ပုသိမ်မှာပါတီတွေအပြိုင်အဆိုင်မဲဆွယ်ကြပြီ

မတ် ၂၄၊ ၂၀၁၂ (YPI)

ယနေ့နံနက်ပိုင်းတွင်ပုသိမ်မြို့နယ်မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သောပါတီ၃ခု
မြို့တွင်းတွင် အပြိုင်အဆိုင် မဲဆွယ်နေ ကြကြောင်းပုသိမ်မြို့ခံများထံကပြောသည်။

ကမ်းနားဈေးတွင် ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက “အစောပိုင်းကဈေးရှေ့ကို ခမေါက်တံဆိပ်နဲ့ကားတစ်စီးရောက်လာပြီး မိုက်နဲ့လမ်းပေါ်မှာဟောတယ်။ ဆိုင်ကအတွင်းမှာဆိုတော့ထွက်မကြည့်ဖြစ်လိုက်ဘူး။ နောက်ခဏကြာတော့ ခွပ်ဒေါင်းတွေလာပြီဆိုပြီး ဈေးထဲမှာရုပ်ရုပ်သဲသဲဖြစ်သွားတော့ လမ်းမပေါ်ထွက်ကြည့်လိုက်တော့ ဈေးရှေ့လမ်းပေါ်မှာရောတိုက်ရှေ့တွေမှာရော
လူတွေပြည့်နေပြီး NLDကိုယ်စားလှယ်ဦးဝင်းမြင့်ကို
လက်ခုပ်ဝိုင်းတီးပြီးအားပေးနေတာတွေ့ရတယ်”ဟုပြောပြသည်။

ပုသိမ်မြို့ခံလူငယ်တစ်ဦးကတော့”ကျွန်တော်ကNLDကိုကြိုက်တယ်။ဒါကြောင့်NLDယဉ်တန်းနဲ့ပဲလိုက်သွားမိတယ်။တစ်မြို့လုံးကလူတွေကဦးဝင်းမြင့်ကိုပန်းတွေပေး၊အမေစုပုံဗီနိုင်းတွေကိုငါးထပ်တိုက်ပေါ်ကတောင်အပြည့်ချပြီးဦးဝင်းမြင့်ကိုကြိုဆိုနေတာမြင်ရတော့ ၀မ်းသာမိတယ်။”ဟုပြောပြသည်။

မြို့ထဲတွင်လည်းပြည်ခိုင်ဖြိုးပါတီမှဗီနိုင်းကပ်ထားသောလိုက်ထရပ်ကားနှစ်စီးနှင့်ပါတီဝင်
အယောက်၃၀ခန့်၊NDFပါတီမှဗီနိုင်းကပ်ထားသောလိုက်ထရပ်ကားတစ်စီးဖြင့်ပါတီဝင်၁၀ဦးခန့်
မဲဆွယ်စည်းရုံးနေကြသလို
NLDပါတီဘက်မှာတော့ ကိုယ်စားလှယ်လောင်းဦးဝင်းမြင့်ကိုယ်တိုင်ဦးဆောင်ကာ
ဒေါ်အောင်ဆန်းစုကြည်ပုံပါကား၁စီး၊
ခွပ်ဒေါင်းနှင့်ကြယ်ဖြူရုပ်လုံးများနှင့်မဲပေးနေဟန်ရုပ်ထုများပါသော
ချက်ပလက်ကားတစီးအပါအ၀င်ကား၁၀စီးနှင့်ဆိုင်ကယ်အစီး၂၀၀ကျော်တို့ဖြင့်
တစ်မြိုလုံး လိုက်လံမဲဆွယ်စည်းရုံးနေကြောင်းတွေ့ရသည်။

ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်တစ်ဦးကတော့“NDFကကား၁စီးတည်းဆိုတော့အားအနည်းဆုံးပဲ။NLDကတော့လမ်းတွေပိတ်သွားတဲ့ထိအောင်လူတွေအားပေးနေတာတွေ့ရတယ်။
ဘာပဲပြောပြော တစ်လှေတည်းစီးတစ်ခရီးတည်းသွားနေကြတဲ့သူတွေအချင်းချင်းဆိုတော့
လမ်းမှာကျွန်တော်တို့နဲ့
NLDယာဉ်တန်းဆုံတော့၂ဖက်စလုံးကအပြန်အလှန်
လက်တွေပြပြီးနှုတ်ဆက်ကြတော့ပျော်ဖို့ကောင်းတယ်” ဟုပြောပြသည်။

လာမည့်ဧပြီ ၁ ရက်ကြားဖြတ်ရွေးကောက်ပွဲတွင်
ပုသိမ်မြို့နယ်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ အဖြစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ
ဦးအောင်တင်မြင့်၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ
ဦးတင်ဝင်းတို့ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံကြမည်ဖြစ်သည်။ ။
ပုသိမ်မှာပါတီတွေအပြိုင်အဆိုင်မဲဆွယ်ကြပြီ ပုသိမ်မှာပါတီတွေအပြိုင်အဆိုင်မဲဆွယ်ကြပြီ Reviewed by သစ်ထူးလွင် on 15:02 Rating: 5

4 comments:

Myanmarchitthu said...

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်သာလျှင် ပြည်သူ.အကျိုးကို ကိုယ်ကျိုးစွန်.ပြီး နိုင်ငံရေးဆောင်ရွက်သည်မှာ ယုံမှားသံသယတစ်စုံတစ်ရာမည်သို.မှ မရှိပါ။ ဘယ်သူတွေ နိုင်ငံအတွက်အနစ်နာခံပြီးလုပ်ဆောင်သလဲ၊ ဘယ်သူတွေ နိုင်ငံကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာသလဲဆိုတာ မြန်မာပြည်က လူကုံထံတွေ ဘယ်သူတွေလဲဆိုတာ ကြည့်ခြင်းဖြင့်သိနိုင်ပါသည်။

gawleee said...

ကလိမ်ကျစ်/ ဥာက်နီ ဥာက်နက် / ယုတ်မာမှု့တွေမပါဘဲနဲ့ ရိုးရိုးသား သားဘဲရွေးကောက်ပွဲလုပ်ပါ..စစ်တပ်ထဲမှာပါ လုပ်ပါ ကြိုက်တဲ့နေရာမှာလုပ်.အမေစု ရှုံးရင်ကျုပ်.ကိုယ့် ကို ကိုယ်သတ်သေပြရဲတယ်..

feels said...

ယုံမှားသံသယ မရှိရုံတင်ဘယ်က မလဲဗျာ..
သတ္တဝါတွေ အားလုံး ဟာ မိမိအပေါ် မှာ ဘယ်သူက မေတ္တာ စေတနာ စစ်စစ်မှန်မှန်ထားတယ်ဆိုတာ နဂိုဗီဇ စိတ် နဲ့ နားလည်ပြီးသားပါ
အမေစု လူထုအပေါ်ထားတဲ့ မေတ္တာ နဲ့ လူထုက အမေအပေါ် ပြန်ထားတဲ့ မေတ္တာက အပြန်အလှန်ထင်ဟပ်နေတာ သိကြားစေသက်သေညွှန်း စရာမလိုဘဲ သောင်းတိုင် က ကြား သိပြီးသားပါ.
အမေပြောတဲ့ အတိုင်း သတ္တိရှိရှိ ညီညွတ် ဘို့ဘဲ လိုတာပါ..

U Thar said...

အားကြတယ်ဗျာ အားလဲ၇တယ် မည်သူကို
မဆိုလွတ်လပ်စွာမဲပေးခွင့်၇ှိတယ် လူေ၇ွးမမှားဘို့ဘဲလို
တယ် လက်၇ှိလူတွေအသုံးမကြလို့ ဒို့ပြည်သူတွေဒုက္ခ
ေ၇ာက်နေ၇တာ ကိုယ့်ဖိုပဲ့ကြည့်တဲ့အတ္တသမားတွေကိုပဲ
သတိထား ဟိုဟာလုပ်ပေးမယ်ဒီဟာလုပ်ပေးမယ်ဆို၇င်
တော့ကြိမ်းသေပြီ နေ၇ာယူပြီး ၀ါးမဲ့စားမဲ့ကောင်ပဲလို့
မှတ်လိုက်

Powered by Blogger.