မြို့နယ် အုပ်ချုပ်ရေးမှူးက မော်ဒန်ဂျာနယ်ကို တရားစွဲဆို


 ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သည့် မော်ဒန်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံနှင့် မော်ဒန်ဂျာနယ်၏ မန္တလေး သတင်းထောက် သက်စုအောင်တို့အား သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက အသရေဖျက်မှုဖြင့် တရားစွဲဆိုထားကြောင်း မန္တလး သတင်းထောက် အသိုင်းအဝိုင်းထံမှ သိရသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်ထုတ် မော်ဒန်ဂျာနယ်ပါ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်အကြား ကားလမ်းပျက်မှုကို ရေးသားထားသည့် ” လမ်းလွှဲလေးတော့ ကောင်းစေချင် ” ဆောင်းပါးကြောင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း၊ ယခုအခါ မော်ဒန်ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံသည် မန္တလးမြို့သို့ ရောက်ရှိနေပြီး မနက်ဖြန်တွင် သပိတ်ကျင်းသို့ အာမခံကိစ္စသွားရောက် ဆောင်ရွက်မည် ဖြစ်ကြောင်း The Voice Weekly မန္တလး သတင်းထောက်က သတင်းပေးပို့သည်။
” ဒီဖြစ်စဉ်ဟာ သတင်းမီဒီယာ တစ်ရပ်လုံးကို စိန်ခေါ်လိုက်တာပါပဲ။ အစိုးရအဖွဲ့က ပြောင်းချင်ပေမဲ့ ဗျူရိုကရေစီ ယန္တရားက မပြောင်းသေးဘူး ” ဟု ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်ခုမှ သတင်းအယ်ဒီတာ တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်ကို ရန်ကုန်နှင့် မန္တလးမြို့တို့မှ သတင်းမီဒီယာ လောကသားများ အထူး စိတ်ဝင်တစား လေ့လာ စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။
The Voice Weekly 
မြို့နယ် အုပ်ချုပ်ရေးမှူးက မော်ဒန်ဂျာနယ်ကို တရားစွဲဆို မြို့နယ် အုပ်ချုပ်ရေးမှူးက မော်ဒန်ဂျာနယ်ကို တရားစွဲဆို Reviewed by သစ်ထူးလွင် on 07:26 Rating: 5

11 comments:

အမြင်သစ် said...

လေ့လာစောင့်ကြည့်မနေကြနေကြနဲ့လေ.. ဥပဒေကြောင်းအရ
ဝိုင်းကူသင့်တာ ၀ိုင်းကူကြရမှာပေါ့။ မီဒီယာ ခောတ်ပြောင်းဖြစ်နိုင်
တဲ့ တကွေ့ လို့ သဘောပိုက်ပြီးတော့ အပြီးသတ် တော်လှန်ကြစေချင်တယ်။ မီဒီယာဘက်တော်သားများ
ဝိုင်းဝန်းကူညီကြပါ။ဖြစ်နိုင်ရင် ကျော်ဆန်း ဆိုတဲ့ ငပုကိုပါ လွင့်
သွားအောင် မီဒီယာအားနဲ့ ချေမှုန်းကြစေချင်ပါတယ်။

OZI said...

I don't think Article may not be wrong. Diversion road may be spoiled by overload transporters and lack of quality even though the main roads are not well maintain in our country.

Township Administrator may be a outstanding person in his work so that he dare to challenge to media.

ko pwa said...

ဒီမိုကရေစီရဲ့ အရသာကတော့ စပါပြီ.. မီဒီယာတွေလဲ စည်းလွတ်ဘောင်လွတ် ရေးချင်တိုင်းရေးလို့မရသင့်ပါဘူး. ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်နစ်နာတယ် ထင်ရင် အခုလိုပဲ တ၇ားစွဲခွင့်ရှိပါတယ်. ဒီမိုကရေစီမှာ မီဒီယာက အထူးအခွင့်ရေးခံမဟုတ်ပါဘူး နိုင်ငံတကာမှာလဲ မီဒီယာက မှားရင် ပြန်တောင်းပန် လျော်ကြေးပေးနေရတာပါပဲ.. အားပေးတယ်. အမှား အမှန်ကို ရင်ဆိုင်ကြတာပေါ့ ၂ ဘက်လုံးကို အားပေးတယ်.. carry on

Anonymous said...

ဒါပေါ့ဗျ။ ကိုကြီးပွတောင် ဒီမိုကရေစီကို တော်တော်သိလာပြီပဲ။

ကောင်းလှောင့်တေး..ကောင်းလှောင့်တေး

Ar Ga said...

ကားလမ်းပျက်တာကိုေ၇းလို့ တ၇ားစွဲမယ်ဆို၇င် ကားလမ်းက တကယ် မပျက်တာလား ??? တကယ်ပျက်လို့ တကယ်ေ၇းတာကို တ၇ားစွဲ၇င် ဂျာနယ်ဘက်ကလဲ အသေ၇ဖျက်မှု ၊ အလုပ်အကိုင်ပျက်မှု ၊ တ၇ား၇င်ဆိုင် စ၇ိတ်တွေ အတွက် မြို့နယ် အုပ်ချုပ်ေ၇းမှူးကို တ၇ားပြန်စွဲလို့ ၇နိုင်မယ်ထင်တယ် ၊ တကယ်လို့၇၇င် တ၇ား ပြန်စွဲစမ်းပါဗျာ .. ဒါဟာ တ၇ား ဥပဒေ ကြောင်းအ၇ ဖြေ၇ှင်းလာကြတဲ့ သာဓက တစ်ခုပါပဲ ။ တစ်ခုလဲ ကောင်းပါတယ် ။ ဥပဒေ မဏ္ဍိုင် ဘယ်လောက် ခိုင်မာလဲ သိ၇တာပေါ့ ။

unknown said...

မိဒိယာတွေလည်းဝိုင်းပီးးကူညီပေးလိုက်ပါ။ဒါမှသတင်းမိဒိယာတွေနို်င်မှာ

butterfly said...

အဲဒီ ``လမ်းလွှဲလေးတော့ ကောင်းစေချင်`` ဆောင်းပါးတော့ မဖတ်လိုက်ရပါဘူး။ ဆောင်းပါးရေးတဲ့ သူမှန်တယ်လို့ ထင်ပါတယ်။ လမ်းက တကယ့်ကို ဆိုးပါတယ်။ ကိုယ့်မြို့နယ်မို့ ကိုယ်သိပါတယ်။ ဖြစ်နိုင်ရင် မန္တလေးက နေ မိုးကုတ်ထိ ကို တစ်လမ်းလုံး ပြင်သင့်နေပီလို့ ထင်ပါတယ်။ အဲဒီဘက်က လမ်းတွေ အရမ်းဆိုးပါတယ်။ ဒီလိုရေးပေးမှ အစိုးရက သိပြီး ပြုပြင်သင့်ဖို့ လုပ်ဆောင်မယ်လို့ ထင်ပါတယ်။ သတင်းမီဒီယာဘက်ကို အားပေးပါတယ်။ ဘယ်နေရာမှာ အသရေ ဖြတ်လိုက်တာလဲတော့မသိပါဘူး။ အမှန်တရားကို ရေးတယ်လို့ထင်မိပါတယ်။

kokomaung said...

အုပ်ချုပ်ရေးမှုးကြီးရေ အသရေဖျက်မှုနဲ.တရားဆွဲတယ်ဆိုတော.
ခင်ဗျားတို.မှာ ဘာသရေများရှိလို.တုန်း၊

ko pwa said...

သိပ်မသိပါဘူးဗျာ။ မကျေနပ်ရင် တရားစွဲလို့ ရတယ်ဆိုတာလောက်ပဲ သိတာပါ။

အမြင်သစ် said...

အသရေဖျက်မှုနဲ့တရားစွဲရအောင် အဲဒီအုပ်ချုပ်ရေးမှုးဆိုတဲ့ကောင်
တွေဘယ်လိုအသရေရှိလို့လဲ ။ မြန်မာပြည်အကြောင်းလည်း
ပြောပြနေစရာလိုမယ်မထင်ပါဘူး။ တယယ်မပျက်ဘဲနဲ့တော့
အချိန်ကုန်ခံရေးမယ်မထင်ဘူး။ကြည့်မယ်လေ တရားရေးဥပဒေ ဘယ်လောက်ခိုင်မာလဲလို့။(ဒါကလည်း ပြောသာပြောရတာ သိ
တော်မူကြတဲ့အတိုင်းပါဘဲ) ဘယ်လောက်ခိုင်မာလည်းဆိုတာ

aprilaung444@gmail.com said...

ဒီကိစ္စ ဒီလောက်မရိုးရှင်းနိုင်ပါ....
မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့်လောက်က သူ့ကိုယ်ပိုင်သဘောထားနဲ့တရားစွဲဖို့မဖြစ်နိုင်ပါဘူး။
ဒီလူတွေကခရိုင်အုပ်ချုပ်ေ၇းမှူးလောက်ကိုတောင်ဒူးတုန်အောင်ကြောက်ရတဲ့သူတွေပါ။
ဒီလိုဂျာနယ်ကိုတရားစွဲဖို့လောက်ဆိုရင် တိုင်းဒေသကြီးအစိုးရအဖွဲ့လောက်ကိုတင်ပြရပါတယ်။
အဲဒီကခွင့်မပြုရင် ဘာမှလုပ်လို့မရပါဘူး။
တိုင်းဝန်ကြီးချုပ်ရဲ့ခိုင်းစေချက်ကြောင့်ဖြစ်ဖို့များပါတယ်။
ဝန်ထမ်းလုပ်ဖူးတဲ့လူတွေ၊ လက်ရှိတာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများအသိဆုံးပါပဲ။

Powered by Blogger.