ဟင်္သာတ ဗုံးပေါက်ကွဲမှု မင်္သာကာသူများကို ခေါ်ယူစစ်ဆေးနေ

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ က ဟင်္သာတမြို့  ရုံးကြီးရပ်ကွက် ရွှေစေတီလမ်းရှိ စွယ်တော်ရိပ် ကွန်ပျူတာဆိုင် အနောက်ဘက် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့ ရေမြောင်းအတွင်း မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် လက်ပစ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသော လက်ပစ်ဗုံး တစ်လုံးနှင့် ယမ်းထုပ် သုံးထပ်ကို ထပ်မံတွေ့ရှိ ခဲ့ပါတယ်။
မတ်လ ၇ ရက်နေ့ မှာလည်း ဟင်္သာတမြို့ ဆယ်လူလာလ္ဘက်ရည်ဆိုင်နောက် စာတိုက်အိမ်သာဘေးမှာ
ဗုံးတစ်ထပ်မံတွေ့ ရှိခဲ့ပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွေ ဗုံးထပ်မံတွေ့ ရှိမှုတွေနဲ့ ပါတ်သတ်လို့ စာတိုက်မှူးဦးကျော်ဆွေ နဲ့ သူ့ ဇနီးအပါအ၀င် ဆက်သွယ်ရေးနဲ့ စာတိုက်ဝန်ထမ်းတွေအားလုံးကို ခေါ်ယူစစ်ဆေးနေ
တယ်လို့ သိရပါတယ်။

စာတိုက်ဝန်ထမ်းတွေဖြစ်တဲ့ ကိုကျော်စွာလင်း နဲ့ မတူးမာ ကိုတော့ မတ်လ(၉)မှာ မသင်္ကာမှုနဲ့ ဖမ်းဆီးထားပြီး၊ဆည်မြောင်းရိပ်သာထဲမှာ စစ်ဆေးနေကြောင်း ဟင်္သာတမြို့ ခံတွေက Myanmar News Now ကိုပြောပါတယ်။
ကိုကျော်စွာလင်း ရဲ့ မှတ်စုစာအုပ်ထဲမှာ ဗုံးထောင်နည်းနဲ့ ဗုံးလုပ်နည်း စာတွေ တွေ့ ရှိရာကနေ
 ဖမ်းဆီးစစ်ဆေးနေတာဖြစ်ကြောင်းသိရပါတယ်။

မတ်လ ၇ ရက်နေ့ က စာတိုက်အိမ်သာဘေးက ဗုံးကို ပထမဆုံးတွေ့ ရှိခဲ့တဲ့ လက်ဖက်ရည်ဆိုင်
က (၁၃)အရွယ် စားပွဲထိုးခလေးငယ်တဦးနဲ့ လက်ဖက်ရည်ဆိုင်က အကြော်ဆရာတဦးလည်း ခေါ်ယူစစ်
ဆေးခံရပါတယ်။ အခုချိန်ထိတော့ တရားခံအစစ်ကို မဖော်ထုတ်နိုင်သေးကြောင်း Myanmar News 
Now မှ စုံစမ်းသိရှိရပါတယ်။
ဟင်္သာတ ဗုံးပေါက်ကွဲမှု မင်္သာကာသူများကို ခေါ်ယူစစ်ဆေးနေ ဟင်္သာတ ဗုံးပေါက်ကွဲမှု မင်္သာကာသူများကို ခေါ်ယူစစ်ဆေးနေ Reviewed by သစ်ထူးလွင် on 10:21 Rating: 5

6 comments:

Anonymous said...

မဆိုင်တဲ့သူတွေအချောင်ထောင်ကြဦးမှာမြင်ယောင်နေတယ်.

အမြင်သစ် said...

X 2 O ပြီးတော့ X 3 O ပေါ့ ။
ပြည်သူလူထု ကတော့ အလကားနေ အလကား လုပ်မယ်
မထင်ပေါင် ။

Han Gyi said...

ဖမ်းချင်ရင် စွမ်းအားရှင်နဲ့ ကြံ့ဖွတ်ကိုဖမ်းပါဗျို့ ပြည်သူတွေက ဗုံးမပြောနဲ့ ရေပုံးတောင်ဖာပြီးသုံးနေရတာ။ ဘာသာမရှိ အထိန်းကွတ်မရှိ ယဉ်ကျေးမှု့မရှိတာ အဲ့ဒီ့အဖွဲ့ကကောင်တွေပါ။ ငြိမ်းချမ်းရေးခရီးဆက်နေတာ ကိုမတည်ငြိမ်အောင်လုပ် ၈၈ ကလိုပြန်လုပ်ကြအုန်းမလား ပြည့်သူ့ဆန်စားလူ့ငနွားတို့ရယ်

ပုဂံစစ်သည် said...

တို့တိုင်းပြည်ကတော့ ဖြစ်ပြီဆိုတာနဲ့ အကုန်ဆွဲစိထားတော့တာပဲ။ ဒါကိုတော့အပြစ်မပြောလိုပါဘူး၊ ဒီလိုလုပ်လို့ မဆိုင်တဲ့သူတွေ ကိုညှင်းပန်းနှိပ်စက်ပြီး သေသွားတာတွေရှိလို့ စဉ်းစဉ်းစားစားတော့ လုပ်စေချင်ပါတယ်။

စောလူ said...

ပြည်သူတွေဆီမှာဗုံးဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ....လူအတွေးလေးတွေးပြီးတော့
ဖမ်းဆီးစေချင်ပါတယ်...လူတွေဆိုရင်ပေါ့...ကိုလုပ်ပြီးသူများတော့ပုံမချနဲ့ 
....အပြစ်မဲ့ပြည်သူတွေကိုသနားတယ်ဆိုရင်ပေါ့...

Unknown said...

ဘားလမ်း internet ဆိုင် ဗုံးပေါက်တုန်းကလဲ.ကိုယ့် အသိ ကောင်လေး၂ယောက်ကို မဆီမဆိုင်ဖမ်းပြီး မိပြီလို့ သတင်းစာမှာကြေငြာခဲ့တယ်..သူတို့ ကတစ်စီနယ်မှာနေပြီး..အလုပ်လုပ်နေ
ကြတဲ့သူတွေပါ..ဆိုင်မှာinternet သုံးပြီး တည်းတဲ့hotelပြန်အလာမှာ လာခေါ်သွားခဲ့ကြတာ
NGO တစ်ခုကမို့  လူကြီးတွေချက်ချင်းလိုက်ခေါ် ပေးနိုင်လို့  ကံကောင်းစွာလွတ်ခဲ့ပေမဲ့..
နောက်နေ့ သတင်းစာနဲ့ ဂျာနယ်တွေမှာ..သုတို့ ပုံတွေဖေိာပြပြီး ဖမ်းမိကြောင်းရေးခဲ့ကြတယ်..
ပြန်လဲမတောင်းပန်တဲ့ အပြင်...အဲလိုမျိုးမတရားဖော်ပြခံခဲ့ကြရတာပါ...အဖြစ်မှန်ပါ..

Powered by Blogger.