ပဒို မန်းငြိမ်းမောင် အထူးဧည့်သည်အဖြစ် နေပြည်တော်သို့ သွားရောက် လေ့လာ

နိုင်ငံတော် သမ္မတ၏ လွပ်ငြိမ်းချမ်းသာခွင့်အရ ယနေ့ ( မတ်လ ၁၈ ရက်နေ့ ) တွင် အင်းစိန်အကျင်းထောင်မှ လွတ်မြောက်လာသော ပဒို မန်းငြိမ်းမောင်သည်  ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အထူးဧည့်သည်အဖြစ် နေပြည်တော်သို့ သွားရောက် လေ့လာ နေကြောင်း The Voice Weekly ၏ သတင်းရင်းမြစ် များကပြောကြားသည်။

နိုင်ငံတော် ပုန်ကန်မှု မတရားအသင်း အက်ဥပဒေများဖြင့် ထောင်ဒါဏ်တစ်သက်တစ်ကျွန်းနှင့် သုံးနှစ် ချမှတ်ခံခဲ့ရသော KNU ဗဟို ကော်မတီဝင် ပဒို မန်းငြိမ်းမောင်အား အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ အကောင်ထည် ဖော်ရာတွင် ထိရောက်မှု ရှိစေရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးကို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံတော် သမ္မတကြီးထံ တင်ပြပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ် ဇူလိုင်လက တရုတ်ပြည် ကူမင်း လေဆိပ် တွင် ဖမ်းဆီးခံခဲ့ရသော ပဒို မန်းငြိမ်းမောင်အား  တရားရုံးက အမိန့်ချမှတ်ခြင်း မပြုမှီ လွတ်ငြိမ်းချမ်းသာခွင့် ပေး၍မရဘဲ တရားရုံးက အမိန့်ချမှတ် ပြီးမှသာ လွတ်ငြိမ်းချမ်းသာခွင့်အား ဆောင်ရွက်ပေးနိုင်မည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက သတင်းမီဒီယာ၏ တွေ့ ဆုံမေးမြန်းမှုများကို ကြားခဲ့သည်။

မတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ သမ္မတ ဟိုတယ်၌ ပြုလုပ်သော ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ကရင် အဖွဲ့အစည်းများ တွေ့  ဆုံပွဲတွင် KNU နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေး လုပ်ငန်းစဉ်များအတွက် ကရင် တိုင်းရင်းသား နိုင်ငံရေးပါတီများ ကရင်အရပ်ဘက်
လူ့အဖွဲ့အစည်းများ၊ ကရင်ဒေသခံများ ပါဝင်ကူညီပေးရန် ဦးအောင်မင်းက ပြောကြားခဲ့သည်။

 The Voice Weekly
ပဒို မန်းငြိမ်းမောင် အထူးဧည့်သည်အဖြစ် နေပြည်တော်သို့ သွားရောက် လေ့လာ ပဒို မန်းငြိမ်းမောင် အထူးဧည့်သည်အဖြစ် နေပြည်တော်သို့ သွားရောက် လေ့လာ Reviewed by သစ်ထူးလွင် on 05:54 Rating: 5

5 comments:

Tri Asian Taste said...

တတ်လည်းတတ်နိုင်တယ်ကွယ်တို့။ တရားပြနေသလားအောင်မေ့ရတယ်။ သံဝေဂ ရစရာ ကြီးပါလား.....
အော်.....အနိစ္စ... အနိစ္စ...

wai htun said...

ဦးလေး ငြိမ်းမောင် ကျွန်တော်က မြန်မာစစ်စစ်ပါ။ ဒီအစိုးရက ပြည်သူလူထုကို အရမ်းညစ်ပတ်တဲ့ အစိုးရပါ။ ဒီလို လက်ပိုက်ကြည့်နေလို့မရပါ။ တဖက်တလမ်းက ကူညီပေးပါရန်..............

007747 said...

ဝမ်းသာပါတယ်ဖဒို။ မျှတတဲ့အခွင့်အ‌ရေးနဲ့ ငြိမ်းချမ်း‌ရေးရရှိ‌အောင် ကူညီ‌ဆောင်ရွက်‌ပေးပါလို့‌တောင်းဆိုချင်ပါတယ်။ စွန့်လွှတ်မှုအတွက်လည်း ဂုဏ်ယူပါတယ်။ အစိုးရရဲ့မှန်ကန်တဲ့လုပ်ရပ်တစ်ခုလို့လည်းမြင်မိပါတယ်။
ငြိမ်းခြမ်း‌‌ရေးအတွက်အကျိုးရှိလိမ့်မယ်လို့လည်း ယြုံကည်ပါတယ်။ မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါ‌စေဗျာ။

Chit San Maung said...

အစိုးရရဲ့ Prudent Action တစ်ခုအဖြစ် ကြိုဆိုပါတယ်…။

ပြည်တွင်းစစ်နွံ နစ်နေဆဲ မြန်မာနိုင်ငံမှာ KIA, KNU, DKBA, SSA …… စတဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ တိုင်းရင်းသား ပြည်သူအားလုံးပါဝင်နိုင်တဲ့
နိုင်ငံရေးအခင်းအကျင်း ပေါ်ထွန်းလာဖို့ လိုအပ်နေပါတယ်…။

အခြေခံဥပဒေကို ဒီမိုကရေစီကျကျနဲ့ မျှတမှုရှိအောင်
ပြင်ဆင်နိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ သေနတ်သံတွေ
ရပ်ဆဲပြီး ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေ ချုပ်ငြိမ်းသွားပါလိမ့်မယ်…။

သက်မောင် said...

ဦးလေးငြိမ်းရေ
နေပြည်တော်ကို လေ့လာမယ်ဆိုရင်
ကားအကောင်းစားစီးပြီး မလေ့လာနဲ့နော်
အမြင်ပန်းကတော့ တကယ့်နိုင်ငံတကာအဆင့်မီပဲဗျ
လမ်းမကောင်းအကောင်းသိချင်ရင် လမ်းကျယ်ကြီးမြင်တာနဲ့ မချီးကျူးနဲ့ဦး လိုက်ထရပ်နဲ့အရင်မောင်းကြည့် ကုသမင်းမျက်နှာ ပတ်တီးနည်းနည်းဖို့ထားတဲ့ လမ်းပေါ်မောင်းရသလိုပဲ ..... အဆောက်အဦးတွေများအဝေးကမကြည့်နဲ့ အထဲဝင်ကြည့်... အက်ကွဲကြောင်းပရပြစ်နဲ့ ခနော်ခနဲ့ ရေ/မီးလိုင်းတွေက စနစ်မကျ...
ပြောရရင်အများကြီးပါပဲ ကိုယ်တိုင်လေ့လောကြည့်မှ ပိုသိမှာပါ...

Powered by Blogger.