![Wood](http://popularmyanmar.com/mpaper/wp-content/uploads/2012/03/Wood-300x170.jpg)
စီးပွားဖြစ် ထုတ်လုပ်ခြင်းကြောင့် သစ်တောပြုန်းတီးမှု အများဆုံးဖြစ်ခဲ့ကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင်သူ ဦးစည်သူလွင်က ပြောသည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံး လွှမ်းမှုအခြေအနေသည် ၂ဝဝ၃ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၅၃ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၇ နှစ်အကြာ ၂ဝ၁ဝခုနှစ်တွင် ၄၁ ရာခိုင်နှုန်း အထိ လျော့နည်းကျဆင်း ခဲ့ရကြောင်းနှင့် ထိုကဲ့သို့ အလျင်အမြန်ပျောက်ကွယ် ခဲ့ရခြင်းမှာလည်း စီးပွားဖြစ် သစ်ထုတ်လုပ်ခြင်းကြောင့် ဖြစ်သည်ဟု FAO က ၂ဝ၁ဝ ခုနှစ်တွင် ထောက်ပြပြောဆို ခဲ့ကြောင်း ဦးစည်သူလွင် က ဆိုသည်။
အင်္ဂလိပ်အစိုးရသည် မြန်မာ နိုင်ငံ သစ်တောများကို ရေရှည် ထုတ်သုံးနိုင်ရန်အတွက် ‘မြန်မာ့ရွေး ချယ်ခုတ်လှဲမှု’ စနစ်ကို အသုံးပြုခဲ့သဖြင့် ၁၉၂၅ ခုနှစ်တွင် သစ်တော ဖုံးလွှမ်းမှုသည် ၆၅ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိနေခဲ့ရာမှ တောမီးလောင်ကျွမ်းခြင်း၊ စိုက်ပျိုးမြေတိုး ချဲ့ခြင်း၊ စားကျက်အလွန်အကျွံ ချဲ့ထွင်ခြင်း၊ ဆီအုန်းစိုက်ပျိုးခြင်း၊ ပုစွန်မွေးမြူရေးကန်များ တူးဖော်ခြင်း၊ စီးပွားဖြစ်သစ်ထုတ်ခြင်း၊ သတ္တု၊ ကျောက်မီးသွေး၊ ရတနာမိုင်းတူးဖော်ခြင်း၊ လမ်းဖောက်ခြင်း၊ မီးသွေးထုတ်လုပ်ခြင်း၊ ထင်းထုတ်လုပ်ခြင်း စသည်တို့ကြောင့် ၁၉၅၈ ခုနှစ်တွင် ၅၇ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၉၇၅ ခုနှစ်တွင် ၅၂ ဒသမ ၇ ရာခိုင်နှုန်း၊ ၂ဝဝ၃ ခုနှစ်တွင် ၅၂ ဒသမ ၃ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ခုနှစ်တွင် ၄၁ ရာခိုင်နှုန်းသို့ အဆင့်ဆင့် ကျဆင်း ခဲ့ခြင်းဖြစ်ကြောင်း ဦးစည်သူလွင်က ဆက်လက်ပြောသည်။
သစ်တော ပြုန်းတီးမှုများနှင့် ပတ်သက်၍ မြန်မာ့သစ်လုပ်ငန်းမှ အငြိမ်းစား အကြီးတန်းအရာရှိတစ် ဦးက ”သစ်လုပ်ငန်းဆိုတာ သစ် ထုတ်မယ်ဆိုရင် သစ်တောဦးစီးဌာ နက ခွင့်ပြုတဲ့ ဧရိယာကိုပဲ ထုတ် လုပ်ခွင့်ရှိတာပါ။ နောက်ပိုင်း သစ် ထုတ်လုပ်မှုကို တိုးချဲ့ဖို့အတွက် သစ်လုပ်ငန်းက ငွေကြေးမလုံလောက် တဲ့အခါ ကန်ထရိုက်တွေကို ငှားရ တယ်။ အဲဒီအခါ ကန်ထရိုက်တွေ ကလည်း သစ်များများ ထုတ်နိုင် ဖို့၊ ပိုက်ဆံများများ ရဖို့ကိုပဲ အာရုံ စိုက်လာကြတော့ သစ်တောပြုန်း တီးမှုတွေ ပိုဖြစ်လာရတယ်” ဟု အင်တာဗျူး တစ်ခုတွင် ပြောခဲ့သည်။
၎င်းကပင် ဆက်လက်၍ ထိုကဲ့သို့ ဖြစ်ပေါ်နေရခြင်းသည် လူတစ်စု၏ ဝိသမလောဘကြောင့်ဖြစ်ကြောင်း၊ ယင်းဝိသမလောဘကို ပေါ်လစီနှင့် ထိန်းပေးရမည်ဖြစ်ပြီး ပေါ် လစီကလည်း ထိန်းချုပ်နိုင်မည့်ဥပဒေဖြင့် တားဆီးရမည်ဖြစ်ကြောင်း၊ တားဆီးရန်လည်း စည်းမျဉ်း၊ စည်းကမ်းများ အားလုံးရှိပြီးသားဖြစ်ပြီး တကယ်လုပ်ရန်သာ လိုအပ်ကြောင်း အကြံပြု ပြောကြားခဲ့သည်။
မင်းချစ်နိုင် (ပေါ်ပြူလာဂျာနယ်)
စီးပွားဖြစ် ထုတ်လုပ်မှုကြောင့် သစ်တောပြုန်းမှု အများဆုံးဖြစ်ခဲ့
Reviewed by သစ်ထူးလွင်
on
13:32
Rating:
8 comments:
Right Ko Se Thy Lwin and good comments.
မြန်မာတစ်နိုင်ငံလုံးသစ်ခိုးထုတ်သူများစာရင်းရှိရင်တင်ပေးစေချင်ပါတယ်..
ထိရောက်စွာအရေးယူနိုင်ဖို့ပါ..
သဘာဝဓါတ်ငွေ့ ကိုထင်းအစားထိုးလောင်စာလုပ်ပေး။ကွန်ဒိုမီယမ်တွေများများ
ဆောက် အရစ်ကျရောင်းပေး။လူတန်းစားမရွေးဝယ်နိုင်အောင်လဲလုပ်။
အခုဆိုတို့ ရွာမှာထင်းအခြောက်လေးလှည်းတစ်လှည်းစာရဖို့ ထမင်းအိုးတောင်းတင်ပြီးအသွားတစ်ညအိပ်အပြန်တစ်ညအိပ်သုံးရက်အချိန်ပေးမှရတော့တယ်။
သစ်တောတွေမပြုန်းပဲနေမလား ထင်းမှလွဲရင်ဘာအစားထိုးလောင်စာ
သုံးနိုင်လို့ လဲ။တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံကြည့် ပါ။ GAS နဲ့ 
ထမင်းချက်နိုင်တဲ့လူလက်ချိုးရေလို့ ရမှာပါ။GAS သာမလေးရှားလို
တွင်တွင်ကျယ်ကျယ်သုံးရပါစေ သစ်တောတွေပြန် စိမ်းလန်းလာမယ်။
ရာသီဥတုမှန်လာမယ်။ တောင်သူလယ်သမားတွေ သာယာဝပြောလာမယ်။
နိုင်ငံတော်တိုးတက်လာမယ်။အခုတော့ဗျာ.....GASတော့တိုင်းတပါးရောင်း
ပြီးသစ်တောပြုန်းတာစာလာဖွဲ့ ပြနေတယ်။
ကောင်းကြသေးလား ကွယ်ရို့ ??????????
ဒါကလဲ အစိုးရလက်ချက် တစ်ခုအပါအဝင်ပါပဲလေ၊ သူတို့သာ ဥပဒေတွေနဲ့ ထိထိရောက်ရောက် လုပ်ခဲ့ရင် ဒီလိုဖြစ်စရာ အကြောင်းကိုမရှိဘူး၊
ဘယ်သူတွေလဲ သစ်ခိုးသလဲ...အထောက်အထားတစ်ခုကိုဘဲ ပြောပါရစေ........လွန်ခဲ့တဲ့ ၇ နှစ်လောက်ကပေါ့...
မဟာမြိုင် အဆိုပြု ထိန်းသိမ်းရေးနယ်မြေမှာ ကြိုးဝိုင်း ငါးခုပါတယ်...
၁။ အင်းတိုင်းကုန်းကြိုးဝိုင်း...အင်းတိုင်းတော အမျိုးအစားတွေ အဓိကပေါက်တယ်။
၂။ ပလင်ကြိုးဝိုင်း...
၃။ မဟာမြိုင်ကြိုးဝိုင်း...
4။ နန်းစပတ်ကြိုးဝိုင်း...
၅။ ဖုန်းသုန်းကြိုးဝိုင်း...
အထက်ပါကြိုဝိုင်းလေးခုက...မြန်မာ့အဖိုးတန်သစ်များဖြစ်တဲ့ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် တို့ပေါက်ရောက်ရာ တောအမျိုးအစားတွေ...
တောဆင်၊ ကျားသစ်၊ အင်းကျား၊ ကြောင်မင်း၊ သစ်ကြောင်၊ တောခွေး၊ ဟိမ၀န်တာ နဲ့ ပသျူးဝက်ဝံ၊ ပြောင်၊ ဆတ်၊ တောဝက်၊ ဂျီ၊ ဆတ်ခလောက်၊ မျောက်လွှဲကျော် မျက်ခုံးဖြူ၊ မျောက်စပ်...စတဲ့နို့တိုက်သတ္တ၀ါတွေ ကျက်စားတယ်...ပတ်ဝန်းကျင်ရွာပေါင်း ၁၃ရွာရှိတယ်...
ကျေးငှက်သာရကာ ပေါတဲ့ တကယ့်စုံတောမြိုင်ဆိုတာ...မဟာမြိုင်တော ပါပဲ...ဘယ်လောက်နှမြောစရာကောင်လိုက်သလဲ...
အဲဒီ မဟာမြိုင် အဆိုပြု သဘာဝထိန်းသိမ်းရေးနယ်မြေထဲမှာ ထူးနှင့် တင်ဝင်ထွန်းအုပ်စု တွေ သစ်ထုတ်တယ် တရားဝင်-၁ ဆ နဲ့ တရားမ၀င် ၃ဆ...မိခင်သစ်တောဌါနက ချပေးတာ တစ်နေရာ...ခုတ်နေတာက နေရာအများကြီးမှာ...စည်းလွတ်ဝါးလွတ်ကို ခိုးကြတာ...
အဆိုပြု သဘာဝထိန်းသိမ်းရေးနယ်မြေ အဖြစ် ကြေငြာထားပြီးပြီ...
ဥပဒေကို မလေးစားဘူး...ညွှန်ကြားရေးမှုးက တစ်ဆင့် သစ်တောရေးရာဝန်ကြီး ကိုအောင်ဖုန်းကို တိုက်ရိုက်ဖုန်းနဲ့တိုင်တယ်...ခဏဘဲ အာဏာတည်တယ်...ပြန်ခုတ်နေတာဘဲ...တိုင်စရာလူမရှိတော့ဘူး...ကျနော့်ဆရာက ပြောတယ်...မင်းပြန်လာတော့တဲ့...ထိန်းသိမ်းရေးရုံးဖွင့်လို့မရတော့ဘူး...ဖာခန်းဘဲ ဖွင့်လို့ရတော့မှာတဲ့...ဘယ်လောက် ဥပဒေစိုးမိုးမှု မရှိလိုက်သလဲ...
မြန်မာ့သစ်တောများ ကျဆုံးခြင်းဟာ...ကျနော်တို့ သစ်တောပညာမှာ သင်ခဲ့ရသလိုဘဲ ဒတ်ထိကို မှန်နေတယ်...ဘာလဲဆိုတော့...သဘာဝသစ်တောတွေက ဒေသခံပြည်သူတွေသုံးလို့ ကုန်တာမဟုတ်ဘူးတဲ့...၀ိသမလောဘ သားကောင်တွေကြောင့် ပြုန်းတီးကုန်တာတဲ့...နိုင်ငံဘဏ္ဍာထဲလည်း ရောက်မသွားရှာဘူး...
တကယ်တော့ မြန်မာ့သဘာဝသစ်တောတွေဟာ ၁၈၅၆ ခုနှစ်က စလို့ စနစ်တကျ အတိုးကိုသာ ထုတ်သုံးခဲ့ကြတာ...၁၉၈၅ ထိပေါ့...အဲဒီအချိန်ထိ သစ်တောက နိုင်ငံရဲ့ ၅၀% ဖုံးလွှမ်းနေဆဲပဲ...
သစ်ပင်ရဲ့လုံးပတ် ၇ပေ ၆လက်မ ရှိမှ သစ်ထုတ်ခွင့်ပြုနေတာကို...၆ပေ ၆လက်မ လျှော့ခိုင်းတယ်...၀န်ကြီးကခိုင်းတာ...ဒီလိုနဲ့လျော့လာလိုက်တာ...ခုဆို ခုတ်ချင်သလို ခုတ်နေကြ ခိုးနေကြတဲ့ အဆင့်ကိုရောက် သလောက်ဖြစ်သွားဘီ...ကျနော်တို့ ဆရာကြီးလဲ...မလိမ်ချင်လို့ သမိုင်းတရားခံ အဖြစ်မခံချင်လို့ ထွက်လိုက်တယ်...ဆရာ့ကို ကံသုံးပါးစလုံးနဲ့ ဂါရ၀ပြုမိတယ်...
Forest Dept itself teaches business people how to illegal logging. Ask them to illegal logging and catch as owner-less logs. Then auction to them again.
This is how authorities involve in illegal logging business.
သစ်တောဦးစီးဌာနကတာဝန်ကျေပါတရ်ဗျာ သစ်တောကထွက်တာဆိုလို့ထင်းခြောက်တောင် အလကားမရဘူး
ဒါတင်ဘယ်ကမလဲ အိမ်ဖျက်ရင်တောင် သစ်တောကလာသေးတရ်
နောက်ပီးပြောသွားသေးတရ် သစ်တစ်ပင်ခုတ်ထောင်၃နှစ်တဲ့
ဒါတွေကလဲကို့အပြစ်တွေပါဘဲ
ကိုမှသစ်ပင်မခုတ်တတ်တာ ခုတ်တတ်တဲ့သူတွေကြတော့လဲ တစ်ပင်တောင်မကဘူး တစ်တောလုံးပြုန်းအောင်ခုတ်တာတောင် ဘာမှမဖြစ်ဘူး.....အော်ဌာနတွေ တာဝန်ကျေပါတရ်
တရားခံတွေကတော့ တိုင်းပြည်မျက်နှာဖုံး
သူဌေးကြီးတွေ ဖြစ်ကုန်ကြပြီ......။
Post a Comment