အရာရှိကတော်တစ်ဦးရဲ့ ပေးစာအပေါ် ဆရာကြီးကတော်တဦးရဲ့ တုန့်ပြန်ချက်
အရာရှိကတော်တစ်ဦးရဲ့ ပေးစာအပေါ် တုန့်ပြန်ချက်
ကိုသစ်ထူးလွင်ရှင့်
          ကိုသစ်ရဲ့ Website ပေါ်မှာ တင်ထားတဲ့အရာရှိကတော်တစ်ဦးရဲ့ ပေးစာခေါင်းစဉ်နဲ့ ရေးသား ထားချက်ဖတ်လိုက်ရပြီး တပ်မတော်နဲ့ တပ်မတော်သားမိသားစုဝင်တွေကို အထင်မြင်လွှဲမှာစိုးလို့ ဒီစာနဲ့ တုန့်ပြန်ရေးသား လိုက်ရတာပါ။
          ဖြေရှင်းတာမဟုတ်ဘူးနော်၊ တပ်ထဲမှာ အမြဲလိုက်မနေတဲ့အရာရှိကတော်တစ်ဦးရဲ့ ပေးစာအရ တပ်ထဲမှာ အမြဲလိုက်နေနေတဲ့ ရဲမေစစ်စစ်တွေအပေါ် သနားစရာလူ့အခွင့်အရေး ချိုးဖောက်ခံရသူ တွေအဖြစ် အမြင်ခံရမှာစိုးလို့ ရဲမေအစစ်ဖြစ်တဲ့ တပ်ထဲမှာအမြဲတမ်းနေထိုင်တဲ့ အရာရှိကတော် မဟုတ်တဲ့ ဆရာကြီးကတော်က တုန့်ပြန်ရေးသားလိုက်တာပါရှင့်။
          ဒီလိုတုန့်ပြန်ရေးလို့ အထက်အရာရှိရဲ့ ဇနီးမယားကို ဆရာကြီးကတော်တစ်ယောက်က ခွန်းတုန့်ပြန်တယ်လို့လည်း မထင်စေချင်ပါဘူး။ ဒီနေ့ခေတ်ကာလအရ အရာရှိကတော်တွေထဲမှာ ပညာတတ်သူတွေရှိသလို၊ ပညာနည်းသူများလည်း ရှိပါတယ်။ ဒီလိုပါပဲ အခြားအဆင့်လို့ခေါ်တဲ့ အရာရှိမဟုတ်သူများရဲ့ ဇနီးမယားများမှာလည်း ပညာနည်းသူတွေရှိသလို၊ ပညာတတ်သူတွေရှိတဲ့ အကြောင်း ဦးစွာပြောကြားပါရစေရှင့်။
          ကျွန်မကတော့ ပညာတတ်ကြီးလို့မဆိုနိုင်ပေမဲ့ အဝေးသင်နဲ့ဘွဲ့ရပြီး တပ်တွင်မူကြိုကျောင်းမှာ လုပ်သက် ၁၀ နှစ်လောက်ရှိပြီဖြစ်တဲ့ တပ်နေပျော်တဲ့ ရဲမေစစ်စစ်ပါပဲ။ ဘယ်လောက်တောင်စစ်သလဲ ဆိုရင် တပ်ထဲမှာမွေး၊ တပ်ထဲမှာကြီး၊ စစ်သားနဲ့ အိမ်ထောင်ကျပြီး သားအကြီးကောင်ကို စစ်တက္ကသိုလ်ကျောင်းဆင်း အရာရှိဖြစ်အောင် မြေတောင်မြှောက်ပေးထားနိုင်တဲ့ နိုင်ငံ့သားကောင်း မိခင်တစ်ဦးပါ။ သာမာန်အိမ်ရှင်မထက် သာလွန်တဲ့ တပ်တွင်းအတွေ့အကြုံများစွာရှိတဲ့ ဒေါင်ဒေါင်မြည် ရဲမေစစ်စစ်ပါ။ တပ်စကားနဲ့ပြောရရင် ဟန်ကောအစစ်ဆိုတဲ့ စကားလုံးကို ကိုသစ်တို့ အရပ်သားတွေ နားလည်မယ် မထင်ပါဘူးရှင့်။
          ဒီလိုပါပဲ အရပ်သားတွေ နားမလည်တဲ့၊ မသိနိုင်တဲ့တပ်တွင်းက ဓလေ့ထုံးစံတွေမြောက်များစွာ ရှိပါတယ်။ သာမန်အရပ်သား၊ အထူးသဖြင့် စစ်တပ်နဲ့သိပ်ကင်းကွာတဲ့ အရပ်သားတွေအနေနဲ့ တပ်တွင်းမှာ လိုက်နာပြုကျင့်ရတဲ့ ကျင့်ဝတ်ထုံးစံတွေကို ခံယူနိုင်စွမ်းမရှိရင်၊ ခံယူတတ်မှုအားနည်းရင် နေ့တဓူဝဖြတ်သန်းနေရတဲ့ တပ်တွင်းနေ ရဲမေတစ်ယောက်ရဲ့ဘ၀ကို ဘယ်လိုမှပျော်နိုင်မှာ မဟုတ်ပါဘူး။
          ကိုသစ်ရဲ့ Website မှာရေးထားတဲ့ အရာရှိကတော်ဆိုသူက အစစ်ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အရေးအသားနဲ့ သူ့ရဲ့စိတ်ခံစားချက်ကတော့ တပ်တွေမှာ တစ်ဦးစ၊ နှစ်ဦးစရှိတတ်တဲ့ စစ်တပ်ရဲ့ ဓလေ့ထုံးစံတွေကို ခံယူနိုင်စွမ်းအားနည်းတဲ့၊ တပ်ထဲမှာ အမြဲမနေတဲ့ အရာရှိကတော် ဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့် တပ်စကားနဲ့ပြောရရင် ပဲစားသက်နည်းပြီး အရပ်သားဆန်ဆန် ဘာလုပ်လုပ် တပ်မတော်ရဲ့ လူနေမှုအ၀န်းအ၀ိုင်းမှာ လိုက်လျောညီထွေ မနေတတ်သူတစ်ဦး ဖြစ်မယ်ထင်ပါတယ်။ ပိုပြီးဆိုးတာက တပ်တွင်းစည်းလုံးညီညွတ်ရေးဆိုတဲ့ သဘောတရားတွေကို နားမလည်ပဲ ပေါ့ပေါ့နေ ပေါ့ပေါ့စား နေချင်သလိုနေ၊ လုပ်ချင်တာလုပ်မယ်ဆိုတာ ကိုယ်ပိုင်အခွင့် အရေးဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကိုပါ လိုက်နာမှုအားနည်းတဲ့ အတွေးအခေါ်၊ အယူအဆရှိသူဖြစ်မယ် ထင်ပါတယ်။
          ရပ်ကွက်ထဲမှာနေရင် ရပ်ကွက်စည်းကမ်းကို လိုက်နာရပါတယ်။ အဆောင်မှာနေရင် အဆောင်စည်းကမ်း ရှိရပါတယ်။ ဈေးထဲကဈေးသည်က ဈေးအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စည်းကမ်းကို လိုက်နာရသလို ၀န်ထမ်းတစ်ဦးကလည်း သူ့ရဲ့ဌာနက ချမှတ်ထားတဲ့စည်းကမ်းကို လိုက်နာရတာ လူ့ကျင့်ဝတ်ပါပဲ။ ယုတ်စွအဆုံး အိမ်မှာတောင် အဖေ၊ အမေက ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာကြရပါတယ်။ ကျွန်မတို့ တပ်မတော်ဆိုတဲ့အဖွဲ့အစည်းကတော့ စည်းကမ်းကို အဓိကထားပြီး အုပ်ချုပ်နေရတဲ့အတွက် အရပ်ဘက်စည်းကမ်းအပြင် စစ်စည်းကမ်းများဟာ တပ်မတော်သားများအပြင် သူတို့ကိုမှီခိုနေသူများအပေါ် အကျိုးသက်ရောက်နေတာ မဆန်းလှပါဘူး။ တပ်မတော်အ၀န်းအ၀ိုင်းမှာနေပြီး တပ်မတော်ကရရှိတဲ့ အခွင့်အရေးတွေ၊ ခံစားခွင့်တွေအားလုံးကို ရယူခံစားနေသူများက တပ်မတော်ကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို လိုက်နာရမယ်ဆိုတာ ရှင်းရှင်းလေးပါပဲ။ ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်ဟာ မိသားစုဝင်များ တစ်ပြေးညီလိုက်နာ ရသလို လူတိုင်းလိုက်နာနိုင်တဲ့ စည်းကမ်းတွေဖြစ်သလို ချုပ်ချယ်ခြင်း၊ ဖိနှိပ်ခြင်း၊ အာဏာပြခြင်း မဟုတ်ပါဘူး။
          စည်းကမ်းအရပဲကြည့်ကြည်၊ လုံခြုံရေးအရပဲကြည့်ကြည့်၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပဲ ကြည့်ကြည့် “ ကြီးသူကိုရိုသေ၊ ငယ်သူကိုလေးစား ” ဆိုတဲ့ စကားဟာ မြန်မာတွေရဲ့ ဓလေ့ထုံးတမ်းတွေပါပဲ။ အသက်နဲ့ရင်းပြီး အမိန့်နာခံမှုနဲ့ ကျင်လည်လှုပ်ရှားနေရတဲ့ လူနေမှုပတ်ဝန်း ကျင်အ၀န်းအ၀ိုင်းမှာ ခွင့်ပြန်ဖို့ ခွင့်တောင်းရတာတွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ခိုင်းတဲ့ ညွှန်ကြား ချက်တွေ၊ အန္တရယ်ကင်းပရိတ်ရွတ်ဆို လေ့ကျင့်ရတာတွေဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အခွင့် အရေးကို အမိန့်အာဏာနဲ့ ဖိနှိပ်ထားတာမဟုတ်ပါဘူး။
          အစုအဖွဲ့ဖြစ်နေတဲ့ ဘယ်လူ့အဖွဲ့အစည်းမှာမဆို ဒီလိုစည်းကမ်းသတ်မှတ်ချက်များကတော့ ရှိနေတာပါပဲ။ တပ်မတော်သားတစ်ဦးဖြစ်လာရင် သူရဲ့မိသားစုဝင်များကိုပါ တပ်မတော်အနေနဲ့ စောင့်ရှောက်ထောက်ပံ့ပေးမှုတွေကို ခံစားခွင့်ပေးထားတာ ကမ္ဘာ့နိုင်ငံအသီးသီးက ဘယ်တပ်မတော် မှာမှ မရှိတဲ့ထူးခြားချက်ပါ။
ကိုသစ်ရှင့်
          လင်ယောင်္ကျားရှေ့တန်းသွား တိုက်ပွဲဝင်ချိန်မှာ နောက်တန်းမှာကျန်ခဲ့တဲ့ ဇနီးမယားများရဲ့ အားငယ်၊ ၀မ်းနည်း၊ စိုးရိမ်ပူပန်ရတဲ့ဝေဒနာတွေကို ရဲမေတွေက အသိဆုံးပါ။
          ဒီလိုအားငယ်၊ ၀မ်းနည်း၊ စိုးရိမ်ပူပန်နေရတဲ့ချိန်မှာ ညီအစ်မလိုစိတ်ဓာတ်၊ အမေလိုမေတ္တာနဲ့ တစ်ဦးနဲ့တစ်ဦး ဖေးမကူညီအားပေးစောင့်ရှောက်ပေးတာ ရဲမေအချင်းချင်းရဲ့နွေးထွေးတဲ့ မေတ္တာ တရားနဲ့ သံယောဇဉ် စိတ်ဓာတ်တွေပါ။
          ဒီလိုစိတ်ဓာတ်တွေ၊ဒီလိုအားပေးစောင့်ရှောက်မှုတွေကိုအရပ်ဘက်လူနေမှုအသိုင်းအ၀န်းထက် တပ်မတော်ဆိုတဲ့ လူနေမှုအသိုင်းအ၀န်းမှာ ပိုပြီးမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေဟာ အမိန့်၊အာဏာနဲ့ ခိုင်းစေချက်တွေမဟုတ်ပါ။ ရဲမေတစ်ယောက် ကိုယ်ဝန်ဆောင်ပြီဆိုရင် တပ်ရင်းမှူးကတော်၊ ဆရာကြီးကတော်တွေဟာ ၀ိုင်းဝန်းပြုစုစောင့်ရှောက်ကြသလို အနှီးပိတ်ကအစ အားရှိတဲ့ အစားသောက်၊ ဆေးဝါးအခမဲ့ထောက်ပံ့ပေးတာ တပ်ရင်းအဆင့် မိခင်နဲ့ကလေးစောင့်ရှောက်ရေးရဲ့ သာမန်လုပ်ရိုးလုပ်စဉ်တွေပါပဲ။ အရပ်သူ ဘ၀မှာမရရှိတဲ့ အချင်းချင်းရိုင်းပင်းကူညီစောင့်ရှောက်မှုကို ရဲမေဘ၀မှာ ရရှိခံစားရတဲ့ ကြည်နူးပီတိတွေကို ရဲမေတွေလောက် ဘယ်သူမှနားမလည်နိုင်ပါဘူး။
ဒီလို မိဘဆွေမျိုးနဲ့မခြား ပြုစုထိန်းသိမ်း စောင့်ရှောက်မှုပေးခြင်းဟာ တပ်ရင်းအဆင့်၊ တိုင်းအဆင့် မိသားစုစည်းကမ်းထိန်းထိမ်းရေးနဲ့ စည်းရုံးရေးကော်မတီရဲ့ လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။ ဒါကိုတပ်ထဲမှာ အမြဲနေပြီး နေ့တဓူဝထိတွေ့ဆက်ဆံနေရသူတွေက အသိနားလည်ဆုံးပါ။ အရပ်သူ/အရပ်သားတွေကတော့ တပ်ထဲမှာ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေက သိပ်ပြင်းထန်လွန်း တယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ တစ်ကယ်တမ်းလိုက်နာနိုင်သူတွေကတော့ နေ့စဉ်လုပ်ရိုးလုပ်စဉ် တွေပါပဲ။ ဘယ်နေရာမဆို သတ်မှတ်စည်းကမ်းဆိုတာ ရှိနေမှာပဲဖြစ်ပါတယ်။ စစ်သားတစ်ယောက်ရဲ့ ဇနီးမယားဟာ စစ်တပ်ထဲမှာနေသမျှ စစ်တပ်နဲ့သက်ဆိုင်တဲ့ စည်းကမ်းကို လိုက်နာရမှာဖြစ်သလို မိမိရဲ့ကိုယ်ရေးကိုယ်တာ အခက်အခဲအရ စစ်တပ်ထဲမှာ လိုက်မနေရင်လည်း အရပ်ထဲက စည်းကမ်းကို လိုက်နာရမှာပဲ ဖြစ်ပါတယ်။ တပ်ထဲမှာနေပြီး အရပ်သူလို နေလို့မရနိုင်သလို အရပ်ထဲမှာနေပြီး ရဲမေတစ်ယောက်လို ပြုမူနေရင် အရပ်ထဲမှာနေလို့ ဖြစ်မယ်မထင်ပါဘူး။ ကာလံဒေသံဆိုတဲ့ မြန်မာ့ဆိုရိုးစကားနဲ့အညီ ကိုယ်နေထိုင်ရတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ ကျင့်ဝတ်ထုံးစံတွေကို မိန်းမပဲဖြစ်ဖြစ်၊ ယောင်္ကျားပဲဖြစ်ဖြစ် လိုက်နာရမှာဖြစ်ပါတယ်။
လူ့သဘောသဘာဝအရ လူတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တအရ ထုတ်ပြန်ချမှတ်ထားတဲ့ လူ့ကျင့်ဝတ်၊ စည်းကမ်းတွေကို မလိုက်နာနိုင်သူ၊ ချိုးဖောက်တဲ့သူတွေ ရှိနိုင်ပါတယ်။ လူတစ်ဦးက သူ့ရဲ့ခံစားချက်၊ သူ့အမြင်အရ စည်းကမ်းသတ်မှတ်ချက်တိုင်းကို ဖိနှိပ်ချုပ်ချယ်မှုလို့ ခံစားရတာဟာ အဲဒီသူရဲ့ ခံနိုင်ရည်စွမ်းအားပေါ်မှာပဲ သက်ဆိုင်မယ်ထင်ပါတယ်။ ဒီနေ့ တပ်မတော်ကစစ်သည်အပြင် စစ်သည်နဲ့ပတ်သက်တဲ့ မိဘ၊ ဆွေမျိုး၊ ဇနီးမယား၊ သမီးသားအားလုံးကို နေထိုင်ရေးအခမဲ့(ရေ၊ မီး အပါအ၀င်)၊ ထောက်ပံ့မှုတွေ ခံစားခွင့်ပြုထားပါတယ်။ ရဲမေတွေအတွက် မိမိရဲ့ရင်သွေးတွေ ကျောင်းထားချိန်ရောက်တော့ တပ်မတော်က ကျောင်းအပ်စရိတ်၊ စာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံတွေ ထောက်ပံ့ပေးတဲ့အပြင် ကျောင်းအကြိုအပို့ကိုပါ တာဝန်ယူပေးလို့ စိတ်ပူစရာတော့ မရှိပါဘူး။ ဒါ့အပြင် ကျန်မာရေးစောင့်ရှောက်မှုအနေနဲ့လည်း အခမဲ့ဆေးဝါးကုသပေးနေတဲ့ တပ်တွင်းဆေးခန်းတွေ၊ ဆေးရုံတွေ ရှိပါတယ်။ စစ်တပ်မှာ စကားတစ်ခွန်းရှိပါတယ်။ “ နေတတ်ရင် တနင်္ဂနွေတဲ့ ” ၊ မနေတတ်ရင်၊ မခံယူတတ်ရင်၊ အတ္တစိတ်ကြီးရင်တော့ ဘာတွေကို ဘယ်လိုပဲကောင်းအောင် လုပ်ပေး လုပ်ပေး အကောင်းမြင်မယ်မထင်ပါဘူး။
ယနေ့ တပ်မတော်သား အိမ်ထောင်သည်စစ်သည်များရဲ့ဇနီးမယား ၈၀% ကျော်ဟာ တပ်တွင်းမှာပဲနေထိုင်ပြီး တပ်မတော်ရဲ့ ထောက်ပံ့စောင့်ရှောက်မှုအောက်မှာ ရှင်သန်နေကြပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အခြားဝန်ထမ်းများနှင့်မတူ အသက်ခန္ဓာရင်းပြီး ပေးဆပ်နေကြတဲ့ လင်သားများနောက်ဆံမတင်းရအောင် မိသားစုတာဝန်တွေကို ထိန်းသိမ်းနိုင်တာ ရဲမေတွေ့ရဲ့ ကောင်းမြတ်တဲ့အင်္ဂါရပ်လို့ ယူဆစေချင်ပါတယ်။ အသက်ခန္ဓာကိုယ်တောင် မငဲ့ကွက်တဲ့ တပ်မတော်သားများအတွက် သာမန်အသေးအဖွဲ့ ကိုယ်ရေးကိုယ်တာကိစ္စများကတော့လာမပြောနဲ့ စွန့်လွှတ်ပြီးသားဖြစ်ပါတယ်။ ဒီလိုစစ်သား၊ တပ်မတော်သားကိုမှ လင်ယောင်္ကျား အဖြစ်လက်ခံခဲ့တဲ့ ဇနီးမယား ရဲမေများဟာလည်း ပေးဆပ်စွန့်လွှတ်မှုများ ပြုနေကြသူများ ဖြစ်ပါတယ်။ ဒါပေမဲ့အရာရာကို ပေးဆပ်နေတာမဟုတ်ပဲ တပ်မတော်ရဲ့အရိပ်အာဝါသအောက်မှာ ခံယူချက်၊ ယုံကြည်ချက်               မှန်ကန်စွာနဲ့ မိသားစုဘ၀ကိုခိုင်မာအောင် ထိန်းသိမ်းတတ်တဲ့ ဇနီးမယားကောင်းများ တပ်ထဲမှာ တပ်နေပျော်စွာ ရှိနေပါတယ်။
          မိမိဆန္ဒသဘောအလျောက် တပ်မတော်သားအဖြစ်ခံယူပြီး တစ်နွယ်ငင် တစ်စင်ပါဆိုသလို၊ စစ်သားတစ်ယောက်ရဲ့ ဇနီးမယားအဖြစ် အမိန့်နဲ့တာဝန်၊ စည်းကမ်းနှင့်လူ့ကျင့်ဝတ်များကြားမှာ ကျန်းမာပျော်ရွှင်စွာဖြင့် ကျွန်မလို ဒေါင်ဒေါင်မြည် ရဲမေများ အမြောက်အမြားရှိနေပါကြောင်း သိစေ အပ်ပါတယ် ရှင်။
                                                                                         ဒေါ်တင်မြိုင်                                                                                          
   တပ်ခွဲတကက အုန်းသန်းဇနီး                                                                     
   အမှတ်(             )၊ ခြေလျင်တပ်ရင်း                                                                     .................... မြို့၊ ကယားပြည်နယ်။
92 comments:
gemuk said...
အေးလေ ခင်ဗျားကအဆင်ပြေနေလို့ ပြောနိုင်တာပေါ့
Dattha said...
ယုံကောင်ငုံ၈်ျ ယုန်ရုပ်ရေးပြသော်လည်း.........ယုံရခက်ခဲ....
မျိုးမင်းမိုး said...
အထက်ပါအကြောင်းအရာတွေက တကယ်ခံစားချက်တွေမဟုတ်ဘူးထင်တယ်။
စာရေးတက်တဲ့ သူတစ်ယောက်က ရေးထားတာဖြစ်မယ်။ပြီးတော့ သတင်းစာတွေမှာ အရင်က တွေ့ရသလို စိတ်ဓါတ်စစ်ဆင်ရေး ဖတ်နေရသလိုဘဲ။
ကျွန်တော် အရင်က ပဲခူးမြို့သနတ်ဖက်တန်းမှာဈေးရောင်းတုန်းက တွေ့ကြုံရတာတွေက အထက်ပါရေးထားတဲ့ အတိုင်းမဟုတ်ပါဘူး။သနတ်ဖက်တန်းနားမှာ တပ်မ (၇၇) ရှိတယ်လေ။အမြဲတန်းတပ်မိသားစုနဲ့ ထိတွေ့နေရတော့ သိနေတာပေါ့။ဆရာကြီးကတော်ကတော့ သားပါဗိုလ်ကြီးစြေ်နေတော့ ပြောအားရှိမှာပေါ့.အင်း
Dattha said...
မယုံဘူး..ကွယ်.....လိမ်နေတာတွေ ရပ်ပါတော့.......
pont said...
ပဲစားပြီးအရမ်းမဖားပါနဲ့။တော်ယုံတန်ယုံပဲဖားပါ တပ်ကြပ်ကြီးကတော်ရယ်။ ကျွန်မတို့လည်းထမင်းစားနေတာပါ ။ အားလုံးနားလည်ပါတယ်။လုပ်ဇာတ်တွေလာပြောမနေပါနဲ့။ ဘယ်သူဘယ်လိုဆိုတာကိုလူတိုင်းသိပါတယ်။ အဲ့လိုဖားကောင်းလို့ သိပ်မကြာခင်မှာ အရာခံဗိုလ်ကတော်ဖြစ်တော့မှာပေါ့နော်။
Unknown said...
ဟားဟားဟား....လို့ တောင်မရယ်ချင်တော့ ပါဘူး....
လင်းနေခ said...
ခင်ဗျားကို တစ်ခွန်းပဲပြောလိုက်မယ်
ကျုပ်က စစ်သက် ၃၀ ကျော် တဲ့ အရာခံဗိုလ်တစ်ယောက်ရဲ့သား
ခင်ဗျားလို ပိန်းတိန်းတိန်း မိန်းမ လူအခွင့်အရေး ကိုနားမလည်တဲ့ မိန်းမ
တွေကြောင့် တိုင်းပြည်နစ်နာနေတာဗျ..
ခင်ဗျားကို ခန့်မှန်း မိတယ် ကျုပ်မှန်းတာ မမှားနိုင်ဘူး ခင်ဗျား လူကြီးကတော်နားနေ အချောင်ရ ကြောင်တောင်တောင် အပေါ်ဖား အောက်ဖိ မိန်းမ ပဲဖြစ်ရမယ်.. ကျုပ်ပြောတာ ရိုင်းရင် Sorry အေး ဒါပေမဲ့ ခင်ဗျားလို မိန်းမ တစ်ယောက်အတွက်နဲ့ တပ်မတော်သားတိုင်း ခံစားနေရတဲ့ ခံစားချက် မလဲနိုင်ဘူးဗျ.. အမှန်တရားက အမှန်တရားပဲ ခင်ဗျားအပေါ်မှာရေးခဲ့တဲ့ Post ကို တပ်ရင်း ဒါဘာ မှာ ပြောကြည့်လိုက် ခင်ဗျား ပွကြီး ပဲဖြစ်သွားမှာပဲ.. ခင်ဗျားကို ဘယ်သူမှ ထောက်ခံမှာ မဟုတ်ဘူး မှတ်ထား. ကြောင်တောင်တောင် အတွေးအခေါ်နဲ့။...
Burmese Buddhist Society, BC said...
နိုင်ငံတော်တာဝန်ကာကွယ်ရေး တာဝန်လို့ခံယူထားရင်. နယ်ကျဉ်းမြှောင်းရာ များကြနေမလား၊ ပြည်သူ့လွတ်လပ်စွာ ၊ အေးချမ်းစွာ နေထိုင်ရေးတာဝန်လို့ မိမိကို မိမိခံယူမယ်ဆိုရင်... ပြည်သူ့တပ်မတော် ဖြစ်မယ်ထင်တယ်။.. မိမိကိုယ်ကိုစည်းကမ်းနဲ့နေတာကောင်းပါတယ်.. ဘဝခြင်းမတူသူကို တမျိုးမမြင်ပါနဲ့။
a said...
ပထမလူပြောတာတွေကိုတော့သူတို့ထက်ရာထူးကြီးတဲ့အဆင့်တွေမှာတောင်ခဏခဏကြားနေရတာပါ၊အခုလူပြောတာမျိုးကိုတော့ဒီတစ်ခါပဲကြားဖူးတာပါ၊ဘာတွေကွာမလဲမသိဘူး၊လူရည်လည်တာတို့ဝင်ငွေတို့ထင်ပါတယ်။
Unknown said...
ကို ယုံ ကြည် တာ ပြော တာ ဖြစ် လို့ ကြိုဆို ပါ တယ်။ ကျွန် တော် ပြော ပ ရ စေ အ မ။ အ မ နဲ့ အ မ အ မျိုး သား ရဲ ရိုး သား မှူ ကိုနား လည် ခံ စား လို့ ရ ပါ တယ်။ ဒါ ပေ မဲ့ အ
မ ရယ် ဟိုး ဝေး ဝေး ကို အ သာ ထား အိမ် နီး ချင်း နိုင် ငံ တွေ ရယ် ခြေ ဖြား တောင် မ မှီ တဲ့အဆင့် မျိုး မှာ အ မ သား သမီး တွေ ရုန်း ကန် ရ မှာ ပါ။ အ နိတ် ဆုံး အ ဆင့် မှာ တောင် သူ ဒို့က hand phone နဲ့ ပါ။mobile inter net နဲ့ ပါ။ အ မ ကျွန် တော် ဒို့ လဲ နှ လုံးရေ ရှိပါ တယ်။ သျှင် ပြိုင် ပ ရ စေ။ စိုး ရမ် တ ကြီး ချုတ် ကိုင် မှူ တွေ ။ အ သိ အ မြင် ပိတ် လှောင် မှူ တွေက နေ လွတ် လတ် ပ ရ စေ။ အ မ ရယ် ဗို ချုပ် အ ဆင့် က စ လို့ သား သ မီး တွေ အ များ စု က တိုင်း တ ပါး မှာ ခေတ် ပ ညာ တွေ အုံး အုံး ထသင် ကြ ပီး ကျွန် တော် ဒို့ က ဒီ တော ကြုံ အုံ ကြား ဒုတ် ခ တွေ အ ဖြာ ဖြာ ပါ အ မ ရယ်။
ဂွကြီး said...
တောခြုံအုံကြားနေ၊ ပဲစားပြီးကြီးလာတော့လဲ ဒီလောက်အတွေးနဲ့ ဟုတ်လှပြီထင်နေရှာမှာပေါ့..သွပ် သွပ် သွပ် အလိမ်တွေကြီးဘဲ မဟုတ်တာတွေဘာလို့ ဇွတ်ပြောနေတာလဲ..ကိုယ့်တိုင်းပြည်ရဲ့အခြေအနေလဲ ကိုယ်တွေအသိဆုံး..မရှက်ဘူးလား
Anonymous said...
စိတ်ပျက်လိုက်တာ
Than Zaw said...
စစ်သားကမွေးလို့ စစ်ဗိုလ်ဖြစ်တာ ဂုဏ်ယူစရာလားဗျာ။။ရယ်တောင်ရယ်ချင်သေး.....လွိုင်ကော်တပ်တွေထဲကဘဲဖြစ်မယ်။ခင်ဗျားတို့ ဘယ်လိုပြောပြော ကျနော်တို့ကတော့ စစ်သားဆိုအသေမုန်းဗျာ...အရိုးထဲစွဲနေအောင်ကိုမုန်းတာ...အဲဒီမိန်းမကြီး လွိုင်ကော်ပတ်ဝန်းကျင်က..မိုးဗြဲ၊ ဖယ်ခုံ ၊လောပိတတို့ ကိုေ၇ာေ၇ာက်ဘူးလားလို့မေးချင်တယ်။
yin win said...
အုန်းသန်းဇနီး ..အစစ်ဟုတ်မဟုတ်တော့ မသိဘူး... ကျနော်က သာမန်ပြည်သူတဦးပါ ...ကျနော်ယူထားတဲ့ မိန်းမက တတ်မတော်မှာကြီးလာတဲ့ အသိုင်းအဝိုင်းကပါ...ထွေထွေ ထူးထူးမပြော လိုပါ အုန်းသန်းမယားပြောတာနဲ့ တခြားစီပါ...အရာရှိကတော်ပြောတာမှန်ပါတယ်.. ကျနော့မိန်းမ ပြောတာနဲ့တထပ်တည်းပါ..
Ar Ga said...
ပဲစားသက်တို့ ၊ ဟန်းကောစစ်စစ်တို့ သုံးနှုန်းထားတဲ့ အတွက် တပ်နဲ့ တကယ်ကို မစိမ်းတဲ့ သူတစ်ဦးဆိုတာ သိသာပါတယ်။ တကယ်နေနိုင်တဲ့ သူတွေ ၇ှိတယ်ဆိုတာကိုလည်း လက်ခံပါတယ်။ ဒါပေမယ့် အ၇ာ၇ှိ ကတော် တစ်ဦးေ၇း ထားတာတွေကလည်း အမှန်တွေပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် နေနိုင်တဲ့သူက လိုက်နေ ၊ အကြောင်း အမျိုးမျိုးနဲ့ လိုက် မနေနိုင်တဲ့သူကလည်း လိုက်နေစ၇ာ မလိုတဲ့ စနစ်မျိုး ဖြစ်၇င်တော့ အားလုံးအတွက် ကောင်းတာပေါ့ ။ မနေနိုင်လို့ နှိပ်ကွပ်ခံ၇တာတွေ ၊ လူကြီး ကတော်နောက် တကောက်ကောက် လိုက်၇တာတွေ၊ ဟိုကိစ်စလုပ်၊ ဒီကိစ်စလုပ်ပါ၇တာတွေက အချို့ တကယ်ကို မလုပ်ချင်တဲ့ အလုပ်တွေ အ၀တ်လျှော်၊ အိမ်သာဆေး တွေပါ လုပ်နေ၇တာ တွေက တော့ မဖြစ်သင့်တာတွေပါ ။ ဒါပေမယ့် ဗိုလ်မှူးကတော် တစ်ယောက် တိုင်းမှူးလာမှာမို့လို့ အိမ်သာကို စိတ်မချလို့ သူကိုယ်တိုင် တိုက်ခဲ့တာကို ခပ်ကြွားကြွား ပြန်ပြောတာ ကြားခဲ့ဘူးပါတယ်။( ဒါပေမယ့် သူ့အိမ်က အိမ်သာကျတော့ ကိုယ်တိုင်မတိုက်ဘဲ ၇ဲမေကို တိုက်ခိုင်းပါတယ်)။ လုပ်ချင်တဲ့သူ လုပ်နေတာကို ဘာမှ မပြောလိုပါဘူး။ မလုပ်ချင်ပဲ လုပ်နေ၇ကတော့ မဖြစ်သင်/ မဖြစ်ထိုက်တာပါ ။ စနစ်တွေ ပြင်ဖို့လိုပါပြီ....
Anonymous said...
ဟားဟား ကောင်းလိုက်တဲ့ စာသားတွေ။ ဒီလိုလူမျိုးတွေမှ အဘတို့က သဘောကျတာ....မင်းယောကျာ်းကိုတော့ ရာထူးတိုးပေးမယ်။ မင်းရဲ့သားလည်း ဗိုလ်မှူးဖြစ်စေ။ မင်းကတော့ တစ်သက်လုံး င့ါမိန်းမ ထမိန်လျှော်ပေးစေ။ ဒီ မိန်းမ(မိန်းမ ဟုတ်ချင်မှဟုတ်မှာပါ) တော်တော် ခေတ်မှီတာဘဲ။ ကယားမှာသာနေတာ အင်တာနက်ကို ကောင်းကောင်း သုံးတတ်နေတာဘဲ။ တပ်မတော်မှာ ဒါမျိုး ခေတ်မှီနေတဲ့သူတွေ အများကြီးဘဲနော်....အားကိုးချင်စရာကြီး ခေတ်မှီ နိုင်ငံတော်ကြီးအတွက်
ပုဂံစစ်သည် said...
ကြည့်ရတာ တပ်ထဲကဖာသည်လားမသိဘူး။ အလကား ဒီမိန်းမလဲ ပြည်ဖျက်တဲ့ထဲပါတာပဲ။
စေလိုရာ said...
ကောင်မသူ့ကိုဘယ်ဗိုလ်ချုပ်ကမယားငယ်တော်ထားလဲမသိဘူးတောက်
စင်ရော် said...
တစ်ယောက်ယောက်ကမြှောက်ပေးလို့Counterလုပ်တာထင်တယ်။
ဒါမှမဟုတ်ရင်လက်ဖျားငွေသီးတဲ့မော်တော်ယာဉ်တာဝန်ခံ/ရိက္ခာစတိုမင်း ကတော်တို့လား၊ ရှေ့ တန်းမှာ ဂွင်ကောင်းတဲ့ တိုင်း/ဒကစတပ်ကလား ခြေလျင်အမည်ခံပြီး GE၊ ထောက်ပို့၊ စအဖ နဲ့ နစခ ကလား..တစ်ခုခုပဲ၊
ဆရာကြီးကတော်ဆိုသူရေ....Internet သုံးတဲ့လူတွေထဲမှာငတုံးတစ်ကောင်မှမပါဘူး...
ကြည့်ပြီးဝါဒဖြန့်ဗျာ
မျှော်ရဇ် said...
တပ်ခွဲတကက အုန်းသန်း ( CQ သူခိုး) ဇနီး ဒေါ်တင်မြိုင် စစ်ပစ္စည်း အပေါင်ခံ ဟိ့ဟိ့...။ လင်မယာနှစ်ယောက် ပေါင်စားနေတဲ့ တပ်မှာ သားဖြစ်သူ ငတ်ပြားပေါက်လေး ဗိုလ်ဖြစ်လာတာကတော့ ရင်လေးစရာပါပဲ။ သူလက်အောက်က တပ်သားတွေ သူခိုးတပည်တွေဖြစ်ကုန်တော့မှာဘဲ...။ ဒီစာကို ဒေါ်တင်မြိုင် ဘယ်လိုမှ မရေတတ်ပါဘူး။ တစ်ယောက်ယောက်က ဒေါ်တင်မြိုင် ရောင်းတဲ့ အရက်ပုန်းသောက်ရလို ၀င်ရေးပေးတာပဲ ဖြစ်ရမယ်။ ကယာမှာနေတဲ့ CQ မယားက ဘယ်လိုလုပ် အင်တာနက် သုံးနိင်မှာလည်း။ ဒီစာကို သေပြည်တော် စစ်ရုံးက စစ်နွားတွေပဲ ကြည့်ခွင့်ရှိနေတာ စစ်တပ်ထဲ ကွန်ပြူတာမပြေားနဲ NLD ဆိုတဲ့ အသံပြေားတဲ့ စစ်သား ပါစပ်ကိုတောင် မယုံတာ၊ ဒီစာကိုရေတာ ဒေါ်တင်မြိုင် မဖြစ်ပါဘူး။
kokhent said...
ကိုသစ် ကို ချီးကျူးပါတယ်..
ကျနော့ အဖေ က တပ်မတော်(ရေ) က အငြိမ်းစားပါ..ကိုယ်ပိုင်နံပါတ် ၁၀*** ပါ..ရေတပ်မှာ ၅ လုံး ၆ လုံး ဆိုတာရှိပါတယ်..စီနီယာ ကျတာကိုပြောကြတာပါ..ကျနော့ ဇနီးသည်ရဲ့ ဖခင်က ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) ပါ..ကျနော့ ယောက်ဖ က တပ်မတောမှာ ဆီဂိုတောင် တာဝန်ခံ နဲ့ ချမ်းသာနေသလို ညီအရင်းဖြစ်သူက တပ်က ထွက်ခွင့်ရအောင် မဂ်လာဒုံစစ်ဆေးရုံမှာ ပိုက်ဆံပေးပြီး ထွက်ခဲ့ ရတဲ့သူပါ...
ကိုခန့် ..ရေ
ခင်ဗျားကရော ဘလဲ လို့  မေးယင်
တပ်မတော် (ုကည်း) ဗိုလ်သင်တန်းကျောင်း.ဗထူးမြို့ .မှာ အပါတ်စဉ် ၈* က ပါတီနိုင်ငံရေးမကင်းရှင်းမှု့နဲ့ ပြုတ်လာခဲ့ သူတယောက်ပါ.။
ပြောချင်တာ..
ကိုသစ် ကို ချီးကျူးပါတယ်..ဆိုတာ မီဒီယာသမားတယောက်ရဲ့  တွေးမြင် ဆင်ချဉ်တတ်ပြီး တင်ပြတတ်တဲ့ပုံလေးပါ..
Mike said...
စည်းကမ်းကိုတော့ သဘောကြပါတယ်။အထက်အောက်လိုက်နာကြတဲ့စည်းကမ်း၊လုပ်သင့်လုပ်ထိုက်လို့ လုပ်ရတဲ့စည်းကမ်းတွေက ကောင်းပါတယ်။ ဒါပေမယ့် အသိဥာဏ်မပါတဲ့ ချုပ်ချယ်လိုတဲ့၊ အဆင့်အတန်းခွဲခြားလိုတဲ့ စည်းကမ်းတွေ တပ်မတော်မှာ များနေတာ မကောင်းပါဘူး၊ဒေါ်တငမြိုင်က တော့ အသားကျ၊ ခေါက်ရိုးကျိုးနေတဲ့အတွက် မသိသာပေမယ့် လွတ်လပ်စွာရှင်သန်ရတဲ့ဘ၀(ထိုက်သင့်တဲ့ စည်းကမ်းနဲ့ အညီ)ကို ပိုင်ဆိုင်လိုသူတွေအတွက်တော့ ကြိုက်မယ်မထင်ဘူး၊ အရာရှိ ကတော်ဖြစ်တာနဲ့ လိုတာထက်ပိုပြီး ရိုသေပြရတာတွေ ၊ အထက်အရာရှိကို ရယူလိုမှုတွေနဲ့ ရိုသေပြရတာတွေက အများကြီးပါ။ အသေးစိတ်တွေတော့ မပြောချင်ဘူး ပြည်သူတွေကြားရ၊ သိရ ရင် တပ်မတော် ပိုပြီး မုန်းသွားမှာ ၊အထင်သေးသွားမှာ စိုးလို့ ဒီလောက်ပဲ ပြောပါရစေ
kyawkyawoo said...
တပ်ခွဲတကကရဲ့ကတော်ဆိုတော့အဆင်ပြေမှာပေါ့ သူတို့ကရိတ်ခါနဲ့တပ်ခွဲရဲ့သာရေးနားရေးပိုတ်ဆံတွေအကုန်းလုးံကိုင်ရတာကိုး
aung aung said...
ခင်ဗျား ရေးချင်တာကို ရေးလို့ရပါတယ်
ဒါပေမဲ့ သူများရေးထားတာကိုတော့ စော်ကားတဲ့ပုံစံမျိုးတော့ မလုပ်ပါနဲ့
အစိုးရ၀န်ထမ်းတွေထဲမှာ အဆင်ပြေတဲ့သူနဲ့ မပြေတဲ့သူ ဘယ်သူတွေက ပိုများမလဲ ?
ဦးနှောက်နဲ့ပဲ စဉ်းစား စဉ်းစား လက်တွေ့ပဲ ကြည့်ကြည့်ပါ
အားလုံး သိနေတာပဲဟာ
အခုဟာက ခင်ဗျားရေးထားတာတွေက တစ်ဖတ်သတ်ကြီး ဖြစ်နေတယ်
တပ်ထဲမှာ ရှိတဲ့ တပ်သားတိုင်းကိုမေးကြည့်ပါ
အဆင်ပြေတဲ့ လူ နဲ့ မပြေတဲ့လူ ဘယ်လိုလူတွေက ပိုများမလဲ?
အပြင်က အရပ်သားတွေကိုမေးကြည့်ရင်တော့ သိကြပါတယ်
ခင်ဗျားကတော့ ဖားလွန်းပြီး ဖောင်းနေတဲ့ မိန်းမ တစ်ယောက်ပဲ ဖြစ်လိမ့်မယ်ဆိုတာ မေးနေစရာတောင် လိုမယ်မထင်ပါဘူး.
သူများ ခံစားရလို့ ရင်ဖွင့်တာကို ခင်ဗျားက ဘာကို မခံနိုင်လို့ လာပြီး တုန့်ပြန်နေရတာလဲ
မနေတတ် မထိုင်တတ်ရင်တော့ အဆဲ ခံရမယ် သိလား ?
သူရိယ said...
အရေးအသားကတော့ ငါးမင်းဆွေတို့လိုလေသံဘဲဟေ့။ ဆရာကြီးကတော်စာရေးတာက နည်းနည်းတော့ မန်တက်နေသလိုဘဲနော်။ ခင်ဗျားလိုတကယ်ခံစားနိုင်တဲ့လူကတော့ ၁၀၀ မှာ ၁ ယောက်ရှိလိမ့်မယ်ဗျ။ ခင်ဗျားကိုသစ်ထူးလွင်ကို ခုတုံးလုပ်ပြီး တပ်ထဲကလူကြီး မျက်နှာလုပ်မယ်ဆိုရင်လည်း ခင်ဗျားအခုလို စဉ်းစားတတ်တာ ၊ လုပ်ရဲတာ ၊ လူမုန်းခံရဲပြီးတကိုယ်ကောင်းဆံတာတွေပေါ့ဗျာ အဲဒီလို အရည်အချင်းတွေကြောင့် ခင်ဗျားတပ်ထဲမှာ အနေအစားချောင်မယ်ဆိုတာလည်း သံသယမရှိပါဘူး။ ရိုးရိုးသားသား အေးအေးဆေးဆေး မိသားစုဘဝကို လိုချင်တဲ့သူတွေအတွက်တော့ ခင်ဗျားလိုလူစားမျိုးနဲ့ တတပ်ထဲအတူနေရတာကိုက ဒုက္ခဆင်းရဲခြင်းတမျိုးဖြစ်နေမှာပါဘဲ။ ဘာလို့ဆိုတော့ သူ့ကိုများဘယ်နေ့ အတင်းပြော ချောက်တွန်းမလဲ ပူနေရမှာပါဘဲ။ ခင်ဗျားကလဲ ကိုယ့်အတွက်ဆို ဘယ်သူ့ကိုမှနင်းဖို့ဝန်မလေးဘူးမလား။ ခင်ဗျားစာကိုဖတ်ရတာ ဟိုးအရင်တုန်းကသတင်းစာမှာဆောင်းပါးတွေရေးတဲ့ ဖေကံကောင်းကိုတောင်သွား သတိရတယ်။ စိတ်မကောင်းဘူ ခင်ဗျားသားလူဖြစ်တဲ့အချိန်မှာ စစ်တပ်ကနေဝင်ခံနီးနေပြီ...
Garment Factory Introduce said...
ကျွဲခြေရာခွက်ထဲကဖားသူငယ်ပဲ။သနားစရာကောင်းလိုက်တာ။
Thurein said...
Interesting to know view from different perspectives, that is how public forum and blog works...Keep it up!
ညီညီ(ညောင်ညိုမြေ) said...
အဝေးသင်နဲ့ ကျောင်းပြီးတာလောက်နဲ့  ပညာတတ်ပါလို့ ဝံ့ ကြွားလိုက်သလို့ ပဲ ..လဒလောက်တော့ ငှက်တိုင်းလှပါတယ်ဗျာ ..အရေးသားလေးကတော်တော်ကောင်းပါတယ်..နို့ ပေမယ့် ..ပေါ်လစီများဆန်နေသလားလို့ ....
လင်းလတ်ကြယ် said...
ခင်ဗျာပြောတာမှန်တယ်ဆိုရင်
တပ်ရင်နာမည်ကိုထည့်ရေးရဲရမှာပေါ့
အခုတော့မြို့နာမည်တောင်မထည့်ရေးရတဲ့
ကောင်မကများ
Myanmar said...
တော်စမ်းပါ မတင်မြိုင်၇ာ။ ဆ၇ာမဆိုတာ တော့ ဟုတ်လောက်တယ်။ လူတိုင်းကို ငါသိငါတတ်လုပ်ချင်တဲ့ စ၇ိုက်တွေတွေ့နေ၇တယ်။ အ၇ပ်သားက စစ်သားနဲ့ယူလိုက်တာနဲ့ ၇ဲမေစိတ်ပေါက်ကိုပေါက်၇မယ်ဆိုတာ အဓိပ္ပာယ်မ၇ှိဘူး။ ကိုယ်ပိုင် လွတ်လပ်စွာ တွေးခေါ်ခွင့်ကို ချုပ်ချယ်ကန့်သတ်ခံ၇တာဘဲ။ ကိုယ့်ခံယူချက်နဲ့ကိုယ်ဘဲ ဖြစ်သင့်ပါတယ်။ အကောင်းဆုံးကတော့ စစ်မှုမထမ်းမနေ၇ ဥပဒေကို အသက်ဝင်စေချင်ပါတယ်။ စစ်မှုထမ်းခိုင်းခြင်းအားဖြင့် လူတိုင်းဟာ စည်းကမ်းဆိုတာနဲ့ နေသားကျလာမယ်။ စိတ်ဓာတ်ေ၇း၇ာ ခိုင်မာလာမယ်။ တိုက်၇ည် ခိုက်၇ည် တက်လာမယ်။ တွေးခေါ်မျှော်မြင်နိုင်စွမ်း နဲ့ ၇ဲစွမ်းသတ္တိ တိုးတက်လာမယ်။ အဲလို အကျိုးတ၇ားတွေ တကယ်၇လာဘို့က တပ်မတော်သည် လူတစ်စု၇ဲ့ ချုပ်ကိုင်မှုက ကင်းလွတ်တဲ့ ပြည်ချစ်တပ်မတော်ဖြစ်နေဘို့လဲလိုပါတယ်။ ဒီနေ့ခေတ်လို ကြီးနိုင်ငယ်ညှင်းခေတ်မှာတော့ မတင်မြိုင်ပြောသလို တပ်တွင်းနွေးထွေးမှု ၇ှိနိုင်တယ်ဆိုတာ ယုံတမ်းစကားများလား ဆ၇ာမကြီး၇ာ။ ။
red said...
မည်သို့ပင်ဆိုစေ..နေရာတိုင်းလိုလိုတွင်ကောင်းသူရောမကောင်းသူပါရောထွေးနေတတ်ပါတယ်..တပ်ထဲမှာလဲကောင်းတဲ့သူတွေရှိနိုင်ပါတယ်.လက်ခံပါတယ်....အပြင်ကလူတွေလဲကောင်းတဲ့သူတွေရှိသလိုမကောင်းတဲ့သူတွေရှိနိုင်ပါတယ်..အဓိက.ကတော့ကိုယ်ကိုယ်တိုင်ကောင်းဖို့ပါပဲ..း)..အားလုံးပဲဝေဖန်ရေးတွေကိုလျှော့ချပြီးကိုယ့်ကိုကိုယ်ကောင်းအောင်ကျင့်ဆောင်နိုင်ကြပါစေလို့...
ko dote said...
သေချာတာတော့ သားတော်မောင် ဗိုလ်ပေါက်စက အဖေအမေနာမည်သုံးပြီး တစ်ချက်ခုပ် နှစ်ချက်ပြတ် နည်းဗျူဟာနဲ့ ဝင်ကစ်သွားပုံပါ။ ရုရှပြန်လေးလားမသိ။ ဟိဟိ
Chit San Maung said...
စစ်တပ်က အောက်ခြေရဲဘော်၊ ရဲမေတွေရဲ့ခံစားချက်နဲ့ မနည်းစပ်ဘူးလို့ထင်ပါတယ်.....။
အပေါ်ပိုင်းက တကယ့်ဆရာကြီး (တပ်ကြပ်ကြီးမဟုတ်)
တွေရဲ့ လေသံလို့ထင်ပါတယ်..။
Once Myanmar said...
DAW TIN MYAING,
I agreed with THURIYA and other colleagues' view and pity on you.
Do you have an experience in other parts of the world to compare with your environment?
I think you even did not bother to see many suffering people around you.
တို့ခေတ် said...
ပေါရဲပါဘိ။ ဟဲဟဲ ကျွန်တော် တို့မှာ နားနဲ့ မျက်လုံးတွေ ရှိပါတယ်ဗျာ။ ခင်ဗျားတို့ရေးချင်တာရေးပါ။ ဒါပေမဲ့ ခင်ဗျားတို့ဘက်က ဒီလို တန်ပြန် မီဒီယာ သုံးတိုင်း အောင်မြင်မယ်မထင်နဲ့။ ခင်ဗျားတို့ပြောတိုင်း ယုံစေချင်ရင် နည်းနည်းလေး ဆိုက်ကို ပိုင်းကို အရင်လေ့လာလိုက်အုံး။ ဖြစ်နိုင်တာတွေ လက်ခံနိုင်တာတွေ ရေးရေးရင်း နဲ့ ကိုယ်ယုံစေချင်တာလေးတွေ သွယ်ဝိုက်ပြီးရေးရင် နည်းနည်းနားယောင်နိုင်သေးတယ်။ အခု ဟာက ခင်ဗျား တော်တော် ပေါရဲတယ်။
zarni17 said...
ကိုသစ်ရေ.....ဒီလိုပို့တွေမတင်ပေးပိုကောင်းမယ်ထင်ပါတယ် လူတိုင်းသိနေတဲ့ကိစ္စပါ စစ်တပ်ကိုမုန်းလို့မဟုတ်ပါ အုပ်ချူပ်သူတွေကမဟုတ်တာပါ အုပ်ချုပ်သူတွေက သူတွေရဲမူဝါဒတွေမပြင်သမျှတော့ အားလုံးကအမြင်ကြည်မှာမဟုတ်ပါဘူး စကားပုံတစ်ခုရှိတယ် သူ့ဆန်စားရဲမှ ဆိုသလို သူ့ဆန်စားတာမဟုတ် ပြည်သူရဲဆန်စားပြီး လိုက်ဖားနေတာကိုတော့ ဘယ်သူမှ ပို့ ကိုဖတ်ရမှာမဟုတ်ဘူး လက်တွေ့အခြေနေမှာ ဗြောင်ပြောရဲလားမေးကြည့်ပါ သူ့နေတဲ့တပ်တွင်းမှာ ဘယ်လိုအခြေနေရှိလဲဆိုတာစစ်သားတဲ့သိနေတဲ့ကိစ္စပါ သတင်းဖတ်ချင်လို့ ကိုသစ် ဆိုဒ်ထဲ ဝင်ကြည့်တာ အတင်းဖတ်ရလို့စိတ်တော့မကောင်းဘူး
brave heart said...
ဘာ...ရာရာစစ သားကဗိုလ်သင်တန်းဆင်း နိုင်ငံသားကောင်းတဦးရဲ့ မိခင် ခင်ဗျား ပါးစပ်မို့ပြောထွက်တယ်...ချီးစားပြီးပြောတောင် ချီးကြိုက်လို့ဖြစ်မယ်...ထွီ ရွံ့စရာကောင်းလိုက်တာ...စပ်ဆုပ်စရာကောင်းလိုက်တာ...ဘာ...သားကောင်းလည်း ကျက်သရေယုတ်တယ်...အဆင့်အတန်းမရှိ ပြောထွက်လိုက်တာ...ခင်ဗျားက ရဲမေ ဘာရဲမေလည်း ဘယ်သူက သတ်မှတ်ပေးထားလည်း...ကျက်သရေယုတ်တဲ့ မိန်းမ စိန္တမာဏ လိုမိန်းမပဲ...
အိမ်သူ said...
၁) ရေးထားတဲ့ပုံစံ ရော အကြောင်း အရာပါ မိမိ အနေဖြင့် မကြိုက်ပါ
၂)တပ်တွင်း မှ ထွက်လာသော အသံ ဖြစ်သည်ကိုမှု ယုံကြည်ပါသည်
၃)စစ်တပ်ကို သီးခြား ဇတ်မြှင့် အယူရှိသည့်သူဟု ဒေါ်တင်မြင့်ကို သုံးသပ်ပါသည်။ တပ်မတော်နှင့် ပြည်သူ တစ်သားတည်း ရှိရမည့် အချိန် ခွဲခြား နေလိုသော စည်းခြားလိုသော အယူအဆ အဖြစ် မြင်တွေ့ရသည်။
၎)လူတော် တစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း အကျင့် မကောင်း သည့် သူတို့၏ ဇရိုက် မျိုး ဟု ဒေါ်တင်မြင့်ကို ထင်မြင်သည်
၅)ဒေါ်တင်မြင့်၏ ရေးသားထားမှုကို သားဖြစ်သူ စစ်ဗိုလ်က တင်ပေးခြင်း ဖြစ်လိမ့်မည်
၆)ဆရာမ တစ်ယောက်၏ သားစစ်ဗိုလ် အပေါ် အထင်ကြီးခြင်း များစွာ ဖြစ်လျှက် ရေးသားထားခြင်း ဖြစ်သော်လည်း အများစု အတွက် လက်သင့် မခံနိုင်သော အယူ အဆမျိုး ဖြစ်ပေသည်
၇)တပ်တွင်း ကတော်တွေ အနေအထားအရ အရာရှိ ကတော် တွေအချင်းချင်းကြားမှာသာ ပြိုင်ဆိုင် နာမ်နှိမ် နှိပ်ကွပ်လေ့ရှိပြီး အခြားအဆင့်တွေ ကြားမှာ တော့ သိပ်မရှိတာမို့ မခံစားဘူးတာမျိုးလည်း ဖြစ်သလို တပ်အောက်ခြေပိုင်းက ကြီးလာတဲ့သူဆိုတော အထာ ပိုညှက်ပြီး ခံနိုင် ရှောင်နိုင်သူ ဖြစ်ပါလိမ့်မည်
၈)အထွေထွေ ထောက်ပံ့မှုတွေရတာကတော့ တပ်ရင်းမှုးရဲ့ စိတ်သဘောထား ကောင်းမှု တွေကြောင့် ပဲဖြစ်မှာပါ... ဒါပေမယ် အများစု တပ်ရင်းမှုးတွေ ကတော့ အိပ်ထဲထည့်လေ့ရှိတာ သိနေကြပါတယ်
၉)တပ်ထဲမှာ အရပ်သူလို နေလို့ မရဘူး ဆိုရင် အပြင်ထွက်လာတဲ့ အချိန်မှာလည်း တပ်ထဲက စတိုင်မျိုးနဲ့ မနေပါနဲ့လား.... ခုတော့ အပြင်ထွက်လာရင် ဗိုလ်ကတော်တွေ ဆို အတော်သိသာတယ်... ဘေးက ၀ိုင်းဖားနေတဲ့ အဆင့်နိမ့်ဗိုလ်ကတော်တွေ တွဲပါတာမျိုး အပြင် တန်ဖိုးကြီး ပစ္စည်းတွေကို အတွဲလိုက် ၀ယ်နေတာမျိုး ကိုတွေ့ရလေ့ ရှိပါတယ်
၁၀)အကြောင်း တစ်ခုခုနဲ့ အကြောင်းကြောင်းကြောင့် ကားအက်စီးဒင့် ဖြစ်ခဲ့ရင် ဘယ်လို မောက်မာစွာ ပြောသလဲဆိုတာ ကိုတော့ မော်တော်ပီကယ်တွေ ပြောပြလေ့ရှိပါတယ်
၁၁)မိမိ ငယ်စဉ်ကတော့ အသက်တွေရင်းပြီး ကာကွယ်မှုတွေပေးနေတဲ့ ရဲဘော် တွေကိုတွေ့ဘူးပေမယ် အခုတွေ့သမျှတော့ ကိုယ့်အပေါ်ကို နည်းမျိုးစုံနဲ့ ဗိုလ်ကျမယ် နေရာတကာ ပါမစ်လျှောက်မယ် ဆိုတဲ့ ဗိုလ်တွေပဲ တွေရတာများတယ်... (သူတို့ အများစု ပြောတဲ့စကားကတော့ လက်ဦးမှု ရယူရမယ်တဲ့....)
၁၂)ဆက်ရေးချင်သေးတယ် ဖတ်တဲ့သူတွေ ပျင်သွားမှာစိုးလို့ တော်လိုက်ပြီ
supergunner said...
ကြည့်ရတာသူ့ ယောကျားပုခုံးဘေးမှာချဉ်ပေါင်ပွင့်တပ်ချင်လို့ နဲ့ တူပါတယ် ပြီးတော့တပ်ကလည်း..ဂျီးအီးတို့ ဘီအီးတို့ သူခိုးတပ်နေမှာပါဗျာ... ပြောမဲ့သာ ပြောရတယ်..သူပုံစံက..ဗိုလ်ချုပ်ကတော်.စာရေးနေတာကျလို့ ဗျို့ . ဗိုလ်ဖြစ်တဲ့သားကိုမွေးရတာကို..သားကောင်းမိခင်ဆိုရင်..ကျန်တဲ့သူတွေက သားကောင်းမိခင်မဟုတ်တာကျလို့ ဗျို့ .သိသလောက်ကတော့.. ဒါလိင်ဆင်ကြီးပဲဗျို့ ...ရိုင်းရိုင်းတော့မပြောချင်ပေမဲ့..တပ်တွင်း တပ်ကြပ်ကြီးအဆက်ဆက် တစ်ယောက်ကျတစ်ယောက်ယူရတဲ့.ဘုံရဲမေကြီး နေမှာပါကွာ
Min Ko Aung said...
ခင်များသားက အရာရှိဖြစ်နေတာဆိုတော့
ဒီစကားပြောတော့မှာပေါ့..
တပ်ကြပ်ကြီး ကတော်လောက်နဲ့ ဒီလိုစကားပြောနေရင် တပ်ရင်မှုးကတော်များဖြစ်ရင် ဘယ်လောက်ပြောမလဲမသိဘူးနော်..ကျွန်တော်လဲ တပ်ရင်းတွေနဲ့ရင်းနီးနေတဲ့သူပါဗျာ.. အများအားဖြင့် တပ်ရဲမေတွေနဲ့ အောက်အဆင့်က တပ်သားမယားတွေဆိုတာ အရာရှိတွေရဲ့ အဖြည့်ခံဘ၀တွေပါ..
မသိတဲ့သူတွေကိုသာသွားပြော ဒေါ်တင်မြိုင်ဆိုတဲ့ အရူးမကြီးရေ..
lwannaymie said...
ခင်ဗျားလိုလူမျိုးတပ်ထဲကအောက်အဆင့်မှာအများကြီးပါ...တွေ့ဘူးပါတယ်....ယုံပါတယ်။ ဒါပေမဲ့ခင်ဗျားကတိုင်းမှုးကတော်၊တပ်မမှုးကတော်မဟုတ်ဘူးလေ။ (ဖားများအသံဘယ်လောက်ကောင်းကောင်း...အပေါ်ကလူဖိနှပ်နဲ့တစ်ချက်ဆီရိုက်ရင်သေတာပါဘဲ)။ ပြည်သူတွေဆင်းရဲတာဘဲသိတယ်...ဒါဘဲ။
မောင်ထင် said...
အားပေးလှချေလား ဗျ ဒီပိုစ်က
Tiger said...
စည်းကမ်းအရ ကြည့်ကြည့် ဆိုတော့ စစ်တပ်က ဘာစည်းကမ်းနည်းလမ်းရှိလို့ လဲ။ ဖရိုဖရဲ ဘရမ်းပတာ စစ်တပ် ဖြစ်နေတာကြာပြီး။ ကြီးသူကို ရိုသေ ဆိုတာ ဘာကြီးတာလဲ။ ကြီးတိုင်းရိုသေရမယ်ဆိုတာ လူမိုက် အတွေးအခေါ်၊ အသက်ကြီးပြီး ကလိမ်ကျစ်ကျနေတဲ့ လူတွေကို မိုက်လုံးရင့်နေတဲ့ သူတွေကို ဘယ်ပြည်သူကမှာ ရိုသေစရာမလိုဘူး။ မြန်မာဓလေ့ ထုံးတမ်းအစဉ်အလာ ဆိုတာ တွေကရာ လက်အုပ်ချီပြီး ကြီးသူမှန်သမျှ ဦးချရမယ်လို့  ဘယ်ရှေ့ လူကြီးက မှာခဲ့သလဲ။ နိုင်ငံတကာ စစ်တပ် တွေအကြောင်း စစ်သားမိသားစုတွေ အကြောင်း ကောင်းကောင်းမသိ မလေ့လာ မထိတွေဘူးတဲ့ ခပ်ချာချာ တော်တော်တော် ပညာတက်ဆရာကြီးကတော် ကို သနားဖို့ အလွန်ကောင်းပါတယ်။ ဒီလို စစ်ကြောင်ကြောင် အရည်အချင်ခေါင်နေတဲ့ မိန်းမတွေ စစ်တပ်ထဲမှာ ဘယ်လောက်များရှိနေမလဲ။ ဘာတွေ စွန့် လွှတ်နေတာလဲ။ ဘယ်တိုင်းတပါးရန်မှ မရှိပဲ စွန်လွှတ်နေတယ်ဆိုတာ ကိုယ့်နိုင်ငံထဲက အရေးတောင် ကောင်းကောင်းနားမလည်တဲ့ အဝေးသင် ဗလာချာ ဆရာကြီးကတော် လုပ်ပေါက်က စစ်တပ်သိက္ခာအကုန်ပြောင်ကုန်ပါပြီး။
Anonymous said...
ရုရှပြန်မဟုတ်ပါဘူး.. အခုလက်ရှိကို ရှိနေတာပါ။
အုန်းသန်း မိန်းမလား ဒီလောက်တတ်မှာ။ စာကျ၊ စာန ရေးနည်းရေးဟန် စကားလုံးအသုံးအနှုန်းကိုက ၀ါဒဖြန့်စာတွေ အသားတကျ ရေးသားကျနေတဲ့ ဖားသူငယ်တွေရဲ့ လက်ရာစစ်စစ်ပါ။ တတ်လည်း တတ်နိုင်ပါပေတယ် အမောင်တို့ရယ်။ စနိတ်စနိတ်ချင်း ဖုစီးပါတယ်ကွာ... ဟား..ဟား..
my love said...
ကိုသစ်ရေ တပ်ကြပ်ကြီးကတော်ကို ပြောလိုက်စမ်းပါဗျာ စစ်တပ်အကြောင်းကို တပ်မိသားစုတွေပဲသိတယ်လို့ထင်နေတဲ့ ပညာတတ်ကတော်ကြီးကို စာသင်ပေးနေရုံတင်မဟုတ်ပဲ ဆက်ပြီးပြည်သူတွေ အကြောင်းလေ့လာလိုက်ပါဦးလို့ပြောပေးပါ၊
soe said...
ဖခင်ဘုရင်ကြီးမှာ..မကြားလိုပါ..မကြားလိုပါ..
Moe Moe said...
တကကအုန်းသန်း ကတော်ရေ ရေးတဲ့စာက ဖတ်ရတာအရမ်းကောင်းပါတယ် ရေးသလိုဆိုရင်ဘယ်လောက် ကောင်းလိုက်မလဲ အရာရှိကတော်ရေးတဲ့ စာကတပ်ထဲမှာ ဖြစ်နေတာတွေအားလုံး အမှန်တွေပါ ရှင့်လူမျိုးတွေရှိနေလို တပ်ရင်းမှုးနဲ့ ကတော်တွေ ဘ၀င်ရှုးရှုးနေတာဖြစ်မှာပေါ့နော် ကြီးသူကိုရိုသေရမယ် ဆိုတာမှန်ပါတယ် ရိုသေတာနဲသူအိမ်မှာအောက်ချေသိမ်း ခေါ်လုပ်ခိုင်တာနဲကတခြားစီပါ ရှင့်တပြည်လုံးသိအောင်ဖား တတ်တာပဲ
ကိုရင်လေး said...
comments တွေကဖတ်လို့အရမ်းကောင်းတာပဲ။ ကောင်းဆို
မှန်တာတွေပြောတာကိုး.....
a nge said...
ကယားပြည်နယ်မှာနေပြီး အင်တာနက်သုံးနိုင်တယ်ဆိုတော့ လွိုင်ကော်ကပဲဖြစ်မှာပေါ့ဗျာ ။ ကျွန်တော့်အထင် ဒေါ်တင်မြိုင်က ခွဲတကက ကတော်မဖြစ်နိုင်ဘူး ။ တပ်မတော်မှာ ဘာမှ မလုပ်ရမကိုင်ရနဲ့ အလကားအချောင်နေနေရတဲ့ တကက/စရ ကတော်ပဲနေမှာ ။ လူကြီးနားမှာကပ်ပြီး လူကြီးကတော်ကို အစ်မ ကျွန်မတို့ ရဲမေတွေ အားနေတယ် ၊ သန့်ရှင်းရေးလုပ်ခိုင်းလိုက်ရမလားဆိုတဲ့ အစားထဲကလားမသိဘူး ။ ဘာခိုင်းလိုက်ရမလဲ ဆိုတဲ့ ဟာတွေလားမ သိပါဘူး ။ သိတယ်မလား ၊ ဘွဲ့ရပြီးတဲ့လူတွေဆိုတော့ တစ်ခြားလူတွေထက် ပိုပြီး ဖားတတ်မှာပေါ့ ။ ကိုယ်တိုင်နေပျော်နေတယ်ဆိုတော့ ကျွန်တော်ပြောသလို လုပ်နေလို့ပဲ နေမှာ ။ လွိုင်ကော်မြို့ပေါ်မှာနေ ၊ အင်တာနက်လေး သုံးပြီး အချင်းချင်း ကိုယ်ချင်းမစာ အဲလိုပြောတာတော့ မကောင်းပါဘူး။ ရဲမေတွေ တစ်ရက်စားဖို့အတွက် ဆီ ၁၀၀ ဖိုး ၂၀၀ ဖိုးတောင် မနဲဝယ်နေရဲ့ အချိန်မှာ ဒေါ်တင်မြိုင်က အင်တာနက်တောင် သုံးနိုင်သေးတာပဲလေ ။ ဒါလောက်ဆို စဉ်းစားမိကြမှာပေါ့ ။
Sate Phwar said...
ဒီတပ်ကြပ်ကြီးကတော်ရေးတာတွေ မမှန်ပါဘူး။
ဟန်းကောစကားလို့ပဲယူလိုက်ပါမယ်။
ဟန်းကောဆိုတာ တစ်လုံးချိုင့်ပါ၊
အဆင့်မရှိပါဘူး။ အထဲမှာ အံခွက်တစ်ခုပဲ ပါပါတယ်။
သူကတော့ တပ်ရင်းမှူးကတော်နဲ့ အဆင်ပြေအောင်
ဖားနေတဲ့ ဆရာကြီးကတော်ထင်ပါတယ်။
တပ်ထဲမှာ အခြားအဆင့် ရဲဘော်မိန်းမတွေထဲမှာလည်း
သူ့လို ဖော်လံဖားနေတဲ့သူတွေရှိပါတယ်။
ဒါပေမဲ့ အမှန်တရားကတော့ သူပြောသလို
မဟုတ်ပါဘူး။
ကိုကိုကြီး said...
သိတော့သိတယ်ဗျာ...ဘာသာမပြန်တတ်ဘူး...တပ်ထဲမှာဒုက္ခပေါင်းစုံ ရှိနေတယ်ဆိုတာ...။ ကျွန်တော်ကလည်းတပ်ထဲမှာ မနေဘူးတော့ဗျာ...။ တပ်ထဲမှာဒုက္ခတွေရောက်နေတယ်ဆိုတာတော့ သိတယ်..။ ပြန်မပြောနိုင်ဘူးဗျာ...။ ကျွန်တော့်သူငယ်ချင်းက...တပ်ထဲမှာဗိုလ်ကြီးသား၊ အခုတခြားသူငယ်ချင်းတွေကလည်း..ဗိုလ်မှူးတွေတောင်ဖြစ်နေပြီ...။ အခုသူတို့ကိုမေးတော့..မပျော်တော့ဘူးဗျ..။ ကျွန်တော်တို့က အေ ခန်းကဆိုတော့..အားလုံးနီးပါး..အတော်တွေများတော့.. အခုစစ်ဆရာဝန်၊ စစ်အင်ဂျင်နီယာ၊ စစ်ဗိုလ်မှူးတွေဖြစ်နေကြပြီ..။ အားလုံးမပျော်ပါတဲ့...။ (၁၀)တန်းအောင်ပြီး မိဘများက ဘုမသိ၊ ဘမသိနဲ့..စစ်ထဲရောက်ပြီး...စစ်ဗိုလ်ဖြစ်ခဲ့တဲ့..လူတွေပါ...။ အခုထိလည်း..အဆင်မပြေနိုင်သေးပါဘူးတဲ့...။ လွတ်ချင်..ကျွတ်ချင်ပြီတဲ့ဗျာ...။ ကျွန်တော်သူငယ်ချင်းတွေဗိုလ်ကြီးမဖြစ် ခင်ထဲက.. ဗိုလ်ကြီးသား ကျွန်တော့်သူငယ်ချင်းကပြောတယ်...ငါဘယ်တော့မှ..စစ်တပ်ထဲမှာ မနေဘူးဆိုတာဘဲ.။ ဆိုတာကတော့ဗျာ..ငယ်ငယ်လေးထဲက..စစ်ထဲမှာ အဆင်မပြေမှုတွေရှိနေတယ်ဆိုတာဘဲ...။ ကွန့်မန်တွေအကုန်ကောင်းတယ်ဗျာ..။ အဲဒီထဲမှာ “အိမ်သူ” ရေးတဲ့ ကွန်မန့်ဟာ...ဘယ်အချက်မှမလွတ်တဲ့..ကွန်မန့်ပါဘဲ..။
one student said...
ဟဟဟဟ ... အဲလိုပဲရီလိုက်ချင်တယ် ကျုပ်တွေ့ဖူးသားပဲ တပ်ထဲမှာနည်းတာမဟုတ်ဘူး ရုံးအုပ်ချုပ်ကတော်ကပ်ဖားကြီး တွေ ခင်ဗျားလဲဒါမျိုးနေမှာပဲ ဒွေးတို့ကျော်ဟိန်းတို့စစ်တပ်ကားပြန်ကြည့်နေရသလိုပဲ ပျော်စရာကြီး စာတွေထဲမှာ ခင်ဗျားကရနေလို့ဖြစ်မှာပေါ့ဗျာ အမုန်းမခံချင်စမ်းပါနဲ့ ခုဆိုတပ်ထဲကလူမဟုတ်ရင်တောင်စစ် သားတွေဘဝကိုအရပ်သားတွေနားလည်နေပါပီ ခင်ဗျားသား စစ်ဗိုလ်များရိုက်သတ်လို့တောင်မကန်ဘူး ပေါမှပေါ ဗိုလ်ဖြစ်တိုင်းနိုင်ငံသားကောင်းဖြစ်ရမလားဗျ ရိုက်စားဂွင်ပဲချောင်းနေတဲ့ဗိုလ်တွေတပုံကြီး ခင်ဗျားသားလဲအဲလိုမဖြစ်ဘူးလို့မပြောနိုင်ဘူး ဆောရီးနော် ဖြစ်နိုင်ခြေကိုပြောပြတာ ခင်ဗျားလိုလူတွေစစ်တပ်ထဲမှာပါပဲဗျာ စစ်တပ်ထဲကစစ်သားသားသမီးတွေက စစ်သားကိုပြန်ယူ စစ်တပ်ထဲမှာနေ စစ်တပ်ထဲမှာကြီး စစ်တပ်ထဲမှာသေကြတာ ချည်းပဲ ပညာမတတ် အသိဥာဏ်မရှိ စာရိတ္တမကောင်း အိုပြောတောင်ကုန်မှာမဟုတ်ဘူးဗျ ... ခင်ဗျားလိုအရမ်းတော်စည်းကမ်းရှိပီးစစ်တပ်ကိုချစ်တဲ့ရိုးရိုးသာမန်စစ်သားမယားတယောက်ရှိရင်တော့ကောင်းတာပေါ့လေ သေချာတာကစစ်တပ်ထဲမှာခင်ဗျာကိုကြည့်မရတဲ့လူတွေ များမှာပဲ
ladyjune said...
အင်းး..အရေးအသားတော့တော်တော်ကောင်းတယ်လို့ ဆိုလို့ရပါတယ်။
ဘယ်လိုဖြစ်ပြီး ကယားပြည်နယ်ကစစ်တပ်ထဲက ရဲမေစစ်စစ်ဖြစ်ချင်တဲ့သူက အင်တာနက်ကို ကောင်းကောင်းသုံးတတ်တာပဲ..ကြည့်ရတာ..ခေတ်မီတဲ့ တပ်မတော်ကြီးဖြစ်လာနေပြီထင်တယ်။။တကယ်သတ္တိရှိရင် တပ်ရဲ့ နံပါတ်ကိုဖော်ပြပေးပါ.နောက်တစ်ခါ သစ်ထူးလွင် မှာ လာရေးအုံးပေါ့.
ဒါပေမဲ့ ဘယ်လိုပဲရေးရေး တပ်ထဲကလူတွေက တပ်ထဲကအကြောင်းကိုပဲကောင်းကောင်းသိတဲ့သူတွေပါ.အပြင်ကလူတွေကအားလုံးကို သိပြီးသားလူတွေပါ.အဲဒီတော့.နောက်ထပ်ပြောစရာ ရှိရင်လာခဲ့ပါအုံး.ဒါမှ.comment ပေးတဲ့လူတွေ ပိုများအောင်လို့ပါ.ပြီးတော့..ရေးတော့ရေးပြီးပြီနော်.ဘယ်သူတွေ ဘယ်လိုဝေဖန်လဲဆိုတာ ကယားပြည်နယ်တပ်က connection ကောင်းရင်တက်ဖတ်ပါအုံး.
Ko Htet said...
အရာရှိကတော် ပြောတာ ဟုတ်ပါတယ်။
တပ်ကြပ်ကတော်ရေ မဟုတ်တာတွေလာမလိမ်နဲ့။
ကျွန်တော် တပ်ဆောက်ကျင့်ကို ကောင်းကောင်းသိတယ်။
Unknown said...
သိပ်မှန်တဲ. စကားတွေဖြစ်နေလို.(comment တွေကိုဆိုလိုတာ) ဘာမှဆက်မပြောတတ်တော.ပါကွယ်
thihathuya said...
ကြီးတော်ရေ''.နေတတ်ရင်တနင်္ဂနွေ''ဆိုတာအလွတ်ကျက်ထား
ရက်နဲ့ဗျာ..အခုတော့အဆဲခံရပါပကောလား
Anonymous said...
တပ်ကြပ်ကြီးကတော်ရေးတာမဖြစ်နိုင်ပါ
အရေးအသားက ၀ါဒဖြန့်စာတွေရဲ့အရေးအသားနဲ့တူနေတယ်
သတင်းစာထဲကဆောင်းပါးတွေမှာ အဲဒါမျိုးအရေးအသားတွေနဲ့ ဆင်နေသလိုပဲ
ဟိုအရင်အရာရှိကတော်ကသူလိုငါလို လူဆန်ဆန်ရေးထားတာ အခုကလိမ်ဆင်ပဲလို့မြင်ပါတယ်
စစ်တပ်ကသူတွေ အဲဒီလောက်အဆင်မပြေကြတာလူတိုင်းသိပါတယ် ကိုယ်နဲ့သိတဲ့သူတွေပြောတာတော့ အရင် post ကအတိုင်းချည်းဘဲ ၁၀၀%တူတယ် အခုလိုပြောတာတော့ ဒီတစ်ခါဘဲသိဘူးတယ်
Quote For Life said...
ဒီမှာ ဒေါ်တင်မြိုင် ခင်ဗျား ရူးနေမှန်းလူတိုင်းသိပါတယ် အစစ်မှန်ကို ဖုန်းကွယ်ချင်တိုင်းနဲ့ မဟုတ်တန်တာတွေ ထုချေလွှာလာမတင်ပါနဲ့ ကျွန်တော်က ဘာတပ်မတော်သားမှမဟုတ်ဘူး ကျွန်တော်တို့ရွာမှာ တပ်ရင်းနှစ်ရင်းတောင်ရှိတယ် အဲ့ဒီတပ်ရင်းတွေထဲက ကျောင်းနေဘက်သူငယ်ချင်းတွေရှိတယ် သူတို့ဘဝတွေ ဘယ်လောက်ခက်ခဲကြမ်းတမ်းတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ပါ ခင်ဗျားဘာမှ လာမဖြီးနဲ့ ဒါပဲ
ko unknown said...
ကိုအုန်းသန်းရေ ခင်ဗျားကို ခုချက်ခြင်းပဲ ရာထူးတိုးပေးလိုက်ပီဗျာ :P
Ko Naung said...
ဗိုလ်ကြီးသုံးယောက်ကိုယ်တိုင်ပြောတာကြားဖူးပါတယ် “အရာရှိဖြစ်နေတော့ ငတ်လို့ ဈေးဆိုင်လေး ဖွင့်စားလို့ လည်းမရ။ တပ်သားကမှ ငတ်ရင်လုပ်စရာ ရှိသေးတယ်“ ဆိုတာမျိုး။ ခင်ဗျား တပ်ထဲမှာနေတာကော ဟုတ်ရဲ့ လား။
Ko Naung said...
ဗိုလ်ကြီးသုံးယောက်ကိုယ်တိုင်ပြောတာကြားဖူးပါတယ် “အရာရှိဖြစ်နေတော့ ငတ်လို့  ဈေးဆိုင်လေးဖွင့်စားလို့ လဲ မရ။ တပ်သားကမှ ငတ်လို့  လုပ်စားတာ တင့်တယ်သေးတယ်“ ဆိုတာမျိုး။ တပ်ထဲမှာ အရာရှိရော တပ်သားရောငတ်နေတာ တဖုံ ကြီးပါ။ တပ်ထဲရော အပြင်မှာပါ အားလုံး အဆင်ပြေမှ ကောင်းမှာပါ။ ခင်ဗျားလိုစိတ်ဓါတ်ရှိတဲ့လူတွေကြောင့် စစ်ကျွှန်သက်ကြာနေတာ။ ရေးသင့်မှရေးပါ။
tharzaw said...
ခွဲတကကဇနီး ကျောင်းဆရာမတစ်ယောက်က အင်တာနက်ကို
ကျွမ်းကျင်ပိုင်နိုင်စွာသုံးတတ်ပြီး၊ သုံးနိုင်လောက်တဲ့နေရာမှာ...
စဉ်းစားစရာပဲ .....
ဘယ်သူဖြစ်ဖြစ်ပါ ... ဒေါ်တင်မြိုင်ဆိုသူကိုပြောချင်တယ် ....
ပထမပြောပြသူဟာ သူကိုယ်တိုင် တကယ်ကြုံတွေ့ခံစားရပြီး
ကြီးနိုင်ငယ်ညှင်းစိတ်ဓါတ်တွေကို မကြိုက်လို့ တင်ပြထားတာ။
ဒါကို ဘာအတွက်ကြောင့် အသားလွတ်ဖဲ့ချင်ရတာလည်း။
နောက်ပြီး ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ တပ်မတော်တွေကိုလေ့လာကြည့်ပါ။
ပြီးရင် နှိုင်းယှဉ်ကြည့်ပါ။
ဆရာမတစ်ယောက်ဆိုရင် စာများများဖတ်ပါ။
ရေတပ်သားလေးရဲ့ဖွင့်ဟချက်ကိုလည်းကြည့်ဖြစ်အောင်ကြည့်
ကိုယ့်သားကဗိုလ်ဖြစ်လို့
ကိုယ်ကဖားကောင်းလို့
စားကောင်းပြီး
ဝါးလုံးခေါင်းထဲလသာမနေပါနဲ့
popeye said...
I can see that she is as happy as a pig in slop
popeye said...
I can see that she is as happy as a pig in slop
yoma said...
ပွဲကတော့ကြည့်ကောင်းနေပြီ...
နောက်ထပ်ဘာတွေ ထပ်ဆွဲကြဦးမလဲမသိဘူး...
ကြယ်ပြာ said...
ဒီစာကို အရင်ဖတ်ပြီး အရာရှိကတော်ရဲ့စာကို ပြန်ရှာပြီးဖတ်မိတယ်။ အရာရှိကတော်ရဲ့စာအောက်က ကွန်မန့်တွေလဲ တခုချင်းသေချာဖတ်မိတယ်။ အဲ့ဒီမှာPioneerboy, Kyawswar နဲ့ ayeyarwaddythar တို့ရေးထားတဲ့စာသားတွေက ဒီပို့စ်က စာသားတွေနဲ့အတော်ဆင်သား။ တပ်ကြပ်ကြီးကတော်က အဲ့ဒီသူတွေဆီက ကော်ပီယူထားသလားမသိဘူးနော်။
minmin said...
မမမြိုင်ရေ မလေးရှားကပြန်လာမှ ယူနီဖောင်းလာရွေးမယ်နော်
Thazin said...
တကက အုန်းသန်းကတော်ရယ် ။ သားကောင်းမိခင်ဆိုရင် အမ ရဲ့သားစစ်တက္ကသိုလ်က ဆင်းရင် အမ အဖြစ်မနေဆုံးမစရာ တစ်ခုရှိတယ်နော် ။ စစ်သားဆိုတာ စစ်သားအလုပ်ပဲလုပ်ပါ။ တိုင်းပြည်စစ်မက် ဖြစ်ပွားရင် အသက်စွန့်ကာကွယ်ပါ ။ ဥပဒေပညာ စီးပွားရေးပညာ စီမံခန့်ခွဲမှုပညာ မကျွမ်းကျင်ပဲ နိုင်ငံတော် အုပ်ချုပ်ရေးအလုပ် မလုပ်ပါနဲ့လို့
မိုးတိမ် said...
ဟဲဟဲ မတင်မြိုင် ခင်ဗျားစာကိုဖတ်ရတာ တပ်ထဲကသူတွေအတွက်ကတော့ အတည်ပေါက်ဟာသတစ်ခုပဲဗျ... မှတ်တမ်းရုံးဟောင်း(ဘောက်ထော်)နှင့် ကပစတပ် ဆိုတာ ကျနော် ခြေရာတွေအမှန်တကယ်ထပ်တဲ့နေရာတွေပါ....ဒါဆိုရင်သဘောပေါက်ပေါ့....
မင်းခန်.နောင် said...
မဖြစ်နိုင်ပါဘူးအစ်မရယ်....ဘယ်မှာနေနေ စည်းကမ်းဆိုတာတော့ ဟုတ်ပါတယ်...ဒါပေမယ့် ဆန်ပေးမှ ဆီရတဲ့ အစ်မတို. ပတ်ဝန်းကျင်ကို ကျွန်တော်တို.တွေလည်း ကောင်းကောင်းနားလည်ပါတယ်...ကျွန်တော် ကိုယ်တိုင်လည်း လက်နက်ကိုင်တပ်ဖွဲ.က အရာရှိဟောင်းလူပျိုတစ်ယောက်ပါ...သူငယ်ချင်း အရာရှိတွေရဲ.ဇနီးတွေကို ကြည့်ပြီး စိတ်ကုန်လွန်းလို.ပါ...အစ်မလို တကက.ရဲ.ကတော်က ဒီလိုရေးတာတော့ အံ့သြမိပါတယ်.... နောက်အဲဒါမျိုးတွေ မရေးပါနဲ.......တစ်လှေလုံးက ငါးတွေပုပ်နေချိန်မှာ အစ်မက လှေဘောင်ပေါ် ခုန်တက်မိနေတဲ့ ငါးတကောင်လို ဖြစ်မှာပါ...လှေထဲပြုတ်ကျရင် အစ်မလည်း နားလည်လာမှာပါ...ဒီလောက်ဘဲ ပြောပါရစေ........
မြတ်စန္ဒာ said...
“ရပ်ကွက်ထဲမှာနေရင် ရပ်ကွက်စည်းကမ်းကို လိုက်နာရပါတယ်။ အဆောင်မှာနေရင် အဆောင်စည်းကမ်း ရှိရပါတယ်။ ဈေးထဲကဈေးသည်က ဈေးအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စည်းကမ်းကို လိုက်နာရသလို ၀န်ထမ်းတစ်ဦးကလည်း သူ့ရဲ့ဌာနက ချမှတ်ထားတဲ့စည်းကမ်းကို လိုက်နာရတာ လူ့ကျင့်ဝတ်ပါပဲ။ ယုတ်စွအဆုံး အိမ်မှာတောင် အဖေ၊ အမေက ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာကြရပါတယ်။ ကျွန်မတို့ တပ်မတော်ဆိုတဲ့အဖွဲ့အစည်းကတော့ စည်းကမ်းကို အဓိကထားပြီး အုပ်ချုပ်နေရတဲ့အတွက် အရပ်ဘက်စည်းကမ်းအပြင် စစ်စည်းကမ်းများဟာ တပ်မတော်သားများအပြင် သူတို့ကိုမှီခိုနေသူများအပေါ် အကျိုးသက်ရောက်နေတာ မဆန်းလှပါဘူး။ ” စာသားများဟာ အရာရှိကတော်တစ်ဦးပေးစာမှာ comment ပေးထားတဲ့ pioneerboy ရဲ့စာသားတွေနဲ့တူနေပါတယ်။ayeyarwaddythar , heinkaungkin တို့ရဲ့အယူအဆ အရေးအသားများနဲ့တူနေပါတယ်။ နောက်ပီး ကျွန်တော်သိသလောက် တပ်ထဲမှာ တကက ကတော်တစ်ဦးမှာ တပ်ပြင်ထွက်ပြီး အင်တာနက်သုံးဖို့ အချိန် မရှိပါဘူး။ အင်တာနက်တစ်နာရီသုံးရင် ရန်ကုန်မှာ 250-300 ရပေမယ့် နယ်မြို့တွေမှာ 500 ဆိုတာအနည်းဆုံးပါ။ connection လည်းမကောင်းပါဘူး။ ဒီလို post ကို တင်ဖို့ဆိုရင် တော်တော်စိတ်ရှည်၊ အချိန်ပေးပြီးတင်ရပါမယ်။ ရတဲ့လစာထဲက အင်တာနက်ဖိုး ၅၀၀ သုံးနိုင်တယ်ဆိုတော့ ၀င်ငွေတော်တော်ဖြောင့်နေပုံ။ ရဲမေတွေ ဆီ ၂၀၀ဖိုးလောက်ဝယ်သုံးနေချိန်မှာ အင်တာနက်သုံးနိုင်တယ်ဆိုတော့စဉ်းစားစရာပါ။ လင်တော်မောင်က အလုပ်များလို့ ရဲမေတွေက အ၀တ်အငှားလျှော်၊ ထင်းခုတ်နဲ့ အိမ်စရိတ်ကာမိအောင် လုပ်နေရတာ ကျွန်တော့်မျက်စိရှေ့တင်ပါ။ ဒီနေ့တော့ ဒီလောက်ပဲတင်ပါမယ်။ မနက်ဖန်မှ ရာထူးအဆင့်များနဲ့တကွ လစာနဲ့စရိတ်များကို အသေးစိတ်တွက်ပြပြီး တကက တစ်ယောက်ရဲ့မိသားစု စားဝတ်နေရေး လစာရင်းနဲ့လုံလောက်လားလို့တွက်ပြပါ့မယ်။
Thazin said...
အုန်းသန်း ကတော်ရေ ။ ဟိုနေ့က ယူထားတဲ့အကြွေးလာ ဆပ် ။ မဆပ်ရင် အားလုံးသိအောင် အော်တောင်းမှာနော် ......
seazinyaw said...
အုန်းသန်း ကတော် ရေ ခင်ဗျား တို.ကို တပ်ထဲမှာ ဘဲထားပြီး ချောင်ပိတ် မှိုင်သွင်းထားလို.မှိုင်းမိနေ တာ ထင်တယ်၊ တခုသတိပြုရမှာ က ခင်ဗျားတို.ကို မှိုင်း သွင်းတဲ့ အဆင့်ဆင့်သော အရာရှိကြီးများ ကိုတိုင် ဒီလို ခံယူ ချက်မျိုး မရှိ ဘူးဆိုတာပါ၊ ခင်ဗျားတို.လက်အောက်ငယ်သားတွေ ကို မှိုင်းသွင်းထားမှ သူတို.အုပ်ချုပ်ရ လွယ်မယ်လေ၊ ဒါမှ သူတို.လုပ်ချင်ရာလုပ်လို.ရ ပြီး သူတို.ကိုဝင်မစွက်ဖက်လို.ရမှာကိုး၊ ပြီးမှ သူတို.အဆင့်ဆင့် ရာထူးရအောင်ယူ ပြီး အာဏာရယူ က ကြိကြိတက်ချမ်းသာအောင် လုပ်ကြပါလိမ်.မယ်၊ ဟုတ်လားမဟုတ်လား ရှေ.က လူကြီးများကိုကြည်.ပါ၊ သူတို.တွေ ပြောမပြနိုင်လောက်အောင်ချမ်းသာ ကြပါတယ်၊ ထားစရာ ငွေတွေပေါလွန်းလို. ဘဏ်တွေတောင်ဖွင်.ထားလိုက်ကြသေး တယ်၊ သူတို.တွေ ဟာ တပ်ထဲမှာတော့ အကျင့်စရိတ်တအလွန်ကောင်းတဲ့ပုံစံနဲ့ ဂုဏ်သရေရှိ ပုဂိုလ်ကြီးတွေလိုနေ ထိုင်ပြ ကြပါတယ်၊ နောက်ကွယ်မှာတော.တပ်အပေါ် ရော တပ်တွင်းမိသားစု အပေါ်မှာရော တိုင်းပြည် အပေါ်မှရော စေတနာမရှိ ကြဘဲ ရာထူးတိုးတက်ရေးသာ အဓိကထား တဲ့ အတ်တသမားတွေပါ၊ သူတို.တပ်ထဲမှ ဖြတ်သန်းကြတဲ့ ခဏတာအချိန် လေးကိုဘဲ ဟန်ဆောင်နေ ခဲ့ကြတာပါ၊အဲဒီ့ကာလမှာ ပြည်သူ.အကြိုးပြုလုပ်ငန်းတွေ ကိုလည်း အပေါ်ရံ ရှပ်ပြေး အဖြစ် ဘဲ လုပ်ခဲ့ကြပြီး ပြည်သူအတွက်ရေရှည်အကျိုးရှိအောင်မလုပ်ခဲ့ကြပါဘူး၊သူတို.ချုပ်ကိုင်ချင်ရုံသက်သက်ပါဘဲ၊ ကြာတော.တိုင်းပြည် လည်းဘုန်းဘုန်းလဲခဲ့ ပါပြီ၊ခင်ဗျားတို.တပ်တွင်းမှာ လုပ်တဲ့အကျင့်တွေဟာ အပြင်ကိုကူစက်လာပြီး တိုင်းပြည် အောက်တန်းနောက်တန်ကျ သွားခဲ့ရတာပါ၊ခင်ဗျာသား ကစစ်တကသိုလ်ကျောင်းဆင်းပြီး အရာရှိ တယောက်မွေးထုပ်နိုင်ခဲ့ လို. ခင်ဗျား ကသားကောင်းမိခင်လို.ပြောတယ် နော်၊ အမှန် က စစ်တကသိုလ်ကျောင်းဆင်းတွေ မှာ အင်မတန် ဆိုးဝါးတဲ့ စိတ်ဓါပိုင်းဆိုင်ရာခံယူချက် ကိန်းအောင်းနေ ခဲ့ ပြီး အာဏာကိုဘဲ အဓိကထား ကာ တိုင်းပြည်ကိုရော ပြည်သူလူထုရဲ့ဘ၀ အကျင့်စာရိတ်တ တွေကိုရော ကုန်းကောက်စရာမရှိအောင်ချွှတ်ခြုံကြသွားစေသူများ ပါ၊ အဲဒီကျောင်းဆင်းတွေ ဟာအမျှော်အမြင်လုံးဝမရှိဘဲ လတ်တလောဖြတ်သန်းတဲ့ အချိန်မှာသာ သူတို.အတွက်အဆင်ပြေရေးဘဲ အဓိက ထားပါတယ်၊ အခုဘဲ တိုင်းပြည် အခြေအနေ ကိုကြည်.ပါလား ဘယ်လောက် လက်နက်ကိုင်ပေါ လိုက်သလဲလို.၊ ခင်ဗျားဟာ တိုင်းပြည်ဖျက်စီးမဲ့သူတဦးမွေးထုပ်ပေးတဲ့ သားဆိုး မိခင်ဖြစ်သွားခဲ့ပါ ပြီ၊ကျွှန်တော်ဟာ အငြိမ်းစားတဦးပါ
julyborn said...
ပွင့်ပွင့်လင်းလင်းပြောမယ် ကျွန်တော်လည်း စစ်ဗိုလ်တစ်ယောက်ပဲ ။ ကြည်း 4**** ဘယ်ကလည်းဆိုတာလည်း မပြောတော့ဘူး ။ ဒီပို့စ်ကို လုံးဝ ( လုံးဝ ) ကန့်ကွက်တယ်ဗျာ ။ စစ်ဗိုလ်ဆိုတာကို မခံချင်လွန်းလို့ ဖွင့်ပြောလိုက်တာ ။ တပ်ကတော့ ရှမ်းတောင်မှာပဲ ။ ခြေမြန်တပ်ရင်းပဲ ။ ခြေလျင်မှာနေတာတောင်မဟုတ်ဘူး ။ ခြေမြန်မှာနေတာ ။ ရုရှားပြန်ပဲဗျာ ။ စစ်သားကိုယူ ၊ သားကို တပ်ထဲထည့်ပြီး တပ်ထမင်းကိုစားနေမှတော့ တပ်ကောင်းကြောင်းပဲပြောမှာပေါ့ ။ ကျွန်တော်ကတော့ မပြောနိုင်ဘူး ။ ပေးတဲ့လစာနဲ့ ခိုင်းတဲ့အလုပ်ရဲ့ ကုန်တဲ့ငွေက ဘာမှ မကျန်ဘူး ။ အိမ်က ချည်းပဲ ပြန်တောင်းနေရတာလည်း ရှက်လှပြီ ။ တပ်မတော်မှာနေတာ ဘာကောင်းတာရှိလည်း ။ မြို့ပေါ်မှာနေပြီး တပ်ကောင်းကြောင်းလာပြီးမပြောနဲ့ ။ တောထဲမှာနေရတဲ့လူတွေကို ဘာမှ မကြည့်တာကိုလည်း ထည့်စဉ်းစားအုံး ။ လူကြီးတွေကလည်း မြို့ပေါ်က တိုက်ကြီးကြီးပေါ်မှာနေ ၊ ကားကောင်းကောင်းစီးပြီး သူ့ဘေးမှာနေတဲ့ ဆိုင်ကယ် ၁၀ စီးလောက်ပိုင်တဲ့ စစ်သည်တွေ ရဲမေတွေကို အဆင်ပြေလားမေး ၊ စစ်သည်တွေ ရဲမေတွေက အဆင်ပြေတယ်လို့ပြောတာနဲ့ပဲ ၊ တပ်မတော် တစ်ရပ်လုံး ကောင်းစားနေတယ် ထင်နေတာ ။ ငတ်နေတဲ့ စစ်သားစစ်ဗိုလ်တွေ အများကြီးပဲ ။ရင်နာလွန်းလို့ မခံနိုင်လွန်းလို့ပြောတာ ။ အားလုံးသိအောင်ပြောချင်တာ တပ်ကိုထောက်ခံလား မထောက်ခံကြလား သိချင်ရင် သမ္မတကြီးဆီ ခွင့်တောင်းပြီး စစ်သားတွေ ( အရာရှိ ၊ စစ်သည် အားလုံး ) ကို ခုချိန်မှာ ထွက်ချင်တဲ့လူ ထွက်ဆိုပြီး ထွက်ခွင့်ပေးကြည့်ပါလား ။ စစ်သား ကော အရာရှိကော ပေါင်းလိုက် အယောက် ၂၀၀၀ လောက်ကျန်ရင် ခေါင်းဖြတ်သတ်ခံလိုက်မယ် ။ ကျန်တဲ့လူတွေကလည်း တပ်ရင်းမှုးအထက်ပဲဖြစ်လိမ့်မယ်
Bagan Min said...
သစ်ထူးလွင်ပို့ စ်ပေးသူများသို့ ..
ရိုးရိုးလေးပဲတွေးပါမည်၊၊ အဖွဲ့ အစည်းတစ်ခုထဲမှာ နေပြီး မိမိအဖွဲ့ အစည်း မကောင်းပြောနေမဲ့ အစား၊ ကိုယ်ရှင်သန်နိုင်မဲ့ အကောင်းဆုံးဖြစ်မဲ့အဖွဲ့ အစည်းကို ပြောင်းပါ၊၊ အမေစုကိုထောက်ခံသူများဝ ပုဆုံးခြုံထဲက လက်သီးပုံးမပြကြပါနဲ့ ၊၊ ကိုယ်နေနဲ့အဖွဲ့ အစည်း၊ ကိုမကြိုက်ရင် ရဲ ရဲ NLD ကိုဝင်ပြီး ထောက်ခံပါ၊၊ ဒေါ်မြိုင်လိုလူမျိုးမရှိရင်လည်း ခင်ဗျာတို့ စစ်တပ်ဘာဖြစ်သွားမလဲ... ခံစားနေရတဲ့ ရဲဘော်တွေ ..ရဲမေတွေ စစ်တပ်ကို မကြိုက်ဘူးဆိုရင် ရဲ ရဲ့ ထွက်ပြီး NLD ကိုအားပေးထောက်ခံဗျာ.. ရှင်းရှင်းလေးပဲ.. Do not shit in your house. It smells .
ရွှေ said...
ဒေါ်တင်မြိုင်ရေ။ စစ်တပ်မှာညစ်ပတ်ရင်အရစ်ကပ်တယ်ဆိုတဲ့စကားပုံတော့သိလိမ့်မယ်ထင်ပါတယ်။ ခင်ဗျားယောက်ျားလည်းဒီလိုနည်းနဲ့ရလာတာလားမှမသိတာ။ တပ်ခွဲမှူးကတော်အိမ်မှာ မမ မမ နဲ့အောက်ခြေသိမ်းလုပ်နေရတာ ကိုယ့်ကိုယ်ကို ဂုဏ်များယူနေသလား။ တပ်ခွဲထဲမှာတောင် ဌာနချုပ်တပ်ခွဲက CQ များလား။ ဒါကြောင့်အနေချောင်နေတာပဲဖြစ်မယ်။ စစ်တပ်ထဲမှာနေတတ်ရင် တနင်္ဂနွေဆိုတဲ့စကားဟာ "ဂယ်"ရှာတဲ့ကောင်တွေအတွက်ပဲဖြစ်မယ်။ ဒီစကားလုံးတွေကိုတော့ရင်းနှီးနေလိမ့်မယ်ထင်ပါတယ်။
Sate Phwar said...
ရိုးရိုးလေးပဲတွေးပါမည်၊၊ အဖွဲ့ အစည်းတစ်ခုထဲမှာ နေပြီး မိမိအဖွဲ့ အစည်း မကောင်းပြောနေမဲ့ အစား၊ ကိုယ်ရှင်သန်နိုင်မဲ့ အကောင်းဆုံးဖြစ်မဲ့အဖွဲ့ အစည်းကို ပြောင်းပါ၊၊
အထက်က မှတ်ချက်ရေးသူရေ
ပြောင်းချင်နေတာကြာလှပေါ့
အရပ်သားဝန်ထမ်းတွေက ခွင့်မဲ့ပျက်ကွက်ဖြစ်ရင်
အရေးယူဖို့ ဥပဒေ မရှိဘူး။
စစ်တပ်မှာကတော့ စစ်ပြေးဆိုရင် အချိန်မရွေး ဖမ်းပြီး
ထောင်ချလို့ရတဲ့ဥပဒေရှိတယ်။
ထွက်ခွင့်ကတော့ လုံးဝဘဲ။
စာတောင်အတင်မခံဘူး။
Ar Ga said...
ဒီစာကိုေ၇းပြီးတင်တဲ့ တပ်ကြပ်ကြီး ကတော် ဖြစ်ဖြစ် ၊ စိတ်ဓါတ် စစ်ဆင်ေ၇းက ကလောင်ခွဲတွေ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ။ စစ်တပ်ထဲက အခြေအနေမှန်တွေနဲ့ အများစု၇ဲ့ သဘောထားကို ပိုပြီး သိလိုက်၇လို့ပါ ။
လူမှန်လေး said...
အဲ့ မိန်းမ ရေးထားတာ အကုန်လိမ်ထားတာ နေတဲ့နေရာက အစ သူယျောက်ကျားရော ဒီပုံစံအတိုင်းဆို သူ့ မှာ ယျောက်ကျား နှစ်ယျောက် အနည်းဆုံးပေါ့
လူမှန်လေး said...
အဲ့မိန်းမ အကုန်လိမ်ထားတာ သူနေတာ ကယားပြည်နယ်လဲ မဟုတ်ဘူး သူယျောက်ကျား ကိုအုန်းသန်း လဲ မဟုတ်ဘူး အားလုံးသူ လိမ်ထားတာ
Toe Toe said...
sate phwar သို့(အရပ်သားဝန်ထမ်းတွေက ခွင့်မဲ့ပျက်ကွက်ဖြစ်ရင်
အရေးယူဖို့ ဥပဒေ မရှိဘူး။စစ်တပ်မှာကတော့ စစ်ပြေးဆိုရင် အချိန်မရွေး ဖမ်းပြီးထောင်ချလို့ရတဲ့ဥပဒေရှိတယ်။) ဒါကြောင့်မင်းတို့တပ်ကလူတွေကဘာမှ
မသိမတပ်ဘဲ ကိုယ့်ကိုယ် ကိုတပ်ယောင်ကားလုပ်နေကြတာလို့ပြောတာ အရပ်
ဘက်မှာလဲအရပ်ဘက်ဥပဒေရှိတယ်ကွ ခွင့်မဲ့ပျက်ကွက် ၂၁ရက်ကျော်ရင်ဝန်ထမ်း
အဖြစ်ကထုတ်ပစ်တဲ့ဥပဒေရှိတယ်။ဒါပေမဲ့မင်းအဘ တပ်မှာအပြစ်ရှိလို့အရပ်ဘက်
ပြောင်းစားခိုင်းတဲ့သူတွေရောက်လာမှဒီဥပဒေကိုအိမ်လာပြီးချင်းကပ်ရင်ဖျက်ပေးလိုက်ရင်းပျောက်သွားတာ။ ဒီလိုလူတွေကြောင့်မင်းတို့စစ်တပ်ကိုလုမုန်းများလာတာဘဲ။
မင်းလဲစစ်အုပ်ချုပ်ရေးမှာမွေးပြီးလူဖြစ်လာတဲ့သူထင်တယ်၊ဒါတွေကိမသိတဲ့သူကဒီ
လိုလူတွေဘဲရှိတယ်။မသိဘဲရမ်းမပြောနဲ့အရပ်ဘက်မှာခွင့်ဆိုတာတင်ယူရတယ်နား
မလည်တဲ့မင်းတို့အဘတွေလာမှ(ကောင်းတဲ့သူတချို့လဲပါသည်)ခွင့်မလိုဘဲနားလည်မှုနဲမှုတွေနဲ့လွှတ်လို့လွှတ်အရပ်ပျက်တာတပ်ဖျက်လို့ကွ။
အောင်သူရ said...
ခင်ဗျားတို့ရဲ့ တပ်မတော်ကြီး ဒိလောက်သိပ်ကောင်း သိပ်တော်နေရင် မြန်မာပြည်က လူငယ်တွေအကုန်လုံး စစ်တပ်ထဲ ၀င်ကုန်မှာပေါ့ ၊ ဒါဆို စုဆောင်းရေးတောင်ရှိမယ်မထင်ဘူး။ ဒီလောက်ကောင်းတဲ့စစ်တပ်ထဲကို ဇွတ်အတင်းဝင်ဖို့ ဘယ်က ခွေးသူခိုးတွေ လူစုဆောင်းနေတာလဲ ??????
ko taw thar said...
ဆရာကြီးကတော်
ဆရာကြီးဆိုတာ ချီးပုံးထမ်းတဲ့လူကိုပြောတာလားဟင်...
ပဲစားပြီးသိပ်မဖားနဲ့ချီးပန်းသေတတ်တယ်...
ဆရာကြီးက၀ါးတီးပေးနေရတော့ တပ်ကောင်းကြောင်းတွေပြောနေမှာပေါ့...
tunwinaung said...
အင်းးးးးး ကျွန်တော်ထင်တာတေ့ ဒေါ်တင်မြိုင်နဲ့ အရာရှိကတော် တစ်ဦးဆိုတာ တစ်ယောက်ထဲဖြစ်နေတယ်ထင်တယ်.. ဆိုက်ဝါးများလားလို့လေ.... ဖြစ်နိုင်တာကိုတွေးကြည့်တာ... ဒီခေတ်က လွယ်တာမှမဟုတ်တာကိုးး။။။။။ တွေးကြည့်ကြပါတော့ဗျာ.....
ko said...
စစ်တပ်ဆိုတာအဖွဲ့အစည်းတစ်ခုကို အားလုံးလိုက်လျော်နိုင်မဲ့စည်းကမ်းတွေကို ထုတ်ထားတာပါ တစ်ဦးတစ်ယောက်အဆင်ပြေဖို့မဟုတ်ဘူး နားလည်ဖို့လိုတယ်...
007747 said...
သွားစမ်းပါ,မာယာ‌တွေရိုး‌နေပြီကွာ, ဦး‌နှောက်ရှိတဲ့မိန်းမတိုင်း---
ဒါမျိုး‌တွေမ‌ရေးပါ။
ko pwa said...
တော်တော်ကံကောင်းတဲ့ စစ်သားကတော်ပဲဗျာ အဲလိုနေနိုင်တဲ့ တပ်က တော်တော်ရှားပါတယ်. အချို့တပ်တွေမှာ အင်တာနက်ရှိပေမယ့် ဆင်းရဲစုတ်ပြတ်နေတဲ့ မိသားစုတွေ များပါတယ်.တကယ့်ရှေ့တန်းက ရဲဘော်တွေ ဗိုလ်တွေက စုတ်ပြတ်သတ်နေကြတာပါ. Laptop တွေ အင်တာနက်တွေကို တိုင်းရင်းသားတွေပဲ သုံးချင်တာမဟုတ်ပါဘူး ရှေ့တန်းက ရဲဘော်လေးတွေလဲ သုံးချင်ကြမှာပါ. တကယ့်ဘ၀ထဲက ရဲဘော်တွေမှာ ဘာမျှော်လင့်ချက်မှ မရှိကြရှာပါဘူး. အရမ်းသနားဖို့ကောင်းပါတယ်. သူတို့ကို အားလုံးကခွဲခြားဆက်ဆံတာကိုလဲ ခံနေကြရတာပါ
chit said...
တပ်ကိုတော်တော်ချစ်တဲ့သူပဲ သူလိုလူမျိုးတပ်ထဲမှာရှိတော့ကောင်းပါတယ် ဒါပေမယ့်သူလိုသူမျိုးကပဲ တပ်ထဲမှာ အရာရှိကတော်တွေအချင်းချင်းတိုက်ပေးတယ် သူလိုလူမျိုးကပဲ တပ်မှူးကတော်နဲ့အစဉ်ပြေအောင်ပေါင်းပြီးအရာရှိကတော်တွေကို သွေးထိုးတယ် ဟာသတွေလာပြောနေတယ် ကဲတပ်မှာပျော်တဲ့အန်တီရေး ထာဝရအဲလိုပဲပြောနေနိင်ပါစေ
ပြည်သူ့အတွက် ၂၀၁၀ said...
အမြဲလိုက်မနေတဲ့အရာရှိကတော်တစ်ဦးရဲ့ ပေးစာအရ တပ်ထဲမှာ အမြဲလိုက်နေနေတဲ့ ရဲမေစစ်စစ်တွေအပေါ် သနားစရာလူ့အခွင့်အရေး ချိုးဖောက်ခံရသူ တွေအဖြစ် အမြင်ခံရမှာစိုးလို့ ရဲမေအစစ်ဖြစ်တဲ့ တပ်ထဲမှာအမြဲတမ်းနေထိုင်တဲ့ အရာရှိကတော် မဟုတ်တဲ့ ဆရာကြီးကတော်က တုန့်ပြန်ရေးသားလိုက်တာပါရှင့်။
[[ဒီလိုတုန့်ပြန်ရေးလို့ အထက်အရာရှိရဲ့ ဇနီးမယားကို ဆရာကြီးကတော်တစ်ယောက်က ခွန်းတုန့်ပြန်တယ်လို့လည်း မထင်စေချင်ပါဘူး။ ဒီနေ့ခေတ်ကာလအရ အရာရှိကတော်တွေထဲမှာ ပညာတတ်သူတွေရှိသလို၊ ပညာနည်းသူများလည်း ရှိပါတယ်။ ဒီလိုပါပဲ အခြားအဆင့်လို့ခေါ်တဲ့ အရာရှိမဟုတ်သူများရဲ့ ဇနီးမယားများမှာလည်း ပညာနည်းသူတွေရှိသလို၊ ပညာတတ်သူတွေရှိတဲ့ အကြောင်း ဦးစွာပြောကြားပါရစေရှင့်။]]
မဖြစ်နိုင်ပါဘူး စီကြူ ကတော် တစ်ယောက်က ကယားပြည်မှနေပြီး အင်တာ နက်ကျွမ်းကျွမ်းကျင် သုံးတက်တယ်ဆိုတာ မဖြစ်နိုင်ဘူး။
သစ်ထူးလွင် ဆိုဒ်က လူသိများလာတော့ ကကဆက်ကလည်း သိမှာပါပဲ။ ဒါကြောင့် တန်ပြန်တဲ့ အနေနဲ့ အင်တာနက်ကျွမ်းကျင်တဲ့ သူတွေ က ဒေါ်အုန်းသန်းအနေနဲ့ ရေးတာပဲဖြစ်မှာပါ.
အမှန် တပ်ထဲနေရတာ ဓမ္မာစင်္ကြာ၊ စည်းကော်၊ ဖက်ထိပ်၊ တပ်တွင်းစိုက်ပျိုးရေး၊ တပ်ရင်းမှူး အိမ်မှာ ချက်ပြုတ် လျှော်ဖွတ်ရေး၊ တပ်ကို ကကစစ် က တပ်ရင်းမှူး အဆင့်တိုး လာစစ် ရင် လုပ်လိုက်ရတဲ့ သန့်ရှင်းရေး ဘာရေး ညာရေး တွေကြောင့် ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က စပြီး တပ်နေမပျော်တဲ့ ဇနီး မယားတွေ အများကြီးပါပဲ
ဒီကြားထဲ တပ်တွင်းလိုက်မနေရင် အရာရှိကတော်က စပြီး အောက်အဆင့် ဖိနှိပ်ခံနေရတယ်။
အဆိုးဆုံးက ဒီစက်အေ ကျောင်းဆင်း စစ်ဗိုလ်။ အလုပ်သင် ကျောင်းဆင်း တေဇ စစ်ဗိုလ်များဟာ ဘွဲ့ရစစ်ဗိုလ် ၊ အခြားအဆင့် က ဗိုလ်သင်တန်း တက်တဲ့ စစ်ဗိုလ် တွေ ထက် အသက်အများကြီး ငယ်ကြပါတယ်။ ဒါပေမဲ့ အသက်က အဓိမဟုတ် စီနီယာ က စကားပြောတော့ သူတို့ မိန်းမ တွေကအစ လိုချင်တာဘဲ သိတယ်။ ရိုင်းစိုင်းစွာ ဆက်ဆံတက်တယ်။
Phyo Naung said...
Toe Toe,
You should read SATE PHWAR's comment thoroughly before condemn him.
He responsed to BAGAN MAN on the above and he just simply mean there was an additional JAIL term for the ARMY.
နှစ်ဖက်ချွန်မာမီနိုး said...
ဘရိမ်းဝဒ် ပါပဲ။ ခံစားရသူနဲ့ စံစားရသူ အတွေးအခေါ် တွေတော့ ကွာမှာပဲလေ။ ဒီမိုခေတ်ကြီး ထဲ မှာ လွတ်လပ်စွာ ပေါက်ကွဲ နိုင်ပါတယ်။ မဟုတ်တမ်းတရားတွေ ငြမ်းဆင်ပြီး ရေးတာတော့ ဖတ်ရတဲ့ သူ လဲ အကျိုးမရှိ အချိန်ကုန်စေတယ်။
blacklover said...
ကယ်ပြာ said...
ဟုတ်တယ် ကြယ်ပြာပြောသလိုပဲ Pioneerboy, Kyawswar နဲ့ ayeyarwaddytharတို့စာနဲ့တော်တော်တူတယ်...
Powered by Blogger.