မတ်လ ၂၂ ရက်နေ့ ၂၀၁၂
လားရှိုး ဆေးရုံမှာ သူနာပြုဆရာမပေါင်း အယောက် ၈၀ ပတ်ဝန်းကျင်လောက် ရှိတဲ့ အထဲမှာ
၅၀ လောက်ကို မိမိတို့ အရင် တာဝန်ကျရာ နယ်တွေ ဒေသတွေကို ပြန်သွားဖို့ ဒီကနေ့ မတ်လ၂၂ရက်နေ့ လည် ၂ နာရီ မှာ အစည်းဝေး ခေါ်ပီး ပြောကြားခဲ့ပါတယ်။
ပြောတဲ့ အခါမှာ မိမိ တာဝန်ကျရာ ဒေသကို ၃၀ ရက်နေ့ အရောက် သွားရောက်
သတင်းပို့ရမယ်လို့ ဆိုပါတယ်။ ဆေးရုံအုပ်က လဲ ပြောပါသေးတယ်..။ ဒီဆေးရုံမှာ
ကုတင် ၂၀၀ ကနေ ကုတင် ၃၀၀ အထိ တိုးချဲ့မှာ ဖြစ်လို့ အဲလိုတွေ ပို့ရင် လုပ်မယ့်
သူတောင် မရှိ ဖြစ်မှာသိပေမယ့် ဒါဟာ နေပြည်တော်က တိုက်ရိုက် ခိုင်းတာမို့
မဖြစ်မနေ သွားဖို့ မေတ္တာရပ်ခံပါတယ်တဲ့...။
မတ်လ ၃၀ ရက်နေ့မှာ တာဝန်ကျရာနေရာတွေမှာ ရောက်မရောက် လာစစ်ပါ
လိမ့်မယ်တဲ့..။ နောက်တခုလဲ ပြောပါသေးတယ် အဲလိုတွေ သွားပီး ခနလောက်
ကြာရင် ဒီဆေးရုံမှာ လူမရှိတော့တဲ့ အတွက် အဆင်မပြေပါဘူးလို့ အထက်ကို
စာတင်ပီး ပြန်ခေါ်ပါ့မယ်..။
နောက်ပီး အဲဒီ တာဝန်ကျရာ က လူကြီးနဲ့ ညှိပီး နောက်မှ ပြန်ပြောင်းချင် ပြောင်းဖို့
လုပ်ကြပါ အခု ၃၀ ရက်နေ့ကို မဖြစ်မနေ အရောက်သွားပေးကြပါလို့ အစည်းဝေးမှာ
ပြောသွားပါတယ်...။
တချို့ ဆရာမတွေဆို သူတို့ကို တာဝန်ကျ နေရာဆိုတာ နာမည်တောင် အခုထိ မကြားဖူးတဲ့ ရှမ်းပြည်မြောက်ပိုင်းတွေ တောရွာတွေကို ပို့တာပါ...။ ဒီအထဲမှာ ကလေးမိခင်တွေကိုလဲ
မဖြစ်မနေ သွားရမယ်ဆိုတော့အကုန် ဒုက္ခရောက်ရပါတော့တယ်..။
သမီးလေးက အခုမှ ၁နှစ်ခွဲ အရွယ်လေး ရှိသေးတယ်..။ ခေါ်သွားမယ် ဆိုတော့လဲ ခရီးပန်း
လမ်းကြမ်းထဲမှာကိုယ်တောင် တခေါက်မှ မရောက်ဖူးတဲ့ တောထဲက နယ်စပ်...။
ထားခဲ့ပြန်မယ်ဆိုတော့လဲ ဒီသမီးလေး နဲ့ ခွဲရမယ်..။ ဖြစ်သလို ပစ်ထားခဲ့ပီး သွားရမယ့်
အရေး ကို တွေးရင်နဲ့တောင် မျက်ရည် တွေ အလိုလို ကျမိတယ်..။
ဆေးရုံမှာ ရှိတဲ့ ဆရာမ ၈၀ လောက်ထဲက ၅၀ လောက်ကို အဲလို နယ်တွေ ပြန်လွှတ်တော့
ဆေးရုံကြီးမှာ လုပ်မယ့်သူ မရှိသလောက်ဖြစ်တာလဲအားလုံး အသိပါပဲ..။
အထက်မှာ ပြောတဲ့ အတိုင်း သွားပီး သတင်းပို့ကြပါ..။ နောက်မှ ပြန်ပြောင်းဖို့
လုပ်ပေးပါ့မယ်ဆိုတာ ဘာရည်ရွယ်ချက်တွေများ ဖြစ်မလဲ..အဲဒီ သွား၇မယ့် ဆိုတဲ့
နေရာတွေကို ဖုန်းဆက်ပီး စုံစမ်းတော့ လူနာတောင် ဟုတ်တိပတ်တိ မရှိဘူးတဲ့...။
လူနာမရှိတဲ့ နေရာတွေကို ဒီဆေးရုံကြီးက ဆရာမတွေ မျက်ရည်ကြီးငယ်ကျ
ဒုက္ခပေါင်းစုံနဲ့ အန္တရာယ်တွေ များလွန်းတဲ့ နယ်စပ်လိုနေရာတွေ
တောခေါင်ခေါင် လူမနီးတဲ့ နေရာတွေကို အခုမှ ဘာအကြောင်းနဲ့ ၃၀ ရက်
မတိုင်ခင်မှာ မဖြစ်မနေ လွှတ်တယ် ဆိုတာ မပြောလဲ ကိုသစ်ထူးလွင်နဲ့ တကွ
အားလုံးလဲ သိပီး ဖြစ်နေမှာပါ....။
ကိုယ့် အတ္တ အတွက် ပြည်သူတွေအပေါ် အဲလောက်တောင် စာနာမှု မဲ့နေကြပီလား
ဆိုပီးခံပြင်းစိတ်တွေရော ဖြစ်သလို ပစ်ထားခဲ့ရမယ့် သမီးလေး မျက်နှာရော ၊
ဘယ်လို နေရာမှန်းမသိတဲ့ ဆီကို တွေးပီး ရင်လေးတာတွေရော
စိတ်တွေ ထဲမှာ မွန်းကျပ်လွန်းလို့ ဒီစာနဲ့ ရင်ဖွင့်လိုက်တာပါရှင်...။။
လားရှိုးဆေးရုံမှ သူနာပြုဆရာမတဦး
လားရှိုး ဆေးရုံမှာ သူနာပြုဆရာမပေါင်း အယောက် ၈၀ ပတ်ဝန်းကျင်လောက် ရှိတဲ့ အထဲမှာ
၅၀ လောက်ကို မိမိတို့ အရင် တာဝန်ကျရာ နယ်တွေ ဒေသတွေကို ပြန်သွားဖို့ ဒီကနေ့ မတ်လ၂၂ရက်နေ့ လည် ၂ နာရီ မှာ အစည်းဝေး ခေါ်ပီး ပြောကြားခဲ့ပါတယ်။
ပြောတဲ့ အခါမှာ မိမိ တာဝန်ကျရာ ဒေသကို ၃၀ ရက်နေ့ အရောက် သွားရောက်
သတင်းပို့ရမယ်လို့ ဆိုပါတယ်။ ဆေးရုံအုပ်က လဲ ပြောပါသေးတယ်..။ ဒီဆေးရုံမှာ
ကုတင် ၂၀၀ ကနေ ကုတင် ၃၀၀ အထိ တိုးချဲ့မှာ ဖြစ်လို့ အဲလိုတွေ ပို့ရင် လုပ်မယ့်
သူတောင် မရှိ ဖြစ်မှာသိပေမယ့် ဒါဟာ နေပြည်တော်က တိုက်ရိုက် ခိုင်းတာမို့
မဖြစ်မနေ သွားဖို့ မေတ္တာရပ်ခံပါတယ်တဲ့...။
မတ်လ ၃၀ ရက်နေ့မှာ တာဝန်ကျရာနေရာတွေမှာ ရောက်မရောက် လာစစ်ပါ
လိမ့်မယ်တဲ့..။ နောက်တခုလဲ ပြောပါသေးတယ် အဲလိုတွေ သွားပီး ခနလောက်
ကြာရင် ဒီဆေးရုံမှာ လူမရှိတော့တဲ့ အတွက် အဆင်မပြေပါဘူးလို့ အထက်ကို
စာတင်ပီး ပြန်ခေါ်ပါ့မယ်..။
နောက်ပီး အဲဒီ တာဝန်ကျရာ က လူကြီးနဲ့ ညှိပီး နောက်မှ ပြန်ပြောင်းချင် ပြောင်းဖို့
လုပ်ကြပါ အခု ၃၀ ရက်နေ့ကို မဖြစ်မနေ အရောက်သွားပေးကြပါလို့ အစည်းဝေးမှာ
ပြောသွားပါတယ်...။
တချို့ ဆရာမတွေဆို သူတို့ကို တာဝန်ကျ နေရာဆိုတာ နာမည်တောင် အခုထိ မကြားဖူးတဲ့ ရှမ်းပြည်မြောက်ပိုင်းတွေ တောရွာတွေကို ပို့တာပါ...။ ဒီအထဲမှာ ကလေးမိခင်တွေကိုလဲ
မဖြစ်မနေ သွားရမယ်ဆိုတော့အကုန် ဒုက္ခရောက်ရပါတော့တယ်..။
သမီးလေးက အခုမှ ၁နှစ်ခွဲ အရွယ်လေး ရှိသေးတယ်..။ ခေါ်သွားမယ် ဆိုတော့လဲ ခရီးပန်း
လမ်းကြမ်းထဲမှာကိုယ်တောင် တခေါက်မှ မရောက်ဖူးတဲ့ တောထဲက နယ်စပ်...။
ထားခဲ့ပြန်မယ်ဆိုတော့လဲ ဒီသမီးလေး နဲ့ ခွဲရမယ်..။ ဖြစ်သလို ပစ်ထားခဲ့ပီး သွားရမယ့်
အရေး ကို တွေးရင်နဲ့တောင် မျက်ရည် တွေ အလိုလို ကျမိတယ်..။
ဆေးရုံမှာ ရှိတဲ့ ဆရာမ ၈၀ လောက်ထဲက ၅၀ လောက်ကို အဲလို နယ်တွေ ပြန်လွှတ်တော့
ဆေးရုံကြီးမှာ လုပ်မယ့်သူ မရှိသလောက်ဖြစ်တာလဲအားလုံး အသိပါပဲ..။
အထက်မှာ ပြောတဲ့ အတိုင်း သွားပီး သတင်းပို့ကြပါ..။ နောက်မှ ပြန်ပြောင်းဖို့
လုပ်ပေးပါ့မယ်ဆိုတာ ဘာရည်ရွယ်ချက်တွေများ ဖြစ်မလဲ..အဲဒီ သွား၇မယ့် ဆိုတဲ့
နေရာတွေကို ဖုန်းဆက်ပီး စုံစမ်းတော့ လူနာတောင် ဟုတ်တိပတ်တိ မရှိဘူးတဲ့...။
လူနာမရှိတဲ့ နေရာတွေကို ဒီဆေးရုံကြီးက ဆရာမတွေ မျက်ရည်ကြီးငယ်ကျ
ဒုက္ခပေါင်းစုံနဲ့ အန္တရာယ်တွေ များလွန်းတဲ့ နယ်စပ်လိုနေရာတွေ
တောခေါင်ခေါင် လူမနီးတဲ့ နေရာတွေကို အခုမှ ဘာအကြောင်းနဲ့ ၃၀ ရက်
မတိုင်ခင်မှာ မဖြစ်မနေ လွှတ်တယ် ဆိုတာ မပြောလဲ ကိုသစ်ထူးလွင်နဲ့ တကွ
အားလုံးလဲ သိပီး ဖြစ်နေမှာပါ....။
ကိုယ့် အတ္တ အတွက် ပြည်သူတွေအပေါ် အဲလောက်တောင် စာနာမှု မဲ့နေကြပီလား
ဆိုပီးခံပြင်းစိတ်တွေရော ဖြစ်သလို ပစ်ထားခဲ့ရမယ့် သမီးလေး မျက်နှာရော ၊
ဘယ်လို နေရာမှန်းမသိတဲ့ ဆီကို တွေးပီး ရင်လေးတာတွေရော
စိတ်တွေ ထဲမှာ မွန်းကျပ်လွန်းလို့ ဒီစာနဲ့ ရင်ဖွင့်လိုက်တာပါရှင်...။။
လားရှိုးဆေးရုံမှ သူနာပြုဆရာမတဦး
ရုတ်တရက် နယ်ပြောင်းခံရတဲ့ သူနာပြုဆရာမတဦး၏ ရင်ဖွင့်သံ
Reviewed by သစ်ထူးလွင်
on
07:29
Rating:
41 comments:
I don't understand why did you choose to serve as the government staff?? I am quite sure that you already know that you must face that situation in one day, since the day before you join as the government staff. So, why are you complaining now??
ခင်ဗျားတို့ တွေ အမစုကို သွားကြိုတဲ့အထဲ ပါလို့ ထင်တယ်။
သိတယ်မဟုတ်လား အဲတာ ကြိုတင်မဲ ဆို .................အမိန့် အမိန့် နေပူတော် အမိန့်တဲ့ဟေးးးး
ကြားဖြတ်ရွေးကောက်ပွဲ နဲ့ သက်ဆိုင်မယ်ထင်တယ် ။
ဆရာမရေ အဲဒီလူတွေက ဘနဖူးတောင်သိုက်တူးမဲ့သူတွေပါ....ဆရာမတို့ဘက်က မဲဗုံး(ကြိုတင်မဲ) တွေကိုတော့မထည့်မိအောင် ကြံ့ကြံ့ခံပေးပါလို့ ပြည်
သူတစ်ယောက်အနေနဲ့မေတ္တာရပ်ခံပါတယ်
ဒီသတင်းကြားရတာ စိတ် မကောင်းပါဘူး။
စီမံခန့်ခွဲတဲ့ သူတွေ၏ ညံဖြင်းမှုကြောင့် ခုလို အချိန် မမီ ကမောက်ကမ ဖြစ်တာကြတာပါ။
တချိန်တည်းမှာပဲ။ ဝန်ထမ်းဆိုတာ ကျရာ၊ တာဝန်ပေးတဲ့ နေရာမှာ တာဝန် ထမ်းပါ့မယ် ကတိပြုထားကြတာဆိုတော့ လွှတ်လျှင် တော့ သွားရမှာပေါ့။ မသွားခြင်လျှင် အလုပ် ထွက်လိုက်ပါ။ အလုပ်ဝင်စဉ်မှာ ဒီလို သွားရမယ်ဆိုတာ သိပီး၊ လက်မှတ် ထိုးခဲ့ပီးမှ တကယ်လွတ်ချိန်ကျမှ မသွားခြင်သလို၊ ကလေးရှိလို့၊ မိသားစုရှိလို့ လုပ်နေလျှင်တော့ မတရားပါ။ ထို စေလွတ်ခံရတဲ့ ဒေသက လူတွေကို ကူညီရမှာဖြစ်လို့ သွားသင့်ပါတယ်။ ဆရာမတို့လို လူတွေနှင့် နီးနီးကပ်ကပ် ဆက်ဆံရ၊ ဒေသခံတွေ၏ ဘဝကို သေသေချာချာ သိနေတဲ့ လူတွေတောင်မှ မသွားခြင်လျှင်၊ ဘယ်သူ သွားခြင်ပါဦးမလည်း။ ထိုဒေသက ပြည်သူတွေက ဆရာမတို့ကို မျှော်နေရှာမှာပါ။ မျှမျှတတတွေးပေးရလျှင်၊ ရောက်အောင် သွားနိုင်ဖို့ အထက် တာဝန်ရှိတဲ့လူ အဆင့်ဆင့်က လုပ်ပေးသင့်ပီး ရောက်အောင် သွားပီး တာဝန်ထမ်းဖို့က ဆရာမတို့ တာဝန်ဖြစ်ပါတယ်။
ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် အထူးညွန်ကြားချက်လား နေပြည်တော်သားရယ်။
ဆရာမရေ ခင်ဗျားရဲ့စာဟာအရမ်းကို ကိုယ်ကျိုးပါတဲ့စာဖြစ်နေပါတယ်။ ဒါလားဗျာ နိုင်ငံ့ဝန်ထမ်းစိတ်။ ကျန်းမာရေးဝန်ထမ်းတစ်ယောက်တစ်ယောက်ရဲ့တာဝန်ဟာ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးဖို့ပါ။ အဲဒီ ရှမ်းပြည်နယ် မြောက်ပိုင်းတောရွာတွေမှာ နေတာလည်း ပြည်သူတွေပါပဲ။ သူတို့လည်းသွေးနဲ့ကိုယ်သားနဲ့ကိုယ်ပါပဲ။ သူတို့တွေမှာ ဖျားနာရင်တောင် ဆေးမီးတိုနဲ့ပီးနေရတာ။ သူတို့ရွာတွေဘက်ရွာစဉ်လှည့်ကုတဲ့ ဒေါက်တာရမ်းကုတွေကို ပဲ မျှော်နေရတာ။ အဲဒါတွေကို ဆရာမသိရဲ့လား။ အာရောဂျံပရမံလာဘံတဲ့။ ကျန်းမာချင်းသည် လာဘ်ကြီးတစ်ပါးတဲ့။ မကျန်းမာရင်ဘာမှလုပ်လို့မရပါဘူး။ အဲဒီဒေသကလူတွေဟာ စိုက်ပျိုးရေးကို အဓိကထားလုပ်တာပါ။ ကာယအားကိုအဓိကထားတဲ့အတွက် မကျန်းမာရင် အလုပ်ပျက်ပါတယ်။ သီးနှံတွေကို အချိန်မီ မလုပ်ပေးနိုင်ရင်မအောင်မြင်ပါဘူး။ အဲဒီလောက်ဆိုရင်ဆရာမသဘောပေါက်မှာပါ။ ဆရာမတို့က ဆေးရုံကြီးတွေပေါ်မှာနေ၊ လာသမျှလူနာတွေကို ဟိန်းဟောက်၊ လက်ဘက်သုပ်ကျွေးတဲ့လူနာ၊ မုန့်ပေးတဲ့လူနာ၊ လက်ဘက်ရည်ဖိုးပေးတဲ့လူနာဆို ခေါ်လိုက်ရင်ပျာနေအောင်ရောက်လာပြီး ဘာမှမပေးနိုင်တဲ့လူနာဆိုရင် Drip ပုလင်းဆေးကုန်လို့ပိတ်ဖို့သွားခေါ်သွားတောင်မလာကြဘူးလေ။ ပြည်သူတွေကြားမှာ နောက်နေတာလေးတောင်ရှိပါသေးတယ်။ “ဟောက်ဆာဂျင်တဲ့” ။ အလုပ်သင်ဆရာဝန်လေးတွေကိုပြောတာဟုတ်ဘူးနော်။ ဆေးရုံပေါ်မှာ လူနာတွေကို ဟောက်နေတဲ့သူနာပြုဆရာတွေကို ပြောတာပါ။ တချို့ကောင်းတဲ့သူနာပြုဆရာမတွေလည်းရှိပါတယ်။ အဲဒီဆရာမတွေကို မဆိုလိုပါဘူး။ သူနာပြုတဲ့ သူနာတွေကို ပြုစုရမှာပါ။ နဂိုထဲက ဝေဒနာခံစားနေရတဲ့ ကိုယ့်လောက်မှဆေးပညာကိုနားမလည်တဲ့သူတွေကို အပြုံးပန်းလေးတွေပန်ဆင်ပြီးကုသပေးရင် လူနာဘယ်လောက်စိတ်သက်သာရာရမလဲဗျာ။ အခုဆရာမတို့ကိုပို့တာ ရှေ့တန်းစစ်မြေပြင်မဟုတ်ပါဘူး။ အသက်ကိုလည်းစတေးစရာမလိုပါဘူး။ အဲဒီဒေသဘက်တွေကို ကျွန်တော်ရောက်ဘူးပီးသားပါ။ ဆရာမသာစေတနာကိုေ၇ှ့တန်းတင်ပြီး ကိုယ်တတ်သလောက်နဲ့အစွမ်းကုန်ကုသပေးပါ။ ဆေးရုံပေါ်မှာလို ဟန်ကြီးတစ်ခွဲသားနဲ့မနေရင် အရမ်းနေပျော်တဲ့ဒေသပါ။ လမ်းပန်းဆက်သွယ်ရေးခက်ပါတယ်။ မိုးတွင်းမှာ ရွှံ့ဗွက်ထူတဲ့လမ်းတွေမှာေ၇ှာက်ရပါမယ်။ ဒါပေမယ့် ဒေသခံတွေရဲ့စိတ်ထားဟာ ကျွန်တော်တို့မြို့ပေါ်ကလူတွေလိုမဟုတ်ပါဘူး။ အရမ်းကိုရိုးသားပြီးပွင့်လင်းပါတယ်။ သူတို့ကိုသာဂရုစိုက်ကုသပေးလိုက်ပါ။ သင်ရဲ့အိမ်ပေါ်မှာ သူတို့ဒေသထွက်ပစ္စည်းတွေစားလို့တောင်မကုန်နိုင်အောင်ရောက်လာပါလိမ့်မယ်။ အရမ်းရိုးသားပွင့်လင်းပီး ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့တဲ့ဒေသတွေပါ။ သူနာပြုကျောင်းဆင်းတွေလည်း များလာပါပြီ။ ဆေးရုံပေါ်မှာ အတွေ့အကြုံရပီးတဲ့ဆရာတွေထဲကအချို့ RHC တွေဆင်းပြီး ကျောင်းဆင်းအသစ်တွေကို လက်ကျန်အတွေ့အကြုံရှိဆရာမတွေက ဆေးရုံတွေပေါ်မှာလက်တွဲခေါ်။ ပြီးရင် RHC တွေပြန်ဆင်း ဒီလိုလုပ်မှသာ ကျွန်တော်တို့နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု မြင့်တက်လာမှာပေါ့။ အနေတော့ဆင်းရဲပါတယ်။ အစားကတော့ဆင်းရဲတယ်လို့မဆိုသာပါဘူး။ ဒါလောက်ပါဘဲ။ ရှေ့တန်းစစ်မြေပြင်ကို အသက်စတေးပြီးသွားရတာမဟုတ်ပါဘူး။ ကိုယ့်တိုင်းရင်းသားကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့သွားရတာပါ။
သူတိုဘက်ကဘယ်လိုပဲကြံကြံကို့ဘက်က မဲထည့်မမှားဖို့ ပဲ
ကျန်းမာရေးဝန်ကြီးလဲ.မဆီမဆိုင် အလုပ်တွေ လုပ်နေပါရော့လား.. ဦးနှောက်ပျက်သွားပြီ ထင်ပါရဲ့ .
တစ်မျိုးကြီးပါဘဲ။ "တချို့ ဆရာမတွေဆို သူတို့ကို တာဝန်ကျ နေရာဆိုတာ နာမည်တောင် အခုထိ မကြားဖူး""မိမိတို့ အရင် တာဝန်ကျရာ နယ်တွေ ဒေသတွေကို ပြန်သွားဖို့ "..ဆိုတော့ တာဝန်ကျနေရာကို အရင်ထဲကမသွားခဲ့တာလားပေါ့။
ဖွတ်ပါတီခေါင်းဆောင်တွေရဲ့ လက်ချက်ဘဲနေမှာပါ ဧပြီလ ၁ ရက်နေ့ နီးလာတော့မယ်လေဒါကြောင့်မဲမပေးနိုင်အောင်ကြိုတင်စီစဉ်ထားလိုက်တာပေါ့.......ဖွတ်ပါတီတွေရဲ့ မူဝါဒကတော့..ကြိုတင်မဲကောင်းကောင်းမရမှာကြောင့်လို့ မဲမရနိုင်တဲ့သူတွေကိုနယ်ပြောင်းခိုင်းတာနေမှာနော်...
ဝန်ထမ်းဆိုတာ အပြောင်းအရွှေ့ ရှိ မှာဘဲ ရှိမှာဘဲ၊ ကလေးလဲရှိကြမှာပါ
ဆရာမ လိုအိမ်ထောင်သည်တွေ ဝန်ထမ်းထဲမှာ အများကြီးပါ
မလုပ်နိုင်ရင် ထွက်ခွင့်တင်ရမှာပါ ၊ လိုအပ်လို့ လွှတ်တာနေမှာပါ
ကိုယ်တယောက်ထဲ ခံစားချက်ကို ကြည့်လို့ မရပါဘူး ၊ကျရာတာဝန်
ကို ကျရာဒေသ မှာ တာဝန်ထမ်းဆောင် ရမှာ ဝန်ထမ်းတိုင်းရဲ့တာဝန်ပါ
(ကိုယ့် အတ္တ အတွက် ပြည်သူတွေအပေါ် အဲလောက်တောင် စာနာမှု မဲ့နေကြပီလား ဆိုပီးခံပြင်းစိတ်တွေရော ဖြစ်သလို ပစ်ထားခဲ့ရမယ့်သမီးလေး မျက်နှာရော ၊ ဘယ်လို နေရာမှန်းမသိတဲ့ ဆီကို တွေးပီး ရင်လေးတာတွေရော စိတ်တွေ ထဲမှာ မွန်းကျပ်လွန်းလို့ ဒီစာနဲ့ ရင်ဖွင့်လိုက်တာပါရှင်...။။)
ဆရာမတို့ ကိုတိုင်က အတ္တနှင့် တာဝန်ပေးတဲ့နေရာ မသွားခြင်တာလေ။ ဆရာမလည်း ပြည်သူတွေကို စေတနာ မရှိဘူးမိုလား။ ဒါကြောင့်မို့ မသွားခြင်တာလေ။ စာနာမှု မရှိဘူးမိုလား။ ဒါကြောင့် မသွားရအောင် ဟိုတိုင် ဒီတိုင် လုပ်နေတာလေ။ ကို ကိုယ်တိုင်ကတောင်မှ သာမန် ပြည်သူတွေမျက်နှာ မကြည့်ပဲ၊ ကောင်းတဲ့နေရာပဲ နေခြင်နေတာရော ထည့် မစဉ်းစားတော့ဘူးလား။ ခင်ဗျား ကလေးလေးလို ထိုဒေသက ကလေးပေါင်းများစွာ မျက်နှာကို ဆရာမ မမြင်တော့ဘူးလား။
မြတ်စန္ဒာ က တာဝန်သိစိတ်အပြည့်ရှိတဲ့ကြံ့ဖွတ်ထင်တယ်နော်.....
ကျနော် အရမ်းပဲအားရပါတယ် "Myat Sandar " ကျေးဇူး လည်းတင်ပါတယ် ။။ လူမူဝန်ထမ်း စိတ်ဓါတ်ရှိကြပါဗျာ ..
စာပေးသူရဲ့ရည်ရွယ်ချက်က အစိုးရကို ထိုးနှက်ချင်တာ ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်၊ သို့သော် ကျနော်တို့လို တောရွာကလေးမှာနေရသူတွေ အဖို့တော့ မျက်ရည်ကျ ခံပြင်းတောက်ခေါက် နေပါတယ်။ ကျနော် ဟာဟိုးငယ်စဉ်သောင်ကျေး ဘ၀ကတည်းက တောရွာမှာ ကြီးပြင်းလာခဲ့ရသူပါ။ ကျနော်ရွာမှာ ဆေးခန်းလည်းမရှိပါဘူး .. မသေသင့်ဘဲ သေသွားရသူတွေလည်း အများပါ(ဆေးကုခြင်းမခံရသူများ)။
ကျနော်နေတဲ့ရွာဆိုရင် မြို့ကနေ ခြေကျင်နှစ်ရက်ခရီး သွားရပါတယ်။
ကျနော် ငယ်ငယ်တုန်းကဆိုရင် ရွာမှာ ကလေးမွေးရင် ဒီတိုင်းလေး ပဲမွေးရကြတာ ။ ကျန်းမာရေး စောင့်ရှောက်မူဆိုတာ ကြားဖူးဘူးလေ။
ကျနော် တစ်တော့ သတိရပါသေးတယ်၊ ငယ်ငယ်တုန်းကပါ ..
ကျနော်တို့ရွာကို လုပ်အားပေးလာတဲ့ ကျောင်းဆရာ လင်မယားနှစ်ဦးပါ ..
သူတို့ကတော့ မြန်မာပြည် အလယ်ပိုင်းကနေလာကြတာပါ ... ဗမာလူမျိုးစစ် ဖြစ်ပါတယ်... ကျနော်တို့လို တောခေါင်ခေါင်မှာနေတဲ့ တိုင်းရင်းသားတွေကိုချစ်လို့ အနေဆင်းရဲ၊ အစားဆင်းရဲ နဲ့နေရှာပါတယ်။
ခက်ခဲမူတွေအားလုံးကို ရင်ဆိုင်ခဲ့ ရပါတယ်လေ .. နောက်ဆုံးသူတို့ချစ်လှသော သားကိုပင်ဆေးကုသမူ မရလို့ ဆုံးရှူံးရရှာတယ်လေ ။ ကျနော်ယနေ့တိုင် မေ့မရနှိုင်ပါဘူး ။။
သူတို့ဟာ ကျနော်တို့အတွက်တော့ သူရဲကောင်းတွေပါ ။။ ကျနော်တို့ရဲ့ ရင်ထဲမှာ အမြဲရှင်သန်နေကြပါတယ် ။။
ကျနော်တို့တတွေ တောခေါင်ခေါင် မှာနေပေမယ့် " "ကျနော်တို့ရဲ့ နှလုံးသားတွေကတော့ နွေးထွေးလှပါ"..လာခဲ့ပါဆရာမ
လေးရယ် ... သင်တစ်ခုခုကိုစွန့်လွတ်သွားရတယ်ဆိုရင် "ကျနော်တို့ရဲ့ ၇င်ထဲမှာတော့ ထာဝရ သူရဲကောင်းပါ"..
ဆရာမလေးရယ် စိတ်ဓါတ်မကျပါနဲ့ ရိုးသားသူတွေရဲ့နှလုံးကို ရွေးချယ်လိုက်ပါ ။။။။။
အမှန်တကယ်တော့ကြားဖြတ်မှာ ၀န်ထမ်းတွေမဲထည့်လို့မရတော့အောင်လုပ်လိုက်တာပဲ ကိုယ်ထဲ့ချင်တဲ့လူကိုထည့်လို့မရတော့ဘူး ကြိုမဲနဲ့လူ့အခွှင့်အရေးထိန်းချုပ်လိုက်တာပဲ တိုင်းပြည်ကြီးကထင်သလောက်ကောင်းလာဖို့မမြင်တော့ဘူး
အထက်က ဒေါ်မြတ်စန္ဒာ ဆိုတာ တစ်ခုလောက်ပြောပါရစေ။ ဟောက်ဆာဂျင် ဆိုတာ ဆရာမတွေကို ချည်းပြောတာမဟုတ်ပါဘူး။ ဆရာဝန်တွေလည်းပါပါတယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီတဲ့ ။ ဆရာဝန်မရှိပဲ အလုပ်လုပ်လို့ မရသလို၊ ဆရာမ မရှိလို့လဲ မဖြစ်ပါဘူး။ ဒါကြောင့် ဆရာမတွေ ကို အဲ့လောက် မဝေဖန်သင့်ပါဘူး။ " Please try to think on positive side"
Everyone has their own feelings.
ရိုးရိုးသားသားနဲ့ စေလွှတ်ရင် မြန်မာနိုင်ငံရဲ့ဘယ်နေရာဖြစ်ဖြစ်
သွားနိုင်ပါတယ်။ ပြည်သူ့ဝန်ထမ်းတစ်ဦးအနေနဲ့ သွားရောက်
တာဝန်ထမ်းရမယ်ဆိုတာကိုလည်းနားလည်ပါတယ်။
ဒါပေမဲ့ အဲဒီ ဝေးလံခေါင်ဖျားဒေသမှာ ဘယ်လောက်ကြာအောင်
တာဝန်ထမ်းရမှာလည်း၊ ကျွန်တော် ခန္တီးနဲ့ လဟယ်မှာ ၄နှစ်ကြာအောင်
တာဝန်ထမ်းဖူးပါတယ်။ ဘယ်သူကမှ ပြန်ပြောင်းရဖို့ လုပ်မပေးပါဘူး။
အဲဒီဒေသအကြောင်းသိကြမှာပါ။
ကျန်သူများကော အဲဒီလိုဒေသမျိုးမှာ နေနိုင်ပါ့မလား
နိုင်ငံ့ဝန်ထမ်းများ ကြိုတင်မဲကိုလည်း လွတ်လွတ်လပ်လပ် ရဲရဲဝံ့ဝံ့ ကိုယ်ပေးချင်သူကို ပေးကြဖို့ နှိုးဆော်လိုပါတယ်....
လောကသစ္စာရေ...
ခင်ဗျားမဖတ်လိုက်မိဘူးလား...
၃၀ ရက်နေ့အရောက်ဆိုတာက သိပ်မရိုးသားဘူးထင်ပါတယ်...
ဒါကအဓိကပဲ
ရိုးရိုးသားပြောင်းရရွှေ့ရတာကို အပြစ်မပြောလိုပေမယ့် တစ်ခုခုအတွက်ဆိုရင်တော့ ...
အဲဒါကို ခင်ဗျားဘယ်လို အာမခံနိုင်မလဲဗျာ ........
အပေါ်က ကွန်မန့်တွေ ဖတ်ပီး အားမဖြစ်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်
အခုလို နယ်ပြောင်းရတာ ပြောင်းရမယ့်နေရာမှာ ဘာလိုအပ်ချက်မှ မရှိပါဘူး
လူနာနဲ့ အဲဒီမှာ ရှိတဲ့ ဆရာမတွေ နဲ့ အလုံလောက် ရှိပါတယ်
ရေးတဲ့ အချိန်တုန်းက လိုအပ်သွားတာတွေ ရှိတာ တောင်းပန်ပါတယ်
အမှန်တကယ်ပြောာင်းရတဲ့ အကြောင်းက အမေစုလာတဲ့ အချိန်မှာ ဆေးရုံက ဆရာမတွေက
လာကြိုတဲ့သူတွေ များတဲ့ အတွက် အရေးပေါ်ဆေးခန်းလေးလုပ်ပီး ကူညီခဲ့တာရယ်
ကြံ့ခိုင်ရေးကို မဲ မထည့်တာ သေချာနေတာကြောင့်ရယ်
တခြားပါတီကို မဲမရစေချင်တာ တွေကြောင့် အခုလို မလိုအပ်တဲ့နေရာကို ပို့တာပါ
သူနာပြုလုပ်နေတာ စေတနာရှိလို့ လုပ်နေတာပါ
ဘယ်နေရာမှာ မဆို လုပ်နိုင်လို့ ဝန်ထမ်း လုပ်နေတာပါ
ရေးတုန်းက လိုသွားတာတွေ အတွက်လဲ တောင်းပန်ပါတယ်
လားရှိုးဆေးရုံက ဆရာမတွေ ဆက်ဆံရေးမှာ နာမည် ကောင်းနဲ့နေတာပါ ဒါပေမယ့် အရေးမတက်တဲ့ အတွက်ကြောင့် အပေါ်မှာ အပြောခံရတာ တကယ် စိတ်မကောင်းဘူး
မတရား အနိုင်ကျင့်ခံရလို့ အရေးမတက် အပြော မတက်တာတွေ အတွက် တောင်းပန်ပါတယ်
အရူးတွေအုပ်ချူပ်နေတာ ။ပညာရှင်တွေအုပ်ချူပ်တာ မဟုတ်ဘူး။ဝန်ထမ်းဟာ(အထူးသဖြင့် သူနာပြု ၊သက်မွေးဝမ်းကြောင်းပညာသည်တွေ)ဟာ မြို့ကနေ နယ် အထူးသဖြင့်မြို့မှ အဆင့်နိမ့်ဒေသကို ပြောင်းတယ်ဆို ပုံမှန်အားဖြင့် ရာထူးတိုး ပြီးပြောင်းရတာ။ရုတ်တရက်ပြောင်းရတာတော့ ပုံမှန်မဟုတ်ဘူး။ပြောင်းတဲ့နယ်မှာ ကော ဝန်ထမ်း အိမ်ယာ နေရေး။သွားလာရေးစီစဉ်ပြီးပြီးလား။လစာရောတိုးပေးပြီးပြီးလား။လူပေါင်း သောင်းခြောက်ထောင်နဲ့ ဆက်ဆံရတာ အဆင် မပြေရင် လူတိုင်းအော်မိမှာဘဲ။ရုံးဝန်ထမ်းတွေ အဲ့လို ဆေးရုံ ဝန်ထမ်းတွေ လောက် လူမျိုးစုံ မဆက်ဆံရပါဘူး။ဒါတောင် ဝန်ထမ်းတွေ ဟောက်ကြပါတယ်။သူနာပြုဆရာမတွေမှ ဟောက်တာ မှုတ်ဘူး။ဆေးရုံတခုထဲမှာ ဝန်ထမ်း ၅၀ တခါထဲ ပြောင်းတယ်ဆို တာ မဖြစ်သင့်ဘူး။သူတို့ အုပ်ချူပ်သူတွေ က တော့ ဒုက္ခမရောက်ဘူး၊ကြားထဲက လူနာတွေ ကဒုက္ခရောက်မှာ ....မြန်မာ ပြည်...မြန်မာပြည် ဘယ်တော့ အုပ်ချုပ်သူ...သူတော်ကောင်းတွေဘယ်တော့ ရောက်လာမလဲ...
ရွေးကောက်ပွဲပြီးမှ.. ပြောင်းလို့မရဘူးလားလို့..မေးလိုက်ပါလားဆရာမရယ်.....
မြတ်စန္ဒာ
ဒီကိစ္စက မသင်ကာစရာပါ။ ဘယ်သောအခါမှ ၅၀ယောက်စလုံး ပြောင်းတယ်ဆိုတာမရှိပါဘူး။ တခုခုကြံစီတာပါ။ ဘာကြောင့် အစိုးရ မဟုတ်တဲ. အာဏာရှင် ဘက်ကလိုက်ရေးရတာလဲ။ မင်းက အာဏာရှင်ဘက်က အလိုတော်ရိ ပါလား။
အပေါ်က မြတ်စန္ဒာရေ တင်ပြသွားတာလေးကတော့ ကောင်းပါတယ် သဘာဝလဲကျပါတယ် လူမှုဝန်ထမ်းစိတ်အပြည့်အ၀လဲ ထားကြရမည်မှာ ၀န်ထမ်းအားလုံးလဲ သိထားကြပါတယ် သို့ပေမယ့် လိုက်နာသူေ၇ာ မလိုက်နာသူရော စုံလို့နေမှာပေါ့ဗျာ.....ရိုးရိုးသားသားကိစ္စဆိုရင်တော့ ဒီအစီအစဉ်ဟာ လိုက်နာဆောင်ရွက်ရမည်မှာ အမှန်ပါ တာဝန်ကိုကျေပွန်စွာနဲ့ ထမ်းဆောင်နေရမှာပါ.....မရိုးသားတဲ့ ညွှန်ကြားချက်ဆိုရင်တော့ ဒါဟာ တမင်သက်သက်ကို ကောက်ကျစ်စဉ်းလဲတဲ့ အစီအစဉ်ပါ.....ညွှန်ကြားသူတွေဟာလဲ အတ္တစိတ်ကြီးမားစွာနဲ့ ကိုယ့်အကျိုးကိုရှေ့ရှုပြီး တစ်ဖက်သူတွေရဲ့ ဒုက္ခဆင်းရဲကိုမငဲ့ကွက်ပဲ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓါတ်ကိုတော့ အရမ်းရွံရှာမိပါတယ်ဗျာ....မြတ်စန္ဒာကိုလဲ တစ်ခုလောက်တော့ ပြောချင်ပါတယ် ကိုယ်ချင်းစာတရားလေးထားပေးပါဗျာ...မသွားချင်ရင်အလုပ်ထွက်ဆိုတဲ့အသုံးအနှန်းကိုတော့ မပြောသင့်ပါဘူး......ဒီလိုနေရာ ဒီလိုအလုပ်မျိုးရအောင်ဘယ်လိုပေးဆပ်ပြီး ဘယ်လိုရုန်းကန်ခဲ့ကြရတယ်ဆိုတာ ဌာနပေါင်းစုံက ၀န်ထမ်းတွေလဲ အသိပါဗျာ.....ကြံ့ဖွတ်လေသံနဲ့တော့ မပြောစေချင်ပါ......
ဒါကြီးကရှင်းနေတယ်လေ
NLD ကိုထောက်ခံမဲပေးမယ်.သူတွေမှန်းသိလို..
တမင် မဲပေးလို.မရအောင် လုပ်တာလေ..
ဘယ်နှယ်.ဗျာ Mar 30 အရောက်သွားရမယ်ရယ်လို. ..
ဒါဆိုလဲ ..April 1 ရက်နေ.မဲပေးပြီးမှ သွားခိုင်းပါလား
ညစ်ပတ်တတ်လိုက်ပုံများ ...
မဲပေးပွဲပြီးရင်တော.ပြန်ခေါ်မယ်ဆိုဘဲ...
အဲဒါတွေကြောင်. ဒင်းတို.ပါတီကို မဲမထဲ.တာဟေ.
သိပြီလား....ကလိမ်ကကျစ်တွေ....
Those who pretend to be good to the civilians, just like Mya Sandar, are more dangerous than those who are obviously bad to the civilians.
တော်တော်ကိုလူမဆန်တဲ့ကောင်တွေဘဲ....ကိုယ်ချင်းစာစိတ်တို့တရားမျှတမှုတို့ဆိုတာဒီကောင်တွေရင်ထဲမှာမရှိတော့ဘဲအတ္တအမှောင်တွေဖုံးလွမ်းနေတဲ့ တိရိစ္ဆာန်တွေလောက်တောင်အသိတရားမရှိတော့ပါလားဗျာ...
၃၀ ရက်နေ့ အရောက်သတင်းပို့ ရမယ် ဆိုတော့ရွေးကောက်ပွဲနဲ့ ပတ်သက်နေပါတယ်..NLD ကိုထည့်မဲ့မဲသေချာနေလို့ညစ်ပတ်တာပါ...သိတ်ကိုအောက်တန်းကျပါတယ်အဆင့်အတန်းနိမ့်ကျလွန်းပါတယ်..အဲဒါတွေကြောင့်လဲပြည်သူတွေက ကြံ့ဖွတ်ဆိုရင်မုန်းနေကြတာ....
duty is duty ပါဘဲ တာဝန်နဲ့လူမှုရေးမရောရဘူးလေ ဘယ်သူမဆို အခက်အခဲတော့ရှိကြမှာဘဲ့ ကိုယ့်အခက်ခဲထက် ဒီလိုနယ်တွေမှာကျန်းမာရေးအရ လိုအပ်နေတဲ့ပြည်သူတွေရဲ့အခက်အခဲကိုလဲကြည့်ရမှာပေါ့ လိုအပ်လို့လွှတ်တာဘဲ့
ဝန်ထမ်းဆိုတာမည်သည့် နေရဒေသမရွေး ဆို တာဝန်ထမ်းရမှာ ကျနော်တို့ ၀န်ထမ်းတွေရဲ့ တာဝန်ပါဘဲ့ ကုသိုလ်ယူစမ်းပါ နေတတ်ရင်ပျော်သွားပါလိမ့်မယ်
ဝန်ထမ်းတွေ ပြောင်းရွှေ့ ရတယ်ဆိုတာ ပြောင်းရမှာပါပဲ ။ ဒါပေမဲ့  စည်းမျဉ်း
စည်းကမ်းနဲ့ အညီ ပြောင်းရမယ်လေ ။ ၀န်ထမ်းစည်းမျဉ်းအရ ပြောင်းရွှေ့ သူ
ဝန်ထမ်းဟာ ပြောင်းရွေ့ မိန့် ကျပီး ( 21 ) ရက် အနဲဆုံးနဲ့  ( 45 ) ရက် အများဆုံး ကြားမှာ ပြောင်းရွေ့ ရပါတယ်။ ဒါဝန်ထမ်းစည်းကမ်းလေ။
အဲဒီဘောင်နဲ့ အညီပြောင်းပေးမယ်လို့  အခုပြောင်းရမဲ့ သူအားလုံးက တညီ
တညွတ်တည်း လုပ်လို့ ရပါတယ်။ စွန့်လွှတ်ထွက်ခွါခွင့်ကို အဲဒီသတ်မှတ်ရက်
အတွင်း တညီတညွတ်တည်း ယူကြပေါ့ ။ဝန်ထမ်းစည်းကမ်းအရ မူနဲ့ 
ဘောင်နဲ့ ဘဲ ပြောင်းကြရွေ့ ကြပေါ့ ။ ဘယ်သူကမှ အရေးယူလို့ မရပါ
ဘူး ။ ကျနော်အကြံပြုတာပါ....
ဆရာမရေ ...
စိတ်မကောင်းမဖြစ်ပါနဲ့။
ဒါဟာ လုပ်ကြံမှုဆိုတာ အရှင်းကြီးပါ။
ညစ်ပတ်လိုက်ကြတာဗျာ။ ယုတ်မာလိုက်ကြတာ။
ဒေါ်စုလာတာ ကြိုသူများလို့ အရေးပေါ်ဆေးခန်းလေးဖွင့်ပြီးကူညီတဲ့
သူနာပြုဆရာမတွေကို ဒင်းတို့ကေ-ာက်ကျင့်ယုတ်ပြီး မောင်းထုတ်တယ်။
တော်တော် ကို သောက်ကျင့်မကောင်းတဲ့ကောင်တွေကွာ...သူတို့ မဲမရမှာစိုးလို့....လုပ်နေတာ...တောက်...ခံပြင်းဖို့တော်တော်ကောင်းတယ်.....အမေ ရေ အမေ နိုင်မှ ကျွန်တော်တို့ တွေ ဒီလို အဖြစ်မျိုးမှ မြန်မြန်လွတ်မှာ အမေ ရေ....
မြတ်စန္ဒာ ပြောတဲ့ Comment ကို အပြည့်အ၀ထောက်ခံပါတယ်။
ရိုးရိုးသားသား ဒေသ လိုအပ်ချက်ကြောင့် ပြောင်းရတယ်ဆိုတာ အဓိပါယ်ရှိပါတယ်။ သွားရတဲ့လူတွေလည်း လိပ်ပြာသန့်ပါတယ်။ မသွားချင်ရင်တောင်မှ မူရင်းဓာတ်ခံ စေတနာလေးကို အားကောင်းအောင် ပြန်ပြီးစိတ်သွင်းလိုက်ရင် ဖြစ်နိုင်ပါသေးတယ်။
အခုဟာက ပါတီတစ်ခုရဲ့ နိုင်ငံရေးအသုံးချခံအနေနဲ့ သွားရမှာမို့ စိတ်မသက်မသာ ဖြစ်နေကြတာပါ။
မြတ်စန္ဒာ ဆိုသူရဲ့ သဘောထားက နည်းနည်း တင်းမာ အဆိုးမြင် လွန်းနေတယ်လို့ မြင်ပါတယ်။ သူနာပြုဆိုသူတွေကို တစ်ဖက်သတ် အမြင်နဲ့ ဆော်ကားနေသလို ဖြစ်နေပါတယ်။ တိုင်းပြည်အတွက် ခံယူချက် စေတနာကြီးမားတဲ့.. တကယ့် မျိုးချစ်စစ်သားတွေရှိသလို ရှေ့တန်းမထွက်ရအောင်၊ ထွက်ရရင်လည်း သက်သာတဲ့ နေရာရအောင် ငွေကြေး၊ အဆက်အသွယ်၊ အာဏာဘက်ပေါင်းစုံသုံးပြီး ကြိုးပမ်းကြသူတွေ အများကြီးပါ။ မြတ်စန္ဒာ ဆိုသူက ဘယ်ထဲမှာပါမလဲ ကိုယ့်ကိုယ်ကို အသိဆုံးပါ။ လေသံကောင်း ဟစ်ရတာ လွယ်လွန်းပါတယ်။
အခုဟာက မဲပေးလို့ မရအောင် အတင်းသွားခိုင်းတာ တစ်ခုတည်း မဟုတ်ပါဘူး။ အဲဒီဒေသတွေကို ပြည်ခိုင်ဖြိုးပါတီအတွက် စည်းရုံးရေးသဘောမျိုး ချိန်သားကိုက်စေလွှတ်တာလို့ မြင်တယ်။ သူနာပြုတွေပဲ ဟန်ပြလွှတ်ပြီး ဆေးဝါးမရှိ၊ အထောက်အကူပြု ပစ္စည်းတွေမရှိ၊ ဘ၀လုံခြုံမှုမရှိ၊ အမှန်တကယ်လိုအပ်တာတွေ စီစဉ်ပေးတာမျိုးမရှိရင် နာစ်တွေ လက်ကြီးသက်သက် ဘာလုပ်နိုင်မှာလည်း။ စစ်မြေပြင်ကို လုံလောက်သေချာတဲ့ လက်နက်အစုံအလင်မပါပဲ လွှတ်လိုက်ရင် စိတ်ဓာတ်ဘယ်လောက်ပဲပြင်းပြင်း အသက်နဲ့ ကိုယ်အိုးစားကွဲမှာပဲ..
အမှန်တကယ် လိုအပ်လို့ အစိုးရက စနစ်တကျ စီစဉ်ပြီး လွှတ်တာဆိုရင်လည်း စိတ်စေတနာလေး ထည့်ပြီးတော့သာ ကြိုးစား လုပ်လိုက်ပါတော့။ အစိုးရ၀န်ထမ်းဆိုတာ ဒီလိုပါပဲ။ အခြေအနေ တော်တော်များများမှာ ကိုယ့်ဘ၀ ကိုယ်ပိုင်တာမှ မဟုတ်တာလေ။
ကိုယ့်ရဲ့ စေတနာအကျိုးက လက်တွေ့ခံစားရနိုင်ပါတယ်။
သိသလောက်ပြောပါမည်
ဒီကိစ္စကသမ္မတကြီးရဲ့ဝန်ထမ်းလစာကိစ္စနဲ့ဆိုင်မယ်ထင်တယ်
1st April ကနေစပြီးတော့ဝန်ထမ်းတွေအပိုထောက်ပံ့ကြေး(၃၀၀၀၀)ကျပ်နဲ့ဝေးလံခက်ခဲဒေသမှာတာဝန်ထမ်းဆောင်နေတဲ့သူတွေအတွက်ဒေသစရိတ်အဖြစ်(၂)လစာရမယ်လေ၊လားရှိုးဆေးရုံမှာတွဲဖက်လုပ်နေတဲ့ဆရာမတွေကဝေးလံဒေသကဆေးရုံတွေကဖြစ်မှာပေါ့၊အဲဒီဆေးရုံတွေကအရင်အစိုးရလက်ထက်မှာဖွံ့ဖြိုးရေးဆိုပြီးဖွင့်ခဲ့တာ၊ဒါပေမဲ့လူနာကမရှိ၊နေစရာကမလောက်တော့အပိုမဖြစ်အောင်မြို့ကြီးကဆေးရုံကြီးတွေမှာတွဲဖက်ထားတာပေါ့၊အဲဒီတော့လားရှိုးဆေးရုံမှာတွဲထားတဲ့ဆရာမတွေကိုဝေးလံဒေသကရာထူးမို့လို့ဆိုပြီး(၂)လစာပေးမယ်ဆိုရင်တကယ်ဝေးလံဒေသမှာလုပ်နေရရှာတဲ့သူတွေကဘာပြောလာမလဲ၊ဒီတော့အချိန်ကလဲမရတော့(တိုးပေးမယ်/မတိုးပေးဘူးနဲ့အချိန်ကပ်ပြီးမှကြေငြာတာကိုး)နောင်ခါလာနောင်မှရှင်းဆိုပြီးလုပ်လိုက်တာနေမှာပေါ့
ကျွန်တော် ၁၉၈၀-၁၉၈၁ မှာ အစိုးရ၀န်ထမ်း အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ စားဝတ်နေရေးအားလုံးကို မိဘထံမှသာ ဖြည့်ဆည်းပေးနေသော ကာလဖြစ်သဖြင့် ရသည့်လစာသည် အပိုသုံးငွေသာဖြစ်ခဲ့ပါသည်။ ထို့ကြောင့် လဒ်ပေးလဒ်ယူဆိုတာကို မရှိခဲ့၊ အလွန်ပျော်ရွှင်ရပါသည်။ ဖြစ်ပေါ်လာသော ပြဿနာများကို ပြေလည်အောင်ဖြေရှင်းရခြင်းဖြင့် ပီတိများကို အပြည့်အ၀ ခံစားရပါသည်။
၁၉၈၄-၁၉၈၅ လောက်ကြတော့ ကိုယ့်ပါတ်ဝန်းကျင်မှာ လဒ်ပေးလဒ်ယူဆိုတာက ဖြစ်နေပြီ၊ ကိုယ် ကိုယ်တိုင် မပါဝင်ခြင်တောင်မှ လုပ်ငန်းသဘောအရ ၀န်ဆောင်မှု ပေးနေရတာ။ ကြာတော့လည်း နှစ်သက်သည်ဖြစ်စေ၊ မ နှစ်သက်သည်ဖြစ်စေ၊ ကိုယ်ပါရောပြီးပါသွားတာပေါ့။ အစိုးရ၀န်ထမ်းလုပ်ဖူးသော ၀န်ထမ်း၊ အရာထမ်းတိုင်းသိကြမှာပါ။
ပြောခြင်တာက၊ ၁၉၉၆ ၀န်းကျင်မှာ ဒေါ်အောင်ဆန်းစုကြည်(အန်တီစု) က အစိုးရ၀န်ထမ်းတွေကို စကားတစ်ခွန်းပြောခဲ့ဖူးပါတယ်။ “အစိုးရ၀န်ထမ်းတွေအနေနဲ့ ဟုတ်တာတွေကို မလုပ်နိုင်ရင်တောင်၊ မဟုတ်တာတွေကို မလုပ်မိပါစေနဲ့” တဲ့။ ကျွန်တော်ရင်အခုန်ရဆုံးနဲ့ အမှန်တရားကို အန်တီစုထံမှ ရှိခဲ့ပါတယ်။ ကျွန်တော့ရဲ့ ဆုံးဖြတ်ချက်ကတော့ အစိုးရ၀န်ထမ်းအဖြစ်မှ နှတ်ထွက်ခဲ့ပါတယ်။
ကိုယ်တတ်တဲ့ ပညာနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး၊ မိသားစုဘ၀ကို ရင်ဆိုင်ရပ်တည်ခဲ့ပါတယ်။ အစားတစ်လုပ်ဟာ ၀မ်းထဲကို ဖြောင့်ဖြောင့်ဝင်ခဲ့ပါတယ်၊ ဖြောင့်ဖြောင့်လှူဒါန်းနိုင်ခဲ့ပါတယ်၊ မိဘတွေကိုလည်း ဖြောင့်ဖြောင့်ကျွေးမွေးနိုင်ခဲ့ပါတယ်၊ မိတ်ဆွေတွေကိုလည်း ဖြောင့်ဖြောင့်ကျွေးမွေးနိုင်ခဲ့ပါတယ်၊ ယခုအထိ အစားတစ်လုပ်ဟာ ၀မ်းထဲကို အ၀င် ဖြောင့်နေဆဲပါ၊ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်(အန်တီစု) ရဲ့ ကျေးဇူးတွေပါပဲ။
အစိုးရ၀န်ထမ်းအားလုံးကို “အစိုးရ၀န်ထမ်းတွေအနေနဲ့ ဟုတ်တာတွေကို မလုပ်နိုင်ရင်တောင်၊ မဟုတ်တာတွေကို မလုပ်မိပါစေနဲ့” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်(အန်တီစု)၊ အမေစုပေါ့နော်၊ သူ့ရဲ့ အမှာစကားလေး အတိုင်းဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Zorrow ရေ ကျွန်တော်က အာဏာရှင်ဘက်ကမဟုတ်ပါဘူး။ ၅၀ယောက်လုံး တစ်ပြိုင်နက်ပြောင်းရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဆရာဝန်တစ်ယောက်ပါ။ ဆေးရုံမှာ ဆရာဝန်မရှိရင်၊ ရှိပြီးသူနာပြုဆရာမတွေမရှိရင် ဘယ်လောက်ခက်ခဲတယ်ဆိုတာသိပါတယ်။ အခုကိစ္စက ကြံ့ဖွတ်ပါတီကို ကြိုတင်မဲနဲ့ အနိုင်ရရေး လုပ်ကြံမှုပဲဖြစ်မှာပါ။ ဒါကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက မဲကိစ္စမဟုတ်ပါဘူး။ ကျန်းမာရေးဝန်ဆောင်မှုအပိုင်းပါ။ မြန်မာနိုင်ငံရဲ့ကျန်းမာရေးဝန်ဆောင်မှုအပိုင်းပါ။ RHC လို့ခေါ်တဲ့ကျေးရွာကျန်းမာရေးဆေးပေးခန်းတွေနဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုတွေအပေါ်ပြောချင်တာပါ။ Unknown ရေ ကျွန်တော်မသွားနိုင်ရင်အလုပ်ထွက်လို့ တစ်လုံးမှ မသုံးနှုန်းခဲ့ပါဘူး။ ကျွန်တော့် comment ကိုသေသေချာ ချာပြန်ကြည့်ပါ အုန်းဗျာ။ ကျွန်တော်လည်းတစ်ချိန်က အစိုးရ၀န်ထမ်းပါဘဲ။ ကျွန်တော့် ကိုယ်ရေးကိုယ်တာ မိဘနဲ့သားသမီးပြဿနာကြောင့် ၀န်ထမ်းအလုပ်ကထွက်ပြီး အခုအဲဒီဆရာမတွေကို လွှတ်တဲ့ဒေသတွေမှာ အိမ်နဲ့အဆက်အသွယ်ဖြတ်ပြီးသွားနေခဲ့ဘူးပြီးသားပါ။ အနေဆင်းရဲပါတယ်။ အစားကတော့ကိုယ့်စေတနာနဲ့ ကိုယ့်လုပ်ဆောင်မှု၊ ကိုယ်စားတတ်မှုအပေါ်မူတည်ပြီး အကောင်းဆုံးမဟုတ်တောင် ၊ အလယ်အလတ်တော့မကပါဘူး။ Thethnin ရေ ကျွန်တော်လည်းပြန်ပြီးတော့ တောင်းပန်ပါတယ်။ အခြေအနေမှန်ကိုသိရလို့ပါ။ တစ်ခုလောက်တော့ အကြံပေးပါရစေ Skyworld ပြောသလိုပါပဲ ၀န်ထမ်းတစ်ယောက်ဟာ ပြောင်းရွှေ့မိန့်ကျပြီး MO လို့ခေါ်တဲ့ Movement Order လို့ခေါ်တဲ့ ခရီးသွားလာခွင့်အမိန့်ထုတ်ပြီး ၂၁ ရက်အတွင်း အရောက်သွားရင်အရေးယူလို့ မရပါဘူး။ ဆရာမတို့ကိုခေါ်ပြောတာ ၂၂ရက်နေ့ နေ့လည်၂ နာရိမို့ 23.4.2012 ရက်နေ့ အရောက်သွားရင် ဘာမှအရေးယူလို့မရပါဘူး။ ကိုယ့်ဆေးရုံမှာပဲမဲပေးပြီး ကိုယ်သွားရမယ့်ဒေသကိုတော့ရောက်အောင်သွားကြပါ။ အဲဒီဒေသတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုအရမ်းကို နိမ့်ကျလွန်းပါတယ်။ ဆရာမတို့သွားရင်လဲ ဆေးဝါးကတော့နိုင်ငံတော်က ပေးတာရှိမှာမဟုတ်ပါဘူး။ ကိုယ်နိုင်သလောက်နဲ့ကြိုးစားပေးကြပါ။ လားရှိုးကမသွားခင် INGO တွေနဲ့ ချိတ်ဆက်ကြည့်သွားပါ။ ကိုယ့်ဒေသကို ကူညီနိုင်မယ့်ဟာမျိုးရှိရင် အကူအညီတောင်ရအောင်လို့ပါ။
ဆရာမရေ..
လားရှိုးတမြို့ထဲမဟုတ်ဘူး။တပြည်လုံးဘဲ။တွဲဘက်ထားတဲ့ဆရာမတွေကို ကိုယ့်နေရာကိုယ်ပြန်သွားခိုင်းတာပါ။အခု ဘတ်ဂျက်လဲ လေးဆ တိုးပြီဆိုတော့
ဝန်ထမ်းတွေပိုခန့်နိုင်တော့မယ် ထင်ပါတယ်။အဲဒီတော့မှပြန်လာပေါ့။ဝန်ထမ်းက
တော့ဒီလိုပါဘဲ။အလှည့်ကျတော့သွားပေးရမှာပါ။တခုတော့ရှိတယ်။လစာကိုတော့
နိုင်ငံတကာစံ အတိုင်းပေးသင့်ပါတယ်။
Post a Comment