ပြည်ပရောက်နေသူများ
မြန်မာပြည်တွင်းသို့ ပြန်လာနိုင်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်မှုအရ
ပြည်တွင်းကိုပြန်သွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်
အမျိုးသားဒီမိုကရေစီ တွဲဖက် အတွင်းရေးမှူး ဟောင်း တဦးဟာ ဒေသခံ အာဏာပိုင်
တွေရဲ့ စစ်ဆေး မေးမြန်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
၂၀၀၇
ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီးတော့ ထိုင်းနိုင်ငံ
မဲဆောက်မြို့သို့ ထွက်ပြေး တိမ်းရှောင် နေခဲ့တဲ့ ဦးသန်းနိုင် ဟာ ၂၀၁၂
ခုနှစ် ဖေဖော်ဝါရီလ ထဲမှာ မာန်အောင်ကို ပြန်လာခဲ့ပါတယ်။
မြို့နယ်
အုပ်ချုပ်ရေးမှူးကို အကြောင်းကြား ခဲ့ပေမယ့်လည်း မတ်လ ၁၁ ရက် နေ့မှာ
မြို့နယ်ရဲစခန်းမှူး၊ ရဲအုပ်နဲ့ ကျောက်ဖြူခရိုင် အထူးရဲတပ်ဖွဲ့တွေ အပါအ၀င်
ရဲတပ်ဖွဲ့ဝင် ၄ ဦး လာရောက် မေးမြန်း ဓာတ်ပုံရိုက် ယူကာ နောက်ထပ်
လိုအပ်ရင်လည်း မေးမြန်းဖို့ ခေါ်ယူမယ်လို့ ပြောဆိုခဲ့တယ်လို့ ဦးသန်းနိုင်က
ပြောပါတယ်။
“သူတို့ကတော့
တာဝန်အရလို့ ပြောတယ်။ ကျနော်ထင်တာကတော့ ပြန်ဝင်လာတဲ့ သူတွေနဲ့
ပတ်သက်ပြီးတော့ ပြည်ပမှာ ဘာတွေလုပ်ခဲ့လဲ၊ ဘာအကြောင်းနဲ့ ၀င်လာလဲ၊
ဘာတွေဆက်လုပ်ဦးမှာလဲ ဆိုတာ သိချင်တယ်လို့ ထင်တယ်။ ကိုယ်ရေးအကျဉ်း မေးတယ်။
မူလတန်းကို ဘယ်ကျောင်းမှာ နေခဲ့တယ်။ အလယ်တန်း၊ အထက်တန်း ဘယ်ကျောင်းမှာ
ပညာသင်ခဲ့တယ်။ တက္ကသိုလ်ကို ဘယ်မှာ တတ်ခဲ့တယ်။ မွေးချင်း ညီအကို မောင်နှမ
တွေကို မေးတယ်။ နောက် ကျနော့် အိမ်ထောင်ဖက်က ဘယ်သူ။ မိသားစုဝင် တွေက ဘယ်သူ။
ကျနော်တို့ မိသားစုထဲမှာ အစိုးရ အရာရှိတွေ ရှိလား။ သူတို့ အကြံပေး
ဖိတ်ခေါ်လို့ လာ တာလား ဆိုတာ မေးတယ်။”
အထက်က
နိုင်ငံတော်အဆင့် ပြောဆိုထားချက်နဲ့ အောက်ခြေမှာ ဖြစ်ပွားနေတာတွေက
ကွဲလွဲမှုတွေ ရှိနေ တယ်လို့ လည်း သူက ပြောပါတယ်။ ဦးသန်းနိုင်ဟာ
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ပရွာမှာ ကျောင်းဆရာ အဖြစ် တာဝန်
ထမ်းဆောင်ခဲ့ပြီးတော့ သမ္မတ ရဲ့  ဖိတ်ခေါ်ချက်နဲ့ ပြန်လာခဲ့တာပါ။
ဒီဗွီဘီ
သမ္မတ ဖိတ်ခေါ်မှုကြောင့် ပြန်လာတဲ့ နိုင်ငံရေးသမား တဦး စစ်ဆေးခံနေရ
Reviewed by သစ်ထူးလွင်
on
16:30
Rating:
6 comments:
အော်အော် ထောက်ချောက်တော့ နင်းမိပြီနဲ့တူတယ်
စွတ်မယုံကြပါနဲ့၊ စာရင်းတွေ ယူထားပြီး ရွေးကောက်ပွဲ ပြီးလို့ သူတို့လိုချင်တာရပြီးရင် သူတို့ပြန်ထိန်းသိမ်းချင်တဲ့သူတွေ အကုန်ဆွဲထည့်မှာပဲ
မေးမြန်းတာလောက်တော့ ခံရမှာပေါ့ဗျာ၊ မေးမြန်းတော့ ပြောလိုက်ပေါ့ဗျာ
မေးမြန်းစစ်ဆေးခံရတာ ကြောက်နေရင်နိုင်ငံရေး မလုပ်နဲ့ပေါ့ဗျာ၊ နိုင်ငံရေး
လုပ်တာ ကိုယ့်ခံယူချက်၊ ယုံကြည်ချက်တွေကို ရဲရဲရင့်ရင့် ရှေ့တိုးလုပ်ရမှာ။
ဒီလို မေးတာမြန်းတာလောက်တော့ ထည့်ပြောမနေပါနဲ့။
ထောက်ခံပါတယ်
how can i believe my country goverment?
၁။ သူ့အသက်သတ်ခြင်းဖြင့်၊အသက်မွေးဝမ်းကြောင်းကြသည်။
၂။ သူ့ဥစ္စာ ခိုးယူ၍ ချမ်းသာနေကြသည်။
၃။ သူတစ်ပါး၏အိမ်ယာကိုလဲ၊ကျူးလွန်သည်။(အချို့)
၎။ မုသားစကားပြောဆိုခြင်း ကတော့၊ကမ္ဘာကျော်သည်။
၅။ သေရည်သေရက်ကတော့၊ ARMY RUM ကိုသီးသန့်ထုတ်လုပ်ပြီး
မှီဝဲကြသည်။
သို့ရာတွင်၊ ဗုဒ္ဒ ဘာသာကိုအလွန်ကိုင်းရှိုင်းသည် ဟုဆိုသည်။ ထိုသူတို့၏စကားကိုယုံကြည်သူတို့ကား၊ ငရဲသို့လားရပေမည်။
Post a Comment