|
ကချင်တိုင်းရင်းသားများ အရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ကျွန်တော်ကာကွယ်ရေးဦးစီးချုပ်စီကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရုံက လွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမလုပ်ဖို့
ညွှန်ကြားထားပေမယ့် ဘာဖြစ်လို့ အခုထက်ထိ တိုက်ပွဲတွေဖြစ်နေ
ဆိုတဲ့မေးခွန်းကို မိဘပြည်သူတွေလည်း သိချင်နေကြပါလိမ့်မယ်။
တပ်မတော်ကကွယ်ရေးဦးစီးချုပ်ကလည်း လက်အောက်ခံ တပ်ရင်းတပ်ဖွဲတွေကို ဆက်လက်ညွန်ကြားထားပြီး ဖြစ်ပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် လက်ညှိုးထိုးအပြစ်တင်နေရုံနဲ့ ပစ်ခတ်တိုက်ခိုက်မူတွေရပ်ဆဲသွားမှာ မဟုတ်ပါဘူး။နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းဖို့အတွက် ပထမဆုံး နှစ်ဖက် ပစ်ခတ်တိုက်ခိက်မှုတွေကို ရပ်ဆဲဖို့လိုပါမယ်။ကတိက၀တ်တွေခိုင်မာတဲ့အာမခံချက်တွေ အပြန်အလှန်ထားရှိဖို့လိုပါမယ်။......နိုင်ငံတော်သမ္မတ မိန့်ခွန်းမှ |
|
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင် (ဓါတ်ပုံ-မက်စင်ဂျာဂျာနယ်) |
နိုင်ငံတော်သမ္မတ ၏ သမ္မတသက်တမ်း တစ်နှစ်ပြည့်မိန့်ခွန်း
အပြည့်အစုံကို အသံဖိုင်မှာ နားတောင်နိုင်ပါတယ်။
YPI
9 comments:
ုနိုင်ငံတော်သမ္မတကြီးကတော့ တိုင်းပြည်နှင့်ပြည်သူလူထု ကောင်းစားဖို့  အတွက် အသက်ပေးပြီး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်သူ့ ရဲ့ အောက်
က အရာရှိမင်းများကတော့ တိုင်းပြည်ဘဏ္ဍာတွေကို နှိုက်ထုတ်နေတာ နားရွက်တွေတောင်ရွှံပေနေပြီ
ကိုချစ်မောင်ရေ နားရွက်မှာ ရွှံပေနေတာက ဗွက်အိုင်ထဲမှာ လူး ပြီး အစားအစာ ရှာပြီး စားနေရတဲ့ ၀က်မျိုးမို့ နားရွက်ကို ရွှံတွေပေနေရတာပါဗျာ
နားလည်ပေးလိုက်ပါနော် ...
အရင် စစ်အာဏာရှင်တွေတုန်းကလည်း ပြောကောင်း၊ နားထောင်ကောင်းအောင် ပြောခဲ့ဆိုခဲ့ကြတာပါပဲ.....။ အပြောနဲ့ လက်တွေ့ ဟုတ်မဟုတ် ဆိုတာကတော့ ကျွန်တော်တို့ နှစ်ပေါင်း ၂၀ကျော် ကြုံတွေ့ခံစားခဲ့ပြီးပါပြီ....။ အခုတော့ သမ္မတကြီးက ပြောပြန်ပါပြီ..... ပြောင်းလဲရေးတွေ စတင်နေချိန်ဖြစ်နေတော့ အပြောကို အဟုတ်လက်ခံချင်မိပါတယ်......။ ခက်တာက လက်တွေအခြေအနေမှာတော့ အုပ်ချုပ်ရေးပိုင်းရော...... တရားစီရင်ရေးပိုင်းရော...... ဥပဒေပြုရေး ( ဥပဒေဆိုင်ရာ ) တွေမှာလည်း အရင်လို လာဘ်စားမှုတွေ၊ ဘက်လိုက်မှုတွေ၊ အာဏာသုံးမှုတွေကို တွေ့ကြုံနေရပါသေးတယ်......။ တစ်မျိုးသားလုံး ကောင်းစားရေးအတွက် ဆိုပြီး သူဌေးဖြစ်တဲ့ ဝန်ကြီးလူတန်းစားတွေက လက်သီးလက်မောင်း တန်းနေမယ့်အစား.....ငါ့လုပ်ပိုင်ခွင့်၊ ငါ့ပိုင်ဆိုင်မှုကို သုံးပြီး တစ်မျိုးသားလုံး ကောင်းစားရေးကို လုပ်ပေးမယ်ဆိုတာ ဘယ်လို အစိုးရအဖွဲ့ဝင်တွေကမှ လေသံမဟကြပါဘူး.....။ ခရိုနီ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို အပိုင်းလိုက်ချိုင်လို့ ရသလောက် နှိုက်နေကြတာ မြန်မာပြည်လည်း သားရည်နဲ့ ချိုပဲကျန်ပါတော့တယ်.....။ ကျွန်တော်တို့လို ပြည်သူတွေအတွက် အဓိက အားထားရာ တရားဥပဒေ စိုးမိုးမှုတွေမှာတော့ အခုလက်ရှိအချိန်အထိကို ဘက်လိုက်ခြစားမှုတွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိနေသေးတာ လူတိုင်းသိပါတယ်......။ သက်တမ်း ၁ နှစ် ကြာခဲ့ပြီဖြစ်ပေမယ့်အဲလို အခြေအနေဆိုးတွေကို သိလျှက်နဲ့ မပြောင်းလဲနိုင်သေးတာ...... တနည်းအားဖြင့် ပါးစပ်က ပြောသလောက် အာဏာမတည်နိုင်သေးတာကတော့ လက်တွေ့ပါပဲ.....။
စကားတွေနဲ့တော့ အလုပ်မဖြစ်ပါဘူး...လောလောဆယ် ကိုယ်အောက်ကလူတွေရဲ့ စာရိတ္တ၊အကျင့်လေးတွေကို အရင်ပြုပြင်ပါအုံး...အသက်တွေလည်း နောက်ထက် ခြေတစ်လှမ်းခွဲလောက်ကျန်တော့တာဆိုတာ စဉ်းစားသင့်တယ်...သင်တို့ ဘယ်လမ်းကိုကြိုက်လည်း...ကိုယ်လုပ်ရပ်က ကိုယ့်ကိုရွေးမှာပါ...မြန်မာပြည်ရဲ့ သင်ရိုးတွေ၊ဥပဒေတွေထဲမှာတော့ တကယ်လေးစားစရာပါပဲ...
ဒါပေမဲ့ လက်တွေမှာတော့ ဘယ်သူသေသေငတေမာပြီးရော..ဒင်းတို့ ကောင်းစားဖို့  အသက်တွေ၊ဘဝတွေ ရည်လို့ မရသလို...ယခုလည်း ဆက်လက်ရှိနေဆဲပါ...သမ္မတကြီးကျေးဇူးတင်တယ်....ဒါပေမဲ့ လက်တွေမှာလည်း ပြည်သူတွေယုံကြည်အောင် လက်တွေနဲ့ ပြသပေးပါ...ကိုယ့်ပိုက်ဆံကိုယ်ထုပ်တာတောင် ပိုက်ဆံပေးရ၊ထောက်ခံစာယူရ...ပိုက်ဆံမရှိရင် သေဆုံးရမလိုဖြစ်နေရတဲ့ဘဝအတွေအတွက်ငဲ့ကြည့်ပေးပါ..
ဒေါ်စုပြောတဲ့မိန့်ခွန်းလောက်အသက်မပါဘူး။ စာဖတ်နေသလိုဘဲ။
သမ္မတကြီးက အရေးကြီးတဲ့အခန်းတွေကိုပြောရင် ချောင်းဟန့်ဟန့် နေတယ်..
ကျုပ်တို့ပြည်သူတွေကတော့သမတ္တကြီး ကောင်းတာပြောရင်ကောင်းတဲ့ဖက်ကိုတော့မြင်ပေးရတယ်။တစ်ကယ်လုပ်မလုပ်ဆိုတာတော့ သူအလုပ်နဲ့သက်သေပြတဲ့ပေါ်မှာဘဲမူတည်ပါတယ်။ထမင်းစားပြီးဦးနှောက်ရှိတဲ့
လူတိုင်းကတော့ ကောင်းဘို့ပြောတာလား မကောင်းဘို့ပြောတာလားဆိုတာ
ကွဲကွဲပြားပြားသိတယ်။
ဝန်ကြီးဌာနတွေရဲ့ လေးလပတ် (လဒ်လာပေး) ရှိနေသမျှတော့ မလွယ်သေးဘူးထင်ပါတယ်ဗျာ....
Salary must be increased.Mr president. You should not be narrow minded like that. Yes, 3.7% is the percentage of the working class people but they may be the main earner for their families and therefore increase in salaries would benefit 3.7% working people as well as their families and even their relatives as well.
Have a look at United Kingdom for example, they get tax from the working people with different percentages. For example, you can say upto 1 lakh per month, no income tax but if one makes between 1 to 2 lakhs, may be 10 to 15% income tax. For people making more than 2 lakhs per month, will pay 25% tax etc.... (this is just an example ).
Also you HAVE to get tax from businessmen and approximately you can get billions of dollars from the businessmen if you charge them income tax as like developed countries (e.g. in the UK, corporation tax is 20%). Of course, you HAVE to take action against those businessmen who try to avoid tax and if you take serious action against such people, you would be able to get enough tax to improve infrastructure, health, education and also to provide 3.7% people deserved salaries.
Some people said “increase in salary” does not eliminate bribe etc.... It’s true but the inrease in salaries will REDUCE the chance of bribery. There is a saying “Only if one can feed himself properly, he can take care of his character etc.....” That’s very true.
Also don’t be ashamed of asking help from developed countries regarding this matter. They are very much experienced in such things and they would guide you in the right direction.
Post a Comment