မတ်လ ၁၀ ရက်နေ့ နေ့လည် ၂ နာရီ ၀န်းကျင် ခန့်က ဒဂုံမြို့နယ်၊ မြို့မ ကျောင်းလမ်းနဲ့ မင်းရဲကျော်စွာ လမ်းဆုံရာ ဆေးတက္ကသိုလ် ၁ ရှေ့ဘက်မှာ ကား ၄ ဆင့် တိုက်မှု
တစ်ခု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ယာဉ်တိုက်မှုမှာ မြို့မကျောင်းလမ်း ဘက်မှ မြို့ထဲသို့ သွားရာ ဘက်ကို မောင်းလာတဲ့ တက္ကဆီ ယာဉ်ဟာ ၎င်းရှေ့ရှိ ကားများကို ကျော်တက်ရာမှ ရှေ့မှ မောင်းနှင်နေတဲ့ ဂျပန် သံရုံးမှ သံရုံးကားကို အရှိန်မထိန်း နိုင်ဘဲ ၀င်တိုက် ခဲ့ပါတယ်။
အဆိုပါ တိုက်မိမှုကြောင့် ဂျပန်သံရုံးမှ ကားဟာ ကန့်လန့် ဖြစ်သွားပြီး ဘေးမှာရှိတဲ့ ဂျစ်ကားကို ထပ်မံ ၀င်တိုက် မိတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် မှာတော့ အတိုက်ခံရတဲ့ ဂျစ်ကားဟာ လမ်းပေါ်မှာ တစ်ပတ်လည် သွားပြီး ပလက်ဖောင်း ပေါ်သို့ ရောက်ရှိ သွားတယ်လို့ သိရပါတယ်။ အဲ့ဒီ နောက်မှာတော့ ယာဉ်တိုက်မှုကို စတင် ဖြစ်ပေါ်စေတဲ့ တက္ကဆီ ကားရှေ့ဘက်လမ်း ကြောင်းမှ မောင်းနှင်လာတဲ့ ဆီပေပါခွံများ တင်လာတဲ့ ဒိုင်နာကား တစ်စီးကို ထပ်မံ ၀င်တိုက် မိခဲ့တာကြောင့် တစ်ချိန်တည်းမှာ ယာဉ် ၄ ဆင့် တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ယာဉ်မတော် တဆမှုတွေကြောင့် တက္ကဆီ ယာဉ်မောင်းဟာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး ကျန်ယာဉ်မောင်း များမှာတော့ စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။
MRTV-4

မြို့မကျောင်းလမ်း ပေါ်တွင် ယာဉ် ၄ ဆင့်တိုက်မှု ဖြစ်ပွားခဲ့
Reviewed by သစ်ထူးလွင်
on
16:31
Rating:
6 comments:
မြန်မာပြည်မှာဆင်ခြင်တုံတရားမရှိ.. သေမထူးနေမထူးဒရိုင်ဘာ
တွေ..အများကြီး ...
ခရီးသယ်တွေလဲဒုတ်ခ...တိုက်ခံရတဲ. ကားတွေလဲ ကိုယ်.ကားကိုယ်ပြင်ပေတော.ဘဲ
ယာဉ်စည်းလမ်းစည်းတွေရေ..ဘတ်စကားတွေလဲ ဒီလိုဘဲ စည်းမရှိကမ်းမရှိ ပါဘဲနော်...
ပြည်သူတွေတော.ဘုရားတ စီးနေရတာပါဘဲ..
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို မထေမဲ့မြင် ချိုးဖေါက်သူအများစုတွေသည် Taxi ယာဉ်မောင်း များပင်ဖြစ်သည်ကို အများဆုံးတွေ့ကြုံရတတ်သည်။
ဒီနိုင်ငံမှာ စည်းကမ်းမရှိဆုံးပရမ်းပတာမောင်းတာ No(1)အဓိပတိ၊ ပါရမီ မီးပွိုင့်ဆိုတာ..သူတို့လိုင်းအတွက်မရှိသလိုပဲ No(2)မထသ ကားတွေကလည်းကောင်းတယ် သူတို့ရပ်တဲ့နေရာက သူတို့မှတ်တိုင်ပဲ No(3)တက္ကစီအဌားယာဉ်လေးတွေ..နောက်ကားပါလား မပါလားမသိဘူး အရေးကြီးတာ..ခရီးသည်တင်ဖို့..ငါ့ကြောင့်ကားလမ်းတစ်လျှောက်ပိတ်သွားပါလားမတွေးဘူး...နိုင်ငံမှာပြင်ရမယ့်အထဲမှာလည်း...ကုန်းလမ်းပို့ဆောင်ရေးလည်းပါတယ်...
တိတိကျကျအရေးယူဖို့လိုနေပါပြီ။အခြားလူတွေပါနောင်ကျဉ်အောင် အမှုကို သတင်းစါမှာသေချာဖေါ်ပြ. အမှုစစ်ဆေးတဲ့သတင်းတွေပါရေးပြီး ထေါင်ချပစ်ဖို့သင့်ပါတယ် အဲဒီ ဒရိုင်ဘာ ကသူ့မိသားစု ကိုသူမကြည့်လို့ ဒီလိုမောင်းတာပေါ့ ညာစရာမလိုပါဘူး
သာသနာပြုလမ်းတွေဗျ
စီးတဲ့သူတိုင် ဘုရာတ စီးတော့ ကုသိုလ်တွေရကြမှာ
ကိုယ်ပိုင်ယာဉ်အရေအတွက်၊ Taxi & Bus အရေအတွက်နဲ့ ယာဉ်တိုက်မှု အချိုးချကြည့်ရင် Taxi & Bus တွေရဲ့ ယာဉ်တိုက်မှု၊ စည်းကမ်းဖေါက်ဖျက်မှုဟာ အဆမတန်များပြားနေတယ်ဆိုတာတွေ့ရပါလိမ္မယ်။
ဒါကြောင့် Taxi & Bus drivers တွေရဲ့ ယာဉ်မောင်းလိုင်စဉ်များကို ပြန်လည် စစ်ဆေးသင့်တယ်လို့ထင်ပါတယ်။ ယာဉ်ထိန်းရဲများကိုလည်းလစာ များများပေးပါ။ မီးပွိုင့်များမှာ Busများထံမှ ငွေကောက်နေတာကြည့်ရ ရုပ်ဆိုးလွန်းလို့ပါ။
Post a Comment