ဓါတ်ပုံ(D-Wave - Myanmar News Now) |
D-Wave - Myanmar New Now |
D-Wave - Myanmar News Now |
D-Wave -Myanmar News Now |
ဓါတ်ပုံ (D-Wave - Myanmar News Now) |
ဓါတ်ပုံ (D-Wave - Myanmar News Now) |
ဓါတ်ပုံ (D-Wave - Myanmar News Now)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေတံတားဦးလေဆိပ်ကို ၈း၃၀ တွင်ရောက်ရှိ
Reviewed by သစ်ထူးလွင်
on
11:16
Rating:
29 comments:
Oh--O......!!!
CONGRATS!!
MANDALAY,,,,,,CHHHERSSSS
အမေစုကို ချစ်တယ် ယုံလဲယုံကြည်တယ်
အမေစု အောင်မြင်မှာပါ
100% နုန်းနဲ့အောင်မြင်မယ်ဆို မြေကြီးလက်ခတ်မလွဲပါဘူး
လေးစားပါတယ်မန္တလေးမြို့သူမြို့သားများ
ရွှေမန်းသူ မန်းသားတွေ ကွ.....
မန္တလေးသား/သူတွေရဲ့
ရွှင်ရွှင်လန်းလန်း
ဝမ်းပမ်းတသာ
ပျော်ရွှင်ကြည်နူး
ထူးထူးခြားခြား
ကြိုဆိုသွားကြတာများ ..
ခွပ်ဒေါင်းကဖန်ဆင်းပြ မျက်ရည်ကျရသည့်အလှတရား...... ပြည်သူများပြုံးပြူံးရွှင်........ ဘုန်းဘုန်းပင်ပါဝင်ကဲ.... ဒို့ လည်းနွှဲလိုက်ချင်ပါဘိ။
အကိုပြောတာလည်းဟုတ်ပါတယ်
ဘုန်းကြီးတွေလည်း အရိုက်ခံရ အတားခံရ နဲ့
ဘုန်းကြီးတွေတောင် ဘုန်းကြီးလိုမနေရတာကြာပေါ့
ဘုန်းကြီးလည်း လူပဲလေ တစ်ခါတစ်လေမှာတော့
ဖိနှိပ်တာခံရလွန်းရင် ထွက်ပေါက်ကိုပြေးတာတာပဲ
ကိုယ်တော်တွေ အရိုက်ခံရ သံဃာကြီးတွေ ကျောင်းပြောင်း
အမိန့်ပေးခံရတာ ဒီလိုလူထူခေါင်းဆောင်ကို
လိုချင်နေတာကြာပေါ့ သံဃာတွေမှာလည်း ခံစားချက်ရှိပါတယ်ဗျာ
လူတွေလိုပဲပေါ့ ဒီနိုင်ငံမှာ လူမျိုးမတူ ဘာသာမတူပေမဲ့
တူတာတစ်ခုကတော့ အမှန်တရားလိုချင်တာပဲ
ဘာသာခြားတွေ သူတို့နားလည်မှာပါ
oh! Get well so so soon ah may SU...we all need you,,,plz,,,plz,,,
oh God,,, plz heal ours ah may SU by ur mighty hands,,thnx,,,
dingyi ပြောတာဟုတ်တယ်။ဒီလို ကြိုဆိုပွဲတွေမှာ ဘုန်းကြီးတွေက
အလံတိုင်တွေ မြောက်တာထက် အမေစုအတွက်မေတ္တာလေးပို့ရင် ပိုပြီးကြည်
ညိုစရာ ကောင်းမယ် လို့ထင်တယ်။
ဟုတ်လိုက်လေကိုdingyi ရာ၊ကျနော်လဲကိုဒင်ကြီးနဲ့ထပ်တူထပ်မျှပါ၊ဘုန်း၂တို့သာသနာရေးသတိထားကြဖို့၊သူများလက်ညှိုးမထိုးနိုင်အောင်ဆောင်ရွက်ပေးတော်မူကြပါဘုရား၊ပါးမှာစတစ်ကာကပ်တာတို့ဘာတို့ဆိုတာအမြင်မတော်ပါဘုရား၊ကြိုဆိုကြတဲ့နေရာမှာဒကာ၊ဒကာမတွေအကြည်ညိုမပျက်စေချင်ပါ၊အမျိုးဘာသာသာသနာအတွက်ပြောရခြင်းဖြစ်ပါတယ်ဘုရား၊တပည့်တော်တို့ကိုခွင့်လွှတ်ပါ။
ဒေါ်စုနဲ့ NLD ကို အပြည့်အ၀ထောက်ခံပါတယ်။ ရွှေမန်းသူ ရွှေမန်းသားတွေ ကြိုဆိုကြတာကိုလဲ ၀မ်းမြောက်ပါတယ်။ ဒါပေမဲ့ ကြိုဆိုတဲ့အထဲမှာ ဦးဇင်းတွေ ကိုရင်တွေ ပါတီအလံငယ်တွေ ဝှေ့ယမ်း၊ နဖူးမှာရော ပါးမှာပါ ပါတီအမှတ်အသားတွေကပ် ဒီလို လုပ်တာဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ မျက်စိနဲ့ ဘယ်လိုမှ ကြည့်လို့ မဖြစ်ပါဘူး။ ဒီလိုမျိုး ကြည်ညိုဖွယ် မဆောင်တဲ့ မြင်ကွင်းတွေ မြင်ရတာ စိတ်ဆင်းရဲပါဘိ။
ဘုန်းကြီးတွေ ဒီလို လုပ်တာ အပြစ်မြင်မယ်ဆိုရင် ...ဘုန်းကြီးတွေ ကို ရိုက်နှက် သံဃာအသုံးအဆောင်တွေကိုဖျက်ဆီး ဘုန်းကြီးကျောင်းတွေ အင်အားသုံးဖျက်ဆီးဝင်ရောက်ခဲ့တာတွေရော..ဘယ်လိုမြင်ကြမလဲ....ဘုန်းကြီးကို ၀ိနည်းနဲ့ ကြီး မကိုင်ပေါက်ကြနဲ့ ...လူကိုယ်တိုင်ကလဲ လူပီသစိတ်ထားပြီး လူ့ စည်းကမ်းလေးထားကြ...ဒကာတွေ ဆင်းရဲမွဲ တေနေလို့  သန့် ရှင်းမွန်မြတ် စေတနာမှန်တဲ့ ဆွမ်းကိစ္စကို တာဝန်မယူနိုင်ရင်...ဆရာ ကလဲ ဒကာဘက် ကရပ်တည်ပြီး လုပ်သင့်တာ လုပ်ရမှာပဲ....နားလည်လွယ်အောင် ပြောမယ်..အခုဘုန်းကြီးတွေပါ ၀င်ပါတယ်ဆိုတာ နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး.........တိုင်းသူပြည်သားအားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးလုပ်နေတာပဲ ဖြစ်တယ်....အမျိုးသားရေးဆိုတာ နိုင်ငံအတွင်းမှာ ရှိကြတဲ့ ပြည်သူအားလုံး...ဘာသာပေါင်းစုံအားလုံး..ပါဝင်လက်တွဲလုပ်ကိုင်ခွင့်ရှိတယ်....အုပ်ချုပ်သူကမင်းကျင့်တရားနဲ့ ညီရင် ..ဘုန်းကြီးဝိနည်းနဲ့  အညီနေကြမှာပါ....ဒီအချိန်မှာညီညွတ်ဖို့ က အဓိကပဲ...
မျိုးစင်ဆွေဆက်ပြောတာကျွန်တော်လက်ခံတယ်ဗျာ..ဒီအချိန်မှာသတိမလစ်ဟင်ဖို့ကအရမ်းအရေကြီးပါတယ်လို့ပြောပရစေ...
မျိုးစင်ဆွေဆက် comment တော်တော်ကောင်းတယ်။ လူတွေက ကပ်ကြီး သုံးပါး တွင်ပါဝင်သော အငတ်ဘေး ကပ်ဆိုက်နေတဲ့ အချိန် ဘုန်းကြီး တွေက ပါဝင် လာတာကို ၀ိနည်းလေး ဘာလေး ပြောမနေသင့်ဘူး . လုပ်သင့်တယ်. မငတ်ဘူးဆိုတဲ့လူတွေ က အချောင်ရနေတဲ့သူတွေများ တယ်။ဘုရား နဲ့ တစ်ဂိုဏ်း တည်း ဘုရားမရှိတဲ့နောက်ပိုင်း သံဃာဆိုတာ ဟာ လည်းဘုရားသားတော်ဖြစ်သလို တို့ တစ်တွေ ကိုးကွယ်တဲ့ အထွဋ် အမြတ်ခံသော သူများ သာဖြစ်တယ် . ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ စဉ်းစား ကြည့်ပါ. တို့တစ်တွေကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ကို ဆော်ကားခံ နေရတာ ကောင်းသလား။ ငရဲ ပြည်မှာ ပြည်သူတွေအတွက် ကြိုးစား ပေးရင်း အရှင်လတ်လတ် ငရဲ ခံနေရသော ရဟန်းတွေ အမြန်ဆုံး လွတ်မြောက် ပါစေလို့ ဆုတောင်းနေဆဲပါ။
ှ
မင်းတို့က ယဉ်ယဉ်လေးနဲ့ခွပ်တာပိုင်တယ်နော်.....မင်းတို့မှာဘုန်းကြီးတွေကိုဝေဖန်ဖိုမလိုပါဘူး..ငါတိုတောင်အဲလိုလက်ကားခြေကားနဲ့ဒေါ်စုကိုကြိုတာဘဲ..ငါတိုလဲလူဘဲ သူတိုလဲလူပဲ..သူတို့ကြိုဆိုချင်မှာပေါ့
ဒါပေမဲ့ ဗိုလ်ချုပ်ပြောထားတာရှိတယ်လေ။
ဘုန်းကြီးတွေဘုရားအလုပ်ပဲလုပ်ကြပါ။
လွတ်လပ်ရေးရဖို့အတွက်ကျွန်တော်တို့လုပ်ပါမယ်ဆိုတာလေ။
ဒါကြောင့်ဘာသာရေးနဲ့နိုင်ငံရေးမရောထွေးစေချင်ဘူး
တကယ်ဝိနည်းညီတဲ့ဘုန်းကြီးတွေကိုရိုသေပါတယ်။
ဒါပေမဲ့....တစ်ချို့
အပေါ်မှာ ဘုန်းဘုန်း တွေကို ပြောကြတာ အမေ စု အပေါ် ထား တဲ့ စေတနာကြောင့် ပြောတာ နားလည်ပါတယ်...ဒါပေမယ့် ကျွန်တော် တခု ပြောချင်ပါတယ်...ဘုန်ကြီးဝတ် ပြီး သင်္ကန်းစီးထားပေမယ့်.....ပုထုဇဉ် ရဟန်းပဲဖြစ်ပါသေးတယ်...အရမ်း အပြစ်မတင်ပါနဲ့ ....သူများကို စော်ကားတာမဟုတ်ဘူး...ကိုယ် ချစ်ခင်တဲ့ သူ ..ကိုယ် လေးစား တဲ့ သူ ကို ဒါလေး အားပေးချစ်ခင်တာ ဟာ အပြစ်မဟုတ်ပါဘူး...ကိုယ် ချင်း စာ ပေးပါ....အများကြီး နားလည် ပေးလို့ရပါတယ်....
သာသနာဖျက်တယ် မဖျက်ဘူးဆိုတာ ကြည့်သူအပေါ် မြင်သူအပေါ်မှာပဲ မူတည်တာပါ .. ကိုယ်ကမကောင်းတဲ့စိတ်နဲ့ အပြစ်တင်လိုတဲ့စိတ်နဲ့ကြည့်နေရင်တော့ မောင်ရင်တို့ရေ မင်းတို့ရော အပြစ်တွေကင်းကြရဲ့လား ဒါမှမဟုတ်သာသနာတော်ကို ကိုယ်လုပ်ချင်တာမှန်သမျှမလုပ်ပဲ ဒီကိုယ်တော်တွေလို နိုင်နိုင်ကြရဲ့လားဆိုတာကို အများကြီးမဟုတ်ပါဘူး အိပ်ခါနီးမှာ နဖူးပေါ်လက်တင်ပြီး ပြန်စဉ်းစားစေချင်ပါတယ် .... ကိုယ်က အရက်သောက် ဖဲရိုက်မိန်းမရှုပ် လုပ်ချင်ရာလုပ်နေပီး သာသနာပျက်မလေး ဘာလေးနဲ့ ထမင်းစားကောင်းရုံ လျှောက်ပြောနေတာကတော့ လေကုန်တယ်ကောင်လေးရေ
မင်း အိမ်ပြန်ပီး အိပ်ရေးဝအောင်အိပ်လိုက်ဦး မင်းစိတ်တွေကြည်လင်လာတော့မှ မင်းပြောချင်တာကို ပြောသင့် မပြောသင့်....နှိုင်းချိန်းပီးပြောသင်တယ်လို့ ကိုယ်ကတော့ထင်တယ်ကွာ ... နော် .....
ကဲ ကဲ ကျုပ် တို့ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ပုတ်ခတ်နေရမဲ့ အချိန် မဟုတ်ဘူး။ စတေကာ ကပ်ထားတဲ့ ဘုန်းဘုန်းတို့ ဆိုတာ သက်တော် ငယ်ငယ် တွေဆိုတော့ ခွင့်လွှတ်ပေးကြပါ။ အချင်းချင်း ကိတ်စ တိုးတိုးတိတ်တိတ် လုပ်ကြပါဗျို့၊ ဘုန်းဘုန်းတို့ကလည်း သတိလေး ထားပေးပါ လို့ ပန်ကြားအပ်ပါတယ် ဘုရား။ ကိုသစ်ရေ ဒိမိုကရေစီ ဆိုတော့ ခက်တယ်နော်။ မတင်ပေးလည်း ခက် တင်ပေးရင်လည်း ခက်တယ်။ နည်းနည်းလေး စိစစ်ပေး ပါခင်ဗျား။ နိုင်ငံတကာ ကြည့်နေကြလို့ ပါ။
ဘုန်းဘုန်းတို့ကို အကြည်ညိုမလျော့စေချင်လို့ ပြောကြတာ၊ စေတနာတွေကို ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် ဓာတ်ပုံထဲက ဘုန်းဘုန်းတွေလည်း ခံစားချက်ရှိကြတဲ့ ပုထုဇဉ်လူသားတွေပါ၊ သူတို့လုပ်ရပ်က ဘုရားကသတ်မှတ်ထားတဲ့ ၀ိနည်းစည်းကမ်းအရ အာဘတ်ဖြေလို့မရတဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ ဘုန်းဘုန်းတွေရဲ့မျက်နှာမှာ ကောက်ကျစ်မှုတွေ၊ ဟန်ဆောင်မှုတွေ မတွေ့ရတာကိုက ကြည်ညိုစရာလို့ မြင်လိုက်ရင် စိတ်ချမ်းသာမှာပါ။ ကျွန်တော်တို့တွေက ကိုယ်ကြည်ညိုတဲ့ ဘုန်းဘုန်းတွေကို တည်ငြိမ်ရင့်ကျက် အိနြေ္ဒကြီးတွေနဲ့ မြင်ချင်ကြတာလေ။ အဲ့လိုဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော်ကတော့ စိတ်ရင်းဖြူစင်ကြတဲ့ ရဟန်းပျိုတွေကို ဒီလိုမျက်နှာမှာ စတေကာ ကပ်တဲ့ လုပ်ရပ်အတွက် သိပ်ပြီးထောက်ခံလှတယ် မဟုတ်ပေမယ့် မကန့်ကွက်ရက်ဘူးဗျာ..
မောင်ရင်တို့တွေ သာသနာ သာသနာနဲ့ ကြားလို့တော့ကောင်းပါရဲ့ မောင်ရင်တို့ရဲ့မျက်လုံးတွေမှာ အပြစ်တွေဖုံးနေတာတော့ အထင်းသားပဲ...
တကယ်ဆိုရင် မောင်ရင်တို့ အဖြူမျက်မှန်တပ်ပီ ကြည့်ကြည့်လိုက်ပါ မောင်ရင်တို့ကိုယ်တိုင်ကရော သာသနာတော်ကိုဘယ်လောက်စောင့်ရှောက်ချင်စိတ်ရှိလဲဆိုတာကိုပေါ့..
ဒါပေမယ့် အမေစုကိုချစ်တဲ့စိတ်နဲ့ ဒီလိုလေးပြုမှုတာလေးတွေကိုကြည့်ပီးမှတော့ မပြောကြပါနဲ့
ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ပေးပါလို့ အကြံပေးချင်းပါတယ်ကွာ.....
လေးစားပါတယ်ကလေးလေးရယ်..
ဓါတ်ပုံလိုချင်တာယူမရလို့....
ဘာပဲပြောကြပြောကြဟေ့။ ဒို့မန်းတလေးသားတွေကွ။ ဘုန်းကြီးမကလို့ဘာဖြစ်နေဖြစ်နေ ကြိုဆိုတာကိုတော့လက်ခံတယ်။မန်းတလေးသားပဲအင်တိုက်အားတိုက်ရှိတယ်။မယုံရင်မန်းတလေးကိုလာခဲ့။ကောင်းရင်ကောင်းသလိုဆက်ဆံတယ်။မကောင်းရင်မကောင်းသလိုဆက်ဆံတတ်တဲ့သူတွေ။အများသိတယ်။တနိုင်ငံလုံးသိတယ်။လာမပြောကြနဲ့။မဝေဖန်ကြနဲ့။ မန်းတလေးကို လာကြည့်ကြစမ်းပါ။ဘယ်လောက်ထိတက်ညီလက်ညီရှိတယ်ဆိုတာသိသွားစေရမယ်။
Dingyi မင်းအစိုးရိမ်လွန်တာပါ။ ဒါတွေက သမုတိသံဃာတွေပါ။ အမှားမကင်း ပါဘူး မင်းကြည်ညိုတက်ဘို့ဘဲလိုပါတယ်။ မှန်ကန်တဲ့ အုပ်ချုပ်ရေးလမ်းကြာင်းပ်ါရာက်အောင် သံဃာတော်တွေလည်း တဖက်တလမ်းက အားပေတာပါ။ ဒါက လူအင်အားပြတဲ့ပွဲလေး ဒီအခြေအနေမှာ မေတ္တာသုတ်ရွတ်လို့မရဘူးလေး။
အရှင်ဘုရားများအားလျှောက်ထားအပ်တယ်
အမေကိုကြိုဆိုတာကောင်းပါတယ်
တပည့်တော်တခုပဲလျှောက်ချင်ပါတယ်သာသနာတော်သန့် ရှင်းတည်တည့်ရန်
အတွက်ဝတ်နည်းတွေနဲ့ အညီအားပေးစောက်လျှောက်ပေးပါရန်လျှောက်ထား
အပ်တယ်အရှင်ဘုရားတို့ 
တပည့်တော်ပြောတာမှားရင်ခွင့်လွတ်တော်မူကြပါဘုရားဝတ်နည်းအကုန်တော့
မသိပါဘုရား
အမေ့အတွက်ကောင်းသောရလပ်ဖြစ်ပါစေလို့ စုတောင်းလျှက်ပါ
ကျန်တော်ပြောချင်တာက သာသနာတော်ကြီးကိုရောင်ဝါလင်းအောင်ပါ
ဘာမှတော့မပါဘူနော်မိတ်ဆွေတို့ 
မေုလုပ်ငန်းစဉ်မှာဘာမှမဖြစ်ဖူးထင်ရင်ရပါတယ်
တယောက်နဲ့ တယောက်စကားစစ်ထိုးဖို့ ရည်ရွယ်တာမပါပါဘူးဗျာ
မေစုကို သာမညတောင်ဆရာတော်အဖူးခံဖို့ လာသေးတာပဲအမေစုရဲ့ဖုန်းကံ
ဘယ်လောက်လဲဆိုတာသသောပေါက်ထင်ပါတယ်အားလုံးကိုလေးစားပါတယ်
ရဟန်းသံဃာတွေ အမေစုကိုကြိုတာ ပါးမှာတံဆိပ်(စတစ်ကာ ကပ်တာမသင်.တော်ဘူးဆိုရင် ရဟန်းတွေကို2007 တုန်းကစစ်သားတွေရိုက်တာထောင်ချတာကျ ကြည်.ရတာသင်.တော်တယ်ပေါ.
ကိုကိုမောင် B.E (Electronics)
Mandalay institute of technology
ဘုန်းဘုန်းတွေကိုဝေဖန်မနေနဲ့ကိုယ့်ကိုကိုလည်းပြန်ဝေဖန်ကြဦး။
မင်းတို့ကောင်တွေ တက်လည်းတက်နိုင်လွန်းတယ်။ 2007 စက်တင်ဘာတုန်းကတော့ တစ်ချို့ဘုန်းကြီးတွေ လမ်းပေါ်မထွက်လို့ဆိုပြီး ဆွမ်းမလောင်းချင်ရတာနဲ့ စုံနေတာပဲ။ ခုတော့ ဘုန်းကြီးတွေက စိတ်အားထက်သန်စွာပါဝင်နေတော့လည်း ၀ိနည်းတော်လေး ဘာလေးနဲ့။ မင်းတို့မြန်မာပြည်ကြီး ငတ်နေဒုက္ခရောက်နေတာကို ဘုန်းကြီးတွေက ဒီတိုင်းကြည့်နေရမှာလား။ အခုအချိန်မှာ နှစ်ပေါင်းလေးဆယ်ကျော်တောင်းတချက်လေး ရေးရေး လေးမြင်နေရတာကို (ရေးရေးလေးပဲရှိသေးတာ အစစ်အမှန်မဟုတ်သေးဘူး) ပိုပြီးပီပြင်သွားအောင် ဘုန်းကြီးရော လူရော လက်တွဲညီညီပူးပေါင်းဆောင်ရွက်ကြရင်ပိုမကောင်းဘူးလား။ ဘုန်းကြီးတွေ မျက်နှာစတေကာကပ်တာ မသင့်တော်ပေမယ့် အားရဖို့တော့ကောင်းပါတယ်။ အခုအချိန်မှာ ဒီကိစ္စကိုတော့ အပြစ်မတင်သင့်ပါဘူ။ အချိန်တန်ရင် သူ့ဟာသူတည်ငြိမ်သွားပါလိမ့်မယ်။ မင်းတို့ကိုယ်တိုင် လူ့ကျင့်ဝတ် လူ့တာဝန်တွေကျေပွန်တဲ့နေ့..........................
Post a Comment