ဒဂုံမြို့သစ်( အရှေ့ပိုင်း) ရပ်ကွက်အချို့တွင် ချပေးထားသော မြေကွက်များ ပြန်လည်အပ်နှံရမည်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အင်းဝလမ်း၏ အရှေ့ဘက်ခြမ်းရှိ ရပ်ကွက်များတွင် ချထားပေးခဲ့သည့် မြေကွက်များအား ခေတ်မီစက်မှု လယ်ယာစံပြ အထူးစိုက်ပျိုးရေးဇုန်အဖြစ် နိုင်ငံတော်မှ ဖော်ထုတ်ဆောင်ရွက်သည့် စီမံကိန်းဧရိယာအတွင်း ပါဝင်နေသောကြောင့် အဆိုပါ မြေကွက် ချထားမှုများ အားပယ်ဖျက်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနမှ မူလပေးသွင်းခဲ့သည့် မြေကွက်ဖိုးငွေများအား ပြန်လည် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြေကွက်ချထားပေးမှုအား ပယ်ဖျက်ခဲ့သည့် ရပ်ကွက်များမှာ ၁၂၁၊ ၁၂၂၊ ၁၂၃၊ ၁၂၆၊ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၅၇၊ ၁၅၈၊ ၁၅၉၊ ၁၆၀ ရပ်ကွက်များတွင် ချထားပေးခဲ့သည့် မြေကွက်များဖြစ်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆောင်လုပ်ရေးဝန်ကြီးဌာနက မတ် ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကာယကံရှင်များအနေဖြင့် မတ် ၈ ရက်မှ စတင်ကာ မတ် ၃၁ ရက် နောက်ဆုံးထား၍ ရုံးချိန်အတွင်း မြေချပါမစ်မူရင်း၊ မြေငှားစာချုပ်မူရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်(သို့) ဝန်ထမ်းကတ်များ ယူဆောင်လျက်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန မြေနှင့် အခွန်ဌာနခွဲ၊ ရုံးအမှတ် ၄၀ နေပြည်တော်နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း (ရန်ကုန်) ရှိမြို့ရွာနှင် အိုးအိမ်မွေးမြူရေးဦးစီးဌာန (ရုံးဟောင်း) သို့ ဆက်သွယ်ဆောင်ရွက်ရန် နှိုးဆော်ထားကြောင်း သိရသည်။ ထို့အပြင် မတ် ၃၁ ရက်အထိ လာရောက်၍ စာရင်းစာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသော မြေကွက်ပိုင်ရှင်များ၏ မြေချပါမစ်များ၊ မြေငှားစာချုပ်များအား စာရင်းမှ ပယ်ဖျက်ပြီး ပေးသွင်းခဲ့ရသည့် မြေကွက်တန်ဖိုးများ နောင်တွင်ပြန်လည်ထုတ်ပေးသွားမည် မဟုတ်ဟု တရားဝင် အသိပေးကြေညာချက်တွင် ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၃ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
ဒဂုံမြို့သစ်( အရှေ့ပိုင်း) ရပ်ကွက်အချို့တွင် ချပေးထားသော မြေကွက်များ ပြန်လည်အပ်နှံရမည် ဒဂုံမြို့သစ်( အရှေ့ပိုင်း) ရပ်ကွက်အချို့တွင် ချပေးထားသော မြေကွက်များ ပြန်လည်အပ်နှံရမည် Reviewed by သစ်ထူးလွင် on 16:59 Rating: 5

14 comments:

luck said...

ွမြေကွက်ပေးတုန်းက ၀န်ထမ်းတွေကို လုပ်သက်အရ ချီးမြှင့်ခဲ့တာပါ အခုသိမ်းလိုက် ပေးလိုက်နဲ့ အရမ်းအပြောင်းအလဲမြန်လွန်းလှပါတယ်
ပြန်အမ်းငွေကရော ဟိုခောတ်ကနှုန်းထားအတိုင်းပြန်အမ်းမှာလား အခုပေါက်ဈေးလား?
ဝန်ထမ်းတွေကိုလည်း ပြန်ကြည့်သင့်ပါတယ်ခင်ဗျာ

thueinmat said...

အငှားချထားသည့်ဖုန်းများအား ပြန်လည်အပ်နှံရန် တင်ပြသူများအား တုန့်ပြန်စဉ်က ပေါက်ဈေးအကြောင်း ပြေားကြားသည်ကို သတိထားမိသည်။
ယခုမြေကွက်များမှာ အဆင့်ဆင့်ပြန်လည် ရောင်းဝယ်ကြကာ မူလတန်ဘိုးထက် အဆများစွာ မြင့်မားနေခြင်းကို ကလေးကအစ အသိပါ။ ဘယ်လိုများ တုန့်ပြန်ကြဦးမည်ကို စောင့်ကြည့်ကြပါကုန် ...

pyaponthu said...

ဘယ်လို ဖြစ်တာလဲ။အဲ့ဒီကိစ္စ က လူတွေရဲ့ အရေးကြီးတဲ့အချက်ဖြစ်တဲ့နေရေး လေ။ပြည်သူအကျိုးကြည့်တဲ့အစိုးရလား။ငွေမျက်နှာနောက်လိုက်တဲ့အစိုးရလားဧရာဝတီ ဆိုဒ်ထဲက ကာတွန်းဆရာပြောသလိုမျိုးပြောရင် ခုတမျိုး ခုတမျိုး ။ဆင်းရဲသားအများစုက ဘာလုပ်လို့လုပ်ရမှန်းတောင်မသိတော့ဘူး။ကြည့်လုပ်ကြပါအုံး

သားငယ်လေး said...

အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနမှ မူလပေးသွင်းခဲ့သည့် မြေကွက်ဖိုးငွေများအား ပြန်လည် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ...ဟဲဟဲဟဲ ကြိုက်တတ်လိုက်ကြတာနော်။ တယ်လီဖုန်းလေးတွေလဲ မူလပေါက်ဈေးပေးပြီး ပြန်သိမ်းလိုက်ပါလား။ :P

mmzawlatt said...

အိုးအိမ်ဝန်ကြီးဌာန ခင်ဗျား

ကျွန်တော်သည် အရှေဒဂုံတွင် မြေကွက်တကွက်ကို ၂၀၁၁တွင် ဝယ်ယူထားပြီး ယခုစင် တွင်လက်ရှိအလုပ်လုပ်ကိုင်နေလျက်ရှိပါသည်၊၊ ဝယ်ယူထားသည့်ရည်ရွယ်ချက်မာ နောင်တွင် ဘူတာကြီး စီမံကိန်: ရှိသည်ဟုသိရ၍ဖြစ်ပါသည်၊ ရခုမြေဈေး သည် ယခင်ဈေးနင့် မတူတော့ပါ၊ ကျွန်တော်တို့လည်း ရက် ၂၀အတွင်း မြန်မာပြည် ကို ပြန်မလာနိုင်ပါ၊ မြေကွက်များကိုလဲ ပြန်မပေးလိုပါ၊

Wai Lin Aung said...

လူပါးဝတာတော့ လွန် ချက်။

Chit San Maung said...

မြေကွက်တွေ ဈေးကောင်းလာပြီဆိုတော့ ပြန်သိမ်းချင်ပြီပေါ့ဗျာ..။

Ko Nyi said...

ဒီသတင်းကြားတော့ မျက်နှာကိုဖြတ်အရိုက်ခံရသလိုပါဘဲ၊ အမျိုးထဲက ပင်စင်စားတပ်ကြပ်ကြီးမိသားစုကို မျက်လုံးထဲချက်ချင်းပြေးမြင်မိလို့ပါ။ ဇန်နဝါရီလဆန်းပိုင်းလောက်က အိမ်လာလည်ရင်း ၁၂၇ရပ်ကွက်ကသူတို့အဖေရထားတဲ့မြေကွက်ကို သိန်းနှစ်ဆယ်လာပေးတယ်၊ေ၇ာင်းလိုက်ရမလား၊ ကျနော်နဲ့လာတိုင်ပင်တယ်၊ ကျနော်ကဆရာကြီးလုပ်ါပြီး မရောင်းနဲ့ဦး၊ ပြောလိုက်မိတာ၊၊ လုံးဝမထင်မိဘူးဗျာ။ အခုလိုအချိန်ဒါမျိုးလုပ်လိမ့်မယ်လို့။ ရန်ကုန်မြို့တော်ကိုထပ်တိုးချဲ့ဘို့ နှစ်သုံးဆယ်စီမံကိန်းတွေလုပ်နေတဲ့အချိန်မှာ တောင်ဒဂုံ မ-ဒဂုံ၊ ဒဂုံအရှေ့ လိုနေရာမျိုးတွေမှာ နိုင်ငံတော်စံပြစက်မှုလယ်ယာစီမံကိန်းဆိုတာ ဘာအဓိပါယ်မှမရှိ့တာလူတိုင်းသိပါတယ်။ အိုးအိမ်အနေနဲ့ ဖဲစကားနဲ့ပြောရရင်အောက်ပြုတ်ရှိုးလိုက်တဲ့သဘောလို့ထင်ပါတယ်။ ကြာဖြတ်ရွေးကောက်ပွဲမစမီ အပြတ်ရှင်းတဲ့သဘောနဲ့ မတ်လ ၃၁ ရက်အပြီး ငွေပြန်အမ်းပေးမယ်ဆိုပြီး သတင်းစာကြော်ငြာသေးသေးလေးထည့် အပိုင်ဆော်တာပါ။ ဒါအောင်မြင်သွားရင် ဖွားဘက်တော်ကုပ္မဏီတွေနဲ့လက်ဝါးရိုက်ပြီး ယုဇန၊ထူး၊မြင့်ဇေယျာ၊ ဆင်းရွှေလီအစရှိသဖြင့် အဲဒီလယ်တွေလဲသွားမှာပါဘဲ။ အများအားဖြင့်နိုင်ငံ့ဝန်ထမ်းတွေပိုင်ဆိုင်တဲ့ ပေ ၄၀၊၆၀ ပါမစ်မြေ(အချို့ ဂရန်ကျပြီး နှစ်၆၀ မြေငှားစာချုပ်ဂရန်မြေ)တွေကို စိုက်ပျိုးရေးအကြောင်းပြ။ နိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ဒါမျိုးလုပ်လို့ ရပါသလား၊ ပြည်သူ့အကျိုး၊ နစ်နာမှုတွေကို ဖြေရှင်းကူညီပေချင်လှ ဆိုတဲ့ ကြံ့ ခိုင်ရေးပါတီ၊ နဲ့ ဦးအောင်သိန်းလင်းတို့ကကော ဘာလုပ်မလဲ ဘယ်လမ်းကိုလျှောက်မလဲ
သိချင်နေမိပါတယ်၊ ခုတော့မရောင်းပါနဲ့ဦး ပြောမိတဲ့ ကိုယ့်ပါးစပ်ကိုယ်ဘဲ ကျိန်ဆဲရမလိုပါဘဲ။

Ko Nyi said...

ပြည်သူ့အကျိုး လူထုရဲ့နစ်နာမှုတွေကို ကူညီပေးချင်တယ်လို့ ကြံ့ ခိုင်ရေးအမတ်ဦးအောင်သိန်းလင်း အင်တာဗျူးမှာ ပြောသွားတာ ဖတ်မိပါတယ်။ အခုကိစ္စမှာ ကြံ့ ခိုင်ရေးပါတီနဲ့ ဦးအောင်သိန်းလင်းတို့ ဘာလုပ်မှာလဲ၊လူထုကသိချင်နေပါတယ် နိုင်ငံတော်ဆိုတဲ့ခေါ်င်းစဉ်ခပ်တည်တည်တပ်ပြီး သဘာဝမကျတဲ့ စက်မှုလယ်ယာစီမံကိန်းဆိုင်းဘုတ်တပ်ပြီး ပင်စင်စားဝန်ထမ်းတွေရဲ့ ရှိစုမဲ့စုမျှော်လင့်ချက်လေးတွေကို ရိုက်ချိုးဖျက်ဆီးရက်တဲ့ အိုးအိမ်ဦးစီးဌာနကညွှန်ချုပ်၊ညွှန်မှုးတွေနဲ့ဘွားဖက်တော် စီးပွားရေးသမားတွေကိုလဲ အံ့သြမိတယ်၊ ရှေ့လျှောက်တိုးပွားလာမဲ့ ရန်ကုန်လူဦးရေအတွက် နှစ်၃၀ စီမံကိန်းတွေဘာတွေ လုပ်နေတဲ့ ဒီအချိန်မှာ တ-ဒဂုံ၊မ-ဒဂုံ၊ အရှေ့ဒဂုံလိုနေရာမျိုးတွေမှာ စက်မှုလယ်ယာစီမံကိန်းတဲ့ဗျာ။ ရောင်းမထုတ်သေးဘဲ ထားတဲ့ ဝန်ထမ်းပိုင်မြေတွေ စစ်မှုထမ်းဟောင်းတွေရဲ့ ရပိုင်ခွင့်တွေဘယ်လိုလုပ်ကြမလဲ။ ပေ ၄၀၊၆၀ ပါမစ်မြေ၊(အချို့ ဂရန်ကျပြီး နှစ် ၆၀ မြေငှားစာချုပ်ဂရန်မြေ)တွေကိုဒီလိုအချိန်မျိုးမှာပယ်ဖျက်ပါတယ်ပြောယုံနဲ့ပြီးသွားရမှာလား။ လယ်စိုက်ချင်ရင်မြန်မာပြည်မှာပလပ်မြေတွေ၊ ရေနက်ကွင်းတွေ အများကြီးပါ၊ ဒဂုံမြို့သစ်ကိုမှ စိုက်ချင်ပျိုးချင်နေရတဲ့ အိုးအိမ်နဲ့ဘွားဘက်တော်Company စီးပွားရေးလုပ်ငန်းရှင်တွေကိုလဲ လူထုကခံရပေါင်းများလွန်းလို့ သဘောပေါက်ပြီးသားပါ။ ကြံ့ ခိုင်ရေးပါတီကတော့ နှာစေးနေမယ်လို့ထင်ရတာပါဘဲ။

Anonymous said...

မြန်မာပြည်ကြီး ဖွတ်တက် လို့ မွဲပီးရင်းမွဲရင်းပဲ.
ဖယ်မပေးကြနဲ့.ပြန်တရားစွဲကြဟေ့.

Anonymous said...

အောင်မြင်
မြေတိုင်းရက်ကွက်ကြီး (၁၁)ကွုက်မှာ (၄၀ ၆၀)မြေကွက်ပေါင်း
(၃၀၀၀၀)ခန့်ရှိလို့ ၀န်ထမ်းပေါင်း(၃၀၀၀၀)ခန့်ရဲ့ပိုင်ဆိုင်မှုတွေဖြစ်ပါတယ်
နိုင်ငံတော်က မြို့ကွက်သစ်များနံမည်တပ်ပြီး မြေချပေးရုံနဲ့ မြို့သစ်တည်
ပြီးပြီလို့ သတ်မှတ်လို့မရပါဘူး၊ ဒီဝန်ထမ်းပေါင်း(၃၀၀၀၀၀ )ကျော်နေ ထိုင်ဖို့မြို့သစ်ရဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊တံတား၊ကျောင်း၊ဆေးရုံ၊ရဲစခန်း၊မီးသတ်၊ကစားကွူင်း၊ပန်းခြံ၊
မီး၊ရေ၊မိန်လာ၊စတဲ့အခြေခံအဆောက်အအုံတွေ ပြုလုပ်ဆောင်ရွက်ပေးဖို့
တာဝန်ရှိတဲ့အပြင် အချို့တဲ့ဆုံးဝန်ထမ်းများယအတွက် အိမ်ဆောကလုပ်
ရန် ဘိလပ်မြေ ၊သံ၊သွပ်၊သစ်တွေကို အစို။းရဈေးနှုန်းနဲ့ရေယာင်းချပေး
သွားရမှာပါ။နီုင်ငံတော်က ဘာမှမဆောင်ါရွက်ပေးလို့ အိမ်မဆောက်နိုင်
တာကြောင့် ၀န်ထမ်းမြေကွက်တွေဟာ ကွူင်းပြင်လိုဖြစ်ခဲ့တားဝန်ထမ်းတွေ
မှာအပြစ်ရှိလား။ ကွူင်းပြင်ဖြစ်နေလို့ လယ်ဆည်၊ဆောက်လုပ်ရေး၊ရန်ကုန်
တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ထူး၊ယုဇန၊မြင့်ဇေယျာ၊ဆင်းရွှေလီတို့နဲ့
ပူးပေါင်းပြီး ၀န်ထမ်။းတွေဆီက မြေကွက်တွေသိမ်းဆည်းတာ တရားမျှတ
ရဲ့လား။ ဒီလိုမတော်မတရားမှုကို မရပ်တန့်ဘူး။ကျေနပ်လောက်တဲ့
လျော်ကြေးမပေးဘူး။ အစားထိုးမြေကွက်မပေးဘူးဆိုရင်တော့ စုစုစည်း
စည်း၊ညီညီညာညာနဲ့ တိုက်ဖျက်ကြဖို့ အားလုံးကို ဖိတ်ခေါ်ပါရစေ။

luck said...

တော်တော်ဆိုးပါတယ်ဗျာ. ပြည်သူ့ကတင်မြှောက်လိုက်လို့တက်လာတဲ့ ပြည်သူ့ အစိုးရရေ ကြည့်လုပ်ပါဦးဗျာ.. ၀န်ထမ်းအငြိမ်စားများနှင့် လုပ်သက်ရင့်အောက်
ခြေ၀န်ထမ်းများမှာ မိမိတို့တန်ဘိုးထားတဲ့မြေကွက်လေးကို သိန်းချီပေးတုန်းက မရောင်းခဲ့တာ အိုးအိမ်ရဲ့ လူမမြင်တမြင်ကြော်ငြာလေးတစ်ခုကြောင့် သွင်းထားတဲ့ သောင်းဂဏန်းပြန်ထုတ်ပေးမှာ ကို ရင်နာနာနဲ့ခံစားနေရပါတယ်.. သမ္မတကြီးနှင့် ပြည်သူ့ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များလည်း ဒီကိစ္စကို အကောင်းဆုံးနည်းဖြင့် ဆွေးနွေးပြီး ပြည်သူ့များဘက်က ကြည်နိုင်ကြပါစေလို့ ပြောချင်တယ်ဗျာ..ဒီကိစ္စကိုလည်း ရှုတ်ချတယ်..လုံးဝမတရားတဲ့အပြုအမူတစ်ခုဘဲ

Wayphyo said...

ဒီမြေကွက်ကလေးက ဝန်ထမ်းလုပ်သက်(၂၀)ပြည့်လို့နိုင်ငံတော်ကချီးမြှင့်ထား တာမို့ အစိုးရကို ကျေးဇူးတင်နေတာ။ အခုတော့ ပြန်သိမ်းပြီတဲ့။

chit thu said...

ကိုယ့်ရဲ့ဝန်ကြီးဌာနနဲ့ဆက်သွယ်ပြီး မြေကွက်သိမ်းခံရတဲ့ ၀န်ထမ်းအားလုံး စုပြီး သက်ဆိုင်ရာကို စာတင်တာ ကောင်းမယ်ထင်ပါတယ်

Powered by Blogger.