲဝင်သွားကြဘို့အချိန်ကျရောက်လာပြီဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။
အမှန်တရားနှင့်တရားမျှတမှုကိုလိုချင်သည်။
လူ့ဂုဏ်သိက္ခါရှိစွာတာဝန်ထမ်းဆောင်လိုသည်။
ထမ်းဆောင်ရသည့်တာဝန်နှင့်ညီမျှသောလူမှုဘဝစားဝတ်နေရေး
အတွက်လောက်ငှသောလစာကိုလိုချင်သည်။
အတွက်လောက်ငှသောလစာကိုလိုချင်သည်။
အကျင့်ပျက်ခြစားနေသောဝန်ကြီးဌာနအကြီးအကဲဧ။်
မတရားမှုနှင့်လမ်းညွှန်မှုများကိုဆန့်ကျင်သည်။
မတရားမှုနှင့်လမ်းညွှန်မှုများကိုဆန့်ကျင်သည်။
Clean
Government ဧ။်ဝန်ထမ်းများအဖြစ်ဂုဏ်ယူစွာနေထိုင်လိုသည်။
လျှပ်စစ်(၁)ဝန်ကြီးဌာနမှအရာထမ်းတစ်ဦး
အမှတ်(၁)လျှပ်စစ်ဝန်ကြီးဌာနမှအရာထမ်းတစ်ဦးဧ။်ပေးစာ(၅)
Reviewed by သစ်ထူးလွင်
on
02:40
Rating:
28 comments:
အနေနဲ့တောင်းဆိုရပါလိမ့်မယ်...တစ်နှစ်ကျော်လာပြီ ဘာမှတိတိကျကျ ဖော်ဆောင်နိုင်စွမ်းမတွေရသေးဘူး...ပြည်သူေ နိုင်ငံတိုင်း၊ဝန်ကြီးဖြစ်စေ၊ သမ္မတဖြစ်စေ၊ ကိုယ်လုပ်နိုင်တဲ့အပိုင်းတွေကို တိတိကျကျ ဖော်ထုတ်ပြောဆိုလေ့ရှိတယ်... တို့သမ္မတကြီး ကတော့ ကွာ...ဟိုနေရာလည်း....အင်းးးးးးဟုတ်သလိုလို။။။။။။။။။။။ဒီနေရာလည်းးးးးးး အင်းးးးးးဟုတ်လိမ့်နိုးနိုးးးးးးးးးး ရှင်းရှင်းပဲပြောမယ်...တာဝန်ကြီးကြီးယူထားပြီးတော့ ကိုယ့်တာဝန် ကိုမကျေပွန်သူများ...အမြန်ဆုံးရပ်တန်းကရပ်ပါ...ပြည်သူတစ်ယောက်တွရဲ့ ထောက်ခံမှုကိုလိုချင်ရင် ပြည်သူတွေအတွက်အလုပ်အကြွေးပြုရတယ်...ခုဟာက ပြည်သူကို အလုပ်အကြွေးပြုချင်လို့ ရာထူးကြီးကြီးတွေယူထားတာမှမဟုတ်တာ အာဏာရူး ရူးချင်လို့သာ ဒီအာဏာကို ဖက်တွယ်နေကြတာ....ဗိုလ်ချုပ်ပြောခဲ့ သလို မင်းတို့ ဆင်းရဲ့နေတာငါနဲ့ဆိုင်တယ်...မင်းချမ်းနေတာလည်းငါနဲ့ဆိုင်တယ်...ယ္ခု လက်ရှိဝန်ကြီးများနဲ့ သမ္မတကြီးတို့ ဆီကသာဒီလိုစကားမျိုးကြားရရင် ကိုယ့်ကို ကိုသက်သေမိလိမ့်မယ်ဝမ်းသာလွန်းလို့...
သမ္မတကြီးနှင့် ဝန်ကြီးများ
ပြည်သူတွေရဲ့ ငိုရှိုက်သံတွေကို သေချာကြားရဲ့လား။။။။။။။။ သမ္မတကြီးနှင့် ဝန်ကြီးများ
ပြည်သူတွေရဲ့ ငိုရှိုက်သံတွေကို သေချာကြားရဲ့လား။။။။။။။။။။။။။။။။သမ္မတကြီးနှင့် ဝန်ကြီးများ
ပြည်သူတွေရဲ့ ငိုရှိုက်သံတွေကို သေချာကြားရဲ့လား။။။။။။။။။သမ္မတကြီးနှင့် ဝန်ကြီးများ
ပြည်သူတွေရဲ့ ငိုရှိုက်သံတွေကို သေချာကြားရဲ့လား။။။။။။။။သမ္မတကြီးနှင့် ဝန်ကြီးများ
ပြည်သူတွေရဲ့ ငိုရှိုက်သံတွေကို သေချာကြားရဲ့လား
နားလည်သင့်ပြီနော်။။။။။။။။အဲ့ဒါမှပြောလို့မရတော့ရင်တော့။။။။။။။။။။။။။။။။။။။။။။။။
ဆုတောင်းပေးလိုက်ပါမယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သမ္မတကြီးနှင့်လက်ပေးလက်ယူပြုလုပ်နေသောဝန်ကြီးများကျန်းမာပါစေ၊ချမ်းသာပါစေ၊ပြည်သူတွေစိတ်ဆင်းရဲ့သလိုမျိုးသမ္မတကြီးနှင့် ဝန်ကြီးများစိတ်မဆင်းရဲကြပါစေနဲ့ ပြည်သူတွေဒုက္ခရောက်သလိုမျိုး ဒုက္ခမရောက် ကြပါစေနဲ့လို့ ဆုတောင်းပေးနေလျက်ပါ...ပြည်သူ့ကောင်းကျိုးလိုလားသူ...
ရဲကြီး
သာကေတ
ဝန်ထမ်းတွေ လျော့ဘို.လိုတယ်။ လူများပြီး ပွဲမစည်ဘူး။ ဆေးရုံတခါးစောင့်က အစ လူတွေကို မာမာ ကျေျာေကာနဲ.၊ ပိုက်ဆံလဲ တောင်းတတ်ကုန် ကြပြီ။ အပြင် အလုပ်တွေ လောက်လဲ အလုပ် မရှုပ်ကြဘူး။ ၀န်ထမ်း အကြီးတွေ အသေးတွေ လျော့ ပြီ မြန်မြန် မှန်မှန် ပြီးအောင် လုပ်တတ် ဖို.လိုပြီ။
အစကတည်းက မယုံရဲ..ယုံရဲပါ။ခုဆိုပိုလို့တောင်မယုံတော့တာ။မကောင်းတဲ့သူ အပုတ်နံ့ထွက်နေတဲ့သူ တွေ အစိုးရဝန်ကြီးအဖွဲ့ထဲမှာရှိနေတာ ဘယ်လို အရေးယူမလဲလို့စောင့်ကြည့်နေတာပါ။ဘယ်လိုမှ မယူရဲဘူးလေ။ဒီတ်ုင်းလေးပဲ..အဟား....။အတွင်းလှိုက်စားလေ ပျက်စီးလွယ်လေပါပဲ။ပြည်သူ့အတွက်လား.....ပါတီဝင် အချင်းချင်းတွက်လား..
CLEAN GOVERNMENT ဆိုတာ ပြည်သူ့အတွက်လား..ဒါမှမဟုတ်...အချင်းချင်းသံသယရှင်းအောင်လုပ်တဲ့ CLEAN GOVERNMENT လား...ဒီတိုင်းမပြောနဲ့ အထောက်ထားနဲ့သေချာပြပါဆိုတာပြောနေစရာမလိုပါ.အချင်းချင်းတွေပဲပိုသိမှာပေါ့ ဟုတ်ဘူးလား.သိသိကြီးနဲ့ အချင်းအချင်းငြိမ်ခံတာ..ယောက်ျားတွေရဲ့အလုပ်မဟုတ်......အဲဒါ ဂန်ဒူး
သမ္မတကြီးကသူများရေးပေးတာဖတ်တာဖြစ်မှာပါ။
သူ့သဘောအမှန်မဟုတ်လောက်ပါ။
စိတ်မပျက်ပါနဲ့အုန်း
သူတို့ ပြောတဲ့ Clean Government ဆိုတာ အောက်ချေဝန်ထမ်းတွေ
လဖက်ရည်ဖိုးမယူဖို့ ပြောတာပါ၊ ၀န်ကြီး၊ဒု-၀န်ကြီး၊ DG/MD တွေဝါးမြိုနေ
တာမဟုတ်ပါ၊ သူတို့ ၀ါးမြိုနေတာက၊သူတို့ ရဲ့ တရားဝင်ရပိုင်ခွင့်အနေနဲ့
နှစ်ပေါင်းများစွာခွင့်ပြုထားခဲ့တာပဲ။ Clean Government ဖြစ်ဖို့ Government ကို Cleaning မလုပ်လို့ မရပါ သမတကြီးခင်ဗျား၊
မြန်မြန်မလုပ်ရင်၊သမတကြီးကိုကျန်းမာရေးကြောင့်၊အငြိမ်းစားပေးလိမ္မယ်။

Mr. President,
Please pay attention to the said complaint. He have written total 5 complaints. U Shwe Mann has also encouraged such practice for clean government and good governance. We have gauged it must be true as Minister Zaw Min has totally quite after accepting Zaw Min's challenge by No.4th complaint.
Sophisticated peoples confirmed there are hard and soft liner in your administration by psychology view upon reviewing on your speech.
Upon the captioned subject 5th complaint, people want the result not action. Confirm your administration's good will showing by the results not by action.
အခုလိုတင်ပြတဲ့ အတွက်အရမ်းကျေးဇူးတင်ပါတယ်...
ဒါမှလဲ အောက်ခြေ၀န် ထမ်းတွေရဲ့အခက်အခဲကိုသိရမှာပေါ့...
အခုဟာကလဲနိုင်ငံကိုစတင်ပြောင်းလဲနေတဲ့အချိန်မှာအခက်အခဲတော့ရှိကြမှာပါပဲ...ပြည်သူ့ဝန်ထမ်းတွေကြီးအခတ်တွေ့နေတာမဟုတ်ပါဘူး အခြားပြည်သူတွေလဲဒီလိုပါပဲ..ကိုယ့်အခက်အခဲနဲ့ကို
ရှိကြတာပါပဲ...အခုလိုအချိန်လေးကိုနားလည်မှု့ရှိရှိနဲ့တောင့်ခံထားပါ...
ဝန်ထမ်းဆိုတဲ့ဂုဏ်ပုဒ်ကိုသိက္ခာရှိရှိ စောင့်ထိန်းပေးပါလို့အကြံပေးချင်ပါတယ် ဘယ်သူတွေဘာလုပ်လုပ် ကိုယ်ဘက်ကစေတနာမှန်းပါစေ...
ဒါဆိုရင်တိုင်းပြည်ပြောင်းလဲလာတာနဲ့ဝန် ထမ်းတွေရဲ့
ဘ၀ကိုလဲပြောင်းလဲပေးပါလိမ့်မယ်...ဒီအတိုင်း တိုင်းပြည်အုပ်ချုပ်တဲ့သူကပြစ်မထားပါဘူး...မကောင်းတဲ့သူတွေလဲ ဘာမှပြောနေစရာမလိုပါဘူး..အချိန်ကျရင်သူလမ်းကို သူသွားပါလိမ့်မယ်.
ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာတော့ကြိုတင်ခန့်မှန်းမိပါတယ်။ အစစအရာရာအများကြီးပြင်ဆင်ကြရအုံးမှာပါ
(အမှန်တရားနှင့်တရားမျှတမှုကိုလိုချင်သည်။
လူ့ဂုဏ်သိက္ခါရှိစွာတာဝန်ထမ်းဆောင်လိုသည်။
ထမ်းဆောင်ရသည့်တာဝန်နှင့်ညီမျှသောလူမှုဘဝစားဝတ်နေရေး
အတွက်လောက်ငှသောလစာကိုလိုချင်သည်။
အကျင့်ပျက်ခြစားနေသောဝန်ကြီးဌာနအကြီးအကဲဧ။်
မတရားမှုနှင့်လမ်းညွှန်မှုများကိုဆန့်ကျင်သည်။
Clean Government ဧ။် ဝန်ထမ်းများအဖြစ် ဂုဏ်ယူစွာနေထိုင်လိုသည်။)
ကျုပ်တို့နိုင်ငံက သူခိုးကြီးတွေ ကြီးစိုးနေကြတော့ သူခိုးကြီးတွေပဲ အဆင်ပြေချမ်းသာနေကြပြီး လစာပေးနေကြတဲ့ ပြည်သူတွေနဲ့ အမှန်တရားလိုလားတဲ့ ဒီလိုအရာထမ်း၊ ၀န်ထမ်းတွေမှာတော့ အမွဲတကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်ဖြစ်နေကြရတယ်။
သိပ်ကိုစိတ်ပျက်စရာ၊ ၀မ်းနည်းကျေကွဲစရာကာင်းတယ်ဗျာ။
ရောင်းရင်းတို.
ဦးသိန်းစိန် ရဲ. ဒုတိယမိန်.ခွန်းကို ကြည့်ရင်
သူ.ရဲ.ပထမမိန်.ခွန်းဟာ သူ.ရင်ထဲကလာတာမဟုတ်ဘူးဆိုတာ
အရမ်းကြီးကိုရှင်းလွန်းနေပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီးများ
တာဝန်ကျေကြပါဗျို.။
ဇော်မင်း တင့်ဆန်း ၇ှစ်လုံးတို့၇ဲ့ လုပ်၇ပ်တွေကို လစ်လျှူ၇ှုထား၇င် တာဝန်အ၇ှိဆုံးက သမ္မတပဲ။ ။
နာမပါဘူး။အောင်တောင်း
သမ္မတကြီးက တစ်လကို 35000 ခွဲနဲ့ တစ်မိသားစုလုံးစားသောက်နေတာပါ။ နိုင်ငံတော်ကပေးတဲ့ ကားလည်းမစီးလူးဗျ။ ကုန်းကြင်းလျှောက်လားဆိုတော့လည်း မလျှောက်ပါဘူး။ ဘာနဲ့သွားလည်းမမေးနဲ့ စဉ်စားကြည့်နော် ..... ဘာနဲ့စားလည်း မမေးနဲ့ စဉ်းစားကြည့်နော် ....... လက်ကိုလည်း မစားဘူးဗျ စဉ်းစားကြည့်နော်

သမ္မတကြီး နာစေးနေသည်.....
အကြောင်းရှိလို့ ဖြစ်မည်....
စားထားလို့လား.... ပရိယာယ်လား....
တစ်ခုခုတော့ ဖြစ်မည်....
ဒီလှေကြီးထဲ ဒီပုတ်တင် ဒီပုတ်ကြီးထဲ ဒီပဲတွေထည့် ဒီလှေသူကြီးနဲ့  ဒီလှေထိုးသားတွေ အရင်ဒီခရီးအတိုင်းပဲ သွားနေကြသည်ကို မမေ့လျော့ကြပါနှင့်.............
Hi Mr President!!!!!!!!!!!
Try to speech by heart and short speech as well.
Please copy from our mother Daw Aung San Su Kyi how to speech and she knows what our people need.
ဦးသိန်းစိန် လည်း တိုင်းပြည်ပြုပြင်ပြောင်းလဲရေး အတွက် သတ္တိမရှိပါ။
စစ်သားပီပီ စစ်အုပ်စု နဲ့ ခွဲမထွက်ရဲပါ။
ြဲပည်သူချစ်အောင် ဟန်ဆောင်တာပါ။
လာဘ်စားတဲ့သတင်းမရှိပေမယ့်
အစွမ်းအစ မရှိတဲ့ သာမန် ခတ်တုံးတုံး ခတ်ညံ့ညံ့ စစ်သားပါ။
သမ္မတကြီးကို ယုံကြည်တယ်။ ဦးရွှေမန်းကို ယုံကြည်တယ်။ ဘေးကလူတွေက တော့ မယုံရဘူး။ သူရဲကောင်း တွေကို ယုံကြည်ပေမယ့် နောက်ကလိုက်တဲ့ သူတွေထဲမှာ ကိုယ်ကောင်းဖို့ ဆိုတဲ့ အတွေးမျိုးရှိမယ့် လူတွေ အရမ်းများပါတယ်။ တောင်ထိပ်ဆိုတာ လူအနဲပဲ ဆံ့တာပါ။ ကိုယ်အဲဒီ နေရာနား မကပ်နိုင်ရင် အရမ်းကို တိုက်ခိုက်ကြတာပါ။ အခု ရေးထားတဲ့ဟာတွေက အ၇မ်းကို အပြစ်ပြောလွန်းပါတယ်။ ကိုယ့် အိမ်က လူတွေပဲ နိုင်အောင် အုပ်ချုပ်ကြည့်ပါဦး။ ဘယ်သူကများ ကိုယ့် သားသမီး တွေ အကုန်ကို နိုင်အောင် အုပ်ချုပ်နိုင်တဲ့ မိဘ ရှိလို့လား။ ကောင်းတာများများ လုပ်နိုင်တဲ့ သူကို ကျွန်တော်တို့ က အားပေးရမှာပါ။ ဒေါ်စုကို ယုံကြည်ပေမယ့် သူ့ဘေးက လူတွေ အကြောင်း သိတဲ့ သူဘယ်၂ ယောက်ရှိပါသလဲ။ သူတို့တွေရဲ့ စိတ်ဓာတ်ကရော ဘယ်လိုပါလဲ။ ကျွန်တော်သိတဲ့ နိုင်ငံေ၇းသမားဆိုတာ အရမ်းကို အတ္တကြီးကြတဲ့ သူတွေပါ။ အနားကို ကပ်ကြည့်ကြပါဦး။ အခုလဲ အဲဒီလူတွေက အမေစု နားကနေ မခွာပဲ တချိန်ကျရင် အခု ၀န်ကြီးတွေလို ဖြစ်လာကြမှာပါ။ ကိုယ်တွေ့ ကြုံဖူးလို့ပြောတာနော်။ မင်းတို့လို အထင်နဲ့ ရမ်းပြောတဲ့ သူမဟုတ်ဘူး။
အကျင့်ပျက်ခြစားနေတာ အောက်ခြေ ဝန်ထမှ်းေတွ မဟုတ်ဘူး...သူတို့ လက်စားတောင်မှ မဝရေဆာပါ...ဝန်ချီးထုပ်တွေ တနင့်တပိုး စားနေတာ ပိုင်ဆိုင်မူ့တွေ များလေလေ လေးလာလေပဲ...လေးတဲ့အရာ အောက်ကိုကျတယ်...ဆရာချစ်ဦးညိုပြောသလိုပေါ့...ဘယ်ထိကျမလဲ သိလား ဝန်ချီးထုပ်တွေ အဝီစီငရဲထိကျမှာ....စားထာ ယာဇကာမျိုး ဝန်ချီးထုပ်တွေ
ဝန်ကြီးကို အရေးမယူရဲ ခြင်းနှင့် ခုံဖွဲမစစ်နိုင်ခြင်းသည် ၀န်ကြီးမှယူထားသောငွေများမှာ သူတို့နှင့်ပတ်သက်တယ်လို့ ယူစတယ်။ ဘယ်ဖော်ရဲမလဲ ...တခြားဝန်ထမ်းငယ်ဆို လပ်ပြီးလောက်ပြီ
ကိုပွကလည်းရန်လိုနေပြန်ပါပြီ ဖြေးဖြေးပေါ့။
ကိုယ်တိုင်ကြုံခဲ့ရတယ်ဆိုတော့လည်းကောင်းတာပေါ့။ သမ္မတကြီးကိုယုံတော့လည်းကောင်းတာပေါ့။ ဦးရွှေမန်းကိုယုံတော့လည်းကောင်းတာပေါ့။ ကိုပွကိုလေးစားလို့ အပြောရွှေမန်းစကားတွေဘ၀င်တွေ့ပြီးရမ်းယုံတယ်လို့တော့မစွတ်ဆွဲတော့ပါဘူး။
အဲ..ကောင်းတယ်ဆိုတာက သူတို့အတွက်ကောင်းတာကိုပြောတာပါနော။ တိုင်းပြည်အတွက်ကတော့မကောင်းဘူးဗျ။ သွပ်သွပ်သွပ်။
အရင်က သူငယ်ချင်းတွေ ညဘက်ပါသွားတာတွေကို စောင့်ကြည့်ရင်း ကိုယ်ဘယ်နေ့လဲ တွေးခဲ့ရဘူးတယ်.. အခုတော့ သူငယ်ချင်းတွေ တိုင်ပင်ပြီး ဘယ်သူ့ဆီမှ မသွားဘဲ နေကြတယ်.. အမေစု လွတ်တဲ့နေ့က တွေ့ချင်တဲ့စိတ်နဲ့သွားကြတယ် အမေ့ကို တွေ့တယ်. ကျန်းမာလို့ကျေနပ်တယ်.၀မ်းသာလို့ မျက်ရည်ကျတယ်.. ဒါပေမယ့် ကျွန်တော်တို့ အရမ်းနီးတဲ့အထိတော့ မလာတော့ပါဘူး. ဒီမိုကရေစီဆိုတာ ကျွန်တော်တို့တွေ သေချာနားမလည်ပါဘူး. ကိုယ်တို့ရဲ့ ideal man ရဲ့ သမီးဆိုတာနဲ့တင် အမေ့ကို လေးစားခဲ့တာပါ. အမြင့်ဆုံးတနေရာကို အမေရောက်ခဲ့တဲ့ အချိန်ကျရင် အခုနောက်တော်ပါးတွေရဲ့ အခြေနေကို ထိန်းနိုင်ပါစေလို့ ဆုတောင်းပါတယ် အမေ. မဟုတ်ရင် အခုထက်တောင် အခြေနေ ဆိုးသွားနိုင်ပါတယ်. သူတို့မှာက နာကျည်းမှုတွေ လက်စားချေလိုမှုတွေများနေပါတယ် တရုတ်ကားတွေထဲကလို သွေးကေးသာ လိုက်ဆပ်နေရင် ကျွန်တော်တို့ ချစ်တဲ့ တိုင်းပြည် ဘယ်တော့မှ တိုးတက်နိုင်မှာမဟုတ်တော့လို့ပါ
အကုန်အတူတူနဲ့အနူနူတွေကြည်ဘဲ...အယောင်ပြဒီမိုကရေစီလေ..ဒါလေးတောင်ပေးချင်လိုမဟုတ်ပါဘူးဗျာ...နိုင်ငံတကာကဖိအားပေးတာရော...ပေးစရာအကြွေးတွေကများနေလို့ကော..ပေးတာပါ..အခုကောတနှစ်ရှိနေဘီဘာပြောင်းလဲလိုလဲ..ဂျာနယ်တွေရေးနေတာပဲရှိပါတယ်..စာတွေ့ ပေါ့ လက်တွေ့တခုမှမပါလာသေးဘူးလေ..သူတို့အသိဆုံးပါ..ဒီကြားနဲ့ အရိုးလေးအရင်းလေးကိုက်နေရတဲ့ကောင်တွေကရှိသေးတယ်(ကြံဖွတ် ကကောင်တွေလေ)..ဖအေတွေအားကိုပုဆိန်ရိုးတွေလေ...နိုင်ငံကြီးတိုးတက်ဖို့ဆို ကြံဖွတ်ပါတီကိုဖျက်သိမ်းခိုင်းပလိုက်
ဒီမိုကရေစီဖော်ဆောင်နေတယ်တဲ့လား.......
ပေးစာကိုဖတ်ပြီးတော်တော်လေးစိတ်မကောင်းပါဘူး--ကျမ လည်းပညာေ၇းဝန်ထမ်းပါ--တကယ်လို. --ဆင်း၇ဲသားပြည်သူတွေကိုကြည့်၇င်-- ကျမ တို.ကိုလည်း ဆင်း၇ဲတဲ.အထဲမှာ ထည့်ပေး၇မှာ--ကျတို.ကိုလည်းကြည့်သင့်ပါတယ်--အကျီင်္ဖြူ တောင် အညိုညက်လာပါပြီ---ဒါကြောင့်လည်းအပြောင်းလဲကိုမျော်လင့်ပါတယ်--ယုံကြည်မှုတွေက ကျမ တို.၇ဲ.အောက်ခြေ၀န်ထမ်းတွေ၇င်ထဲမှာမ၇ျိတော.ပါဘူး--ပန်း၇ံလုပ်သမားတောင်ကျမတို.ထက် ၀င်ငွေကောင်းနေတဲ.အခြေအနေပါ
Post a Comment