မြစ်ကြီးနားမြို့နယ် တန်ဖဲကျေးရွာရှိ ဒေသခံများ မိမိတို့၏ နေအိမ်များမှ စွန့်ခွာ၍ မတ်လ ၁၇ ရက်နေ့က ပြောင်းရွှေ့နေကြစဉ်
မြစ်ကြီးနားမြို့နယ် တန်ဖဲကျေးရွာရှိ ဒေသခံများကို ၂၀၁၂ မတ်လ ၁၇ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့နေထိုင်ကြရန် ဒေသဆိုင်ရာ တာဝန်ရှိသူတချို့က လက်မှတ်ထိုးခိုင်း ထားသောကြောင့် ရွာသား အများစု လက်မှတ်ထိုးခဲ့ပြီး တစ်ရွာလုံးနီးပါး ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
၂၀၁၂ ခုနှစ်မတ်လ ၆ရက်နေ့က တန်ဖဲကျေးရွာသို့ တာဝန်ရှိသူများမှ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ကားများဖြင့် ရောက်ရှိလာပြီး ကျေးရွာတွင် နေထိုင်နေသည့် ဒေသခံများကို ခရိုင် အုပ်ချုပ်ရေးမှုးရုံးသို့ ခေါ်ဆောင်သွားကာ ပြောင်းရွှေ့ပေးရန် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် မတ်လ ၁၃ ရက်နေ့က တန်ဖဲကျေးရွာအ၀င်၊ ကျေးရွာအထွက်နဲ့ အလယ်တွင် အစိုးရမြေ ကျူးကျော်ခြင်းမပြုရ၊ ကျူးကျော်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည် စသည့် ဆိုင်းဘုတ်များထား ရှိခြင်းကြောင့် ဒေသခံများစိုးရိမ်မှု ပိုမိုခဲ့ကြောင်း သိရသည်။ ထို့ပြင် တန်ဖဲကျေးရွာရှိ ဒေသခံများ နေထိုင်သည့် အိမ်ဟောင်းများကိုလည်း မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် အကြောင်းကြားထားသော်လည်း ဒေသခံအများစုမှာ သက်ဆိုင်ရာများသို့ အသနားခံလွှာ တင်ထားသဖြင့် အများစုမှာ အိမ်များကို မဖျက်သိမ်းပဲ ထားရှိထားကြောင်း သိရသည်။
တန်ဖဲကျေးရွာမှ အောင်မြေသာ စံပြကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ရာတွင် သက်ဆိုင်ရာမှ ဆန်တစ်နှစ်စာအတွက် တစ်ဦးလျှင် ခုနစ်ပြည်နှုန်း အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်တစ်သိန်းနှင့် ရုပ်မြင်သံကြားစက်တစ်လုံး စီမံပေးထားသော်လည်း ဒေသခံများမှာ ရေရှည်တွင် စားဝတ်နေရေး အခက်ခဲရှိနိုင်ကြောင်း သိရှိရသည်။ အောင်မြေသာ စံပြကျေးရွာတွင် တန်ဖဲ ကျေးရွာ၊ မြစ်ဆုံကျေးရွာ၊ ပဒန်ကျေးရွာ၊ မလိယန်ကျေးရွာရှိ ဒေသခံများရှိကြောင်း သိရှိရသည်။ တန်ဖဲကျေးရွာတွင် အိမ်ထောင်စု ၁၇၄ ဦးရေ ၁၀၇၅ ယောက် နေထိုင်လျက်ရှိကြောင်း သိရသည်။
ဒီဗွီဘီ
မြစ်ကြီးနားမြို့နယ် တန်ဖဲကျေးရွာရှိ ဒေသခံများ တစ်ရွာလုံးနီးပါး ပြောင်းရွှေ့ခဲ့ရ
Reviewed by သစ်ထူးလွင်
on
16:42
Rating:
6 comments:
တရုတ်ကို ပေးလို့မပြီးသေးဘူးလား။သန်းရွှေ ဦးဏှောက်မရှိ လျှောက်လုပ်ထားခဲ့တာ ။အတ္တသမား
TV ဟုတ်လား ဘာလုပ်ရမှာလည်း ပေါ်လစီ တွေဘဲကြည့်နေရတာကို ပြီးတော့ မီးကကောမှန်မှန်လာမှာမို့လား
ကလောင်ကိုင်တဲ့လက်နဲ့  သေနတ်ကိုင်တဲ့လက် ဥာဏ်ရေအဆင့်ကွာတာတွေ့ ပြီမလား အခုတော့ ဦးနှောက်မရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေရလဲ တိုင်းပြည်ကိုအုပ်ချုပ်တာ ဦးနှောက်ရှိဖို့ ဘယ်လောက်အရေးပါတယ်ဆိုတာကို စစ်အစိုးရလက်ထက်မှာ မြန်မာပြည်ဟာ ကမ္ဘာမှာအနိမ့် ဆုံးအဆင့်ထိထိုးရောက်သွားတာကို ကြည့်ရင် အုပ်ချုပ်သူ ဥာဏ်ရည်အဆင့် ဘယ်လောက်နိမ့်တာ သိသာပါတယ် . . .
အိန္ဒိယက နိုက်၊ ဘင်္ဂလားက ကိုက်၊ တရုတ်က ၀ါး၊ ထိုင်းက မြှား၊ ပြည်ပရဲ့ ရန် လည်စင်းခံ....ပြည်တွင်းမှာလည်း- ဂျပန်က ပါးရိုက်- တရုတ်က ဓါးနှိုက်၊ ဒါလည်းမကာကွယ် ကိုယ့်ပြည်သူရယ်လို့ ၊ တို့ အရေးသုံးပါး ဦးထိပ်ထားသည်၊ ပြည်သူကိုချစ်ပြ(ပါးစပ်က) တို့ အစိုးရ("ပြည်ပအားကိုး ပုဆိန်ရိုး" လည်း သူတို့ ပဲအော်၊ တရုတ်အားကိုး မယားငယ်အချိုးလည်း၊ သူတို့ ပဲနော်)... ပြည်ပရောက်လည်း ထိုင်းက ကားနဲ့ တိုက်၊ ကုလားက ခါးအောက်နိုက်၊ ရောက်လေရာရာ အထင်သေး၊ ကယ်သူဝေးသည့် တိရစ္ဆာန်ပမာ၊ တို့ မြန်မာနှင့်၊ -ာဖြစ်နေသည့် နိုင်ငံတော်... ဆောင်ပုဒ်၊ ကြွေးကြော်သံ သောသောညံနှင့်" ခွေးဖြစ်ဦးမည့် ကျွန်တော့်မြေ"...
သူတို့ လုပ်ချင်သလိုလုပ်တာကို ကျွန်တော်တို့ ဒီအတိုင်းလက်ပိုက်ကြည့်နေရ စိတ်ကုန်ချင်စရာပဲ ဒီအတိုင်းဆိုရင် တိုင်းတစ်ပါးကျွန်ခံရတာထက် ပိုဆိုးနေတော့ပါပဲ ကျွန်တော်တို့က လူသားတွေဆိုတာ မေ့များမေ့နေသလားမသိဘူး
အိမ်ပြန်ချင်တယ် ဒါပေမယ့်သူတို့ပေးထားတဲ့အိမ်က ကိုယ့်အိမ်မှမဟုတ်တာ
သစ်ပင်ဆိုတာနတ္ထိ ၊ အဆောက်အဦတွေက လှ၏
သို့သော ခြံတွေက ကျဉ်း၏၊
ဆန်ကတော့ပေး၏ ၊ ဟင်းစားရန် ငွေမရှိ မြေမရှိ၊
ဆေးရုံတော့ရှိပါ၏ ၊ လူကြီးလာမှ ဆရာဝန်ရှိ ၊
အင်း ခက်ပါ၏ ၊
အိမ်ပြန်ချင်တယ် ၊
ကဲ အိမ်ပြန်လို့ ရတယ်ဆိုရင်တောင်
မြေတွေက ရွှေမုဆိုးတွေရဲ့ လက်ထဲမှာ ပျက်လို့စီး၊
ချောင်းတွေကပျောက် ၊ မြစ်ရေတွေနှောက် ၊
အော်
သူတို့တွေက ကိုယ်တွေကို တောင်မင်းမြောက်မင်း
မကယ်နိုင်အောင် လုပ်ခဲ့ကြတာကိုး
အင်း
ဘယ်ဘ၀က ၀ဋ်ကြွေးတွေပါလိမ့်
အိမ်ပြန်ချင်သူ
Post a Comment