ဒေါ်စု ကလောမြို့ ရောက်ပြီ အောင်ပန်းမြို့ လူထု ဟောပြောပွဲသို့ လူပရိသတ် သောင်းနှင့်ချီလာရောက်နားထောင်

ဒေါ်အောင်ဆန်းစုကြည် ကလောမြို့ သို့ ရောက်ရှိလာစဉ် (ဓါတ်ပုံ-Myanmar News Now)
မတ်လ ၁ ရက်၊ ၂၀၁၂ ၊ နံနက် ၁၁ နာရီ YPI

ဒေါ်အောင်ဆန်းစုကြည် အောင်ပန်း ဟိုင်ဒရိုဘောလုံးကွင်းတွင် မိနစ် ၂၀ ကျော်ကြာဟောပြောပြီးနောက် ကလောမြို့သို့ ဆက်လက်ထွက်ခွာသွားရာ နံနက် ၁၁ နာရီတွင် ကလောမြို့သို့ရောက်ရှိပြီဖြစ်သည်။
အောင်ပန်းမြို့ လူထု ဟောပြောပွဲသို့ လူပရိသတ် သောင်းနှင့်ချီလာရောက်နားထောင်ကြသည်ကိုတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့ကိစ္စများကို ပြောဆိုသွားသည်။
ကလောမှ အောင်ပန်းသို့ ထွက်ခွာလာရာတွင် ကားအစီးရာကျော် လိုက်ပါခဲ့ကြသည်။ ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်ကလည်း စည်းရုံးရေး ခရီးစဉ်တွင် လိုက်ပါကူညီလျှက်ရှိသည်ကိုတွေ့ရသည်။

ကလောမြို့တွင်လည်း လူထုဟောပြောပွဲ မကြာမီစတင်ရန် ရှိသည်။
ဒေါ်စု ကလောမြို့ ရောက်ပြီ အောင်ပန်းမြို့ လူထု ဟောပြောပွဲသို့ လူပရိသတ် သောင်းနှင့်ချီလာရောက်နားထောင် ဒေါ်စု ကလောမြို့ ရောက်ပြီ အောင်ပန်းမြို့ လူထု ဟောပြောပွဲသို့ လူပရိသတ် သောင်းနှင့်ချီလာရောက်နားထောင် Reviewed by သစ်ထူးလွင် on 11:12 Rating: 5

3 comments:

အိတုတ် said...

ခရီးစဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူကို တခုလောက်မေးချင်တာပါ ဘာဖြစ်လို့ တောင်ကြီး ကိုမလာတာလည်း တောင်ကြီး ပရိတ်သတ် ကလည်း အန်တီစုကို မျှော်နေတဲ့အကြောင်းပြောပေးပါ

ko kyaw swar said...

အိတုတ်ရေ....
အန်တီစုရဲ့ဒီခရီးစဉ်က ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးခရီးစဉ်ဖြစ်တယ်ဆိုတာနည်းနည်းနားလည် ပေး ပါနော်... ကလောမြို့နယ်ကလစ်လပ်မဲဆန္ဒနယ်ဖြစ်တယ်လေ.ရွေးကောက်ပွဲမှာယှဉ်ပြိုင်အရွေးခံရဦးမယ်လေ.. နောက်များတော့တောင်ကြီးကိုလည်းရောက်အောင်လာမှာပေါ့ကွယ်...

ကိုကျော်စွာ

Lin Myat said...

အမေက ရွေးကောက်ပွဲအတွက် အလုပ်လုပ်နေတာ အိတုတ်ရဲ့ နောင်တစ်ချိန်လာမှာပေါ့ တောင်ကြီးမှာ ရွေးကောက်ခံ NLD ကိုယ်စားလှယ်ရှိရင် အမေ သေချာပေါက်ရောက်လာမှာ မပူပါနဲ့ အခုတော့ အမေ အလုပ်လုပ်နေတာကို အားပေးကြပါစို့လားဗျာ

Powered by Blogger.