လာမယ့် ဧပြီ ၁
ရက် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးတဲ့နေရာမှာ ပါတီကြီးတခုရဲ့ 
ဆောင်ချက်ဟာ ရွေးကောက်ပွဲကော်မရှင် ဥပဒေပြဌာန်းချက်တွေနဲ့ မညီညွတ်ဘူးလို
့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုရွေး ကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က
ကြေညာလိုက်ပါတယ်။
မတ်လ
၁၉ ရက် ဒီနေ့ ရက်စွဲနဲ့ သတင်း ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ကာ ခုလို ဝေဖန်
လိုက်တာ ဖြစ်ပြီး ဒီကြေညာချက်မှာ အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး
ပါတီရဲ့ မဲဆွယ် ဆောင်ရွက်ချက် တချို့ကို ထောက်ပြ ဝေဖန်ထားပါတယ်။
ဒီ သတင်း
ထုတ်ပြန်ချက်မှာ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် အတွင်းမှာ
ကြံ့ခိုင်ရေးပါတီ မဲဆွယ် စည်းရုံးရာမှာ အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌကို ပုတ်ခတ်
ပြောဆိုခဲ့တဲ့ အကြောင်းနဲ့  ရွာစာသင်ကျောင်းဆောက်ဖို့ ငွေ ၃ သိန်းခွဲလှူပြီး
သူ အနိုင်ရရင် နောက်ထပ်၃ သိန်းခွဲ လှူဦးမယ် ဆိုပြီး စည်းရုံးတာမျိုးဟာ
မဲဝယ်တဲ့ လုပ်ရပ် ဖြစ်လို့ ဥပဒေနဲ့ မညီတဲ့ အကြောင်း ဖော်ပြ ထားပါတယ်။
ဒါ့အပြင်
ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲကို မတ်လ ၃၀ နဲ့ ၃၁ရက် နေ့တွေ မှာ
ပေးရမယ်လို့ ညွှန်ကြား ထားပေမယ့် တနင်္သာရီတိုင်း၊ လောင်းလုံ မြို့နယ်မှာ
အခုကတည်းက ကြိုတင်မဲ ကောက်ယူနေတယ်လို့ အန်အယ်လ်ဒီက ဆိုပါတယ်။
အလားတူ
နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာလည်း အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း
ဦးမင်းသူရဲ့ ဟောပြောပွဲမှာ တိုက်ခိုက်ခံရတဲ့အကြောင်း ဒါတွေဟာ ဥပဒေနဲ့
မညီဘဲ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေးကိုလဲ
ထိခိုက်စေနိုင်တယ်လို့ အန်အယ်ဒီပါတီက ဆိုပါတယ်။
အဖွဲ့ချုပ်
အောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းက “အဲဒါမျိုးတွေဟာ ဥပဒေနဲ့ ငြိပါတယ်။
ဒါလာဘ်ပေး လာဘ်ယူ ကိစ္စတွေပါ ။ အလားတူ ဖြစ်ရပ်မျိုးတွေ တတိုင်းပြည်လုံး
အများကြီးပါ။ ကျနော်တို့ အားလုံးကို မထည့်ပါဘူး ။ အရေးကြီးတဲ့ အချက်တွေကို
ရွေးပြီး သတင်းထုတ်ပြန်ချက်မှာ ထည့်ထားတာပါ။” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့
သောကြာနေ့ကလည်း ကော့မှူးမြို့နယ်အတွင်းမှာ သေဆုံးသူ ၄၀၀ကျော်ရဲ့
စာရင်းတွေအပါအ၀င် လူပေါင်း ၂ ထောင်ကျော်ရဲ့ မဲစာရင်းတွေ မှားယွင်းနေ မှု
တောင်တွင်းကြီးမြို့နယ်မှာ မဲစာရင်းတွေ ကူးယူခွင့် မရမှုတွေနဲ့ ပတ်သက်ပြီး
အန်အယ်လ်ဒီက သတင်း ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒီဗွီဘီ
ကြံ့ခိုင်ရေးပါတီမဲဆွယ်မှု ဥပဒေနဲ့ မညီဟု အန်အယ်လ်ဒီ ကြေညာ
Reviewed by သစ်ထူးလွင်
on
17:45
Rating:
14 comments:
ဖွတ်တို့က ရွေးကောက်ပွဲ ပဉ္စလက်တွေတက်တယ်လေ
ပါးစပ်က တရားမျှတစေပါမယ်အော်နေပေမယ့်
လက်က အကျင့်ပါနေလို့ မဲခိုးတာပါနော်
ကြံ့ခိုင်ရေးပါတီ အ နေ နဲ့  ဘာတွေပဲ လုပ်နေပါ စေ
အန်တီ စု ပါတဲ့ သမိုင်းက သက်သေရှိထားလို့  NLD နဲ့  ပြည်သူကို ယုံကြည်ထားပြီးသားပါ။
လက်ရှိအစိုးရဆိုတာက ရွေးကောက်ပွဲ မတိုင်ခင်ကလည်း တိုင်းပြည်ဘဏ္ဍာတွေကို ကိုယ်ကျိုးအတွက် သုံးတဲ့ သူခိုး၊ ရွေးကောက်ပွဲမှာလဲ မဲခိုးပြီး တက်လာတဲ့ မဲသူခိုး၊ ခု ကြားဖြတ်ရွေးကောက်ပွဲမှာလည်း မဲခိုးဘို့ စီစဉ်နေတယ်၊ ရှေ့ဆက်လည်း ခိုးအုံးမှာပဲ။ အဲလိုလူမျိုးတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ့်အစား ကြောက်လို့ပဲ ဖြစ်ဖြစ် မဲပေးမယ်ဆိုရင် ကိုယ့်လည်ပင်းကို ကြိုးကွင်း စွပ်တာနဲ့ အတူတူပဲ။ ပြည်သူတွေ သတိထားစေချင်တယ်။
လက်ရှိအစိုးရဆိုတာက ရွေးကောက်ပွဲ မတိုင်ခင်ကလည်း တိုင်းပြည်ဘဏ္ဍာတွေကို ကိုယ်ကျိုးအတွက် သုံးတဲ့ သူခိုး၊ ရွေးကောက်ပွဲမှာလဲ မဲခိုးပြီး တက်လာတဲ့ မဲသူခိုး၊ ခု ကြားဖြတ်ရွေးကောက်ပွဲမှာလည်း မဲခိုးဘို့ စီစဉ်နေတယ်၊ ရှေ့ဆက်လည်း ခိုးအုံးမှာပဲ။ အဲလိုလူမျိုးတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ့်အစား ကြောက်လို့ပဲ ဖြစ်ဖြစ် မဲပေးမယ်ဆိုရင် ကိုယ့်လည်ပင်းကို ကြိုးကွင်း စွပ်တာနဲ့ အတူတူပဲ။ ပြည်သူတွေ သတိထားစေချင်တယ်။
ကဲ ဒီကိစ္စကို လွှတ်တော် ဥက္ကဌကြီး ဘယ်လို စီရင်ပေးမှာလဲ ထိုင်ခုံပေါ်ကနေ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့  ထိုင်ပြီး ပြောနေရုံနဲ့ မရဘူးနော် . . . အခုလို မသမာမှုတွေအတွက် တစ်ခုခု လုပ်ပြမှ ကမ္ဘာက ယုံကြည်တော့မှာပေါ့ . . နေရာတကာမှာ မသမာမှုတွေကို ကလိမ်ကကျစ်နည်းအမျိုးမျိုးတွေသုံးနေတဲ့ မြို့ နယ်အသီးသီးက ပါတီကိုယ်စားလှယ်တွေကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ရင်တော့ပိုကောင်းမယ်. . . ဥပဒေကို ဆန့် ကျင်လုပ်ရင် တရားစီရင်မှုကိုလည်း လက္ခံနိုင်ရမယ် . . ဒါမှ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမယ် . . .
အခုလို သိရတာ စိတ်မကောင်းပါဘူး
အဲဒီကြံ့ဖွတ်ဆိုတဲ့အကောင်တွေက မြန်မာနိုင်ငံကို ဗိုလ်ချုပ်ပြောတဲ့ ဟို နိုင်ငံဖြစ်အောင် လုပ်ချင်နေတာထင်တယ်
တစ်ဘို့ပဲရှိတဲ့ နွားမျိုးလိုကောင်တွေပဲကွ
မင်းတို့ စိတ်ဓါတ်တွေက အရမ်းကို အောက်တန်းကျလွန်းတယ်ဆိုတာရော တွေးမိရဲ့လား?
ရှက်တတ်မဲ့အမျိုးလည်း မဟုတ်တော့ ပြောရက်ခက်တယ်
ကျွဲပါး စောင်းတီးတဲ့
နောက် ရှိသေးတယ် ..`
နွားကို ပလာတာ ကျွေးရသလိုပဲ တဲ့
ပြောလဲ နားလည်မဲ့အကောင်တွေမှ မဟုတ်တာပဲ နော်
ခွေးလောက်တောင် မသိတတ်တဲ့ အကောင်မျိုးတွေ
ဘယ်သူ့ဘက်မှ မလိုက်ချင်ပါဘူး
ပြောရတိုင်း ဇွတ်ပြောနေတော့တာပဲ မြန်မာလူမျိုးတွေရယ်.. စိတ်ကုန်တယ်နော်..
ပြည်ခိုင်ဖြိုးကလူတွေအာဏာရဘို့ကလွဲပြီး ဘာမှကိုမမြငိတော့တာပါလား
နိုင်ငံရေးဗဟုသုတလဲမရှိ ။ ကိုယ်တိုင်လဲကောင်းအောင်မလုပ်ချင်၊ကောင်းအောင်လုပ်နိုင်မဲ့သူကိုလဲ လက်တွဲမခေါ်ချင်ဘူး၊ သမ္မတကြီးကိုယ်တိုင်
က မတူတာတွေဖယ်ပြီး တူတာတွေတွဲလုပ်ကြမယ်လို့ပြောထားပြီးသားပါ၊
နွားခြေရာခွက်ထဲကဖားသူငယ်မလုပ်ချင်ကြပါနဲ့ မှန်မှန်ကန်ကန်ယှဉ်ပြိုင်ကြစမ်း
ပါ၊ပြည်သူကသူကြိုက်တာ သူရွေးပါစေ၊ခုထိ အာဏာရှင်စနစ်ကို မက်မောနေတုံး
ပြည်သူကိုလှည့်စားလို့မရတော့ ကိုယ်တိုင်နည်းအမျိုးမျိုးနဲ့ညစ်ဘို့မလုပ်ကြပါနဲ့
တက်လာပြီးမကောင်းရင်ပြည်သူကသူဖာသာပြန်ဖယ်ပါလိမ့်မယ် ။ဘာကိုကြောက်
နေတာလဲ။အင်အားနဲတုံးပေးလုပ်လိုက်ရင်အရည်အချင်းမရှိရင် ၂၀၁၅မှာထပ်မရွေး
ပါဘူး။ခုတော့မင်းတို့ပါတီနာမည်ပျက်တယ်။အာဏာရပါတီဆိုတာမမေ့ပါနဲ့။ကော်မရှင်
ဥက္ကဌစ ကားကိုလိုက်နာကြပါ။ပေါ်ပေါ်ကြီးတော့မကောင်းဘူး။
သိပ်ကို စိတ်ပျက်ဖို့ကောင်းတယ်။
အေးပါကွာ သူတို့လုပ်ချင်ရာလုပ်ပါစေ ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး
ကိုယ့်အလုပ်ကိုယ်သာ ဇောက်ချလုပ်ကြစမ်းပါ
ဟိုနားမှာ ဘာတဲ့ ဒီနားမှာဘာတဲ့ ဖြစ်ဖြစ်သမျှလိုက်တိုင်နေ
ပြီးတော့ ဘာမှလဲ အရာမရောက်ဘူး
လျှောက်တိုင်မနေနဲ့ ကိုယ့်လုပ်မယ့်အလုပ်ကိုသာ တစ်စိုက်မတ်မတ်လုပ်ပါ
ပြည်သူတွေက အမှားအမှန်ကို ခွဲခြားနေတတ်ပါပြီ
ပြည်သူတွေ အမှန်တရားကို ဘယ်လိုချစ်မြတ်နိုးတယ်ဆိုတာ
အမေစုရဲ့ ခရီးစဉ်တွေမှာ အထင်အရှားတွေ့ပြီးသားပဲ
ကြံ့ဖွတ်တွေက "ခွေးလောဘ" တွေဘဲ။ ခွေးလောဘ က လိပ်လေးကောင်ကို ခြေထောက်လေးချောင်းနဲ့ တက်နင်းထားတယ်၊ အမြီးက ပတတ်တွင်းကို ဆို့(ပိတ်)ထားတယ်၊ ယုန်သူငယ်ကို ပါးစပ်က ခဲ(ကိုက်)ပြီး အပေါ်က ပျားအုံကို မျက်စောင်း ထိုးထားသေးတယ်။ ကြံ့ဖွတ်တွေက ခွေးလောဘသားတွေ ဆိုတာ ကျွန်တော်တို့ပြည်သူတွေ အဓိက သိထားသင့်ပါတယ်။ ဒါကြောင့် အမေစု ရဲ့ NLD ကို မဲပေးကြပါစို့။
ဟုတ်ပါတယ် ကြံ့ ဖွတ်စည်းရုံးရေးဆင်းတာဥဗဒေနဲ့ မညီပါဘူး
ဆယ်တန်းစာမေးပွဲ မပြီးခင်ကြားပိတ်ရက်တွင်အနီးစခန်းတွင်မဲဆွယ်သွား ပါတယ် အဲ့ တာဘာဥဗဒေလဲ ပြောတော့တမျိုးလုပ်တော့တမျိုး
စိတ်ဓါတ်ကိုကဖွတ်စိတ် လမ်းပေါ်သွားနေတဲ့ ဆိုင်ကယ်တွေကိုလဲ
တားပြီးစည်းရုံးရေးကွင်းထဲဝင်ခိုင်းပါတယ်ပြည်သူမကြည်ညိုတာသိရင်တွယ်က
ပ်မနေပါနဲ့  လူစိတ်နဲ နဲ ရှိကြပါ ဒါပဲပြောချင်တယ်
လိမ်နည်းပေါင်းသောင်းခြေက်ထောင်စာအုပ်ထုပ်ဝေရန်ဦးအောင်သောင်းအဆိုပြု။
Post a Comment