လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင်
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်(ယုဇနဥယျာဉ်မြို့တော်)
လစ်လပ်မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ၎င်းတို့ပါတီအား မဲပေးမည် ဆိုပါက
အခမဲ့ ဘုရားဖူးခရီး ပို့ဆောင်ပေးမည့်အပြင် ဒံပေါက်ထမင်းပါ
ကျွေးဦးမည်ဖြစ်ကာ အသုံး စရိတ်လည်း ထုတ်ပေးမည်ဟု
မဲဆွယ်စည်းရုံးလျက်ရှိကြောင်း အဆိုပါယုဇနဥယျာဉ်မြို့တော်တွင်
နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
"အဲဒီနေ့ကျရင် ဒီမှာရှိတဲ့ လမ်းတိုင်းမှာ တလမ်းကို ကားတစ်စီးစီ ထားပေးပြီး ဘုရားဖူးလိုက်ပို့မယ်ပြောတယ်။ ဒံပေါက်ကျွေးမယ့်အပြင် ခရီးစရိတ် တယောက်ကို ၅၀၀၀ ဝန်းကျင်လောက်အထိ ထုတ်ပေးဦးမယ် ပြောတယ်။ ပြီးရင် သူတို့အသင်းဝင်ပြီး သူတို့ကို မဲပေးရမယ် ပြောတယ်။ သူတို့ ဘယ်လိုပဲ ဆွယ်ဆွယ် ကျမ ကတော့ မပေးနိုင်ဘူး ကျမဘာသာ ပေးချင်တဲ့ဆီ ပေးမှာပဲ ဘုရားဖူး မလိုက်ရလို့ ဝမ်းနည်းစရာအကြောင်းမရှိဘူး"ဟု အဆိုပါမြို့တော်တွင် နေထိုင်သည့် ကုန်စိမ်းရောင်း၍ အသက်မွေးဝမ်းကျောင်းပြုသူ အသက်၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ၎င်း၏ဆန္ဒကို ထုတ်ဖော်ပြောသည်။
"ကျွန်တော့ကိုတော့ ဘယ်လိုစည်းရုံး စည်းရုံး မရဘူး။ NLD ကိုပဲ မဲပေးမှာပဲ မျက်နှာမရလဲ နေပစေ ကိုယ့်ထမင်း ကိုယ်စားပြီး ကြိုတင်မဲလည်း မထည့်နိုင်ဘူး။ အခုသူတို့က ကြိုတင်မဲထည့်ဖို့၊ စည်းရုံးနေတယ် တကယ်တော့ဒီမှာက NLD အမာခံပရိတ်သတ်တွေ အများကြီးပါ" ဟုအဆိုပါမြို့နယ်တွင် နေထိုင်သူ အနှေးယာဉ် လုပ်သားတစ်ဦးက ပြောသည်။
"တကယ်တော့မဲဆွယ်တာတော့ ဆွယ်တာပေါ့။ ဒါပေမယ့်သူတို့မဲဆွယ်တာက သဘာဝမကျဘူး။ ဘယ်လိုလူတွေသာ ကြိုတင်မဲ ပေးသင့်တယ် ဆိုတာလဲ အားလုံး သိပြီးသား။ အခုဟာက ရယ်စရာလည်း ကောင်းတယ်၊ ဒံပေါက် ကျွေးပြီး မဲဆွယ်တယ် ဆိုတော့လေ။ သူများနိုင်ငံတွေတော့ ဘယ်လိုလဲ မသိဘူး။ အခုဟာက ဘာကြီးမှန်း မသိဘူး"ဟု အသက်၆၀ ကျော် အရွယ်ရှိ အငြိမ်းစား ဝန်ထမ်းတစ်ဦးက ၎င်း၏ အမြင်ကို ဖြည့်စွက် ပြောကြားသည်။
လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ဦးအောင်ဝင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဒေါက်တာ မျိုးအောင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ ဦးကြီးမြင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP )မှ ဦးဝင်းမြင့်စသည့် ကိုယ်စားလှယ်လောင်းများ ဝင်ရောက် အရွေးခံကြမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ ဟောပြောမှုများကို သက်ဆိုင်ရာ ပါတီအလိုက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
(ဇော်ဇော်)
ဘားမားဗီဂျေ

ကြံ့ဖွံ့ကို မဲပေးပါက အခမဲ့ ဘုရားဖူးခရီး ပို့ဆောင်ပေးမည့်အပြင် ဒံပေါက်ထမင်းပါ ကျွေးမည်ဟု မဲဆွယ်
Reviewed by သစ်ထူးလွင်
on
17:23
Rating:
36 comments:
ပုသိမ်တုန်းကလို မုန့်ဟင်းခါးစားပြီးမှ အမေစု ဟောပြောပွဲကို သွားကြလို့ ခုတစ်ခါတော့ ပါတီဝင် ကြိုတင်မဲထည့်မှ ဘုရားဖူးခေါ်သွားမယ် ဆိုပါလား .. တော်တော်လေးကို ကုသိုလ်လိုချင်လို့ လုပ်တဲ့ပုံပဲ .. ၂၀၁၂ ကတော့ ဟာသ အသစ်တွေ တော်တော်ထွက်တဲ့ စံချိန်တင်နှစ်ပဲ ...
နိုင်ငံနဲ့ပြည်သူရဲ့ အရေးကြီးတဲ့ကိုယ်စာလှယ်
တစ်ယောက်ရွေးတာကို၊ ဒန်ပေါက်(၁)ပွဲလောက်ပဲ
တန်ဖိုးထားတဲ့၊ကြံ့/ဖွတ် တို့ရယ်။
မင်းတို့အတွက်တော့ ဒန်ပေါက်(ကုလားထမင်း)
ဟာ အကောင်းဆုံး နတ်သုဒ္ဒာဖြစ်မှာပေါ့။
တကယ်တော့မဲဆွယ်တာတော့ ဆွယ်တာပေါ့။
သူတို့မဲဆွယ်တာက သဘာဝမကျဘူး?.ဒီလိုမျိုးကိုကော်မရှင်ကအရေးယူသင်.တယ်လို.ထင်တယ်နော်.......
အပေါစား မဲစွယ်မှုတွေ ၊ ဒီလို ခပ်ပေါပေါ ပါတီကို တိုင်းပြည် အနာဂါတ် အပ်လိုက်လို့ကတော့ စောက်ပေါ တိုင်းပြည်ဖြစ်မှာပဲ ။
သနားပါတယ်၊ NLD ကိုအဲ့လောက်ကို ကြောက်နေကြတာလား၊ တော်သေးတာပေါ့ အဖွဲ့ဝင်တွေက သူတို့သမီးပေးမယ် ကြံ့ဖွတ်မဲထည့်လို့မပြောလို့၊
သြော်...အခုချိန်ထိ....လိမ်တဲ့အလုပ်လုပ်တုန်းပဲကိုး.....
အဟင်း....ပြည်သူတွေက နင်တို့ကြောင့် ငတ်နေပေမဲ့ ဒံပေါက်နဲ့ အချိုသတ်လို့မရဘူး....နင်တို့ကို ဘူဖေး အလိုက်ကြွေးပြီး NLD ကို မဲထည့်မှာ ဟဲ့....
အော် သိပ်ကောင်းတာပေါ. ဘုရားဖူးလဲ သွားရအုံးမယ်-ဒံပေါက်လည်းစားရမယ်-5000လဲရမယ်-ယူလိုက်ပါ သွားထည့်ရင် သူတို့ မြင်တာမှတ်လို့ အာဏာရူး နာဇီတွေပဲဟာ ငရဲခွေးတွေပဲဟာ
အငတ်တွေကမပြောနိုင်ဘူး တနပ်စာလောက်ပဲ
ကြည့်ပြီးမဲပေးချင်ပေးမှာ သူကုန်တာ၅သိန်းလောက်ဆို
မဲနိုင်၇င်ပြည်သူတွေစီကပြန်ယူမှာသိန်း၅၀မကယူမှာ
ကဲ...ဒံပေါက်ပဲစားပြီးဖွတ်ကောင်တွေကိုပဲမဲပေးမလား..
ပြည်သူတွေအဓိကနဲ့..သာမညခွဲခြားတတ်ဖို့လိုတယ်နော်...
ဒံပေါက်ကတခါပဲစားရမှာနော်.....မဲပေးမှာရင်...
ပြည်သူတွေအတွက်အများကြီးနစ်နာတယ်နော်....
လင်ယူလည်းမမှားနဲ့...မဲပေးလည်းမမှားစေနဲံနော်
ဒီနွံထဲကလွတ်အောင်..ပြည်သူတွေညီညွတ်ကြပါ...

သူတို့လိုက်ပို့မှဘုရားဖူးရတာမဟုတ်ပါဘူးနော်...ကိုယ့်အိမ်ကဘုရားကိုဖူးလဲကုသိုလ်ရတာပါဘဲနော်...ဘုရားဖူးပို့မယ်ပြောပြီးတော့မဲဆွဲရတယ်လို့...သူတို့မို့အရှက်မရှိတာနော်...
ကြည့်လုပ်ကြနော်
စားရတာ ခန
ပေးရမှာက တတိုးပြည်လုံး
အခုတောင် တရုတ်တိုင်းပြည်ဖြစ်တော့မယ်
မြန်မာပြည်သားတွေကို ခေတ္တ ဘုရားဖူးပို့ပြီးနောက်ထပ် နှစ်ပေါင်းဘယ်လောက်ကြာအောင်ထပ် နှိပ်ခြင်သေးလို့လဲ။ယိုသူမရှက် မြင်သူရှက်တယ်။တော်ပါတော့ကြံ့ဖွတ်ရယ်။ပြည်သူတွေ ကိုသနားသဖြင့်မဲမထည့်ခိုင်းကြပါနဲ့။မြန်မာပြည် ပြည်သူလည်းကုန်းကောက်စရာတောင်းမရှိတော့ဘူး။မိန်မတွေလည်း-ာ ဖြစ်တော့မယ်။တရုတ်တွေရဲ့ မယားငယ်ဖြစ်ကုန်ဘီး
ရီရတယ်ဟေ ကလေးကလားဦးနှောက်တွေနဲ့ သွေးရူးသွေးတန်းလျှောက်လုပ်
နေကြတာပဲနော်အချိန်တွေကြာလေကြာလေ ကြံဖွတ်ကလူတွေ ကလေးဦးနှောက်
လေးဆိုတာကို ပိုသိလာလေလေပဲ မဲပေးတဲ့ခါ ဘုရားဖူးဆိုပဲ ဟိဟိ ပီးတော့
အသင်းတောင်ဝင်ရဦးမယ်ဆိုပဲ ဟိဟိ တော်ပါပီကွာဆက်ပြောရင်လဲ ပွကြီးဖစ်တော့မယ် ဟိဟိ
ဗြဲ..ဟဲ..ဟဲ.. သွပ်..သွပ်..သွပ်..
ယုဇန ရွေမြို့ သူမြို့ သားတွေကံထူးတာပါ ပို့ ပေးတဲ့ ဘုရားစုံကိုသွားရောက်
ဖူးမျှော်ပြီးတော့ NLDရဲ့ အမေစု တို့ ပါတီကိုဘုရားတပြည့် တော်တပြည့် မ
တို့ဆန္ဒမဲပေးပါမည် NLDပါတီနဲ့ အမေစု အရာရာအောင်မြင်ပါစေလို့ ဆုတောင်း
လိုက်ကြပါပြီးရင်လည်းကြံဖွတ်ကိုလည်းဒီတခါတော့ ကျေးဇူးတင်ပါတယ်လို့ 
ပြောလိုက်ပါ တသက်လုံးကောင်းစားဖို့ အတွက် ဘုန်းကြီးတွေနဲ့ ပြည်သူတွေ
ကိုမသတ်ဖြတ်တဲ့ ပါတီကိုပဲဘုရားတပြည့် တော်တို့ ဆန္ဒမဲပေးပါမည်လို့ 
သေချာဆုတောင်းခဲ့ ကြနော်။
ပြည်သူတွေကို ပြောပါရစေ.....အမေစုပြောခဲ့တာလေးတွေမမေ့ပါနဲ့ မီးပေးမယ်...ရေပေးမယ်....ဟိုဟာပေးမယ်..ဒီဟာပေးမယ် ဆိုတာတွေကို ယူပြီးမဲပေးမှားရင်......နောင်နှစ်ပေါင်းဘယ်လောက်ထိ ပြည်သူလူထုဒုက္ခ တွေပင်လယ်ဝေကုန်ကြပါလိမ့်မယ်......အမေစုပြောသလိုပါပဲယူလိုက် နောက်ပြီး....NLD သာမဲထည့်ကြပါစို့ တို့ပြည်သူလုထုကြီး.......NLD ကိုမဲပေးဖို့ ၆ ရက်သာလိုပ်တော့သည်..........vote NLD.....
အေးပေါ့လေ။ သူတို့မှာကဒီလိုနည်းလမ်းပဲသုံးရမှာပေါ့။ သူတို့မှာ ပြစရာ Image တို့ Icon တို့မှ မရှိတာ။ မြင်ရကြားရတာတွေကလည်း တစ်ခုမှ ဂုဏ်ယူစရာမှမကောင်းတာ ...လုပ်နေတဲ့လူတွေကလည်း အသိပညာမတတ်
(အတန်းပညာကိုမဆိုလို) အမှားအမှန် အကောင်းအဆိုး မခွဲခြားတတ်။ စေတနာလည်းမပါ။ နိုင်ငံတော်ကြီးအတွက်ရင်လေးစရာ ။ ဒီလိုလူတွေအမြန်ဆုံး ****** အဆုံးသတ်သွားပါစေ ...
Jerks! Anyway, that's cheating.Some poor people probably want that luxury but I don't! However, I am going to vote for the team who have positive attitude!No one can stop me.I am NOT going to vote for the cheaters.
ဘုရားဖူးအမှန်အကန်ပို့ပါမည်..ရွှေတိဂုံဘုရား..ဆူးလေဘုရား.. ဗိုလ်တထောင်ဘုရား..ဖြစ်ပါတယ်။ ဒန်အိုးကိုအပေါက်ဖောက်ပြီး ထမင်းကြမ်းဆီဆမ်းကာ ကျွေးမှာဖြစ်ကြောင်းနှင့် ငွေ ၅၀၀၀/ ကျပ်ကို နေ့ပြန်တိုးဖြင့်ပေးမှာဖြစ်ပြီး မပေးနိုင်ပါက အိမ်ရှိပစ္စည်းများကိုသိမ်းယူသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ကယောင်ကတမ်းတွေလုပ်ကုန်ပီထင်တယ်
တော်တော် ဟာသ ပဲနော် ရယ်ရတယ် ဟီးဟီး
ဒါဟာ ပြည်သူတွေကို ဆင်းရဲတယ်ဆိုပြီး အထင်သေးတဲ့ လုပ်ရပ် ပါ ၊ ဒီမိုကရေစီ လိုလားပါတယ် ဆိုတဲ့ သူတွေ ကို ဘုရားဖူး လေး ပို့လိုက် ဒန်ပေါက်လေး ကျွေး လိုက်ရင် ငါတို့ဘက် ပါလာ မှာပါကွာဆိုတဲ့သဘော လုပ်လိုက်တာပါဘဲ ၊ တို့ လိုခြင်တာ ဘုရားဖူးပို့ခိုင်း တာလဲ မဟုတ်ဘူး ဒန်ပေါက်လဲ မဟုတ်ဘူး ဒီမိုကရေစီဘဲ ၊ ပြည်သူတွေ ကို ဒန်ပေါက်လေးကျွေး လိုက် ဘုရားဖူးလေးပို့ လိုက် နဲ့ မဲဆွယ်ပြီး မဲလဲနိုင်သွားရော ပြည်သူ့ မျက်နှာ မကြည့်တော့ ဘူး ၊ တိုင်းပြည်ကို လုပ်ခြင်သလို လုပ်တော့တာဘဲ ၊ ဒီအချိုး တွေရိုးနေပြီ ၊ များလဲများ နေပြီ ၊ သောက်ရှက် လဲမရှိကြတော့ဘူး ၊ ပြည်သူ အများလဲ သိနေပြီးသား ၊ မူကြို ကလေးတွေ လောက်ကိုဘဲ သွား လုပ် ။
ကြံ့ဖွံ့တွေက အဲလိုနည်းနဲ့စည်းရုံးရေးလုပ်တယ်ဆိုတာ တကယ်ကော ဟုတ်ပါ့မလားဗျာ.. မယုံနိုင်စရာဘဲ.. ငါက သူတို့ကို ထောက်ခံတဲ့သူမဟုတ်ပေမယ့် အဲလောက်ထိ သတင်းထွက်နေတာတော့ မဖြစ်စေချင်ဘူး.. နည်းနည်းများသွားပြီ ထင်တယ်..
အားပါးပါး မက်လောက်စရာဘဲ
ကြံ့ဖွတ်ကတော့ အခြေအနေမဟန်လို့ လူပြက်လုပ်စားတော့မယ်ထင်တယ်..
ဒီသတင်းကမှန်မမှန်တော့မသိဘူး ဒါပေမဲ့ပြည်သူတွေစဉ်းစားဖို့တစ်ခုက လက်ရှိအာဏာရနေတာတောင်ပြည်သူတွေအတွက်ဘာမှလုပ်မပေးသေးဘူး ဒါကသက်သေတစ်ခုပဲ ဒါကိုမမှတ်သေးပဲထပ်ပြီး အလိမ်ခံနေအုံးမယ်ဆိုရင်ဆွယ်တဲ့လူအပြစ်မဟုတ်တော့ဘူး မက်လုံးကိုအချောင်မျှော်လင့်နေတဲ့သူတွေရဲ့အပြစ်ပဲဖြစ်လိမ့်မယ်။ဒါကြောင့် သေသေချာချာစဉ်းစားကြပါလို့ ပြောချင်ပါတယ်။
တခြား နည်းလမ်းမရှိတော့ဘူထင်တယ်
တော်တော်အောက်တန်းကျတဲ့ကောင်တွေ။ မတရားတဲ့နည်းနဲ့မဲဆွယ်လို့မရဘူးကွ
တောက်....ဒံပေါက်ဝယ်စားရင်တောင်ဒင်းတို့ကြံဖွတ်ကကျွေးတယ်ဖြစ်မှာစိုးလို့စားဘူးကွရွေးကောက်ပွှဲပြီးမှစားမယ်။
ဒီမိုကရေးစီနဲ့ဘုရားဖူးတာဒံပေါက်တွေနဲ့မလဲကြပါနဲ့၊ဒီမိုကရေစီရရင်ပြည်သူတွေဒါတွေအလိုလိုရလာမှာပါ။
အမေစု တီဗီမှာ မိန့်ခွန်းပြောမဲ့ ၁၄-ရက်နေ့ တုံးကတော့ GSM(ကျပ် ၂-သိန်းတန်) ရောင်းတယ်။ ၀န်ထမ်းတွေကို သက်သာစရိတ် ငွေ ၃-သောင်းတိုးပြီး ပြည်သူတွေကို အာရုံပြောင်းအောင်လုပ်တယ်။ အခု ရွေးကောက်ပွဲကလည်း ဧပြီ-၁-ရက်နေ့တဲ့၊ ဧပြီ-၁-ရက်ဆိုတာ (April fool day) အရူးလုပ်တဲ့နေဆို တော့ ရွေးကောက်ပွဲကို အရူးလုပ်ဦးမလားမသိဘူး။ သတိတော့ထားစရာပါ။
ရန်ကုန်က လူတွေကို သူတို့လိုခပ်ညံ့ညံ့ တွေလို့မှတ်နေတာ လုပ်ပြလိုက်စမ်း ရန်ကုန်သားတွေ။ မန္တလေးကတော့ပြောထားပြီးသာ လွတ်တဲ့မြို့နယ်တိုင်း NLD ပဲ ရစေမယ်တဲ့ ။
ဟုတ်တယ်ခင်ဗျ ကိုယ့်ဝမ်းဝဖို့အရေး ကိုယ့်ဘာသာကိုယ်ရုန်းကန်ခဲ့ရတဲ့ ပြည်သူတွေကို မဲထည့်ခါနီးကျမှ ဘုရားဖူးပို့၊ ပိုက်ဆံပေးပြီး မဲထည့်ခိုင်းတဲ့သူတောင်းစားတွေကို မဲမထည့်ကြနဲ့ ဇကောလောက်မှစောက်မနက်တဲ့ဟာတွေ
ဘုရားဖူးကတကယ်ပို့တာနော်သိလား ၂၇ ရက်နေ့ညနေက ရွေစည်းခုံမှာ အဲဒီကားကိုတွေ့ခဲ့တာ ဓါတ်ပုံရိုက်ခဲ့ဖို့ရာ မေ့သွားတယ် ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကျန်မာစေဖို့ ဆုတောင်းပွဲကတော့ အဆင်ပြေစွာပြီးဆုံးသွားတယ် ရွေစည်းခုံရင်ပြင်မှာလုပ်ခဲ့ကြတာပါ..ဘာပဲဖြစ်ဖြစ် အမေစုပြောသလို ပေးတာတော့ ယူဒါပေမဲ့ ရင်ထဲက ဆန္ဒကိုတော့ အမှန်အတိုင်မဲပေးကြပါလို့ ပြောချင်တယ် ဓါတ်ပုံတွေတင်ပါအုံးမယ် အခုတော့လိုင်းမကောင်းသေးလို့
တစ်ကယ့်သတင်းကောင်းပါခင်ဗျာ..........
ဘုရားဖူးလည်းသွားရမယ်...ဒံပေါက်လည်းစားရမယ်...၅၀၀၀လည်းရမယ်.
ဆိုတော့ တော်တော်ကိုအဆင်ပြေတဲ့ခရီးစဉ်ပါခင်ဗျ၊ကဲ!အဲဒီတော့ ပြည်သူ
ပြည်သားအားလုံး ကြံ့ဖွက်ပါတီဝင်ပြီးတော့ NLD ကိုမဲပေးကြပါစို့...
Post a Comment