မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းသုံးအဖြစ် သုံးစွဲသွားမည်ဟုသိရ
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းသုံးအဖြစ် သုံးစွဲသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးက ပြောကြားခဲ့သည်။
''မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ စာချုပ်အရ အကြမ်းဖျင်းအားဖြင့် သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းသုံးအဖြစ် သုံးစွဲသွားမယ်။ လိုအပ်ချက် ရှိလာရင်လည်း ဒီထက်ပို သုံးသွားဖို့ ရှိပါတယ်။ ၂၀ ရာခိုင်နှုန်းကို လောလောဆယ် လျာထားတယ်။ ဥပမာ- သန်း ၅၀၀ ပို့မယ်ဆိုရင် သန်း ၁၀၀ လောက် ဖြစ်ချင်ဖြစ်မယ်။ ဒါကိုပြည်တွင်းသုံး အနေနဲ့ သုံးမယ်။ စက်ရုံ အလုပ်ရုံတွေကို ပေးသွားဖို့ ရှိပါတယ်။ အဲဒီအတွက်လည်း ပိုက်လိုင်းကနေ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ဖို့နေရာတွေကိုလည်း သတ်မှတ်ပြီးသား ရှိပါတယ်''ဟု လည်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် သဘာဝဓာတ်ငွေ့များ ထပ်မံတွေ့ရှိပါက ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများတွင် လုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် ပြည်ပသို့ ရောင်းချခြင်း မပြုတော့ကြောင်းလည်း သိရှိရသည်။
''လက်ရှိပိုက်လိုင်းကတော့ ပြည်ပကို ထုတ်ရောင်းမယ်။ တိုင်းပြည်ရဲ့အခြေအနေကြောင့် ထုတ်ရောင်းရတာပါ။ နောက်ထပ် ထပ်မံတွေ့ရှိလာရင်တော့ ပြည်ပကို မရောင်းတော့ဘူး။ ပြည်တွင်းမှာ FDI(Foreign Direct Investment) တွေ များလာတော့မယ်။ နိုင်ငံခြားကုမ္ပဏီတွေ ၀င် လာရင် အဲဒီစက်ရုံအလုပ်ရုံတွေအတွက် လျှပ်စစ်ကို ရေအားက ပေးမလား၊ gas turbine က ပေးမလားဆိုတာ ကြည့်ရမယ်။ နောက်ပိုင်းကျရင်တော့ ပြည်တွင်းက စက်မှုလက်မှု လုပ်ငန်းရှင်တွေအတွက် သုံးစွဲသွားမှာပါ'' ဟုလည်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ စီမံကိန်းအား ၂၀၁၃ ခုနှစ် ဇွန်လတွင် စီမံကိန်းအပြီးသတ်နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရှိရသည်။
EMG
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းသုံးအဖြစ် သုံးစွဲသွားမည်ဟုသိရ
Reviewed by သစ်ထူးလွင်
on
17:57
Rating:
3 comments:
မိုက်ခဲလေး
သေချာရဲ့လား နောက်ထပ်တွေ့ရင်လည်းမရောင်းတော့ဘူးဆိုတာလေ နောက်ထပ်တွေ့ရင်လည်းသူတို့တွေပိုက်ဆံအိပ်မပြည့်ရင်ရောင်းစားနေမှာပဲ သေချာပါရဲ့လားဆိုတာစဉ်းစားလိုက်ပါဦး ဒီလိုပြောနေတာများလာတော့မယုံချင် တော့ဘူး
20% ပဲလား ။ 20% ရရုံလောက်နှင့်တော့ လုပ်မနေပါနှင့်တော့ သူများလုပ်ကျွေး တာပဲဖြစ်မှာ။
အဲဒီ Project က တစ်နှစ်ဝင်ငွေ ဘယ်လောက်။ Project လုပ်တဲ့ ကုမ္မဏီ ရင်းနှီးထားတာဘယ်လောက်။ နိုင်ငံတော်က ဘယ်လောက်ရမယ်။ ရတဲ့ငွေကို ဘယ်မှာသုံးမယ်ဆိုတာတွေကို ထုတ်ပြန်သင့်ပါတယ်။ ပြည်သူလူထုအလွယ်တကူဖတ်လို့ရမဲ့နေ။ အင်တာနက်။ web site။ စသဖြင့်နေရာတွေ မှာထားပေးရင်ကောင်းမယ်။
အာင်ကျော်ထူးရေ....
ပြည်ပအားကိုးပုစိန်ရိုးဆိုတာ အစိုးရကို ပုန်ကန်ပြီး အဝေးကိုရောက်နေတဲ့ အတိုက်အခံလို့ ထင်နေတာ အခုမှဘဲ စစ်အစိုးရက သူကိုယ်သူစွပ်စွဲနေတာကို။ ဒင်ဒို့ ဘယ်လောက်အုပ်ချုပ်ရေးညံ့ဖျင်းခဲ့သလဲဆိုတာ တဖြည်းဖြည်းနဲ့ဗူးပေါ်သလို ပေါ်လာနေပြီး။ ငါတို့က ၂၀ ရာခိုင်နန်းဆိုတာများပါတယ်၊ .၂ ရာခိုင်နန်းဆိုရင်ရပါတယ်။ မင်းဒို့ အမေ့လင်တွေဆိကိုသာ အကုန်ပို့လိုက်ပါ။ ကျေနပ်ပါတယ်
Post a Comment