'ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူတိုင်း ပြည်ခိုင်ဖြိုးပါတီအား မဲပေးကြပါ' စာတမ်းပါ ပိုစတာများဖြင့် ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်လျက်ရှိကြောင်း သိရ


ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံအောက်တွင် 'ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူတိုင်း ပြည်ခိုင်ဖြိုးတီကို မဲပေးကြပါ' စာတမ်းပါသည့် မဲဆွယ် ပိုစတာများ အသုံးပြုကာ ကျေးရွာအချို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲဆွယ်မှုပြုလုပ်ကြောင်း သိရသည်။

''ပင်းဘော၊ အင်ကြင်းကုန်းအပြင် အခြားရွာတစ်ချို့မှာ ဗိုလ်ချုပ်အောင်ဆန်းပုံက ပုံအကြီးကြီး ချဲ့ထားတယ်၊ အဲဒီအောက်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရည်မှန်းခဲ့သော စည်းကမ်းပြည့်ဝ ပြီး အေးချမ်းဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြီးက လုံးဝ အာမခံပါသည်ဆိုတဲ့ စာတမ်း ထည့်ထားတယ်။ အဲဒီစာအောက်မှာ 'ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူတိုင်း ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြပါ' ဆိုတဲ့ စာတမ်း ထပ်ထည့်တယ်။ အဲဒီအောက်မှာ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ခြင်္သေ့တံဆိပ်နဲ့ ဘေးမှာ အမှန်ခြစ်ကို အကြီးကြီးပြထားတဲ့ ပိုစတာတွေ ရွာတွေမှာ ထောင်ထားတာ တွေ့ရတယ်''ဟု မိုးကောင်းမြို့တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါသည်။
EMG
'ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူတိုင်း ပြည်ခိုင်ဖြိုးပါတီအား မဲပေးကြပါ' စာတမ်းပါ ပိုစတာများဖြင့် ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်လျက်ရှိကြောင်း သိရ 'ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူတိုင်း ပြည်ခိုင်ဖြိုးပါတီအား မဲပေးကြပါ' စာတမ်းပါ ပိုစတာများဖြင့် ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်လျက်ရှိကြောင်း သိရ Reviewed by သစ်ထူးလွင် on 16:09 Rating: 5

43 comments:

sean said...

ခုမှ ဗိုလ်ချုပ် ကို တနေပြီ
ဘာလို့ သန်းရွှေ နါမည်မသုံးလဲ...

အမြင်သစ် said...

စောက်ရှက်လည်းမရှိဘူးကွာ..ဗိုလ်ချုပ်ကိုချစ်မြတ်နိုးရင်
သူတို့ကို မဲပေးရမယ်တဲ့။ဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်သမီးကို ၀ိုင်းဝန်း
နှိပ်ကွပ်နေတဲ့ ပါတီကများ။ သက်သက်ဗိုလ်ချုပ်နာမယ် အလွဲသုံး
စားလုပ်တာဘဲ။

ဂေါက်သီး said...

အခုမ အော်မနေပါနဲ့တော့ ကြံဖွတ်ရယ်
မင်းတို့ လုပ်လာတာ ကြာပီ
အဖေ့ကို မင်းတို့ လုပ်ချင်တာ လုပ်ပိုင်ခွင့်ရဖို့
ရောင်းမစားကြပါနဲ့ ကိုယ့် ဘာသာ ရိုးရိုးသားသားနဲ့ ယုံကြည်မှုရအောင် လုပ်ကြစမ်းပါကွာ

စေလိုရာ said...

ကဲဘာလုပ်ကြမှာလဲဘာလုပ်ကြမှာလဲမောင်သိန်းစိန်တို့မောင်ရွှေမန်းတို့ဘာလုပ်ကြမှာလဲမိုးမိုးသီချင်းထပ်ဆိုလိုက်အုံးမယ်ဒါတွေကိုဒီအတိုင်းပဲလက်ပိုက်ပြီးတော့ကြည့်နေတော့မှာလား

မောင်မောင် Comment said...

တော်တော် ရီရတဲ့ ဖွတ်တွေပဲ ၊ မင်းတို့ နဲ့ ဗိုလ်ချုပ်ပုံနဲ့ ကမတန်ပါဘူးကွာ။ မင်းတို့ လုပ်ရမှာက သန်းရွှေပုံကို ပြပြီး စစ်ကျွန်ဘ၀ ၊ တရုတ်ကျွန် ဘ၀ ရောက်ချင်သူတိုင်း ကြံ့ခိုင်ရေး ကို မဲပေးကြပါလို့ ရေးရမှာဟ။ မင်းတို့ လုပ်နေတာက ဇာဂနာ ပျက်လုံးထက် ရီရတဲ့ ဟာသတွေ လုပ်နေတာပဲ။ ပြောင်းဖူး ကိုင်လိုကိုင် နဲ့ ၊ နောက်ဆိုေ-ာ ကိုင်ပြပြီး ၊ ပြည်သူတွေကို ငါတို့ သ
" ဘော " အတိုင်း လုပ်ချင်ရာလုပ်မယ်ဆို ပြီး မဲဆွယ်ကြည့်ဟ။

gemuk said...

ဖွတ်တွေ ရူးကုန်ကြပြီ No Standard

သခင်မြန်မာ said...

ဖွတ်တွေ ကြံရာမရ ပေါက်ကရလျောက်လုပ်နေပြီ...ဖွတ်တက်ရင်မွဲဖို့ သာပြင်ပေတော့ ..

မန်းလေးသား said...

ှဗိုလ်ချုပ်အောင်ဆန်းကိုချစ်မြတ်နိုးသူတိုင်း ကြံ.ဖွတ်ကိုဆဲကြပါ..ကြံ.ဖွတ်ကိုဖြုတ်ချပြီး...တိုင်းပြည်ရဲ. အမေအစစ်ဖြစ်တဲ. အမေစုကြည်ကိုထောက်ခံကြစို... တိုင်းပြည်အနာဂတ် ကိုအမေစုရဲ.ညွှန်ကြားချက် လမ်းစဉ်ကို အကောင်ထည်ဖေါ် ဆောင်ရွက်ကြပါစို...........

gawleee said...

အဆင့်အတန်းမရှိ. စောက်ရှက်လည်းမရှိပါလား.ကြောင်တောင်နှိုက်တယ်ဆိုတာ ဒါကိုခေါ်တာပေါ့...ဟားးးဟားးဟားးးး

junight said...

ဘာမှမဟုတ်ပါဘူး၊မဲပေးမည့်သူတွေ စိတ်ထွေပြားသွားပြီး
NLD လို့ ထင်ရောင်ထင်မှားဖြစ်အောင်လုပ်တာပါ၊
ဟိုလူ စည်းရုံးရေးဆင်းတုံးကပြောသလို ခင်ဗျားတို့ကြိုက်တဲ့ ပါတီ ကိုအမှန်
ပေး၊ကျုပ်တို့ကိုအမှားခြစ်လို့ပြောသလိုပဲ၊သူပြောသလို လုပ်မိရင် ပါယ်မဲဖြစ်
ရော ၊မကောင်းတော့ဘူးမင်းကြီး၊မကောင်းတော့ဘူး.....ဟူး

bo said...

ဟဟားဟ။တော်တော်လည်းတရားကျဖို့ကောင်းနေပြီ

Anonymous said...

ဖွတ်တွေများ...မဲထဲ့ မဲ့ ..ပြည်သူ(အသိပညာမကြွယ်သေးသူများ)တွေကို..နားလှည့် ပါးရိုက်..လုပ်ကြမလို့ ..ဒီအတိုင်းကြည့် မနေကြနဲ့ ..မတ၇ားမှုမှန်သမျှ..ဖော်ထုတ်အသိပေးကြပါ...သက်သေအထောက်ထားခိုင်လုံစွာတိုင်ကြပါ။အေ၇းမယူ၇င်..ထိေ၇ာက်စွာအေ၇းယူမဲ့ ..အဖွဲ့ (ပြည်တွင်း+ပြည်ပ)ကို..အသိပေးကြ....(မသမာမှုအားလုံး)ထုတ်ဖော်ကြပါ။

မျိုးချစ်မြန်မာလူငယ် said...

တောက်ရှက် တစ်စက်လေးတောင်မရှိတဲ့ ကြံ့ဖွတ်... တိုင်းပြည်ကိုရောင်းစားချင်တိုင်း ကိုယ့်လူမျိုးတွေရဲ့အထွတ်အထိတ်ဖြစ်တဲ့ ဗိုလ်ချူပ်ကို ခုတုံးလုပ်ပြီး အာဏာလိုချင်သေးတယ်။
မင်းတို့တွေ ပြည်သူက ၁ယောက်၁ချက် ဖနောင့်နဲ့ ပဲ လာကန်ရင်တောင်မင်းတို့ သေလိမ့်မယ်။

paingmyo said...

ဗိုလ်ချူပ်ပုံသုံးလည်းဘယ်သူမှနင်တို့ ကိုမဲမပေးဝူး...စောက်ရူးတွေ...ဟဟဟ

tkm said...

မင်းတို့ကောင်တွေကတော့
ဟိုလိုလုပ်...ဒီလိုလုပ်နဲ့
အရှက်လည်းမရှိကြဘူး
လဲတာသေလိုက်ကြ..အကုန်လုံး

welcome said...

အဘ ဦးသန်းရွှေကို ချစ်ခင်လေးစားသူတိုင်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးကြပါ။ (မှတ်ချက်။ ဒီမိုကရေစီပါတီမဟုတ်၍ ဒီမိုကရေစီမရပါ ဖွံ့ဖြိုးရေးနှင့် ကြံခိုင်ရေးသာ လုပ်ပါမည်)

ေ၇ာသမမွှေ said...

ဒါဖွတ်တို့ သုံး စားမ၇တဲ့ အကောင်းဆုံး ဒဿန ပါလာခင်ဗျာ ဒါကိုကြည့်ခြင်း အားဖြင့် ၃နှစ်သား အတွေး ကတောင် သာအုံးမယ်ထင်ပါတယ် ဒီပုံစံအတိုင်း၇င် ဖွတ်တွေကို ချေးမှုန်းသင့်ပြ့ပီ

nayhtatnaing said...

သားတို့ကယောင်ကတန်းနဲ့အဖေ လွဲနေပြီကွယ်

အမှန်တရား said...

အခုမှ အဖေအရင်းကို သတိရတာလား။ အရငိတုန်းကတော့ ပထွေးကို အားကိုးနေပြီးတော့။ တော်တော်လည်းရူးနိုင်တဲ့ကြံ.ဖွတ်တွေ။

ko htoo said...

ရှာရှာကြံကြံဗျာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒီကောင်တွေ ဘာမှမဆိုင်ဘဲနဲ့။ ဒီပါတီကလူတွေ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းပုံကို အိမ်မှာရုံးမှာ ချိတ်ဖူးတဲ့သူ တစ်ယောက်တစ်လေတောင် ရှိမယ်မထင်ပါ။ ဖြစ်သင့်တာက သူတို့အိမ်မှာရုံးမှာ အမြဲချိတ်ဖူးတဲ့ သန်းရွှေကြီးပုံနဲ့ မဲဆွယ်သင့်တာ။ ပါတီနာယကကြီး၊ တပ်ချုပ်ကြီး၊ နိုင်ငံတော်အကြီးအကဲကြီးကိုချစ်ရင် ဒီပါတီကိုမဲထည်ပါလို့ ဘာလို့မဲမဆွယ်ရဲကြပါလိမ့်။

Theodo said...

ရူးချက်ကတော့ကမ်းကုန်ပါလားဖွတ်တွေရယ်
ဘယ်လိုအတွေးအခေါ် ဘယ်လိုဦးနှောဏ်နဲ.များ
လုပ်လဲဆိုတာစဉ်းစားလို.တောင်မရ၀ူး

doutgyi said...

တော်ပါ အောင်သောင်း ရာ

nandar said...

သေစမ်းပါကြံ့ဖွတ်ရယ်။တချိန်တုန်းကတော့သန်းရှေ ကိုအားကိုးပြီးဗိုလ်ချုပ်ပုံကိုဖြုတ်ချထားခဲ့ပြီးအခုမှ မဲပေးဖို့လာပြောနေတယ်။ရှက်တက်ရင်လဲသေလို့ရတယ်။ထွီ..........

Myanmar said...

ဘာလဲဟ။ သောက်ကျိုးနဲ။ စောစောပိုင်းက ဗိုလ်ချုပ်သမီးက ဗိုလ်ချုပ်ပုံနဲ့ ချိတ်တော့ မဆိုင်တဲ့ပုံသုံးတယ်လို့ ဝေဘန်သံကြားလိုက်ပါသေး။ အခုတခါ ဗိုလ်ချုပ်ပုံတွေကို ကန့်သတ် ၊ဗိုလ်ချုပ်ပုံပါ ပိုက်ဆံတွေကို ဖျောက်ဖျက် ၊ဗိုလ်ချုပ်ကြေး၇ုပ်တွေကို ချုံပုတ်ထဲပစ်ထား တစ်နိုင်ငံလုံးက အစိုး၇ဆိုင်၇ာ ၇ုံးအိမ်ကျောင်းတွေမှာ ဗိုလ်ချုပ်ပုံတွေကို ဖယ်၇ှား အောက်တန်း အကြီးအကျယ်ကျခဲ့ပီးကာမှ ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့...။ ကြံဖွတ်ဆိုတာ အခွင့်ေ၇းလိုချင်၇င် တစ်မျိုး လုပ်ပိုင်ခွင့်၇ပီး၇င် တစ်မျိုး အချောင်သမားစိတ် အောက်တန်းစား စိတ်နဲ့ ကြံ့ဖွတ်ပါတီပါ။ လုံးဝတစ်မဲမှ မပေးကြကြေး.................။ ။

ဖြိုးသီဟ said...

ဗိုလ်ချုပ်အောင်ဆန်းကိုချစ်သူတိုင်းကြံ့ဖွတ်ကိုမဲပေးကြပါနဲ့..လူယုံသတ်လို့ဒို့ဗိုလ်ချုပ်သေခဲ့ရပြီးပြီးနောက်ထပ်သတ်ဦးမလို့လား

Unknown said...

ုဟုတ်တယ် ဒီကြံ့ဖွတ်ကို ၁ မဲမှမပေးကြနဲ့ သူခိုး ဓါးပြ ပါတီ ရူးကြောင်ကြောင်ပါတီ ၊နိုင်ငံကိုချောက်ထဲ တွန်းချခဲ့တဲ့ပါတီ ပေါက်ကရတော်တော်လေး လုပ်တတ်တဲ့ ကောင်တွေ အခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ နိုင်ငံတော်ရဲ့ ကျေးဇူးရှင်ဖခင်ကြီးကိုစော်ကား ရဟန်းရှင်လူပြည်သူတွေကိုလဲ ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ကောင်တွေကများပြည့်သူတွေကို သူတို့ပါတီကို မဲထည့်ကြဖို့ မျက်နှာပြာင်တိုက်ပြီစည်းရုံးရဲသေးတယ်နော်....မင်းတို့လို ဦးဏှောက်နဲ့များနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတာ မတန်တဲ့စကားကို မပြောပါနဲ့ကွာ.....အံ့ရော လဲသေလိုက်ကြကြံ့ဖွတ်တို့ရေ......

ju black said...

ရှင်းရှင်းလေးစဉ်းစားပါ။။
သမီးအရင်းအမေစု ဦးဆောင်တဲ့ NLD ရှိနေမှတော့ ဘယ်သောက်ရူးက ဖွတ် ကိုမဲပေးမှာလဲ။။
သောက်ရှက် ကိုမရှိဘူး။။။။

lwannaymie said...

ဆုံးသွားပြီဖြစ်တဲ့...အဖေ့ပုံကိုပြပြီး....ပထွေး(ကန်းဆွေ)နဲ့ပေါင်းပြီး...
ပြည်သူ့အမွေကို...ဖွတ်ကြံကြံခြင်တာပါ...
ဖွတ်စုတ်တွေကို...မဲမပေးပါနဲ့....ပြည်သူများ...ခင်ဗျား။

ွှအပြစ်မဆိုတဲ့...chit ko said...

နဲနဲလေးတော့လွဲနေပြီ............လွဲ၂လေးပဲကောင်းပါတယ်.အဲဒါကြောင့်ကျွှန်တော်ပြောလိုက်မယ်..လွဲလွဲလေးပဲကောင်းပါတယ်....ခင်ဗျားတို့ပြောထားတဲ့..ခေါင်းစဉ်ကိုကြည့်ပြီးပြောတာနော်..စိတ်တော့မရှိပါနဲ့..ကျွှန်တော်လည်းလွဲလိုက်တော့မယ်ဗျာ.....ဗိုလ်ချူပ်အောင်ဆန်းကိုချစ်မြတ်နိုးသူတိုင်း..ပြည်ခိုင်ဖြိုးပါတွကိုမဲပေးကြပါလို့ရေးထားတယ်နော်..ထူးအိမ်သင်..ဆိုတဲ့သီချင်းလေးလိုပေါ့...သဘောပေါက်တယ်နော်..ဗိုလိချူပ်နဲ့အမေစုကိုချစ်မြတ်နီူးသူဖြစ်တဲ့အတွက်..NLD ကိုပဲမဲပေးလိုက်တော့မယ်နော်.....ချစ်သူငယ်ချင်းတိုရေ..............ဟုတ်တယ်ဟုတ်.............

elino said...

ှ်ငကြောင်တွေ...ဘုရားပုံထမ်းပြီးလာတောင်းတောင် မင်းတို့ ပါတီကို မဲမပေးဘူးကွ...မှတ်ထား....

Bravo said...

ဓါးပြဂိုဏ်းထဲဝင်ပြီး ပုတီးကိုင်တရားဟောလည်း ဘယ်သူမှယုံကြည်မှာမဟုတ်ဘူး။ အဲဒီကိစ္စမျိုးမှာ လူထုကိုအပြစ်မမြင်နဲ့။ ကိုယ့်ကိုယ်သာ အဲဒီဂိုဏ်းကမြန်မြန်ထွက်နိုင်ဖို့ ကြိုးစားပါ။

sm said...

တချို့ကကြံ့ဖွံ့ တွေက ဗိုလ်ချုပ်နဲ့ ဒေါ်စုကိုစော်ကားတယ် ခုဒီပုံတွေနဲ့မဲဆွယ်တယ်
မရှက်တတ်ကြဘူးလား ကန်းကုန်နေပြီ
ပြောချင်တာက အမေစု ကိုယ်စားပြု NLD ကို မဲပေးကြပါစို့

Shin Myochit said...

How annoying your stupidity.You are wrong.I just let Dr Soe Min and your party know that we love not only Bogyoke Aung San but also his beloved daughter,Aung San Su Kyi because of their incredible abality.
Competition is not for fighting,destroying,intimidating and cheating but for showing abality better than other.If your abality is very good in fighting,destroying , intimidating and cheating,better get lost.THIS IS NOT BATTLE.

မိုးတိမ်ယံ said...

ဟားဟားဟား..နားရှိလို့ကြားရ..မျက်စိရှိလို့မြင်ရတာ မတန်မရာတွေ..ဗိုလ်ချုပ်ကိုချစ်ရင် ဖွတ်ကိုမဲပေးပါ ဆိုပဲ...ဗိုလ်ချုပ်ပုံတွေကို ဖြုတ်ခိုင်းခဲ့တဲ့ ကောင်တွေက အခုလို စာတမ်းတပ်ပြီးမဲဆွယ်နေတာ..အလကားကောင်တွေ ချီးစားပြီးပြောရင်တောင် ကြိုက်လို့ပဲနေမှာ

purewhite said...

48 နေရာကြားဖြတ်ရွေးကောက်ပွဲလေးကိုတောင် ဒီလောက် ၇ူးသွပ်နေကြရင် ၂၀၁၅ မှာဘယ်လိုစခန်းသွားကြမလဲဟင်။ ကြောက်စရာကောင်းလောက်အောင် အာဏာရူးနေကြတဲ့သူတွေ ဒီပွဲမှာ NLD ကပွဲပြတ်နိုင်ပြီးသား၊ ဒါကို တခြားဘယ်လိုအောက်တန်းကျတဲ့နည်းနဲ့ သူတို့ အနိုင်ယူသွားမလဲဆိုတာစောင့်ကြည်ရကြရအောင်။ ဒါပေမယ့် ပြည်သူတွေကြားထဲမှာ NLD ပါတီထဲမ၀င်ပဲ NLD အောင်နိုင်ရေးအတွက် Volunteer ၀င်လုပ်နေကြတဲ့ ပြည်သူတွေအများကြီး စောင့်ကြည့်နေကြတယ်၊ မှတ်ထား ပေါ့ပေါ့တော့မတွက်နဲ့ ပြည်သူတွေက ညဏ်ရှိတဲ့သူတွေချည်းပဲ ဒီကြားထဲ ပြည်ခိုင်ဖြိုးပါတီဝင်ထားပြီး မဲထည့်ရင် NLD ပဲထည့်မယ်လို့ပြောကြတဲ့ ပြည်ခိုင်ဖြိုးမှ အမှန်တရားကို သိသောပြည်သူတွေအများကြီး။ ပိုက်ဆံတွေလိုက်ဝေ ပြီးအလှူလုပ်ရလောက်အောင် ချမ်းသာနေကြတာကို ပြည်သူ့အကျိုးတကယ်လိုလားတယ်ဆိုရင် ပြည်သူအများစုစိတ်ချမ်းသာနေတာကို ထောက်ထားပြီး ဒီတကြိမ်လေး သဘောထားကြီးကြီးနဲ့ ရွေးကောက်ပွဲ မ၀င်ပဲတောင်နေသင့်တယ်လို့ထင်ပါတယ် ပြည်ခိုင်းဖြိုးပါတီရယ်။

ladyjune said...

ကချင်ပြည်နယ်.မိုးကောင်းမြို့နယ် ရဲ့သိက္ခာကျတယ်။မကူညီချင်နေ..မနှောက်ယှက်ပါနဲ့..သတိရှိရင်.ကိုယ်ဟာကို စည်းရုံးပါ.ကိုယ်အစွမ်းအစကို ဖော်ထုတ်ပါ.သူများနှခေါင်းပေါက်နဲ့ အသက်မရှုချင်ပါနဲ့.မနာလိုစိတ်တွေက များလိုက်တာ..အဲဒါကြောင့် ကချင်ပြည်နယ် မဲဆန္ဒနယ် ရွေ့ဆိုင်းတာပေါ့.အလကားနေရင်း ကြောက်ချီးပါနေတဲ့. သူတွေ.မင်းတို့မှာ အဲဒီလိုဖော်ပြစရာ.ခေါင်ဆောင်မရှိဘူးမဟုတ်လား..ဘယ်လိုလုပ်လုပ် ဘယ်လိုနည်းလမ်းသုံးသုံး..စိတ်ထားမကောင်းတဲ့အတွက် .တစ်သက်စာ ရှုံးမှာပဲဆိုတာ.မှတ်ထားကြ.

tin said...

crazy men lead non educated guy on shameless party

joseph said...

ငပေါတွေ!!!!

ဗိုလ်ချုပ်ပုံရိပ်တွေကိုဖျောက်ခဲ့တာခင်ဗျားတို.တွေဘဲ။ဗိုလ်ချုပ်ပုံရိပ်တွေကိုခုတုံးမလုပ်သင့်ပါဘူး။
ဗိုလ်ချုပ်ချမှတ်ထားခဲ့တဲ့ ဒီမိုကရေစီလမ်းစဉ်ကိုလိုက်နာခဲ့သလား??
ဗိုလ်ချုပ်ကိုတန်းဖိုးထားခဲ့လား???
ဗိုလ်ချုပ်ပုံရိပ်ကခင်းဗျားတို.နဲ.မတန်ပါဘူး။
အာဇာနည်နေ.ကိုတိတ်ဆိတ်စွာဖြတ်သန်းစေခဲ့တာခင်ဗျားတို.ဘဲ!!!

vimpire said...

အလွန်စိတ်ပျက်ဖွယ်ကောင်းပါသည်....
သွေးရူးတန်ရူးဖြစ်နေပါပြီ....
ကိုယ်ကျိုးအတွက်ဆို ဘနဖူးသိုက်တူး မယ့်သူတွေပါ...
အခု ကိုယ်ကျိုးအတွက် သူတို့ကျေးဇူးကန်းခဲ့တဲ့ ဗိုလ်ချုပ်ကိုပြပြီး မဲတောင်းနေကြပီ...

အလွန်အောက်တန်းကျသောလုပ်ရပ်ဖြစ်ပါသည်...
ကျွန်ုပ်တစ်သက် ကြံ့ဖွတ်ပါတီနှင့် ၄င်းပါတီဝင်များကို လုံးဝ အထင်မကြီးမလေးစား လူရာမသွင်းတော့ပါ....

tharzaw said...

ကြံ့ဖွတ်နဲ့ ဗိုလ်ချုပ် လားလားမှမဆိုင်။

tharzaw said...

ဗိုလ်ချုပ်နဲ့ ရှက်ကြောပြတ်နေတဲ့ကြံ့ဖွတ် လားလားမျှမဆိုင်။

thihathuya said...

ဝါး..ဟားဟားဟား..ခြေဖ၀ါးကို.ကလိထိုးပြီး.၂ပြားဖိုးလောက်ရီပစ်.လိုက်ချင်သေးတယ်.၀ါးဟားဟားလို့.ဟာသတွေသိပ်မလုပ်နဲ့ကွယ်သွေးရူးသွေးတမ်းနဲ့.ရူးချင်ရင်လည်းထမင်းလွတ်တာရူးကြစမ်းကွာ.

တရားမျှတမှုကိုလိုလားသူ said...

တတ်လဲတတ်နိုင်ပကိုကိုဖွတ်မမဖွတ်တို.ရယ်အမျိုးမျိုးပါပဲလားတော်ကြာအဖေတော်လိုက်တော်ကြာရန်သူဖြစ်လိုက်နဲ.ဒီလိုစိတ်ဓါတ်မျိုးနဲ.တိုင်းပြည်အုပ်ချုပ်နေလို.တိုင်းပြည်လဲဖွတ်ဖြစ်နေတာပေါ့အခုတမျိုးတော်ကြာတမျိုးဟဟဦးသန်းရွေအမျိုးပီသပါပေ့

Powered by Blogger.