ထားဝယ်မှာ မြေတွေ လျော်ကြေး မရဘဲ ဖျက်ခံရ

ထားဝယ်မှာ ရေအား လျှပ်စစ် စီမံကိန်းကြောင့် မြေတွေ လျှော်ကြေး မရပဲ အဖျက်ခံနေရပြီး ပတ်ဝန်းကျင် ကျေးရွာ ငါးရွာနဲ့ လယ်ဧက တသောင်းကျော် ရေလွှမ်း ဧရိယာထဲ ပါနေတာကြောင့် ဒီစီမံကိန်းကို ရပ်ပေးဖို့ ဒေသခံ ရွာသား သုံးထောင်က သမ္မတကို အသနားခံစာ တင်ပြခဲ့ပါတယ်။

အညာဖျား ကျေးရွာ အုပ်စုက အညာဖျား၊ ဓါးသွေးကျောက်၊ ဆိတ်ချောင်း၊ ညောင်ချောင်း၊ ဥယျာဉ်ကြီး စတဲ့ ကျေးရွာက ဒေသခံတွေဟာ လောလောဆယ်မှာကို ရေအား လျှပ်စစ် စီမံကိန်းကြောင့် ထိခိုက် နစ်နာနေပြီး စီမံကိန်း ပြီးတဲ့အခါလည်း ဆိုးကျိုးတွေ ကျိန်းသေ ကြုံတွေ့ရမှာမို့ ရေအား လျှပ်စစ် စီမံကိန်း ရပ်ဖို့ သမ္မတဆီ စာတင် ထားပါတယ်။

အညာဖျား ကျေးရွာ အုပ်စုမှာ DELCO ကုမ္ပဏီနဲ့ သဘာဝ စိမ်းလန်းရေး ကုမ္ပဏီတွေရဲ့ လုပ်ငန်း စတင် အကောင် အထည်ဖော်မှုတွေကြောင့် ဧက ထောင်ချီ ပျက်စီး ဆုံးရှုံးနေတယ်လို့ ရွာသား တယောက်က ဘီဘီစီကို ပြောပြပါတယ်။

လျော်ကြေး ပေးမယ် ပြောထားပေမယ့် အရင် အလားတူ အဖြစ်အပျက်တွေမှာ မြေသိမ်းခံရသူတွေ ကိုယ်တိုင် ခုထိ လျော်ကြေး မရသေးဘူးလို့ ရွာသားက ပြောပါတယ်။

ဖျက်ဆီးခံရတဲ့ ခြံတွေမှာ ကွမ်းသီး၊ ရာဘာ၊ ဆီအုန်းနဲ့ တခြား နှစ်ရှည်ပင်တွေ စိုက်ထားတာ ဖြစ်ပါတယ်။

နောက်ဆုံး လျော်ကြေး ရရင်တောင် လုံလောက်မှု ရှိမှာ မဟုတ်တဲ့ အတွက် ဒီစီမံကိန်းကို လုံးဝ ရပ်စေချင်ကြောင်းလည်း ညောင်ချောင်း ရွာသူ တယောက်က ပြောပါတယ်။

စီမံကိန်းက ရမယ့် အကျိုး အမြတ်နဲ့ ဆုံးရှုံးမယ့် ပမာဏ ကာမိမှာ မဟုတ်တဲ့ အတွက် ဥယျာဉ် ခြံမြေတွေ ဆုံးရှုံးမယ့် အရေးကို စိုးရိမ် ပူပန်နေကြပါတယ်။
ဘီဘီစီ
ထားဝယ်မှာ မြေတွေ လျော်ကြေး မရဘဲ ဖျက်ခံရ ထားဝယ်မှာ မြေတွေ လျော်ကြေး မရဘဲ ဖျက်ခံရ Reviewed by သစ်ထူးလွင် on 04:59 Rating: 5

1 comment:

ုkyaw said...

ထားဝယ်သားတွေကလဲ လုပ်သမျှအားလုံးကန့်ကွက်နေကြတာပဲ ထားဝယ်သားစာရေးမရဆိုတဲ့စကားပုံမှန်နေပြီးလားမသိဘူး အစကတည်းကကိုယ့်မြေကတရားဝင်လားမ၀င်လားမသိ ဘာအထောက်အထားမှမရှိပဲ လစ်ရင်လစ်သလိုစိုက်ထားကြပြီး ခုသူများကတရားဝင်လုပ်တော့ကိုယ့်မှာအထောက်အထားပြစရာမရှိဘဲ မကျေမနပ်ဖြစ်နေကြတယ်လူတွေကလဲရှိသေးတယ်ကျောက်မီးသွေးလဲကန့်ကွက်၊ရေအားလျှပ်စစ်လဲကန့်ကွက်၊နောက်ဘာနဲ့လည်ရမလဲအကြံညဏ်လေးလဲပေးကြပါအုံး၊ကန့်ကွက်ဖို့ကြီးပဲ ရှာနေကြတာလားမသိဘူး လူတစ်ကိုယ်ကောင်းဖို့အတွက်လက်သန်းတစ်ချောင်းလောက်ကတော့ဖြတ်သင့်ရင်ဖြတ်ရမှာပဲ ဘာမှအနာမခံချင်ဘူးဆိုရင်လဲ အသာစံဖို့လဲမစဉ်းစားကြနဲ့တော့...အပြစ်ကိုရှာနေမဲ့အတူတူအကျိုးရှိမဲ့အရာတစ်ခုခုကိုတင်ပြပေးနိုင်ရင်ပိုကောင်းမယ်။

Powered by Blogger.