ဒဂုံ ဝန်ထမ်း​မြေကွက်များ​ဖယ်ရှား​ခိုင်း​မှု လွှတ်​တော် ပြန်သုံး​သပ်

ဒဂုံမြို့​သစ် အ​ရှေ့​ပိုင်း​က ဝန်ထမ်း​တွေအတွက် ​နေရာချထား​ပေး​တဲ့​ အိမ်ယာ​တွေ ဖယ်ရှား​ခိုင်း​နေတဲ့​ကိစ္စနဲ့​ ပတ်သက်ပြီး​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌက ပြန်လည်သုံး​သပ် ​ဆောင်ရွက်​တော့​မယ်လို့​သိရပါတယ်။
ဝန်ထမ်း ​တွေကို ချ​ပေး​ထား​တဲ့​ ​မြေကွက်​ပေါင်း​ (၈) ​ထောင်​ကျော်ကို အိုး​အိမ်ဦး​စီး​ဌာနက ဒီလကုန်အပြီး​ ဖယ်ရှား​ခိုင်း​နေတဲ့​အ​ကြောင်း​ မတ်လ ၁၅ ရက်က ကျင်း​ပတဲ့​လွှတ်​တော်မှာ အမျိုး​သား​ဒီမိုက​ရေစီအင် အား​စုပါတီက အလုံမြို့​နယ် ပြည်သူ့​လွှတ် ​တော်ကိုယ်စား​လှယ် ဦး​ခိုင်​မောင်ရီက ​မေး​ခွန်း​ ထုတ်ခဲ့​ပါတယ်။
အဲဒီ​မေး​ ခွန်း​ကို သက်ဆိုင်ရာဝန်ကြီး​က ပြန်လည် ​ဖြေကြား​ပြီး​တဲ့​နောက် လွှတ်​တော် ဥက္ကဋ္ဌ သူရဦး​ ​ရွှေမန်း​က ​မြေကွက်​တွေ ဖယ်ရှား​ပေး​ရမယ့်​ကိစ္စနဲ့​ ပတ်သက်ပြီး​ ​မြေကွက်ပိုင်ရှင်​တွေ နစ်နာ​နေတာကို သက်​သေ အ​ထောက်အထား​တွေနဲ့​ သူ့​ထံအမြန်တင်ဖို့​ ​ပြောကြား​ခဲ့​ပါတယ်။
ဦး​ခိုင်​ မောင်ရီက “လွှတ်​တော်ဥက္ကဋ္ဌရဲ့​ ​ဆောင်ရွက်ချက်က ပြည်သူ​တွေ မဖြစ်သင့်​ မဖြစ်ထိုက် တာ​တွေကို မဖြစ်​အောင်၊​ ပြည်သူလူထု မနစ်နာ​အောင် ကာကွယ်သွား​မယ်လို့​ ကျ​နော်က ယုံကြည်ပါတယ်။ လွှတ်​တော်ဥက္ကဋ္ဌက သူဆက်လက်​ဆောင်ရွက်ရန် ကျ​နော်ကို လုပ်ခိုင်း​တဲ့​အခါမှာ ကျ​နော်လုပ်ငန်း​ကို ကုန်​အောင် လုပ်ပြီး​သွား​ပြီ ဖြစ်တယ်။ လွှတ်​တော်ဥက္ကဋ္ဌလည်း​ ဒီ​နေ့​ ဆက်လက် ​ဆောင်ရွက်ပြီဆိုတာ သိရတဲ့​ အတွက် အ​ဖြေကို ဒီရက်ပိုင်း​အတွင်း​ ထွက်လာမယ်လို့​ ကျ​နော်က​တော့​ တထစ်ချ ယုံကြည်တယ်။”
ဒဂုံမြို့​ သစ်အ​ရှေ့​ပိုင်း​က ​ပြောင်း​ရွှေ့​ခံရမယ့်​ ရပ်ကွက်​တွေထဲမှာ ၁၂၁၊​ ၁၂၂၊​ ၁၂၃၊​ ၁၂၆၊​ ၁၂၇၊​ ၁၂၈၊​ ၁၂၉၊​ ၁၅၇၊​ ၁၅၈၊​ ၁၅၉၊​ ၁၆၀ ရပ်ကွက်က လူ​နေအိမ်​မြေကွက်​တွေ ပါဝင်တယ်လို့​ သိရပါတယ်။ 
ဒီဗွီဘီ
ဒဂုံ ဝန်ထမ်း​မြေကွက်များ​ဖယ်ရှား​ခိုင်း​မှု လွှတ်​တော် ပြန်သုံး​သပ် ဒဂုံ ဝန်ထမ်း​မြေကွက်များ​ဖယ်ရှား​ခိုင်း​မှု လွှတ်​တော် ပြန်သုံး​သပ် Reviewed by သစ်ထူးလွင် on 20:16 Rating: 5

10 comments:

Chit San Maung said...

ရှေ့က Executive က မလုပ်သင့်မလုပ်ထိုက်တာတွေကို လွယ်လွယ်ကူကူလုပ်၊ နောက်က Legislative က မမှီမကမ်းလိုက်ရှင်းနဲ့။
မသမာမှုတွေကို ထိထိရောက်ရောက်အရေးမယူရင်တော့ ရှင်းလို့နိုင်မယ်မထင်ပါ..။

Anonymous said...

So far so good...
Thura U Shwe Munn..
You are the best politician among your partners.
We have strongly agree with you..

lwannaymie said...

ဥက္ကဌကြီးနဲ့ ဦးခိုင်မောင်ရီ....အားတခုပြောခြင်ပါတယ်...ဝန်ထမ်းတွေကိုမြေကွက်ပေးတာကောင်းပါတယ်...ဒါပေမဲ့ အဲဒီနေရာမှာအဲဒီဝန်ထမ်းတကယ်နေမဲ့သူတွေဖြစ်ဖို့သေခြာစစ်ဆေးပြီး၊ တစ်နှစ်(သို့)တစ်နှစ်အထက်...အဲဒီဝန်ထမ်းမနေရင်ပြန်သိမ်းပြစ်ပါ။
သို့မဟုတ်ရင်...မြေဈေးကစားလို့ဈေးတွေတက်ပြီး....
ဆင်းရဲပြီးအိမ်ငှားနေ၇တဲ့ဝန်ထမ်းတွေပိုမွဲဖို့ဘဲရှိမယ်။

popeye said...

find out those who plot the land behind scenes

ဇလက်ဖြူ said...

ဒီသတင်း မှန်ကန်ပါစေလို.ဆုတောင်းပါတယ်။မှန်ကန်ခဲ့ရင်တော့ တင်ပြပေးတဲ့
ဦးခင်မောင်ရီ နဲ. ဦးရွှေမန်းတို.ကိုဝန်ထမ်းဟောင်းတွေနဲ.လက်ရှိဝန်ထမ်းတွေ
က တစ်သက်တာလုံးကျေးဇူးရှင်အဖြစ် အမှတ်ရနေမှာပါ။
ကျွန်မဟာလက်ရှိ တာဝန်ထမ်းဆောင်ဆဲအရာရှိကြီးတစ်ဦးဖြစ်ပါတယ်။
အသိမ်းခံရတဲ့မြေကွက်တွေထဲမှာ ကျွန်မရဲ.မြေကွက်လည်းပါဝင်သလိုကျွန်မရဲ.
မိတ်ဆွေအရာရှိကြီးများပါဝင်သလို၊၀န်ထမ်းတွေလဲပါဝင်ပါတယ်။ဝန်ထမ်းဖြစ်နေလို.အလုပ်ထိခိုက်မှာစိုးတာကြောင့်ကယ်တင်ရှင်ဘယ်သူများပေါ်လာမလဲလို.စောင့်စားမျှော်လင့်နေတုန်း ဒီသတင်းပေါ်လာတာကြောင့် လွှတ်တော်
မှအမှန်ကန်ဆုံး ဆုံးဖြတ်ပေးနိုင်ပါစေ။

ဇလက်ဖြူ said...

၁၉၉၇ခုနှစ်က ဒီမြေကွက်ကိုရရှိခဲ့တာပါ။ကိုယ့်မြေကွက်ကိုမှတ်သားတိုင်းတာဖို.အတွက် အိုးအိမ်ကမြေတိုင်းစာရေးကိုခေါ်ဖို.တောင်မလွယ်ကူသလိုမြေကွက်ကို
ရှာဖို.အတွက်လည်းမလွယ်ကူခဲ့ပါဘူး။နိုင်ငံတော်က မြေကွက်ချပေးပေမယ့်
အခြေခံအဆောက်အအုံတွေဖြစ်တဲ့လမ်း၊တံတား၊မီး၊ရေ၊ကျန်းမာရေး၊ကစား
ကွင်း၊ပန်းခြံ၊မီးသတ်၊ပြည်သူ.ရဲတပ်ဖွဲ.စတာတွေကိုမဆောင်ရွှတ်ပေးနိုင်တဲ့အပြင်ချို.တဲ့တဲ့ဝန်ထမ်းတွေနေအိမ်ဆောက်လုပ်ဖို.လိုအပ်တဲ့ဘိလပ်မြေ၊သံ၊သွပ်၊သစ်စတာတွေကိုလဲမရောင်းချပေးခဲ့တာကြောင့်ဝန်ထမ်းတွေအနေနဲ.
နေအိမ်မဆောက်လုပ်နိုင်ခဲ့ပါဘူး။ဒါကြောင့်ဝန်ထမ်းတွေရဲ.မြေကွက်တွေဟာ
ကွင်းပြင်တစ်ခုလိုဖြစ်နေတာကိုအခွင့်ကောင်းယူပြီး၊လယ်ဆည်၊ဆောက်လုပ်
ရေး၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ.တို.ပူးပေါင်းပြီး ခရီုနီတွေနဲ.လက်
ဝါးရိုက်သိမ်းဆည်းဖို.ကြံစည်ခဲ့ကြတာတွေကိုအငြိမ်းစားဝန်ထမ်းတွေရော၊
လက်ရှိဝန်ထမ်းတွေပါသိကြပါတယ်။
ဒီလိုမတော်မတရားလုပ်တာတွေကိုပြတ်ပြတ်သားသားအရေးယူဆောင်ရွှတ်
ပေးပါလို.ပြည်သူ.လွတ်တော်ဥကဌကြီးအား အငြိမ်းစားဝန်ထမ်းများနဲ.
လုပ်ရှိဝန်ထမ်းများကိုယ်စား တင်ပြအပ်ပါတယ်ရှင်။
ကိုသစ်ထူးလွင်လည်းကျွန်မတို.၀န်ထမ်းတွေဒီလိုမတရားလုပ်ခံရတာတွေ
မဖြစ်ရအောင်မီဒီရာမှတစ်ဆင့် ကျယ်ကျယ်ပြန်.ပြန်.တင်ပြသွားပေးပါရန်
မေတာရပ်ခံအပ်ပါတယ်ရှင်။

myat said...

R they playing GAME.

. Give
. Order to Take Back
. Try to Save

OH u r the GOD who save us

Doubt manipulate to get ppl respect lol

luck said...

ပြည်သူ့လွှတ်တော်ဥက္ကဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် အား ကျေးဇူးတင်ပါသည်.... ပထမ တစ်ခါ ၀န်ထမ်းများ ဒီပုံစံအတိုင်းဘဲ အသိမ်း ခံကြရဖူးပါသည်.. . ပြန်အမ်းငွေများ ထုတ်ပေးခဲ့ ပါသည်..သောင်းကျော်လေးကို ထုတ်ရင်း ပြောသွားသော ၀န်ထမ်းမိသားစုစကားကြောင့် စိတ်မကောင်းခဲ့ပါ. အဲဒီအချိန်တုန်းက ပြည်သူလူထုဝန်ထမ်းများအားလုံးမှာ ဘာမှပြောပိုင်ခွင့်မရှိပါ .. ပြောပေးမယ့်လူလဲမရှိပါ.. အခုခါတွင် လွှတ်တော်ပေါ်လာသောကြောင့် မြေကွက်ရထားသောဝန်ထမ်းများ စိတ်ကျေနပ်စရာ အဖြေတစ်ခုထွက်လာမည်ဟု ယုံကြည်မိပါသည်

aung said...

ဒီသတင်းမှန်ပါစေပဲဆုတောင်းရတော့မယ်....မှန်ရင်တော့တကယ်ကျေးဇူးတင်ပါတယ်...lwannaymie ဒီဆရာပြောသွားတယ်....မနေရင်သိမ်းပစ်ဆိုတာလေ....ခုပြောတဲ့ဆရာကြီးက...အသိမ်းခံရတဲ့မြေကွက်တွေဘယ်မှာရှိတယ်ဆိုတာကိုရော...သိပါလေစ..စိတ်ညစ်တယ်..တစ်ချိုံ့နေရာတွေမှာလူနေဖို့မပြောနဲ့...ငှက်တောင်တော်တော်အစာရှာရမယ်ထင်တယ်...အဲဒါလေးတွေ..သိမှပြောစေချင်တယ်...ပြောတော့လွယ်တယ်...သိမ်းပစ်တဲ့..ပိုက်ဆံမရှိတဲ့ဝန်ထမ်းတစ်ဦးအနေနဲ့...အိမ်ဆောက်ဖို့ဘယ်မလဲပိုက်ဆံ..အစိုးရကအရစ်ကျများဆောက်ပေးမလား..ဝေးသေး..ဒီလိုဝန်ထမ်းအတွက်တကယ်နေချင်သော်လည်း..ဘယ်လိုလုပ်ရပ..ဆရာ lwannaymie ...

ko pwa said...

မနေရင် သိမ်းပစ်လို့ပြောရအောင်ဗျာ အဲဒီ့မှာ မီးမရှိ ရေမရှိ လမ်းမရှိ သွားစရာကလဲ ၀န်ထမ်းတွေအတွက် လိုင်းကားမရှိနဲ့ဗျာ လူတွေနေလို့ရမယ့် ပတ်ဝန်းကျင်ဖန်တီးပေးမှ နေလို့ရမှာပေါ့ဗျာ. သိမ်းပစ်တာတော့ မလုပ်သင့်ပါဘူး. အရင် အစိုး၇ကပေး နောက်လူက သိမ်းဆိုတာ ယုတ္တိမရှိပါဘူး ပြန်မပေးရင် တရားဝိုင်းစွဲကြဗျာ ကိုယ့်မြေကို လာသိမ်းတာပဲ ဘာကောင်ဖြစ်ဖြစ် ချဗျာ

Powered by Blogger.