ဒုတိယတန်းကျောင်းသူကို ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်တဲ့ အတန်းပိုင်ဆရာမ (ရုပ်/သံ)


ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အ.ထ.က(၂) စမ်းချောင်းမှာ ပညာသင်ကြားနေတဲ့ ဒုတိယတန်း ကျောင်းသူကို အတန်းပိုင်ဆရာမက ကျောင်းစာ မလုပ်ခဲ့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ဒုတိယတန်း ကျောင်းသူ မမိုးမြတ်သူဟာ နေမကောင်းတဲ့ ရက်အတွင်း လွတ်သွားတဲ့ စာတွေ လိုက်ကူးနေတဲ့အချိန်မှာ အတန်းပိုင်ဆရာမ ဒေါ်မိမိခင်က စာမလုပ်ဘူးဆိုပြီး ရိုက်နှက်ခဲ့တာကြောင့် ဘယ်ဘက်လက်မောင်းနဲ့ လက်ခလယ်မှာ ဒဏ်ရာအနာတရတွေ ရခဲ့ပါတယ်။အခုလိုမျိုး ဒဏ်ရာ အနာတရ ရခဲ့တဲ့အပေါ် ဆရာမ ဒေါ်မိမိခင်က လာေ၇ာက်တောင်းပန်တာမျိုး မရှိတဲ့အပြင် တစုံတရာ ကူညီဆောင်ရွက်ပေးမှုမျိုးလဲ မရှိတဲ့အတွက် ကလေးငယ်ရဲ့ မိခင်က သက်ဆိုင်ရာတာဝန်ရှိသူတွေထံ ဒီကိစ္စကို စုံစမ်း အရေးယူပေးဖို့အတွက် တိုင်ကြားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘားမားဗီဂျေ
ဒုတိယတန်းကျောင်းသူကို ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်တဲ့ အတန်းပိုင်ဆရာမ (ရုပ်/သံ) ဒုတိယတန်းကျောင်းသူကို  ဒဏ်ရာ အနာတရဖြစ်အောင် ရိုက်နှက်တဲ့  အတန်းပိုင်ဆရာမ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 06:42 Rating: 5

34 comments:

Tri Asian Taste said...

မိမိခင်ရေ...နင်ကျောင်းဆရာမ မလုပ်ပါနဲ့တော့ဟာ၊ နင်နဲ့ကိုက်မဲ့အလုပ်က ကျောင်းဆရာမ မဟုတ်ဘူး။ စင်ပေါ်တက်ပြီး လက်ဝှေ့ ထိုးစာ အဲဒါဆိုရင် နင်ကြီးပွားမယ့်။ နင်ဟာ ခလေးထက်တောင်မိုက်သေးတယ်၊ ကိုယ့်ထက်အသိဥာဏ်နဲတဲ့သူကို အခုလိုမျိုး လုပ်တာ ဆုံးမတာမဟုတ်ဘူးဟဲ့ နွားမရဲ့ အဲယောင်လို့ မိမိခင်ရဲ့ အဲဒါ အနိုင်ကျင့်တာ။ ကြီးနိုင်၊ ငယ်ညှင်းဆိုတာ လူတွေမလုပ်ဘူး...

moe said...

နိုင်ငံတော်ကို ခေါင်းဆောင်တဲ့သူက အကျင့်ပျက်တော့ အောက်ကလူတွေ
အကျင့်နေတာပါ
ပညာရေး ၀န်ထမ်းတွေအကျင့်ပျက်နေတာကတော့ တိုင်းပြည်အနာဂတ်
အတွက် ရင်လေးစရာပါ
အစိုးရပေးတဲ့လစာနဲ့ မလုံလောက်တော့ ကျုရှင်ဆိုပြီးသင်တယ် ပြီးတော့
မ၀ယ်မနေရဆိုပြီး ကျောင်းသားတွေကို ဈေးရောင်းတယ်
ကျုရှင်သင်တော့လဲ တတ်အောင်သင်တာမဟုတ်ဘူး မေးခွန်းပေးရုံဘဲ
သူတို့သင်တဲ့ကျုရှင်ကို လာမတက်တဲ့ ကျောင်းသားကျောင်းသူတွေကို
ပညာအမျိုးမျိုးပြတယ် ကျုရှင်တက်တဲ့သူကျတော့ ဘာလုပ်နေနေ
အပြစ်မပေးဘူး ဒါလားဆရာမ
ကျောင်းသူကျောင်းသားတွေ တော်တော် ဒုက္ခရောက်ကျတယ်
သူတို့ကျုရှင်ကိုလဲ ကြောက်လို့တက်ရတယ် တတ်အောင်လဲ
အခြားကျုရှင်ကို တက်ရသေးတယ်လေ
အချိန်ကုန် လူပင်ပန်းတာပေါ့
နောက်ဆိုရင်
အနန္တော အနန္တ (4 )ပါးပဲကျန်တော့မှာပါ
အာစရိယ ဂုန္တော အနန္တာ ဆိုတာ ပျောက်ကွယ်တော့မှာပါ
အတတ်လဲသင်
ပဲ့ပင်ဆုံးမ
သိပ္ပမချန်
သင့်ရာအပ်ပို့
ဆရာတို့ ကျင့်ဖို့ဝတ်ငါးပါး
ခုခေတ် ဆရာများ ဘယ်အချက်နဲ့ ကိုက်ညီပါတလဲ
ပညာကို ငွေကြေးနဲ့ ရောင်းဝယ်နေကြတာလေ
ကျောင်းတွေမှာ ရိုးရိုး ကျုရှင်တဲ့
ရှယ်ကျုရှင်တဲ့ အမျိုးမျိုးခေတ်စားနေကျတာလေ
တိုင်းပြည် အုပ်ချုပ်တဲ့ သမ္မတက စာမတတ်တော့ တိုင်းပြည်က
ဒီလို ကမောက်ကမတွေဘဲ ဖြစ်နေမှာလေ
မအောင်မနေရ စနစ်ကြောင့်လဲ ကလေးတွေဟာ ရေသာခို အချောင်
သမားတွေဖြစ်နေပြီလေ
တိုင်ပြည် အနာဂတ်အတွက် တော်တော်ရင်လေးစရာကောင်းနေပြီ
တာဝန်ရှိသူများမှ ပညာရေးစနစ်ကို ပြုပြင်ပေးပါရန် တင်ပြပါသည်

datha said...

state ကျောင်းတွေမှာတင် မအောင်မနေရ စနစ်ဖြစ်နေတာမဟုတ်ဘူး
ဆရာအတတ်သင်ကျောင်းတွမှာလဲ
မအောင် မနေရစနစ် ပဲလေ
ဆရာတွေကမှ တကယ်မတတ်ဘဲ ကျောင်းသားတွေကို ဘယ်လိုသင်မလဲ
ဆရာအတတ်သင်ကျောင်းတွေမှာလဲ အရည်အချင်း မှီသည်ဖြစ်စေ မမှီ
သည်ဖြစ်စေ အအောင်ပေးရတာဘဲ မအောင်တဲ့ သူရှိရင်ကျောင်းအုပ်က
ထုချေလွာတင် ရတယ်လေ
ကျောင်းအုပ်တွေကလဲ သူတို့ရာထူးတည်မြဲဘို့ အကုန်အအောင်ပေးတာဘြဲ
တိုင်းပြည်က တိုးတက်ဘို့လမ်းမမြင်တော့ဘူးလေ
ကိုကျိုးအတွက်ပဲ ကြည့်တဲ့လူများနေပြီလေ
ဘယ်သူသေသေ ငတေ မာရင်ပြီရောဖြစ်နေပြီလေ
စစ်အစိုးရရဲ့ စနစ်ဆိုးကြောင့် တိုင်းပြည်လဲမွဲနေပြီ
ဘာမှသုံးစားလို့မရတော့ဘူးလေ

Anonymous said...

အလွတ်ကျက်..နှုတ်တိုက်သင်..စဉ်းစားတွေးခေါ်ခွင့်မပေး..တုတ်ကိုင်ဆုံးမနေတဲ့ အာဏာရှင်ပညာရေးစနစ်နိဂုံးချုပ်သင့်နေပြီ..လွှတ်တော်အမတ်မင်းများ ကျွေးတာစားပြီးလွှတ်တော်ထဲလာငိုက်နေယုံနဲ့တော့မပြီးဘူးနော်..ကိုယ့်သားသမီးထိမှထအော်မဲ့ဘ၀နဲ့တော့..ပြည်သူ့လွှတ်တော်အမည်တပ်မနေနဲ့တော့...။

Htat Aung said...

ငယ်ရွယ်နုနယ်တဲ့အရွယ်ခလေးသူငယ်တွေကို သင်ပြပေးတဲ့ဆရာတွေသည် အသက်ကြီးမှ သင်ပေးတဲ့ဆရာတွေထက် ပိုပြီးတာဝန်ကြီးတယ်ဆိုတာကို သိထားဘို့လိုပါတယ် ခလေးတွေဟာဒီအရွယ်မှာ အရာအားလုံးကိုသင်ယူနေပါတယ် မိမိပတ်ဝန်းကျင် မိမိလေးစားအားကိုးရတဲ့ သူတွေရဲ့အမူအကျင့်တွေဟာ ခလေးတွေရဲ့အနာဂါတ်အတွက် အဆုံးအဖြတ်တွေပါ နုနယ်တဲ့နှလုံးသားတွေကိုအကြောက်တရားဖြစ်အောင်လုပ်ခြင်းသည် အနာဂါတ်ကို သတ်သလိုဖြစ်နေပါသည် သူများတိုင်းပြည်တွေမှာ စာသင်ကျောင်းကို လာချင်အောင်လုပ်ပါသည် ကျောင်းကိုကြောက်အောင်မလုပ်ပါ အိမ်ကမိဘတွေက ခလေးကိုရိုက်တယ်ဆိုရင်တောင် ကျောင်းကနေ ခလေးဖက်ကူညီပြီး သက်ဆိုင်ရာကို အကြောင်းကြားနေပါသည်၊အဲလောက်တော့နားလည်သင့်သည် အကြောက်တရားနဲ့မအုပ်ချုပ်ပါနဲ့ အသိတရားနဲ့အုပ်ချုပ်ပါ၊အမေရိကားမှာ ကျောင်းကားလာရင် သမတ ကားကတောင်ရပ်ပေးပါတယ်နော်၊သမတ သေရင်တယောက်ပဲ ကျောင်းကားထဲမှာ သမတ တွေအများကြီးပါတယ်လို့ခံယူပါတယ်၊တိုးတက်တဲ့ခေတ်မှာ မျက်ခြေမပြတ်ကြပါနဲ့

ဖိုးတောက် said...

ကလေးတွေကို ကျောင်းကို ကြောက်အောင် မခြောက်ကြပါနဲ့...

Anonymous said...

အခုလို ရိုက်နှက်ဆုံးမ သင်တဲ့စံနစ်ကို ဥပဒေနဲ့ ပြင်ဆင်ပေးပါတော့ . . . ကြောင်တဲ့စိတ်က ဖွံ့ ဖြိုးတိုးတက်မှု့ ကို နှောက်နှေးစေပါတယ် . . . ကျက်တဲ့ စာသင်စံနစ်ကနေ ဖတ် ပြီး လေ့လာ ဆွေးနွေးတဲ့ ပညာရေးစံနစ်ကို စတင်ပြောင်းလဲသင့်ပါပြီး . . . စာကျက်ပြီးအောင်တဲ့ခလေးဟာလဲ တစ်ပွဲတိုးပဲ ဖြစ်မှာပဲ . . . . အထူးသဖြင့် ဆရာ ဆရာမ တွေရဲ့  စာသင်တဲ့ မူ ကြမ်းတမ်းစွာ ဆုံးမတဲ့ အကျင့်စရိုက်တွေကို အထူးပြုပြင်ပေးသင့်ပါပြီ . . . အနာဂတ်ရဲ့ ခလေးများ စိတ်ဒါဏ်ရာ ကင်းစေချင်သည် . . .

Moegok Thu said...

သြော် ကလေးလေးရယ် ဘယ်လောက်များ ရိုက်ခံလိုက်ရလို့... လက်က အဲ့ဒီလိုဖြစ်သွားရတာလည်း.. အစ်မတို့တုန်းက အရိုက်ကြမ်းလှပါတယ်ဆိုတဲ့ ဆရာမ ရိုက်တာတောင် ဘာမှ သိပ်မဖြစ်ဘူး... သနားပါတယ်.... ကလေးကို အဲ့လိုလုပ်တာ... ကြည့်ရတာ.. ဒီဆရာမ အပျိုကြီးလား မသိ.. သားသမီးချင်း ကိုယ်ချင်း မစာမနာ ရိုက်ရက်လိုက်တာ

Numega said...

ပညာရေးဌာနရဲ့ အဆိုတစ်ခုရှိတယ်လေ
"ကျောင်းနေပျော်၍ စာတော်စေရမည်" တဲ့
ဆရာ၊ ဆရာမတွေအတွက်လား။ ကျောင်းသူ၊ ကျောင်းသားတွေအတွက်လား တောါမသိဘူး

Ei Thuzar said...

ကျောင်းဆရာမလား???? လက်ဝှေ.သမားလား???? ဒါမှမဟုတ်...ရွှေဒူဝံကိုအားကျလို.ထင်တယ်။ ကျောင်းနဲ. လက်ဝှေ.စင်မှားနေပြီ၊ မိမိခင်ရယ်.......။

Hein Htet said...

သူ့ဆီမှာ ကျူရှင် မတက်လို့နေမှာပါ။

ပုဂံစစ်သည် said...

ဆုံးမမှုပုံစံတွေဟာ တော်တော့်ကို လွှဲမှားနေပါတယ်။ ဆရာဆိုတာက ကျောင်းသားစာမလုပ်တောင် စိတ်ပါဝင်စားအောင်လုပ်တဲ့ နည်းနဲ့သင်ယူပေးရမှာပါ၊ ဒါမှဆရာအစစ်ပါ၊ စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုတဲ့နာသုံးနာနဲ့ သင်ပေးတဲ့ဆရာတွေ ဒီလိုမျိုးမဖြစ်သင့်ပါဘူး၊ ကျွန်တော်တို့လဲ ဆရာတွေကိုချစ်ပါတယ် လေးစားပါတယ် တကယ်တန်းစဉ်းစား ကြည့်တော့ကျွန်တော့်တို့တွေ အခုလိုရေးတတ် ဖတ်တတ်နေတာတွေဟာ ပြောမပြတတ်လောက်အောင် တန်ဖိုးကြီးတဲ့ဆရာတွေရဲ့မေတ္တာတရားနဲ့ သင်ပေးခဲ့လို့ အခုလိုလူတောတိုးနေတာပါ။ အခုခေတ်မှာ ဒီလိုမျိုးနာသုံးနာနဲ့ သင်ပေးရမယ့်အစား ပိုက်ဆံနဲ့သင်ပြီး စီးပွားရေးလုပ်သလိုမျိုး လုပ်နေတာဟာ မြန်မာနိုင်ငံရဲ့ပညာရေးကို အစွံအထင်းဖြစ်စေပါတယ်။ ဒါကြောင့်ဆရာ၊ဆရာမတွေ မေတ္တာအရင်းခံနဲ့သင်ပေးရင် တိုင်းပြည်အတွက် လှပတဲ့ပန်းတွေပွင့်လန်းလာမှာမလွှဲမသွေပဲဗျာ။

myat zaw oo said...

we were lucky.we were taught by good teachers.Wow it is such a luck to meet with good teachers ( like my yenangyaung BEHS 1 teachers)

kokomaung said...

မိမိခင်ကို ပြုတ်အောင် လုပ်ပါ မမိုးမြတ်သူဧ။် မိဘများခင်ဗျား။

myochit.mm.2012@gmail.com said...

Moegok Thu ရေ... ဆရာမက အပြိုကြီးတဲ့ဗျာ.. ဟိဟိ...

ma swe zin said...

အောက်တန်းကျလိုက်တာ....ကြာလေကြာလေ..ဆ၇ာမတွေကျက်သေ၇တုံးလာတယ်...စေသနာပျက်လာပြီနော်....ကလေးမှားတယ်..ဘဲထားအုံးတော့ဒီလောက်ထိဆုံးမစ၇ာလိုလို.လား....ငါ့ သမီးသာဆို၇င်နင်တို.ကျောင်းအခုလောက်ပြာကျနေပြီ.....ကျောင်းအုပ်တွေအထက်လူကြီးတွေဘာလုပ်နေလဲ......ဒိဆ၇ာမကိုအေ၇းဃူမဃူစောင့်ကြည်.နေမှာပါ....

ုkyaw said...

တကယ်ဆိုမအောင်မနေရပညာရေးစနစ်ဆိုလျှင် ဘာမှကျူရှင်ယူစရာမလိုဘူး ခုဖြစ်နေတာက စာလဲမတတ် ပိုက်ဆံတွေလဲအများကြီးကုန်နေရတယ် တမင်ညဏ်ရည်နှိမ့်အောင်စီမံချက်နဲ့လုပ်နေတာ တိုင်းပြည်ရဲ့အနာဂါတ်လူငယ်တွေကိုတိရစ္ဆာန်သာသာလေးလောက်ပဲတွေးတတ်အောင် အချိန်ယူပြီးလုပ်နေတာ ခုပဲကြည့်ဆရာတွေကိုယ်တိုင်ကိုကအတွေးအခေါ်တွေညံ့ဖျင်းနေကြပြီး။

tharzaw said...

အင်း ... ဆရာမတွေ ...
အနန္တောအနန္တငါးပါးထဲမှာ ဒီလို ဆရာမမျိုးတွေ မပါဘူးဗျို့။
ဆိုတော့ ... ပြုတ်သွားအောင် ဖြုတ်ပစ်ကြဗျာ။

mightkhae said...

မိုက်ခဲလေး
ဆရာပေါ့ အဲ့ဒါ မိမိခင်စဉ်စားလိုက်ဦးနော် ကျောင်းစာသင်နေတာ လက်ဝှေ့ထိုးနေတာမဟုက်ဘူး မှားနေတယ် အဲ့လိုလုပ်ချင်ရင်လက်ဝှေ့ထိုးစား လိုက်တော့ ကျောင်းဆရာမမလုပ်နဲ့တော့

Tiger said...

ရွာဦး ဘုန်းကြီးကျောင်းက ဆရာတော်ကြီးတွေက နွားကြိမ်လုံး ကိုင်ပြီး ဆုံးမတယ်။

ကျောင်းဆရာ ဆရာမက ကျောင်းသာကို ကိုယ်ထိလက်ရောက်ဆုံးမတယ်။

ယောင်္ကျားက မိန်းမကို ပါးရိုက်နားရိုက်ဆုံးမတယ်။

မိဘက သားသမီးကို နီးစပ်ရာ ဒုတ်၊ ဒါး ကြိမ်လုံး သုံးပြီး ဆုံးမကြတယ်။



စစ်တပ်က ပြည်သူကို သေနတ်ကိုင်ပြီးဖမ်းဆီးနိပ်စက် သတ်ဖြတ်ဆုံးမတယ်။

အတော်ကို ဘာသာတရားတန်ဖိုးထားတဲ့ နိုင်ငံမှာ ကိုယ်ထိလက်ရောက် ပြုမှု ဆောင်ရွက်နေတာတွေ ရပ်တန်းက ရပ်သင့်ကြပါပြီး။

အလွန်ရှက်စရာကောင်းပါတယ်။

သားငယ်လေး said...

ကျောင်းဆရာ/ဆရာမ ကို ဖျက်တာ ကျောင်းသားမိဘတွေပါ။ ကျွန်တော်တို့ လက်ထက်တုန်းက မလိုက်နိုင်တဲ့ ကလေးတွေကို ပိုက်ဆံမယူဘဲ အိမ်မှာခေါ်သင်ပေးတဲ့ ဆရာမတွေနဲ့ ကြုံရတာပါ။ ကလေးကို ရိုက်လဲ ဘယ်မိဘကမှ ကက်ကက်လန် ပြန်မပြောပါဘူး။ အခုခေတ်ကလေးတွေက အရမ်းဆိုးလာပါတယ်။ အဲဒီဒုတိယတန်းကျောင်းသူလေးကို အဲဒီလောက်တော့ မရိုက်သင့်ဘူးပေါ့ဗျာ။ လက်ကို သိုင်းထားပေးရတာ ကျောက်ပတ်တီးကိုင်လိုက်ရလို့ လား။ အရမ်းဖြစ်သွားလို့ လား။ ဆရာဝန်မှတ်ချက်လေးပါတင်ပေးရင် ပိုကောင်းမယ်ဗျာ။ ကလေးကို ဆရာတွေက ရိုက်နှက်ဆုံးမခွင့်မရှိဘူးဆိုတဲ့ အတွေးအခေါ်တွေ ထွန်းကားနေတယ် စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ။ ဗကကျောင်းက ဆရာတော်တွေက ကြိမ်လုံးကိုင်ပြီး ဆုံးမခဲ့ လို့ ပညာတတ်ပြီး ပါရဂူဘွဲ့ ရခဲ့ တဲ့ သူတွေ တပုံကြီးပါ။ ကလေးအမေတွေရေ ခင်ဗျားတို့ လည်း သတိထား။ ခင်ဗျားတို့ နည်းပေးလမ်းပြလုပ်လို့ နောင်တချိန် ကလေးတွေက ကိုယ့်အမေ။အဖေကို ရိုက်လို့ တရားစွဲနေဦးမယ်။ ဗွီဒီယိုကြည့်လိုက်တော့ အရိုက်ခံရလို့ ပတ်တီးပတ်ထားတဲ့ လက်က လှုပ်ရွနေတာပဲ။ အရမ်းဒဏ်ရာ ပြင်းလို့ နဲ့ တူတယ်။ အနန္တဂိုဏ်းဝင်တွေကို စော်ကားပြီးတာ့ ပညာတတ်ကြီးဖြစ်တော့မှာပဲ။

king said...

ဒီလိုဆရာမမျိုးတွေကို ပြုတ်သွားအောင်ဖြုတ်ပစ်ကြပါ။ တခြား ဆရာ ဆရာမတွေအတွက် စံပြဖြစ်အောင်အရေးယူဆောင်ရွက်ပေးသင့်ပါတယ်။
အ.ထ.က (၂)စမ်းချောင်က ဆရာမဒေါ်စန်ဒါ(မူလတန်းပြ) လဲသတိ သာထားပေတော့။ ဒေါ်စန်ဒါဟာ သူ.ဆီကျူရှင်မတက်သောကလေးများနဲ. လက်ဆောင်ခဏခဏမပေးသူတွေကို တမင်အပစ်ရှာပြီး ကြမ်းကြမ်းတမ်းတမ်းရိုက်တဲ့အပြင် ကလေးတွေမှာပါလာတဲ့ မုန်.တွေကိုလဲယူယူစားတဲ့ အကျင့်ဆိုးရှိတဲ့ ဆရာမမျိုးပါ။
ဒေါ်စန်ဒါရေ နင်လဲသတိသာထားပေတော့။ နင့်အလှည်.လဲ ရောက်လာဦးမှာပါ။ ကိုယ်ပြုတဲ့ကံပဲ့တင်သံ ကိုယ့်ထံပြန်လာမှာမို. ရောင်ပြန်ဟတ်လာမဲ့အချိန်ကိုသာ စိတ်ခိုင်ခိုင်ထားပြီး စောင့်နေပေတော့ ဒေါ်စန်ဒါရေ။ ကလေးတွေဆိုတော နိုင်ငံတော်ရဲ.အနာဂတ်ကြယ်ပွင့်လေးတွေဖြစ်တဲ့အတွက်ကြောင့်. ကလေးသူငယ်ဥပဒေကိုလဲ ခိုင်ခိုင်မာမာထုတ်သင့်ပါတယ်။ ဒီလိုကြမ်းတမ်းတဲ့ ဆရာမျိုးတွေကိုလည်းအလုပ်ဖြုတ်သင့်ပါတယ်။

ကောင်းကင်သစ် said...

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အဖေက ကျောင်းအပ်တဲ့ အချိန်မှာ “ဆရာကြီးခင်ဗျား၊ ကျွန်တော့်သားကို ဆရာကြီးလက် အပ်ပါတယ်၊ လိုအပ်သလို ဆုံးမပါ၊ မကျိုးမကန်းရင်ပြီးတာဘဲ” ဆိုပြီး အပ်ခဲ့ပါတယ်။ ဘယ်ဆရာကမှလည်း ကျိုးအောင်ကန်းအောင် မရိုက်ခဲ့ပါဘူး။ ပြန်တွေးကြည့်ရင် ကျွန်တော်တို့ခေတ်က ဆရာ/ဆရာမတွေ လိုအပ်ရင် ရိုက်ဆုံးမခဲ့တာ ကျေးဇူးတင်တယ်။ သူတို့သာ ရိုက်မဆုံးမခဲ့ရင် ကိုယ်လည်း ဒီလို ပညာတတ်တစ်ယောက်ဖြစ်မယ် မထင်ဘူး။ ကျွန်တော် အခု ဆရာဝန်တစ်ယောက်ပါ။ ကိုယ့်ရပ်ရွာပြန်ရောက် တိုင်း မကွယ်လွန်သေးတဲ့ ဆရာကြီး ဆရာမကြီးများကို မမေ့မလျော့ သွားရောက်ကန်တော့ပါတယ်။ အခုခေတ် လူငယ်များ စဉ်းစားနိုင်ကြပါစေ။

garfield said...

အေးဗျာ .. သမီးတယောက် မွေးထားပြီး မိဘစကား နားမထောင်ဘဲ ရည်းစားနဲ့သွားအိပ်မယ်ဆိုရင် ဘယ်လို ဆုံးမရမယ် မှန်းတောင် မသိတော့ဘူး။ ခြောက်ပြောလို့လည်း မရ .. ချော့ပြောလည်းမရ .. ရိုက်နှက်ဆုံးမ ပြန်ရင်လည်း ဗျူးဆရာပြောသွားတဲ့ ဒီမိုကရေစီ ဥပဒေဆိုတာကြီးနဲ့ မိဘအုပ်ထိန်းသူက အရေးယူခံရဦးမယ်ဆိုတော့ ... "သမီးရေ .. နင်သွား အိပ်မယ်ဆိုရင်လည်း အဖော်သာ လုံလုံလောက်လောက် ဆောင်သွား၊ ၀ယ်လို့ မအားရင် အဖေ ဆိုင်က ၀ယ်ထည့် ပေးလိုက်မယ်လို့" ပြောဆို ဆုံးမရမလားတောင် မသိတော့ဘူး။ ဒါကြောင့်လည်း တိုးတက်တဲ့ နိုင်ငံတွေမှာ Sex Education ဆိုတာကို ငယ်ငယ်ရွယ်ရွယ်နဲ့ သင်ပေးနေကြတာ ထင်ပါရဲ့။

မောင်မောင် Comment said...

ကျနော် ငယ်ငယ်က အတန်းထဲမှာ ခုံခေါက်ပြီးသီချင်း ရေးရင် ဒါကို ဆရာမ က သိတော့ အတန်းရှေ့ကို လာစမ်း...... လူပုံအလယ် အရှက်ကြီး ရှက်ရအောင် ခုံခေါက်တဲ့ လက်ကလေးကို ပေတံဇောင်း နဲ့ ခုတ်ပြီး..မှတ်အောင်...အပြစ်ပေးတယ်....

king said...

ဖွံ.ဖြိုးတိုက်တက်နေတဲ့နိုင်ငံတွေမှာ ကလေးသူငယ်ဥပဒေတွေဘယ်လိုရှိတယ်ဆိုတာ လေ့လာသင့်ပါတယ်။
ကလေးတွေမှားလဲ ရိုက်နှက်ဆုံးမစရာမလိုပါဘူး။
နားမလည်လျှင်နားလည်အောင် သဘောမပေါက်လျှင်သဘောပေါက်အောင်
သွန်သင်ဆုံးမရမှာပါ။ ဖွံ.ဖြိုးတိုက်တက်တဲ့အနောက်နိုင်ငံတွေမှာ တိရစ်ဆန်(ပတ်ဆင့်မရလို.သည်းခံပါ)ကိုတောင် ရိုက်နှက်မဆုံးမပါဘူး။ အခုဒေါ်မိမိခင်ကိုမေးချင်ပါတယ် (သူ.သား သမီးဆိုရင်ရော အဲလောက်အပစ်လေးကို အဲလိုရိုက်မှာလားလို.)။ ကလေးရဲ.မိဘတွေကို ကိုယ်ချင်းစာမိပါတယ်။

win said...

အားလုံးကိုပြန်သုံးသပ်လိုက်ရင်အဓိကအကြောင်းကတော့စီးပွားရေးဆိုတဲ့ဝင်ငွေ/ထွက်ငွေမမျှတမှု့ ငွေကြေးဖောင်းပွလာတာနဲ့အမျှစားသောက်/ကုန် ပစ္စည်းများအဆမတန်ဈေးနှုံးမြင့်တက်လာမှု့ ဒီကနေစခဲ့တာပါ၊ ဆရာ ဆိုတာဟိုးအရင်ကတည်းကရှိခဲ့တာမဟုတ်လား?ကျေးဇူးကြီးလွန်းလို့အနန္တဂိုဏ်းထဲမှာတောင်ပါဝင်ခဲ့တာပါ၊လူ့အဖွဲ့အစည်းမှာဆရာဆိုတဲ့လူတန်းစားဟာ မိဘတွေရဲ့ကိုယ်စားသားသမီးများကိုအသိ/အလိမ္မာ/အတတ်ပညာများ သင်ကြားပေးရန်ဆိုပြီးပေါ်လာရတယ်လို့မှတ်သားဘူးပါတယ်၊ယခုခေတ်အနေအထားအရ မြန်မာနိုင်ငံရဲ့ပညာရေး/စီးပွားရေး စတဲ့..အရေး အားလုံးဟာအောက်တန်းနောက်တန်း ကိုရောက်နေတာတော်တော်ကြာခဲ့ပြီဆိုတာအားလုံးသိပါတယ်၊ဒီအထဲမှာအဆိုးဆုံးကတော့ စာရိတ္တ ပဲ(အားလုံးကိုမဆိုလိုပါ)လူအများစုဟာကိုယ့်ကိုကိုယ်တန်ဘိုးမထားနိုင်ကြတော့ဘူး၊ကိုယ်ကျင့်သိက္ခာတွေကိုထည့်မတွက်နိုင်တော့ဘူးမိမိနှင့်မိသားစုအတွက်ရုန်းကန်နေကြရတယ်၊ဒီအထဲမှာဆရာဆိုတဲ့လူတန်းစားလဲပါတာပဲမဟုတ်လား?သူလည်းမိသားစုနဲ့ပါ၊မိဘတွေ ဒီအတိုင်းပါပဲမိသားစုနဲ့ပါ၊စားဝတ်နေရေးအတွက်ခက်ခက်ခဲခဲရုန်းကန်နေကြရတာနိုင်ငံသားအားလုံးပါ၊လှုပ်ရင်းမြုပ်နေစီးပွားရေးနွံထဲမှာ အဆင်မပြေမှု့ကများနေတော့ မုဒိတာ ဆိုတာဘယ်လိုရောက်လာနိုင်မှာလဲ လောဘ ဒေါသ မောဟ ဒါတွေပဲလွှမ်းမိုးနေမှာအမှန်ပါ၊အကုသိုလ်စိတ်များပါဘဲ၊(လူသားအားလုံး အကုသိုလ် ကိုရှောင်ရှားနိုင်ပါစေ၊ ပြည်သူအပေါ်နားလည်ပြီးကောင်းမွန်သောအစိုးရလျှင်မြန်စွာပေါ်ထွန်းပါစေလို့သာဆုတောင်းပေးပါရစေ၊။။။။။)

Thiri Printshop said...

Please try show this teacher photo

iban said...

ဆရာမက အရိုက်ကြမ်းတာလည်း ဖြစ်နိုင်ပါတယ်။ မိဘဖက်က အမြင်ကပ်ပြီး ပွဲဆူအောင်ဖွတာလည်း ဖြစ်နိုင်ပါတယ်။ လက်ကဒဏ်ရာကို အသေးစိပ် ဗွီဒီယိုရိုက်ပြရင် ဒဏ်ရာအကြီးအသေးကို အသေအချာ သိနိုင်မယ်။ ကြက်မွေးကသံနဲ့ ခြစ်မိယုံနဲ့ ဒီလိုသိုင်းကြိုးကြီးဆွဲထားရလောက်အောင် ဒဏ်ရာ ပြင်းထန်သလား၊ တကယ်ဖြစ်တာဆိုရင် ဒီဆရာမ အလုပ်ပြုတ်မှာသေချာတယ်။ သားသမီးချင်း ကိုယ်ချင်းမစာလို့မဟုတ်ပါဘူး။ ပိုပြီး တိတိကျကျပြနိုင်မှ ပိုပြီးထိရောက်မှာပါ။ ဒေါသနဲ့ ရိုက်နှက်တာမျိုးကို ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် လုံးဝကန့်ကွက်ပါတယ်။ မိဘတွေဖက်က နာကျည်းဒေါသဖြစ်မှာကတော့ လက်ခံတယ်။ ဒါပေမယ့် နှစ်ဦးနှစ်ဖက် ရိုးသားမှုရှိမှ အပြုသဘောဆောင်မှာပါ။

ကျော်ထိုက် said...

ဘာဆရာမလဲ...အိမ် မှာ ပေါက်ကွဲလို့ မရတိုင်း ကျောင်းလာ ပြီး ကလေး တွေကို ကိုယ်ထိလက်ရောက် ရိုင်းရိုင်း စိုင်းစိုင်း လာ ပေါက်ကွဲနေတာ......ကလေး မိခင် ရေ... ကျောင်းရှေ့သွား ပြီး ဆံပင် ဆွဲ ပြီး ပါးသာ သွား ၇ိုက်ပလိုက်....မှတ်လောက် သားလောက် သာ လုပ်ပလိုက်....

မေ၀မ် said...

"မိဘ ဆရာပူးပေါင်း ကလေးပညာကောင်း" ဆိုတဲ့ အဆင့်ကိုကျော်ပြီး ဘာလို့ တိုင်ဟယ်တောဟယ်ဆိုတဲ့ အဆင့်ကျော်လှမ်းချင်ကြတာလဲ စဉ်းစားစရာတွေဖြစ်နေပြီ၊ အရည်အခြင်းမရှိတဲ့ မီဒီယာတွေက ခုတုံးလုပ်ပြီးနင်းတက်တာ ခံနေကြရပြီလားပြန်စဉ်းစားဖို့လိုမယ်။ ရခိုင်ဆိုတဲ့ လူမျိုးရေးကိုလဲ တလွဲဆံပင်ကောင်း ရှေ့တန်းတင်လာလိုက်သေးတယ် ဒီသားအမိနှယ်....။
ဆရာမ ကိုမမှားဘူး အကျင့်မပျက်ဘူးလို့ ၀င်ကာပေးတာမဟုတ်ဘူးနော် အဲဒါတွေက တပိုင်းသတ်သတ်ထားပြီး လိုအပ်သလို တဆင့်ခြင်း တင်ပြဖြေရှင်းသွားရမယ်လို့ မြင်တယ်။

realism said...

နောင်ဆို၇င်မိဘကတောင်ဆုံးမလို့မ၇ဖြစ်မှနောင်တမ၇ကြနဲ့နော်..
အ၇ာ၇ာကိုအကျိုးအပြစ်သေချာစဉ်းစာြး့ကပါ...အခုတလောဆ၇ာ/ဆ၇ာမတိုင်တာခေတ်စားနေတယ်.....ကျွန်တော်အမြင်တော့
သာမန်ဆုံးမမှုတွေတော့၇ှိနေဦးမှာပဲ....ကျွန်တော်ကိုယ်တိုင်၇ိုက်နှက်ဆုံးမတာအားမပေးပေမယ့်....အတိုင်းအတာတစ်ခုထိလိုအပ်တယ်လို့ယူဆပါတယ်......

thetkalay said...

အဲဒီအချိန်မှာရှိနေတဲ့ဆရာမရဲ့စေတနာကဘာလဲမသိပါ။ ဒါပေမယ့် comments အများစုကတော့ ဆရာမအပြစ်လို့ပဲပြောကြပါတယ်။ ကျူရှင်ကိတ်စတွေနဲ့အမြင်မကြည့်ဖြစ်နေကြတာဖြစ်မှာပါ။ ကိုယ့်စိတ်နဲ့နှိုင်းပြီးပြောကြည့်ပါမယ်။ ဆရာမတယောက်ရဲ့ခံစားချက်ကဆရာ/ဆရာမလုပ်ဖူးမှသိပါတယ်။ ကလေးကိုကောင်းစေချင်တဲ့စေတနာဆရာ/ဆရာမတိုင်းမှာရှိပါတယ်။ ဆရာ/ဆရာမတွေအားလုံးကောင်း၏လို့မဆိုလိုပါ။ ကိုယ့်စိတ်ခံစားချက်နဲ့ပဲပြောတာပါ။ အနန္တောအနန္တငါးပါးထဲမထည့်ရင်နေပါ။ မရှိခိုးခိုင်းပါဘူး။ ကလေးတွေရဲ့အကြောက်တရား..အကြည်ညိုခံမဖြစ်ချင်ပါဘူး။ ကိုယ့်တတ်သရွေ့သင်ပေးပါတယ်။ ကလေးတွေကိုဆုံးမလို့ဒီလိုအပြောခံရမယ်ဆိုရင်မဆုံးမတော့ပါဘူး။ ကလေးကိုသူ့မိဘတွေသာဆုံးမစေမှာပါ။ ၀င်မစွက်တော့ပါဘူး။ ဒါမှမဟုတ် ဆရာမမှားနေကြောင်း comment ပေးကြသူများ..မည်သို့မည်ပုံဆုံးမရမည်ကိုသင်ကြားပြသပေးပါ။ စာအုပ်ထဲကသီအိုရီထဲကအတိုင်းမပြောပါနဲ့။ ကိုယ်တိုင်လုပ်ဆောင်ကြည့်ပိး..ကလေးတိုင်းကိုဆိုဆုံးမလို့ရရင်ဒီဘလော့မှာတင်ပြပေးပါ။ ဆရာ/ဆရာမတွေလိုက်လုပ်ကြည့်ပါမယ်။ ဒီလိုဆုံးမလို့မရရင်ဘယ်လိုလေးလုပ်လိုက်ပါလို့အကြံပေးပါ။ ဒီခောတ်ကလေးတွေဘယ်လောက်ဆိုဆုံးမရခက်တယ်ဆိုတာအားလုံးသိပါတယ်။

naingzawzaw said...

ရိုက်နှက်ဆုံးမခြင်းကိုလုံးဝကန့်ကွက်ပါသည်။
သို့သော် ဆရာ့ဝတ်ငါးပါးထဲမှ `ပဲ့ပြင်ဆုံးမ´ဟူသော ၀တ္တရားကိုလည်း
ထည့်သွင်းဆင်ခြင်ကြည့်ကြစေလိုပါသည်။
ကိုယ့်ကျူရှင်တွင်တက်သူများကို ဦးစားပေးတတ်သော ဆရာဆရာမ
အချို့၏ အကျင့်ဆိုးကို ပြင်ရန်အတွက် နည်းလမ်းတစ်ခုတော့ရှိသင့်ပါပြီ။
ခေါင်မိုးမလုံလျှင်တော့ မိုးယိုမည်မှာအမှန်ပင် ဖြစ်ပါ၏။
ဆရာနှင့်တူသောဆရာများကို တွေ့မြင်ရသော အချိန်တွင်မြန်မာပြည်
သည် သူများနောက်ကျန်ခဲ့တော့မည် မဟုတ်ဟု ထင်မြင်မိပါသည်။

Powered by Blogger.