စစ်ကိုင်း NLD အောင်နိုင်ရေး ဟောပြောပွဲများ

စစ်ကိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အောင်နိုင်ရေး ဟောပြောပွဲများ
ရပ်ရွာအနှံ့ ပြုလုပ် လျှက် ရှိရာ ၂၄-၃-၂၀၁၂ နေ့က ဘော်ဂါရပ်ကွက်နှင့်
ကနားတော်ကျေးရွာတို့တွင် အားပေးတက်ရောက်သူ အထူးများပြားခဲ့ပါတယ်။

 
စေတနာရှင်ပြည်သူများကလည်း ဟောပြောပွဲသို့ လာရောက်သူများကို
စားဖွယ်ရာထမင်း၊ဟင်းများအပြင် အချိုရည်မျိုးစုံတို့ဖြင့် ကျွေးမွေးဧည့်ခံ
ကြသည်မှာ မေတ္တာဆိုတာ အဓမ္မလုပ်ယူလို့ ရသောအရာ မဟုတ်ဘူးဆိုတာကို

 သက်သေပြနေသလားလို့တောင် ထင်မြင်မိပါတော့တယ်။

သတင်း-ဓါတ်ပုံ ။ ။ သားစု (စစ်ကိုင်း)







စစ်ကိုင်း NLD အောင်နိုင်ရေး ဟောပြောပွဲများ စစ်ကိုင်း NLD အောင်နိုင်ရေး ဟောပြောပွဲများ Reviewed by သစ်ထူးလွင် on 14:52 Rating: 5

7 comments:

sekomyo said...

အောင်သိန်းလင်း၊ အောင်သောင်း၊ ဖြိုးကိုကိုတင့်ဆန်း ဆိုတဲ့ငကြောင်တွေ
မင်းတို့က ငါးကြင်းဆီနဲ့ငါးကြင်းကျော်(ခိုးထားတဲ့ပြည်သူ့ပိုက်ဆံနဲ့ ပြည်သူကို
ပြန်ပေး)တယ်။
ဒီမှာမြင်လား? ဘာမှမပေးဘူး။
အေး .. သန့်သန့်ရှင်းရှင်းနဲ့ ရှာဖွေထားတဲ့စေတနာရှင်တွေကတောင်
လာရောက်သူတွေကို အစားအသောက်တွေကျွေးမွေးသေးတယ်။
ကွာပ။ မင်းတို့နဲ့တော့။
ဖွတ်

စိုးလွင်ဥိး said...

ငါ မှတ်မိတာလေးတခုရေးပြအုံးမယ်....
သပိတ်တုန်းကပေါ့  သပိတ်အဖွဲ့ တွေတို့ ရွာရောက်တော့ထမင်းချိန်လွန်နေပြီ
တဦးတယောက်ကစပြီး ထမင်းထုတ်တွေကမ်းလိုက်တာ နောက်တော့တို့ တရွာ
လုံးနီးပါးပဲ။အဲ့ ဒီတုန်းက ထမင်းကို အင်ဖက်နဲ့ ထုတ်တဲ့ ခောတ်ဗျ။
တို့ အဖေ တို့ အမေ လည်းရှိတာလေးနဲ့ ထုတ်ပြီးကမ်းဘူးတယ်။
တမတ်စိ (၂၅ ပြား) လေးတောင်ထမင်းထုတ်ထဲထည့်လိုက်သေးဗျ။
ငဖြူ ငနီလို့ သတ်မှတ်ပြီးပေးကြတာဟုတ်ဘူးဗျ။ရတဲ့လူလဲရ မရတဲ့လူလဲမရကြဘူးဗျ။ထမင်းထုတ်မရကြလည်း သပိတ်ကတော့ခရီးဆက်ချီတက်သွားကြတာပဲဗျာ။

amtkhunlay said...

လင်းစန္ဒာ မိသားစု ဆထက်တံပိုး လှူနိုင်တန်းနိုင်ပါစေဗျာ။
တူသော အကျိုးကျေးဇူးကို ရရှိခံစားနိုင်ပါစေဗျာ။
ပြည်သူချစ်သော ပါတီသည်လည်း ပြည်သူကိုယ်စားပြုအဖြစ် တည်တံ့အောင်မြင်ပါစေ ခင်ဗျာ။

အတာ said...

“မေတ္တာဆိုတာ အဓမ္မလုပ်ယူလို့ ရသောအရာ မဟုတ်ဘူးဆိုတာကို
သက်သေပြနေသလားလို့တောင် ထင်မြင်မိပါတော့တယ်။” စကားလုံးကို တကယ်ကြိုက်တယ်ဗျာ ... ။ အမေစုအတွက် တကယ်ကောင်းမွန်တဲ့ စကားလုံးတွေကို သစ်ထူးလွင်မှာ ဖတ်ရတာ အရမ်းဝမ်းသာတာပဲ ... စစ်အစိုးရလုပ်လို့ မူရင်း အနှစ်သာရ ကောင်းမွန်တဲ့ စကားလုံးတွေက ရွံ့စရာ စကားတွေ ဖြစ်ကုန်တာတော့ စိတ်မကောင်းဘူးဗျာ .. နေပြည်တော် စွမ်းအားရှင် တပ်မတော် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး လွှတ်တော် အစိုးရ ပြည်သူ့ရဲ ... အားလုံးက မူရင်း အဓိပါယ် တကယ် ကောင်းပါတယ်.. ခုတော့ အဲ့စကားလုံးတွေက ရွံ့စရာတွေဖြစ်လို့ ...။

Anonymous said...

အတာ ပြောတာ ဟုတ်တယ်ဗျ..
ကျွန်တော်တို့တတွေ သာမန်စာရေးရင်တောင် အဲဒီစကားလုံးတွေကို ရှောင်ပြီးရေးမိတယ်ဗျာ..
တကယ်တော့ မူရင်း စကားလုံးအဓိပါယ်က ကောင်းပါတယ်။ အဖျက်အစီး ခံလိုက်ရတဲ့ သနားစရာ အပြစ်မဲ့ စကားလုံးတွေပါဗျာ..

မြန်မာပြည်သား said...

ဒါပဲလေ...ပြည်သူကအမှန်တရားဘက်မှာပဲရပ်တည်ပေးမှာပါ.
နိုင်ငံတော်ကိုအရမ်းခြစ်ပြတတ်တဲ့စစ်တပ်လူထွက်တွေအများစုနဲ့ဖွဲ့စည်းထားတဲ့ ကြံ့ဖွတ်ကိုတော့ ဘယ်တော့မှထောက်ခံပေးမှာမဟုတ်ဘူး..

မြန်မာပြည်သား said...

မတ္တာဆိုတာ အဓမ္မလုပ်ယူလို့ ရသောအရာ မဟုတ်ဘူး
ကောင်းလိုက်တဲ့အသုံနှုန်း...ကြိုက်သဗျာ.

Powered by Blogger.