ရန်ကုန်၊ မတ် ၁၂
ကမ္ဘာ့အဆင့်မီ ရန်ကုန်တက္ကသိုလ် ဖြစ်ထွန်းလာရေးအတွက် အမေရိကန် သူဌေးတစ်ဦးက ဒေါ်လာသန်းချီ လှူဒါန်း သွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရ သည်။ အမေရိကန်ရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့ သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြကြောင်း ပူးပေါင်းခြင်း ကိစ္စများအတွက် ဒေါ်လာသန်း နှင့်ချီ၍ ကုန်ကျမည်ဖြစ်ရာ အမေ ရိကန်သူဌေးတစ်ဦးက ပူးပေါင်း ဆောင်ရွက်ပေးမည့် အမေရိကန် တက္ကသိုလ်အား လှူဒါန်းငွေ ပေးအပ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူက ပြောသည်။ ”ရန်ကုန်တက္ကသိုလ်ကို ကမ္ဘာ က အသိအမှတ်ပြုတဲ့ အထိကို ဖြစ် အောင် လုပ်ဆောင်သွားမယ်”ဟု ဒုတိယဝန်ကြီးက ပြောသည်။ အမေရိကန် ထိပ်တန်း တက္က သိုလ်ကြီးမှ ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုရန် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန မှ ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြပြီး ကန်တက္ကသိုလ်မှ တာဝန်ရှိ သူများ အဆင့်ဆင့် ထပ်မံ လာရောက်ရန်လည်း ရှိနေသည်ဟု ဒုတိယ ဝန်ကြီးက ဆိုသည်။ လက်ရှိအချိန်၌ ရန်ကုန်တက္က သိုလ်နှင့် မန္တလေးတက“္ကသိုလ် နှစ်ခု မှာ သုတေသန တက္ကသိုလ် အဆင့် သာ ရှိနေသေးရာ ရန်ကုန်တက္က သိုလ်ကို (National University) အမျိုးသားတက္ကသိုလ် အဆင့်အထိ ရောက်အောင် မျှော်မှန်းလုပ်ဆောင် ကြမည်ဟုလည်း ဒုတိယ ဝန်ကြီးက ထပ်လောင်းပြောသည်။ ”သုတေသန ပူးပေါင်းမှုကို တော့ အချိန်မကြာစေဘဲ မြန်မြန် ဆောင်ရွက်သွားမယ်” ဟု ဒုတိယ ဝန်ကြီးက ပြောသည်။ ၁၉၆၄ ခုနှစ် အထိ ရန်ကုန် တက္ကသိုလ်ကြီး၏ လက်အောက် တွင် ဆေးပညာ၊ စက်မှုပညာ အစရှိသည်ဖြင့် အသက်မွေးဝမ်း ကျောင်း ပညာရပ်များနှင့် တခြား သော ဝိဇ္ဇာ၊ သိပ္ပံပညာရပ် များမှာ မဟာဌာနများအနေနှင့် ရှိခဲ့သော် လည်း နောက်ပိုင်းတွင် မဟာဌာန အသီးသီးတို့ ခွဲထွက်၍ တက္ကသိုလ် များ တည်ထောင်ခြင်းများ ဆောင် ရွက်ခဲ့သည်။ လက်ရှိ တွင် မဟာ ဘွဲ့လွန် သင်တန်းများနှင့် ပါရဂူ ဘွဲ့ သင်တန်းတို့သာ ပို့ချပေးနေကြောင်း ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ထွန်းခင်က ပြောသည်။ ဆက်လက်၍ ဒေါက်တာထွန်း ခင်က ”ကျွန်တော့် အမြင်အရ ဆို ရင် အမေရိကန်တက္ကသိုလ်နဲ့ ရန် ကုန်တက္ကသိုလ်သာ ပူးပေါင်းလိုက် ရင်သင်ကြားရေးပိုင်းမှာလည်း နှစ် နိုင်ငံ တန်းတူဖြစ်သွားမယ်။ ဒီလိုပဲ သင်ရိုး၊ ညွှန်းတမ်းတွေလည်းကမ္ဘာ့ အဆင့်မီသွားမယ်။ ဒါ့အပြင် ရန် ကုန်တက္ကသိုလ်ဆီ ဧည့်ပါမောက္ခ တွေ လာကြမယ်။ သုတေသနတွေ ပူးပေါင်းဆောင်ရွက်ကြမယ် ဒီလိုပဲ ဒီက ထူးချွန်တဲ့ သူတွေလည်း ဟို ဘက်မှာ ဒီလိုပဲ သွားလုပ်ကြမယ်။ အားလုံးက မြန်မာ့ပညာရေး အဆင့်အတန်း ပိုမြင့်သွားဖို့ လုပ်ရပ် တွေကြီးပဲ” ဟု သုံးသပ်သည်။ စင်ကာပူ၊ တောင်ကိုရီးယား စသည့် နိုင်ငံတို့တွင်လည်း အမျိုး သားတက္ကသိုလ်များ ရှိပြီးဖြစ်နေရာ မြန်မာတွင်လည်း လုပ်လျှင်လုပ် သလို ဖြစ်မည့် အနေအထားမျိုး ရှိကြောင်း ဒေါက်တာထွန်းခင်က ထပ်လောင်းပြောသည်။ နိုင်ငံတကာပညာရေး အတိုင်ပင်ခံ ဒေါက်တာနေဝင်းနိုင်က မြန် မာနှင့် လာရောက်ပူးပေါင်းမည့် ဂျွန် ဟော့ကင်းတက္ကသိုလ်ဆိုသည်မှာ အမေရိကန်နိုင်ငံ၌သာမက ကမ္ဘာ ကပင် အသိအမှတ်ပြုထားပြီး သိက္ခာ ရှိသည့် တက္ကသိုလ်ဖြစ် ကြောင်း၊ ယနေ့မြန်မာ့ပညာရေးတွင် ခေတ်မီသင်ကြား နည်းစနစ်များ သုတေသနပစ္စည်းများနှင့် သင်ရိုး များ လိုအပ်မှုရှိနေသည့်အတွက် ၄င်းကိစ္စရပ်များပါ အလိုလိုဖြေရှင်း ပြီးသား ဖြစ်သွားလိမ့်မည်ဟု ယူဆ ကြောင်း ပြောသည်။ အိန္ဒိယတက္ကသိုလ်ရဲ့ လက် အောက်ခံတက္ကသိုလ်ခွဲတစ်ခုအနေ ဖြင့်သာ ရပ်တည်ခဲ့ရသည့် ရန်ကုန် တက္ကသိုလ်မှာ ၁၉၂ဝ ဒီဇင်ဘာလ ၁ ရက်နေ့မှ ရန်ကုန်တက္ကသိုလ် ဥပဒေ စတင်အာဏာတည်ခဲ့ပြီး ရန်ကုန်ကောလိပ်နှင့် ယုဒဿန် ကောလိပ် ကျောင်းနှစ်ကျောင်းကို ပေါင်း၍ ရန်ကုန် တက္ကသိုလ်အဖြစ် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်၏ ပထမဆုံးအဓိပတိ မှာ မြန်မာပြည်ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်ဖြစ်ပြီး လာမည့် ၂ဝ၂ဝ ခုနှစ်တွင် နှစ် ၁ဝဝ ပြည့်မြောက်တော့မည်ဟု မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု ရက်စဉ် သမိုင်းအရ သိရသည်။ ရန်ကုန် တက္ကသိုလ်ကို ၁၉၄ဝ -၁၉၅ဝ ခုနှစ် များတွင် အရှေ့တောင်အာရှ၌ အကောင်းဆုံး တက္ကသိုလ်အဆင့် သတ်မှတ်ခံရပြီး ၁၉၅ဝ-၁၉၆၂ခုနှစ် များတွင် အရှေ့တောင်အာရှ၌ ဒုတိယအဆင့်တက္ကသိုလ်အဖြစ် စာရင်းပေါက် ခဲ့သည်။
မင်းသုအောင် (ပေါ်ပြူလာဂျာနယ်)

ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အဆင့်မီ ပြုပြင်ရန် အမေရိကန်သူဌေး ဒေါ်လာသန်းချီ ပေးမည်
Reviewed by သစ်ထူးလွင်
on
16:51
Rating:
20 comments:
အရမ်းကောင်းတဲ့သတင်းလေးပါ
ဝမ်းသာလိုက်တာ ... ဖြစ်သင့်တာကြာပါပီ .. အကောင်းဆုံးကျောင်းကြီးကိုပစ်ထားကြတာလေ .. နိုင်ငံတကာအဆင့်မှီအောင်တော့တော်တော်ကြီးကိုလုပ်ရအုံးမယ် .. ဒီမှာကျောင်းတက်မှ အော် .. ငါအများကြီးလိုပါလားလို့ .. နည်းပညာတွေကအစ အများကြီးမှအများကြီးလိုအပ်နေပါသေးတယ် .. မြန်မြန်လုပ်ကြပါတော့
နောင်လာနောက်သားတွေအတွက်ကတော့သတင်းကောင်းပါပဲရှင်။ ကျောင်းလခကိုတော့လူတန်းစားမရွေးတတ်နိုင်အောင် စီစဉ်ဖို့မျှော်လင့်ပါတယ်။
နောင်လာနောက်သားတွေအတွက်ကတော့သတင်းကောင်းပါပဲရှင်။ ကျောင်းလခကိုတော့လူတန်းစားမရွေးတတ်နိုင်အောင် စီစဉ်ဖို့မျှော်လင့်ပါတယ်။
ဝမ်းသာတယ်။
ဒါမှ တဦးတယောက်က လေလံစွဲပြီး
ပေါက်ကရတွေဖြစ်မလာတော့မှာ..
နေရာက နေရာကောင်းမဟုတ်လား..
ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် ဆိုပြီး အစဉ်အလာနာမည်ကောင်းနဲ့ရှိခဲ့တာဖြစ်လို့
ဘယ်လိုကြောင့်ဘဲဖြစ်စေ
နာမည်တော့မပြောင်းလိုက်ကြပါနဲ့ဗျာ..
I glad to hear about that Good News,very well and thanks alot.
ကျေးဇူးတင်လိုက်တာဗျာ။ မြန်မြန်လေးလုပ်ကြပါ၊ ကိုယ့်လူမျိုးတိုးတက်ဖို့အတွက် လက်မနှေးစေချင်ပါဘူး။
LIKE INFINITY..........!!!!!!
ကြိုဆိုပါတယ်။ဒါမှ ကမ္ဘာ့အဆင့်မီ ပညာရေးရမှာပေါ့။ ဒါပေမဲ့ ယာဉ်ကျေးမှုတွေ ရောထွေးပြီး ... သွားမှာတော့ သတိပြုကြရမှာပေါ့။ ဒါတွေကြောက်နေလည်း လုပ်မရတော့ဘူးလေ။
သိပ်တော့မပြောတတ်ဘူး ဒါပေမဲ့ နောက်ပိုင်းသင်ရိုးတွေရေးတဲ့အခါ ကိုယ်ကဦးဆောင်ခွင့်မရရင်တောင် ပါဝင်ရေးသားခွင့်ရရင်ကောင်းမှာပဲ.... သူစပွန်ဆာပေးလို့ သူ့အစီစဉ်နဲ့သူသင်ရိုးတွေချပေးမယ်ဆိုရင်တော့ စိတ်မကောင်းစရာပဲ
ဥပဒေ စိုးမိုးမှု မရှိရင် ဘယ်တိုင်းပြည်ကမှ တို့နိုင်ငံကို လာပြီး အလုပ်တူလုပ်ရဲမှာ မဟုတ်ပါဘူးဗျာ။ သူတို့စိတ်ထဲမှာ မြန်မာပြည်ဆိုတာ အလည်သွားဖို့ စဉ်းစားရင်တောင် အသတ်ခံရမှာ၊ အဖမ်းခံရမှာ လုံခြုံမှုမရှိတဲ့ ဒေသလိုမျိုး အများစုက မြန်မာပြည်ကို အဲလိုမြင်နေကြတယ်ဗျာ။ တို့မြန်မာနိုင်ငံဘယ်လောက်လှတယ်ပြောပြော ပြောတဲ့ ကျနော်ပဲ မျက်နှာငယ်ရတယ်။ မြန်မာဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သူတို့အားလုံးနီးပါးသိကြလို့ အထင်တော့ သိပ်မသေးရဲဘူး။ အမေစုကိုသာနှိပ်ကွပ်နေရင် တစ်နေ့နေ့ အမေစုဖြစ်ချင်တဲ့ တရားဥပဒေစိုးမိုးဖို့ ပြည်သူတွေအတွက် ပြည်ဆင်ရမယ့်ဥပဒေတွေကို မပြင်ဘဲ ဒီလိုမျိုးသာ ဆက်ပြီး အုပ်ချုပ်ရေး စက်လည်နေရင် ၀ါးလုံးခေါင်းထဲမှာပဲ ခေတ်မီဖွံ့ဖြိုးတက်သော နိုင်ငံသစ်ကြီးဆီသို့ဆိုပြီး ကြွေးကြော်ရင်း ဇီဝိန်တွေ အဆက်ဆက် ကြွေရုံသာရှိတော့မပ။
မြန်မာတွေ နိုးကြလော...........
သတင်းကောင်းပါ။...ဒါပေမဲ့သူဌေးကြီးရေ....ဒေါ်လာငွေကိုတော့ပြည်သူအများလေးစားရတဲ့လူ....လက်ထဲအပ်ပါ။....ဝန်ချီးတွေလက်ထဲမအပ်ပါနဲ့....သူတို့ကိုပေးရမယ်ဆိုရင်.....လုံးဝမလှူပါနဲ့တော့။
သိတ်ကိုကြားချင်နေတဲ့ သတင်းပဲ လုပ်သင့်တာကြာ့ပီ လွတ်လပ်ရေးရပြီးတဲ့ကာလအထိမြန်မာပြည်က တက္ကသိုလ်မှာ နိုင်ငံတကာအဆင့်မှီသင်တယ် အဂ်လိပ်စကားကိုကောင်းကောင်းပြေတယ် အာဏာသိမ်းပြီးကျနော်တို့ ကျွန်ပညာရေးနဲ့အစမ်းသတ်ခံဖြစ်ခဲ့တယ်ခံခဲ့၇တယ် အခုအဲဒါတွေထားလိုက်တော့ ကျနော်တို့ မျိုးဆက်အတွက်ကောင်းရင် အားလုံးကိုနားလည်ပေးနိုင်တယ်---ကဲ အခုပညာတတ်တွေကဦးဆောင်ပြီး ကမ္ဘာ့အဆင့်မှီပညာရေးစနစ်ကိုတည်ဆောက်တော့မယ်ဗျို့ ---- ဒါကြောင့် ပညာမဲ့တွေ ကိုယ်နဲ့မဆိုင်တာကို ၀င်မရှုပ်ပဲအေးဆေးကြည့်နေတတ်ဘို့လိုပါသည်--အားနေရင်လဲ အမေရိကန်ကို ထိုင်ဆဲမနေဲ့အုံးနော်--- ကမ္ဘာမှာ သူကိုမှီတဲ့နည်းပညာမရှိသေးဘူး---မင်းတိုဆရာတရု့ပ်တောင် အမေရိကန်ဆီက နည်းပညာတွေကို ရတဲ့နည်းနဲ့ခိုးနေတယ် မယုံမရှိနဲ့နော် ကိုယ်တို့အလုပ်လုပ်နေတဲ့ တက္ကသိုလ်မှာဖရော်ဖက်ဆာတွေရဲ့ ၇ုံးခန်းက ကွန်ပြူတာ ဟတ်ဒစ်တွေကို ခိုးနေတာ တရုပ်ကျောင်းသားတွေဆိုတာ လက်တွေ့ပဲ
သူ့၇ဲ့နေ၇ာဟောင်းပြန်ပြီးနေ၇ာချထားစေချင်တယ်. ဟိုမြွေပေါတဲ့နေ၇ာတွေမှာတော့မထားစေချင်ဘူး
သိပ့်ကောင်းတဲ့သတင်းပါ.အမြန်ဆုံးအကောင်အထည်ဖော်ပေး
ကြပါ..တစ်ချိန်တုန်းက အများပြောခဲ့တဲ့တက္ကသိုလ်ပါ ကျွန်တော်တို့တော့မမှီခဲ့ပါဘူး ကျွန်တော်တို့အလှည်ကြတော့ ဟိုးဝေးလေးခေါင်းထီနေပူကြဲကြဲ တက္ကသိုလ်ကို တစ်နှစ်ပြည့်အောင် မတက်တော့နိုင်တော့ပါ. ငယ်ငယ်တုန်းက အကိုတွေအစ်မတွေပြောတဲ့တက္ကသိုလ်ဆိုတဲ့ အရသာ၊ရန်ကုန်တက္ကသိုလ် နောက်ကြောင်းခံသီချင်းတွေကိုနားထောင်းပြီး ငယ်ငယ်ထဲက ရောက်ချင်ခဲ့တာပါ ၁၀တန်းလဲအောင်ရော ရန်ကုန်ရော လှိုင် တက္ကသိုလ်ပါ မမှီတော့ပါ. အခုဒီသတင်းလေးကြားတော့ ၀မ်းနည်း၊၀မ်းသာဖြစ်မိပါတယ် ၀မ်းနည်းတာက ကျွန်တော်တို့မမှီလိုက်လို့ ၀မ်းသာတာက နောက်မျိုးဆက်တွေအတွက် သတင်းကောင်းပါ ....
၎င်းအဆင့်မြင့်တက္ကသိုလ်သို့တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသားများအရည်အသွေးပြည့်မီစေရေးအတွက်လည်းတစ်ချိန်တည်း တစ်ပြိုင်တည်းလုပ်ဆောင်ပေးစေလိုပါသည်။ဆိုလိုသည်မှာ အထက်တန်းပညာရေးစနစ်၊အလယ်တန်းပညာရေးစနစ်၊မူလတန်းပညာရေးစနစ်တို့ကိုပါ အလိုက်သင့် မြှင့်တင်ပေးဘို့လိုပါသည်။၎င်းအတွက်လည်းပြည်ပမှပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်စေလိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဒီကျောင်းတော်ကြီးကို အကြောင်းပြုပြီး နိုင်ငံလွတ်လပ်ရေး ရသည်အထိ ကြိုးပမ်းနိုင်ခဲ့တယ်။ သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့နေရာတစ်ခုကို ပြန်လည် လန်းဆန်းရှင်သန်ခွင့်ရမယ့် သတင်းမို့ အလွန်ပဲဝမ်းသာမိပါတယ်။ ဒီကိစ္စလေး အမှန်တကယ် အကောင်အထည်ပေါ်ပါစေဗျာ..
အလှူငွေတစ်ဝက်လောက် အခိုးခံရဖို့မြင်ပါသေးတယ်ဗျာ။ အမေရိကန်သူဌေးတော့ ကုသိုလ်တစ်ဝက်နဲ့ ရေစက်ချရမယ့်ကိန်းဘဲ။
ဝမ်းသာပေမဲ့ စိုးရိမ်ပါ၏-စိုးရိမ်ပါ၏ ။ အိန္ဒိယကို ဂျပန်က ၈၀ ခုနှစ်အလွန်လောက်မှာ ဗုဒ္ဓနဲ့ ပါတ်သတ်တဲ့ နေရာတွေမှာ ဘုရားဖူးတွေ သွားရေးလာရေး လွယ်ကူစေဘို့ ဒေါ်သန်း ၇၀ကျော် လှူဒါန်းပါ၏။ နာလန္ဒာ ဗုဒ္ဓဂါယာ လမ်းသည် ကျောက်ခဲစားသွားလျှင် အစာကြေနိုင်၏။ အလှူငွေ တ၀က်ပြည့်အောင် မသုံးပါ- အခုလဲ ဘာမှ မသိ နားမလည်တဲ့ လူတွေလက်ထဲ ငွေတွေ ပုံပေးလိုက်ရင် တက္ကသိုလ်လဲ အဆင့်မှီဘဲ မြန်မာတွေ နာမည်ပျက်မှာစိုးရိမ်ပါ၏။
Post a Comment