ကချင်ပြည်နယ်၊
ဖားကန့်မြို့နယ်က မဲရုံတချို့ကို လုံခြုံရေး အကြောင်းပြချက်နဲ့
ဖျက်သိမ်း ထားတယ်လို့ အဲဒီနေရာမှာ ၀င်အရွေးခံမယ့် လွှတ်တော်
ကိုယ်စားလှယ်လောင်း တဦးက ပြောကြားလိုက်ပါတယ်။
ဖားကန့်မြို့နယ်မှာ
လုံခြုံရေး အကြောင်းပြချက်ကြောင့် ရွာ ၁၀ ခု လောက်မှာ မဲရုံတွေကို
ပိတ်ပစ်လိုက်ဖို့ ပြည်နယ်ကော်မရှင်က ပြီးခဲ့တဲ့ရက်ပိုင်းက
အကြောင်းကြားခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားပြု
ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာက ပြောပါတယ်။
ဖားကန့်မြို့နယ်
အတွင်းက စိန်ကုလားကုန်း၊ ခေါစိန်၊ လော့တာ၊ ကမှော်စု၊ ကထရံ၊ လုံးခင်းက
တချို့နေရာ၊ ၅ မိုင်၊ ၆ မိုင်၊ ၇မိုင်နဲ့ နန့်ယမ်းရွာတွေက မဲရုံတွေကို
ပိတ်ပစ်လိုက်တာ ဖြစ်ပြီး ရွာသားတွေ မဲပေးခွင့် ဆုံးရှုံးမှာ တယ်လို့
ဒေါ်ဘောက်ဂျာက ပြောပါတယ်။
ပြည်နယ်ကော်မရှင်က
လုံခြုံရေး အကြောင်းပြပြီး မဲရုံတွေ ပိတ်တာနဲ့ ပတ်သက်လို့ ကြောင်းကျိုး
ဆီလျော်မှု မရှိဘဲ အဲဒိ နေရာတွေဟာ လုံခြုံရေး အခြေအနေကောင်းတယ်လို့
ဒေါ်ဘောက်ဂျာက ပြောပါတယ်။
“ဘာမှလည်း မရှိပါဘူး။ သူတို့က တမင်ပြောတဲ့ ပုံစံမျိုး ပေါက်တယ်။”
ရွာ ၃ ၊ ၎
ရွာလောက်ကို မဲရုံတရုံ လုပ်ပေးထားတာ ဖြစ်တဲ့အတွက် အဲဒိ ဒေသမှာ မဲဆန္ဒရှင်
သောင်း ကျော်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဒေါ်ဘောက်ဂျာက
မဲအရေအတွက် အပြတ်အသတ်နဲ့ အနိုင်ရ ခဲ့တဲ့ နေရာဖြစ်ပါတယ်။
ဒေသခံတွေ မဲပေးခွင့် ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းရတယ်လို့  ဒေါ်ဘောက်ဂျာက ရှင်းပြပါတယ်။
“မငြိမ်မသက်
ဖြစ်တာဟာ အစိုးရနဲ့ပဲ ဆိုင်တယ်လေ။ ပြည်သူလူထုတွေမှာ အခွင့်အရေး မရှိတော့
ဘူးလား။ လူ့အခွင့်အရေး ဆုံးရှုံးပြီလား။ ဒီဒေသတွေဟာ ဘာမှမဖြစ်ပါဘူး။
သူတို့က ပိတ်ထားတော့ ဒီဒေသက လူထုတွေဟာ နစ်နာတာပေါ့။ ကော်မရှင်က မဲရုံတွေ
ပိတ်ပစ်တယ်ဆိုတော့ အခွင့်အရေး ဆုံးရှုံးမှု တရပ် ဖြစ်တာပေါ့။ ကျမက ပြန်ပြီး
တောင်းဆိုချင် ပါတယ်။ ကော်မရှင်ကရော ဗဟို ကော်မရှင်ကရော ဒီကိစ္စကို
တာဝန်ယူပြီး ပြန်ပြီး ဖွင့်ပေးဖို့ ပြောချင်ပါတယ်။”
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကတော့ ဖားကန့်မြို့နယ် အတွင်းမှာ မဲပေးတဲ့ မဲရုံပေါင်း ၁၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်မှာ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဒါရှီလဆိုင်း၊
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဦးစိန်သိန်းထွန်းနဲ့
အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ဒေါ်ဘောက်ဂျာတို့ ယှဉ်ပြိုင်ကြမှာ
ဖြစ်ပါတယ်။
ကချင်ပြည်နယ်
မိုးကောင်းမြို့နယ်မှာလည်း မဲစာရင်းတွေမှာ သေဆုံးတဲ့ သူတွေကို
ထည့်သွင်းထားပြီး အသက် ၁၈နှစ် ပြည့်တဲ့သူတွေ မပါဘဲ အမှားအယွင်းတွေ
ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီဗွီဘီ
ဖားကန့်တွင် လုံခြုံရေးကြောင့် မဲရုံတချို့ဖျက်သိမ်း
Reviewed by သစ်ထူးလွင်
on
17:39
Rating:
4 comments:
တရားမျှတကျပါစေ
“မငြိမ်မသက် ဖြစ်တာဟာ အစိုးရနဲ့ပဲ ဆိုင်တယ်လေ။ ပြည်သူလူထုတွေမှာ အခွင့်အရေး မရှိတော့ ဘူးလား။ လူ့အခွင့်အရေး ဆုံးရှုံးပြီလား။ ဒီဒေသတွေဟာ ဘာမှမဖြစ်ပါဘူး။ သူတို့က ပိတ်ထားတော့ ဒီဒေသက လူထုတွေဟာ နစ်နာတာပေါ့။ ကော်မရှင်က မဲရုံတွေ ပိတ်ပစ်တယ်ဆိုတော့ အခွင့်အရေး ဆုံးရှုံးမှု တရပ် ဖြစ်တာပေါ့ လို့ ပြောခဲ့တဲ့ ဒေါ်ဘောက်ဂျာရေ.... အစိုးရနဲ့ ဆိုင်တယ်ဆိုပေမယ့် အခုနယ်မြေမငြိမ်းချမ်းအောင်.. ဆူပူမှု.. အဓမ္မမှု.. စတဲ့ မကောင်းတဲ့လုပ်ရပ်တွေလုပ်ဆောင်နေကြတဲ့ ဘယ်သူတွေက လုပ်နေတာလဲ ဆိုတာကိုတော့ ထည့်မပြောပါလား... မသိတာလား.. မသိချင်ယောင် ဆောင်ပြီး ပြောနေတာလား.. ဒါမှမဟုတ် ကိုယ့်အမျိုးတွေ ဖြစ်နေလို့ မပြောရဲတာလား... အဲဒါဘယ်သူ့ကြောင့်မှ မဟုတ်ပါဘူးဒေါ်ဘောက်ဂျာရေ... ကချင်လူထုကောင်းစားရေးကို ဗန်းပြပြီး အတ္တစွဲကိုင် သောင်းကျန်းနေတဲ့ ခင်ဗျားရဲ့ အမျိုး KIO.. KIA တွေပါပဲဗျာ.. နိုင်ငံသားတစ်ယောက်အနေနဲ့ ငြိမ်းချမ်းစွာ နိုင်ငံတော်သစ်နဲ့ လက်တွဲပါလို့ ပြောပြချင်ပါတယ်... ကချင်ပြည်နယ်မှာ ဒုက္ခတွေကို ခံစားနေကြရတဲ့ ကချင်လူထု အတွက်ပါဗျာ...
KIA ဘယ်လောက်သောင်းကျန်းသောင်းကျန်း၊ကောက်လက်
ကော်မရှင်အဖွဲ့တွေ မသမာ တာအသိသာကြီးပါပဲ၊
ဒီတစ်နေရာတည်းမဟုတ်ပါ၊အထက်ကော်မရှင်လူကြီးတွေ
ဘယ်လောက်သန့်သန့်ရှင်းရှင်းလုပ်လုပ်၊အောက်လက်
တွေက ရရင်ရသလို လက်ပေါက်လိုက်ကပ်နေတာ...
နိုင်ငံနဲ့လူမျိုးအပေါ်မှာ စေတနာမထား သူတို့တစ်စုတစ်ဖွဲ့လောက်
ကောင်းစားဖို့လုပ်ချင်နေတဲ့ အလကားအတ္တသမား အဖျက်သမားတွေ
သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ ရွေးကောက်ပွဲကော်မရှင် လူကြီးတွေ
ရဲ့ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်မှာ အရှက်ကွဲအောင် လုပ်နေတာနဲ့
အတူတူပဲ၊ သမ္မတကြီးက နိုင်ငံအပေါ်ပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့
ကျကျလုပ်နေတဲ့အချိန်မှာ လက်အောက်အဖွဲ့အစည်းတွေက ကဖျက်ကရက်လိုက်လုပ်နေတာ နိုင်ငံတော်ပုန်ကန်မှုတစ်စိတ်တစ်ဒေသ
ပဲလို့ယူဆပါတယ်..ရွေးကောက်ပွဲဝင်ပြိုင်နေကြတဲ့ပါတီတွေအနေနဲ့
တိုင်းပြည်အာဏာ သမ္မတရာထူး အတွက်ဝင်ပြိုင်နေကြတာမဟုတ်ပါဘူး၊
လစ်လပ်တဲ့ ၄၈ နေရာအတွက်အားဖြည့်ဘို့ဝင်ရောက်ယှဉ်ပြိုင်နေကြတာပါ၊
လုံခြုံရေးစိတ်မချရရင်ဘာကြောင့် မဲဆနန္ဒ နယ်အဖြစ်အစောကြီးကတည်းကသတ်မှတ်ခဲ့တာပါလဲ.။သတ်မှတ်ခဲ့ပြီးရင်
လည်း လုံခြုံရေးအတွက် ပြည့်စုံအောင်လုပ်ရမှာပြည်နယ် အစိုးရမှာတာ
ဝန်အပြည့်ရှိတယ် ၊ ခုဆိုနေရာတိုင်းမှာ မဲကိစ္စ အတွက်ပဲ မသမာမှုတွေကြားနေရတယ် ...၄၈ နေရာအတွက်မို့လို့ပဲ..၊
ကိုယ်တိုင်လည်းမစွမ်းဆောင်နိုင်၊စွမ်းဆောင်နိုင်တဲ့သူတွေကြတော့
လဲနေရာမပေးချင် သိမ်ဖျဉ်းတဲ့စိတ်ဓါတ်တွေရှိနေသရွေ့ နိုင်ငံတော်
ကြီး ရဲ့ တိုးတက်မှုက ကျဆင်းနေမှာပါပဲ၊
ကိုမျိုးချစ် ဆိုတဲ့သူကိုမေးချင်ပါတယ်..
ယောင်္ကျားရင့်မကြီးတစ်ယောက်လုပ်နေပြီး
မိန်းမ တစ်ယောက်ကို နှုတ်သီးကောင်းလျှာပါး
ရန်တွေ့သလိုရေးထားတဲ့ ငါးစိမ်းသည်လိုကော်မန့်
မျိုးဖတ်လိုက်ရလို့ ကိုမျိုးချစ်လို့နံမည်မှည့်ထားသော
အနှီလူသည် မျိုးစစ်ရဲ့လားလို့ ၊မျိုးစစ်မှ မျိုးချစ် တတ်တယ်
ကချင်လူမျိုးဆိုတာလည်း မြန်မာနိုင်ငံက ညီအစ်ကိုမောင်နှမ
တိုင်းရင်းသားတွေပါ အမျိုးတွေပါပဲ ၊အမျိုးတွေဖြစ်တဲ့အတွက်
ဒေါ်ဘောက်ချာကိုလည်း အမျိုးချစ်ရပါမယ်၊ကိုမျိုးချစ်ရေ...။
အေးမြသီတာ ရေ... ငါက ကချင်လူမျိုးအစစ်ဖြစ်သလို အခုလဲ ဖားကန့်မြို့ထဲမှာရှိနေပါတယ်... အစိုးရကဘာ့ကြောင့် မဲရုံတွေ ပိတ်ပင် လဲဆိုတာ မင်းမသိပေမယ့် ငါကတော့ သိတယ်ကွ.. ဘာဖြစ်လို့လဲဆိုတော့ အခု ငါတို့နယ်မြေမှာ မငြိမ်းချမ်းဘူးဆိုတာ မင်းလဲ သိနေသားပဲ.. စားရသောက်ရ အိပ်ရတာ ရင်တထိတ်ထိတ်နဲ့.. အခုမင်းနဲ့ ဒေါ်ဘောက်ဂျာပြောသလို မဲရုံကိုပြန်လည်တည်ဆောက်ပေးမယ် ဆိုပါတော့... အဲဒီမဲရုံကို လာပြီး မဲပေးမယ့် အဲဒီမှာရှိနေတဲ့ ငါနဲ့ကချင်လူထုရဲ့ လုံခြုံရေးကို မင်းတာဝန်ယူမှာလား.. KIA ဘယ်လောက်သောင်းကျန်း သောင်းကျန်းလို့ မင်းပြောထားတယ်နော်.. ငါလဲ ကချင်လူမျိုးပါ.. ကချင်ပြည်နယ်ကိုချစ်သလို.. ကချင်လူမျိုးတွေကိုလဲ ချစ်ပါတယ်.. ဒါပေမယ့် မင်းပြောတဲ့ KIA ကောင်တွေက မချစ်ဘူးဟ.. ကချင်လူမျိုးအချင်းချင်းသတ်ဖြတ် နေတယ်.. ငါတို့အသုံးပြုသွားလာ နေခဲ့တဲ့ လမ်းတွေမှာလဲ မိုင်းတွေထောင်.. အမျိုးမျိုးလုပ်နေကြတယ်.. ပြီးရင် စစ်တပ်ကပဲ လုပ်နေသလို ပြည်ပသတင်းမီဒီယာတွေဆီ လုပ်ကြံသတင်းတွေပို့တယ်.. မင်းမသိသေးတာတွေအများကြီးရှိသေးတယ်.. အဆိုးဆုံးကတော့ ကချင်လူမျိုးအချင်းချင်းသတ်ဖြတ်နေပြီး ကချင်လူထုနေထိုင်တဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးနေတာပဲ ... ပြောလိုက်ရင်တော့ ကချင်လူထုကောင်းစားရေး တဲ့... အဲ့လိုပြောနေတဲ့ လူတွေက အခု လိုင်ဇာမြို့ပေါ်မှာ ဇိမ်နဲ့နပ်နေကြတယ်ကွ.. အဲဒါမင်းသိရဲ့လား... ငါလိုချင်တာ ကချင်ပြည်နယ်မှာရှိတဲ့ ငါနဲ့ ကချင်လူထု ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို သွားချင်တာပဲသိတယ်...
Post a Comment