သယံဇာတ ရင်းမြစ်ကြွယ်ဝသော ပင်လယ်ပြင် ဧရိယာတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေခြင်းကို အဆုံးအဖြတ်ပေးသည့်အနေဖြင့် နှစ်နိုင်ငံကြား ပင်လယ်နယ်နိမိတ်သစ်တစ်ခုကို ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အထူးခုံရုံး (International Tribunal for the Law of the Sea) က မတ်လ ၁၄ ရက်နေ့တွင် သတ်မှတ်ပေးလိုက်သည်။
ဂျာမနီနိုင်ငံ၊ မြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ ITLOS တရားရုံးက ချမှတ်ခဲ့သည့် အမိန့်အရ ပင်လယ်ပိုင်း နယ်နိမိတ်သစ်ကို တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ ဟိုဆေးလူးဝစ်ဂျီးဆပ်စ်က တင်ပြခဲ့သည်။ နှစ်နိုင်ငံစလုံးအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ကမ်းဦးရေတိမ်ပိုင်းနှင့် ပတ်သက်၍ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက အမိန့်ချခဲ့သည်။ နယ်နိမိတ်အား တိုင်းတာရာတွင် မြန်မာ၏ နည်းလမ်းကို ထောက်ခံခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က ဧရိယာပိုမိုရရှိခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်ပါ တချို့အစိတ်အပိုင်းများအပေါ် တရားသူကြီးအချို့ သဘောထား ကွဲလွဲခဲ့သော်လည်း ဆုံးဖြတ်ချက်ကိုမူ တစ်ကမ္ဘာလုံးမှ တရားသူကြီး ၂၃ ဦးက တညီတညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်သည်။ ''နှစ်ဖက်စလုံးဟာ တစ်စုံတစ်ရာကို ရရှိခဲ့ကြသလို တစ်စုံတစ်ရာကိုလည်း ဆုံးရှုံးခဲ့ကြပါတယ်''ဟု ဂျာမန်တရားသူ ကြီး ရူဒီဂျာဝိုလ်ဖရမ်က ပြောကြားခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်မှာ နှစ်ဖက်စလုံးအတွက် အောင်ပွဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက ပြောကြားခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က အနိုင်ရရှိခဲ့သော နေရာတွင် သဘာဝဓာတ်ငွေ့နှင့် ရေနံ တူးဖော်နိုင်ပြီဟုလည်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ သီးသန့် စီးပွားရေးဇုန် ရေမိုင် ၂၀၀ ကို တရားရုံးကသတ်မှတ်ပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သည်ဟု တောင်းဆိုထားသည့် စိန့်မာတင်ကျွန်း တစ်ဝိုက်နေရာတစ်ခုကိုလည်း အတည်ပြုပေးခဲ့သည်။
ပိုင်နက်အငြင်းပွားမှုမှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး မြန်မာသည် အငြင်းပွားရေပိုင်နက်တွင် သဘာဝဓာတ်ငွေ့ တူးဖော်နေသည်ဟု ဘင်္ဂလားဒေ့ရှ်က စွပ်စွဲခဲ့သည့် ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံမှာ စစ်ရေးပဋိပက္ခ ဖြစ်လုနီးပါး အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ဘင်္ဂလားပင် လယ်အော်တွင် ကြီးမားသည့် သဘာဝဓာတ်ငွေ့သိုက်များ မြန်မာက တွေ့ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သည်ဟု ပြောကြားထားသည့်နေရာတစ်ခုတွင် နောက်ထပ်တူးဖော်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် အလားတူ ပင်လယ်ပိုင်နက် အငြင်းပွားမှု ပြဿနာကို ၂၀၁၄ ခုနှစ်တွင် ဖြေရှင်းရန် မျှော်လင့်ထားသည်။
EMG
မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်နယ်နိမိတ်သစ်ကို ကုလသမဂ္ဂတရားရုံးက ဆုံးဖြတ်သတ်မှတ်
Reviewed by သစ်ထူးလွင်
on
09:09
Rating:
20 comments:
ဘာမှ မပြောကြတော့ဘူးလား။ ပါသွားပြီလေ။တခြားပာာတွေဆို ပေးလိုက်တဲ့ ကွန့်မန့်တွေ... ။ ဒီနေ့ စိတ်မကောင်ဆုံးဘဲ ။ အမျိုးသားေ၇း စိတ်ဓာတ်တွေ တော်တော်ပြင်းထန်ကြတာဘဲ။ ဥရောပက ဆုံးဖြတ်တာတဲ့ ။အမေစု ပြန်တောင်းပေးနိုင်ရင် သိပ်ကောင်းမှာဘဲ။ဖြစ်နိုင်ပါ့မလား ပြောကျပါအုန်း ။ စိတ်ဆင်းရဲလွန်းလို့။
why did bangladesh below st martin island ? which is more near to myanmar .it is fair or not for myanmar ?
တောက်.....ခံလိုက်ရပြန်ပီ
ဦးသစ်ထူးလွင်ဆီမှာ သတင်းနောက်ကျနေတာလားမသိပါ။ ရေပိုင်နက်အငြင်းပွားမှုမှာ ဘင်္ဂလားဒေ့ရှ်က အနိုင်ရသွားပါပြီ။ တိုင်းပြည်ပိုင်နက် တစ်လက် မှမှအထိမခံဘူးဆိုတဲ့ တိုင်းပြည်ကို အဓိက ကာကွယ်ဖို့တာဝန်ရှိတဲ့ မြန်မာ့တပ်မတော်ကြီးရှင့် ရန်ကုန်တိုင်းရဲ့ ဆယ်ဆ (သို့) ကယားပြည်ရဲ့ ဆယ်ဆ (သို့) ဧရာဝတီတိုင်းရဲ့ ၃ဆရှိတဲ့ မြန်မာ့ရေပြင်ကြီးကုလားဆီ ပါသွားပါပြီ။ ရေနံတွေ သဘာဝဓါတ်ငွေ့တွေ ထွက်တာ မထွက်တာ အသာထားဦး ငါးပုဇွန်စတဲ့ သယံဇာတတွေ တန်ဖိုးမနည်းပါဘူး။ ဘာမှ ထွက်ထွက် မထွက်ထွက် ကိုယ့်တိုင်းပြည်ပိုင်နက်က တစ်လက်မလည်း တန်ဖိုးရှိတာမို့ နှမြောစရာ မခံချင်စရာ ကောင်းလှပါတယ်။ နိုင်ငံပိုင်ဧရိယာ တစ်စိတ်တစ်ပိုင်း စစ်မတိုက် လိုက်ရပဲ နိုင်ငံတကာ တရားရုံးမှာ ကျဆုံးလက်လွှတ်လိုက်ရပါပြီ။ အသေးအမွှား လေးတွေ အာရုံများနေပြီး တကယ့်အရေးကြီး တဲ့ issue တွေမှာ အလေးမှုနည်းလို့ ဖြစ်ရတာပါ။ အလွန့် အလွန် နှမြောမိပါတယ်။ မူရင်းသတင်းကို http://www.thefinancialexpress-bd.com/more.php?news_id=123499&date=2012-03-15 မှာ ဖတ်ကြည့်နိုင်ကြပါတယ်
ကျနော်...မေးချင်သောမေးခွန်းတစ်ခုရှိပါသည်။
ကျနော်တို့ ရေပိုင်နက်နှင့် ပတ်သက်ပြီး..ဆုံးဖြတ်ချက်ပြီးမှ သိရပါသည်။
မီဒီယာများအနေဖြင့် ၄င်းကိစ္စအား ဘာကြောင့် ယခင်က မလိုက်ခဲ့ရတာပါလဲ။
ကျနော် ကျန်တဲ့ကိစ္စ (တဲ့ပြောရင် အချင်းချင်းပြောနေတဲ့ကိစ္စ) အကုန်သိရပါသည်။ တနိုင်ငံလုံးနှင့်ဆိုင်သောကိစ္စ ကျနော်တို့ဘာကြောင့် နောက်ဆုံးမှ သိရပါသလဲ။
We should not agree that decision of International Tribunal for the Law of the Sea because Bangaladish took many area of Myanmar at the time of border area setting in Prime ministor U Nu. Pan Wa, Sit TaGaung and Shin Ma Phyu island. If we need we have to do military attack to Bangaladish. If need I am ready to serve Army even if I amm 40 years old. We have to prevent every our land.
တရားရုံးက ဘယ်အထောက်အထား၊ အချက်အလက်တွေကြောင့် သောက်ကုလားတွေကို ပေးလိုက်ဖို့ ဆုံးဖြတ်ချက်ချပါသလဲ သိပါရစေ၊။ အဲဒီဆုံးဖြတ်ချက်ကို မိမိဘက်တို့မှ သဘောမတူကြောင်းနှင့် ဆက်လက်ဖြေရှင်ရန် မည်သို့မည်ပုံလုပ်ရမည်များကို နိုင်ငံတော်လူကြီးမင်းများ သိပြီးဖြစ်မည်ဟုယူဆသော်လည်း ပြည်သူများသိစေရန် ရှင်းလင်းပေးစေချင်ပါသည်။ အထူးပန်ကြားလိုသည်မှာ မည်မျှပင်ခက်ခဲပါစေ မိမိတို့ဘက်မှ နောက်ဆုပ် အလျှော့ပေးမှုမျိုး မလုပ်ရန် လေးစားစွာတိုက်တွန်းလိုပါသည်။
we belong that???
i mean Gas,, fishes,,etc...?????
I think,,,,these r not belong to myanmar people,,
Government only belong them,,,
cuz we know nothing abt this @ all... too late...
it's too late,,,,
:(
Ye Thu ရေ... ပြည်တွင်း ပြည်ပ မီဒီယာတွေက မသိချင်ယောင် ဆောင်နေကြတာဟ.. သူတို့နဲ့မဆိုင်သလိုမျိုးပေါ့... ရှေးရခိုင်ဘုရင်တွေ သားစဉ်မြေးဆက် ပိုင်ခဲ့တဲ့ ကျွန်းက အခုတော့ ကုလားတွေပိုင်တဲ့ကျွန်းဖြစ်သွားပီ.. တကယ် ရင်နာဖို့ကောင်းတယ်... အခုခေတ်မီဒီယာတွေအတွက် ၀င်ငွေက အဲဒီသတင်းမျိုးမဟုတ်ဘူး. Ye Thu ရေ.. ဒီမို ဒီမို နောက်ကိုပဲ လိုက်ပီးနေကြတယ်... ၀င်ငွေက ကောင်းတာကို.. ewhainnshwe ရေ စစ်အစိုးရလက်ထက်က ခင်ဗျားပြောသလိုပဲ ဟုတ်ခဲ့ပါတယ်.. အခုက သမ္မတကြီးရဲ့ လက်ထက်ဖြစ်နေပီလေ.. နိုင်ငံကို ပိုင်တာက သမ္မတကြီးပါ.. သမ္မတကြီးလက်ထက်ကျမှ မြန်မာပိုင်ကျွန်းကနေ ကုလားပိုင်ကျွန်းဖြစ် သွားခဲ့ရပြီ... tititartar ရေ အခုကိစ္စကို အမေစု ပြန်တောင်းလို့လဲမရတော့ဘူး.. ပြန်တောင်းလို့ရမယ့် နည်းကတော့ ၂ နည်းရှိတယ်.. ပထမနည်းက မြန်မာပြည်သူလူထု စည်းလုံးညီညွတ်စွာနဲ့ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အထူးခုံရုံး (International Tribunal for the Law of the Sea) အထိ ပြန်လည်တောင်းဆိုတာနဲ့.. ဒုတိယနည်းက မရရင်တော့ ကုလားတွေဆီက တိုက်ယူဖို့ပဲကျန်တော့တယ်... ကုလားတွေရဲ့ စိန်ခေါ်မှုကတော့ စတင်ရိုက်ခတ်လာပြီ ပြည်သူအပေါင်းတို့...
နေ၀င်းလက်ထက်က တစ်ကြိမ် တရုတ်ထဲ ပါသွားတယ် မြန်မာမြေတွေ၊ ခုတစ်ကြိမ် ဘကုန်းတွေလက်ထဲပါသွားပြန်ပြီ ၊တစ်ချိန်က ဒို့ ဘုရင်တွေ ချဲ့ထွင်ခဲ့တဲ့ဒို့ နိုင်ငံတော်ကြီး တတိတိနဲ့ ပါသွားကုန်ပြီ၊ တိုင်းပြည်ချစ်လှပါတယ် သူတို့လောက် ပြိုက်ဘက်မရှိတိုင်းပြည်ချစ်သူမရှိဆိုတဲ့ မြန်မာ့တပ်မတော် ဗိုလ်ဂျိုးကြီးများနဲ့ တပ်မတော်သားများ ပြောလိုက်ရင်တော့ တစ်လက်မမျှအထိမခံ တွန်းလှန်မယ် ဒို့ရဲဘော်ဆိုပဲ သီချင်းထဲမှာပါ အပြင်မှာက အာဏာပြ ငွေနောက်လိုက်နေကြတာနဲ့ မိုင် 200 လောက်အလားကားပေးလိုက်ရပြီ ကျွန်းကလည်းဒို့ပိုင်တဲ့ကျွန်းပဲ၊ အသည်းနာတယ်ကွာ တပ်မတော်ကြီးက တစ်လက်မပဲအထိမခံတာ မိုင်200ကတော့ရတယ်ဆိုတဲ့ သဘောပဲ၊ ဒီလိုနဲ့ စိတ်မကောင်းစွာနဲ့ မြန်မာနိုင်ငံတော်ကြီးပိန်လှီလာပြီ၊ နောက်ဆို ပျောက်သွားမယ် ကမ်ဘာ့မြေပုံပေါ်မှာ၊
ဒါနဲ့ဘဲ ငါတို့မြန်မာပြည်ကလည်း နှမ်းစေ့လောက်ဘဲ ကျန်တော့မယ်ထင်တယ်.....
တိုင်းတာပုံနည်း စနစ်တွေနဲ့ နယ်မြေ တောင်းဆိုချက်တွေဆိုတာ အင်မတန် ၇ှုပ်ထွေးပါတယ် ။ အခုကိစ်စက လေ့လာကြည့်သလောက် မြန်မာဘက်နဲ့ ဘင်္ဂလား ဘက်က တောင်းဆိုထားတဲ့ နယ်မြေကို အသေးစိတ်တိုင်းတာပြီး ကြားချပြီး ဆုံးဖြတ်ထားတာပါ ။ ပြသနာက မြန်မာ အစိုး၇က စပြီး အမှု၇င် ဆိုင်ကတည်းက ဥပဒေပညာ၇ှင်တွေ အပြင် အခြား သက်ဆိုင်တဲ့ ပညာ၇ှင်တွေနဲ့ အသေအချာ ၇င်ဆိုင်သင့်တာပါ ။ နိုင်ငံတော်က သက်ဆိုင်၇ာ ၀န်ကြီးများ လည်း ဂ၇ုတစိုက် တက်ေ၇ာက် ဆွေးနွေးဖို့လိုပါတယ် ။ ဘင်္ဂလားက နိုင်ငံခြားေ၇းဝန်ကြီး တက်ေ၇ာက်ပြီး မြန်မာဘက်ကတော့ေ၇ှ့နေချုပ်သာ တက်ေ၇ာက်ပါတယ်။ တမိုးလုံး ဖျောက်ဆိပ် နေ၇ာတကာ ပါတဲ့ ၀န်ကြီးတွေ မတက်ေ၇ာက်ကြပါလားဗျ ။ ဂွင်မ၇ှိလို့ ထင်တယ်။ လူတော မတိုး၇ဲတာလဲပါမယ် ။ ကျွန်တော်တို့ ဆီက လူကြီးတွေက အိမ်ကျယ်တွေပါဗျာ ။ ဘာပဲ ဖြစ်ဖြစ် ဆုံးဖြတ်ချက်ကတော့ ပြန်ပြင်လို့ မ၇တော့တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ် ။ တိုင်းပြည်အတွက် အ၇မ်းနစ်နာ သွားပါပြီ။
အာ.. ရှေ့နေချုပ်ဆိုတာ ၀န်ကြီးတွေထက်အဆင့်မြင့်ပါတယ်. အခုအိမ်တွေဆောက်ပေးထားတဲ့ အထဲမှာ သမ္မတ၊ ဒု သမ္မတ ၁၊ ၂၊ လွှတ်တော် ၂ ခုက ဥက္ကဌ ၂ဦး၊ တရားသူကြိးချုပ် နဲ့ ရှေ့နေချုပ် အိမ်တွေပါ။ အဲဒါတွေကို ပေါင်းပြီးမှ လွှတ်တော်ကို AZone, အိမ်တွေကို BZone ဆိုပြီးခေါ်တာပါ. ဒါကြောင့် ရှေ့နေချုပ်ဆိုတာက ၀န်ကြီးအဆင့်ထက်မြင့်ပါတယ်. ပြီးတော့ အခု ရှေ့နေချုပ်က တကယ့် ပညာရှင်ပါ သူလဲ တတ်နိုင်သလောက် ဆက်လုပ်ပါလိမ့်မယ်. ဒါတွေက နိုင်ငံကို အရေးယူထားမှုတွေနဲ့လဲ ဆက်စပ်နေပါတယ်. နိုင်ငံကို အရေးယူထားမှုတွေကို ထောက်ခံနေတဲ့ သူတွေ... ကဲ အခုတော့ တို့တွေ ခံရပြိ မင်းတို့တွေ ဘယ်လိုပြန်ပြီးတာဝန်ယူပေးမှာလဲ..
စိတ်ဆင်းရဲတယ်ဗျာ ကျနော်တို့က ဒီသတင်းကိုစောင့်မျှော်နေတာ...
ဒါလေးပါသွားတာ ဘာစမ်းလို့လဲ။ အရင်ကနင်းက သစ်တွေ၊ သဘာဝဓါတ်ငွေ့တွေ၊ ကျောက်တွေ အများကြီးတရုတ်တို့လက်ထဲ ထည့်ခဲ့တာပဲဟာ၊ တို့အစိုးရက သူတို့ရမယ့်ဟာသာ အပိုင်လုပ်တာကွ၊ အခုဟာက သူတို့မရမယ့်ဟာဆိုတော့ လှူလိုက်တာပေါ့ကွာ။
Ko Pwa,
Can you explain how this decision was related to people who supported international sanctions at this moment??? Do you mean Daw Su and Ko Zarganar?
မြန်မာအစိုးရတွေ တိုင်းရင်းသားတွေအပေါ် ကျည်ဆံပြ
နှိပ်ကွပ်၊ခြိမ်းခြောက်သလောက် တရုတ်နဲ့ကုလားအတွက်ဆို
သဒ္ဒါတရားတော်တော်ထက်သန်တာပဲနော်။
တကယ်တော့ မြန်မာပိုင်သင့်တဲ့ ကျွန်းကို ဘာလို့သူတို့ကိုပေးရအောင်လုပ်တာလဲ။အစိုးရက အဲ့ဒီကိစ္စကိုဘာလို့ ရှေ့နေကောင်းကောင် ကို မဌားတာလဲ။မြန်မာ ရာဇဝင်နဲ့နေလာတဲ့ကျွန်း ။မြန်မာ ပြည်အရှ့ဖျားကို တရုတ်ယူသည်။အနောက်ကိုကုလားယူသည်။မြန်မာတွေ ဘယ်ပြေးရမလဲ။အယူခံဝင်သင့်ပါသည်.....။.။။။။။။။။။။အယူခံဝင်သင့်ပါသည်။..................
မြေပုံ အရ မြန်မာ ပြည်က ပိုင်ရမယ့်ဟာ။ငွေများရာ နိုင်သွားတာ။သူတို့နဲ့ ဝေးကြီး။လူပါးဝတယ်။အကုန်လုံး
စိတ်ညစ်ပါတယ်ဗျာ
ဒီနေ့တော့ အိပ်တောင်ပျော်ပါတော့မလား
တိုင်းပြည်ကို ကာကွယ်မယ်ဆိုတဲ့ကောင်တွေ ဘာလုပ်နေကြတုန်း
ဘာသွားပီလေ ရှေးမြန်မာတွေ အသက်သွေးချွေးတွေနဲ့
တည်ထောင်ခဲ့တဲ့ နိုင်ငံတော်ကြီးရဲ့ အစိတ်အပိုင်းတွေပဲ့ကုန်ပြီ
ငါတို့ သားမြေးတွေလက်ထက်ကြ မြန်မာပြည်တောင် ရှိပါတော့မလား
Post a Comment