စောင့်ကြိုနေတဲ့ ပြည်သူတွေရဲ့ မျက်နှာပေးတစ်မျိုးကတော့
အာရုံစူးစိုက်ပြီး ဘယ်ကားမှာများ ကျွန်မပါလာလိမ့်မလဲလို့ အကြည့်ပါပဲ။
ခရီးရှည်တဲ့အခါ တစ်ချိန်လုံးအမိုးဖွင့်ပြီးနေလို့က မလွယ်ပါဘူး။
ဒီတော့ထိုင်ပြီးပြတင်းပေါက်ကပဲနှုတ်ဆက်ရင် အဆင်ပြေမဲ့ နေရာတွေမှာ
ထိုင်နေတော့ ကျွန်မဘယ်ကားမှာ ပါသွားမှန်းမသိလို့ စိုက်ငေးနေရင်း
လွတ်သွားသူတွေလဲရှိပါတယ်။
အဲဒီလိုဖြစ်ရင် ကျွန်မစိတ်မကောင်းဖြစ်ရပါတယ်။ ဘယ်တုန်းက စောင့်နေမှန်းလဲမသိ စောင့်ရကျိုးမနပ် ဖြစ်သွားလေရဲ့လို့ အားနားမိတယ်။ အချို့နေရာတွေမှာ သတိပြုမိတာက မျက်လုံးမကောင်းသူတွေ၊ မစွမ်းမသန်သူတွေ တန်းစီတဲ့အခါ လာလမ်းဘက်အကျဆုံးနေရာတွေမှာ နေကြတယ်။ ပိုပြီး လွယ်လွယ်မြင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖြစ်မှာပါ။
ဒါပေမဲ့ ကားက တစ်ခါတစ်လေ ချက်ချင်းအရှိန်မသတ်နိုင်တော့ အဲဒီလိုပုဂိုလ်တွေကို လွန်သွားပြီးမှ ရပ်နိုင်တယ်။ ပြန်ဆုပ်လို့ကလည်း မရ။ အခြားစောင့်နေသူတွေကလည်း ၀ိုင်းလာတော့ ကိုယ်အင်္ဂါအားနည်းသူတွေဟာ နှုပ်ဆက်တဲ့အထဲ ၀င်မတိုးနိုင်ဖြစ်ရပါတော့တယ်။
ကျွန်မတို့ သုံးခွအသွား သာကေတအနား ဖြတ်သွားတဲ့အခါက စောင့်နေသူတွေရဲ့ အစွန်မှာ ချိုင်းထောက်နဲ့ အမျိုးသားတစ်ယောက်ကို ကျော်သွားပြီးမှ ကားအရှိန်သတ်သွားတော့ ပြတင်းပေါက်နားရောက်လာတဲ့ လူငယ်တစ်ယောက်ကို ကျွန်မက ပြန်ပြေးခိုင်းပြီး ချိုင်းထောက်နဲ့လူကို ကျွန်မနှုတ်ဆက်လိုက်ကြောင်း ပြောပေးပါဆိုတော့ လူငယ်ကလည်း ပြန်ပြေးသွားပါတယ်။
ကျွန်မတို့လဲ ရှေ့ဆက်ထွက်ရလို့ ပါးလိုက်တဲ့စကား ရောက်သွား မရောက်သွား မသိလိုက်ရပါဘူး။ ခရီးစဉ်တစ်ခုမှာတော့ ချိုင်းထောက်ကိုလက်တစ်ဖက်နဲ့မြှောက်ပြီး ခြေတစ်ဖက်နဲ့ ခုန်လို့ တက်တက်ကြွကြွ နှုတ်ဆက်ကြိုဆိုတဲ့ အမျိုးသားကြောင့် အားတွေပြည့်ခဲ့ရပါတယ်။
ဒီလိုနေရာအတော်များမှာ မသန်းစွမ်းသူတွေနဲ့ မနှုတ်ဆက်ဖြစ်လိုက်တာကို ၀မ်းနည်းစွာနဲ့ ဒီဆောင်းပါးကပဲ တောင်းပန်ပါရစေ။ လူစုလေးတွေ ခပ်ကျဲကျဲစောင့်နေတဲ့ မြို့ပြင်လမ်းတွေမှာ ခရီးချိန်ဇယားနဲ့ကိုက်အောင် တက်နိုင်သလောက် ကြိုးစားရလို့ ကားအရှိန်မသတ်နိုင်ဘဲ ပြတင်းပေါက်ကသာ လက်ပြသွားရပါတယ်။
စောင့်နေတဲ့သူတွေ တွေ့လိုက်တဲ့အခါရှိသလို မတွေ့လိုက်တဲ့အခါလည်း ရှိပါတယ်။
မန္တလေး-စစ်ကိုင်းသွားလမ်းမှာ လူတစ်ရပ်လောက်တောင်မရှိတဲ့ လူသားနေအိမ်လို့တောင် ခေါ်ဖို့ရာခက်တဲ့ အင်မတန်စုတ်ပြတ်နေတဲ့ တဲယဲ့ယဲ့လေးတစ်ခုမှာ တန်းစီပြီး လက်ဝှေ့ယမ်းစောင့်နှုတ်ဆက်နေတဲ့ မိသားစုလေး။ ကျွန်မက အသားကုန်လက်ပြပေမဲ့ မမြင်လိုက်ကြ။ မျက်နှာတွေပေါ်မှာက မျှော်လင့်ချက်အပြုံးလေးတွေနဲ့ ကျန်ခဲ့တယ်။ ဒါတွေကို ၀မ်းနည်းနေမဲ့အစား ဒီလိုမိသားစုလေးတွေ ဆင်းရဲနွမ်းပါးခြင်းမှ လွတ်ကင်းဖို့သာ ကြိုးစားရမှာပဲလို့ ကျွန်မကိုယ် ကျွန်မ ဖြေသိမ့်ရပါတယ်။
ကျွန်မတို့ တတ်နိုင်သမျှ ကြိုးစားပြီး ရပ်နှုတ်ဆက်နေသူများက ဘီးဆင်ကုလားထိုင်များပေါ်က မသန်စွမ်းပုဂိုလ်တွေ၊ ဘေးကဖေးမ ပေးထားရသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ ယခု ကျွန်မကိုယ်တိုင်က ၆၇နှစ်နီးပြီဆိုတော့ ကျွန်မကို သမီးလို့ခေါ်ပြီး ဆုပေးနိုင်တဲ့သူတွေကလည်း နည်းလာပြီလေ။ ဒါကြောင့် ဒီလိုမိဘအရွယ်တွေနဲ့ တွေရတဲ့အခါ အထူးကြည်နူးမိပါတယ်။
မိဘတွေအကြောင်းပြောရင်း ကြုံလို့ ကျွန်မသုံးနေကျ စကားလေးအကြောင်း ရှင်းပြချင်ပါတယ်။
တစ်ခါက ကျွန်မကို တပ်မတော်အရာရှိတစ်ဦးက မိန့်ခွန်းတွေပြောတဲ့အခါ ဖေဖေလို့ ပြောမဲ့အစား တပ်မတော်သားတွေအကြား ထင်ထင်ရှားရှားဖြစ်သွားအောင် "ဗိုလ်ချုပ်အောင်ဆန်း" လို့သုံးနှုန်းပါတဲ့။ အကြံပေးတဲ့သူရဲ့ စေတနာကိုနားလည်ပေမဲ့ ကျွန်မ မလိုက်လျှောဖြစ်နေရပါတယ်။ "ဖေဖေ" ဆိုတာက ကျွန်မအတွက် မေတ္တာတွေ၊ နွေးထွေးမှုတွေ အပြည့်နဲ့ ငယ်ငယ်လေးကတည်းက ကျွန်မဘ၀ကနေ ပျောက်ကွယ်သွားခဲ့ပေမဲ့ မကွဲမကွာ အနားမှာရှိနေသေးသကဲ့သို့ ဖန်တီးပေးတဲ့ အသုံးအနှုန်းပါပဲ။ ဒါကြောင့် ကိုယ်တိုင် အဘွားအရွယ်ရောက်နေတာတောင် " ဖေဖေ " လို့ပဲသုံးနှုန်းတာကို မျက်လုံးချင်းဆုံရုံနဲ့ စကားဖလှယ်နိုင်တဲ့ ပြည်သူတွေ နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ( တစ်သက်လုံးမှာ သုံး၊ လေးခါမျှ " ကျွန်မဖခင် ဗိုလ်ချုပ်အောင်ဆန်း " လို့ ပြောခဲ့ရတဲ့ အချိန်အခါ တစ်ခုကတော့ ရုပ်မြင်သံကြားမှာ လွှင့်မဲ့ မိန့်ခွန်းဖြစ်ပါတယ်။ )
ပြည်သူတွေနဲ့ ပြောခဲ့တဲ့စကားတွေက ဆက်ရန်ရှိပါသေးတယ်။
အောင်ဆန်းစုကြည်။
(မိတ်ဆွေ အများ ဖတ်နိုင်အာင်လို့ ဒီလှိုင်းဂျာနယ် အတွဲ ၁ ။ အမှတ် ၉ ။ မှာရေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီစကား မှ ကူးယူဖေါ်ပြပါတယ်။ ဓါတ်ပုံကတော့ အင်တာနက် ကယူတာပါ။ ကြိုက်လို့ကူးထားတာ ကြာပါပြီ။ ခုမှသုံးတော့ ပိုင်ရှင်ကို မဖေါ်ပြနိုင်တာ နားလည်စေချင်ပါတယ်။)
by Zay Latt (Facebook)

ပြည်သူတွေနဲ့ ကျွန်မ အကြား.......... (ဒေါ်အောင်ဆန်းစုကြည်)
Reviewed by သစ်ထူးလွင်
on
05:53
Rating:
21 comments:
အမေ.စာကိုဖတ်ပြီးပြည်သူတွေအပေါ်ထားတဲ.အမေ.၇ဲ.စေတနာကိုခံစား၇ပြီးမျက်၇ည်ကျ၇ပါတယ်. လူယုတ်မာတစုကြောင်.အမေသွား၇မဲ.ခ၇ီးလမ်းကြမ်းတမ်းလှတာကိုလဲစိုး၇ိမ်မိတယ်. ဆုတွေပဲတောင်းနေ၇တယ်အမေ၇ယ်.အမေအောင်မြင်ပါစေ
Excellent.Always...
အောက်မှာဖော်ပြထားတဲ့ကဗျာလေးကို Zay လို့ အမည်ပေးထားတဲ့ ပုဂ္ဂိုလ်တစ်ဦးက Comment မှာရေးခဲ့တာဖြစ်ပါတယ်။ သိပ်ကြိုက်လွန်းလို့ ဒီမှာ ဖော်ပြခွင့်ပြုပါလို့ Zay ကို ခွင့်တောင်းပါတယ်။
သုံးထောင်မပါ ခုံမပါ
မလာမနေရ အာဏာမပြ။
မုန့်ဟင်းခါးမကျွေး ရေမပေး
ဟိုလမ်းမဖောက် ဒီလမ်းမဆောက်
လူငွေ့ထူထူ နေပူပူ
အရိပ်မရှိ အကာမပါ
အဲ အဲ
အဓိက မေတ္တာ
အမေ့မှာ ပါတယ်
လာ သွားမယ် သူငယ်ချင်းတို့။
Zay ရဲ့ကဗျာလေးနောက်မှာ ကွန်တော့ရဲ့ခံစားချက်လေးတစ်ခု ဖြည့်ပြီး ပြောပြချင်ပါတယ်။ Comment တစ်ခုမှာ တင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီစာစုလေးအားလုံးကို မေတ္တာနဲ့အမေ လို့ နာမည်လေးပေးထားပါတယ်။တိုက်ဆိုင်တဲ့အခါတိုင်းလည်း တင်သွားချင်ပါတယ်။ အမေ့ကို ဂုဏ်ပြုချင်လွန်းလို့ပါ။
အမြဲ အပြုံးပန်းတွေနဲ့ လင်းနေတဲ့ အမေ။
အမြဲ အမုန်းတရားတွေနဲ့ ကင်းနေတဲ့ အမေ။
ကျောကလည်းသား ရင်ကသား . . .
ကျောကလည်းသမီး ရင်ကသမီး . . .
သန်း၆၀သော သားသမီးတို့အတွက် . . .
မနာလိုခြင်း ငြူစူခြင်း အရှင်းကင်းတဲ့အမေ။
သာယာ ပျော်ရွှင်ခြင်းကိုသာ ပေးအပ်လိုတဲ့ အမေ။
ငါတို့ရဲ့ နှလုံးသားထဲက
ငြိမ်းချမ်းတဲ့ အမေ။
တို့တွေရဲ့ အမေကို ကြိုဖို့ . . .
လာ သွားမယ် သူငယ်ချင်းတို့
အန်တီစုရဲ့မေတ္တာဓါတ်တွေ ဒီစာထဲမှာပါတယ်ဗျာ...။ ကျွန်တော်ဗျာ..ဒီစာလေးကိုဖတ်လိုက်ရပြီး...ကြက်သီးမွေးညှင်းတွေထတယ်...။ မျက်ရည်တွေ ၀ဲလာတယ်ဗျာ..။ ကြည်ညိုလိုက်တာ...။ အန်တီစု..ကျွန်တော်တို့ရဲ့ ပြည်သူတွေဘ၀ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်မဲ့..ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ...ကျွန်တော်သေ သည့်တိုင်စွဲနေမှာဘဲ..။ ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း ရိုသေကြည်ညိုလိုက် တာဗျာ.. ဒီလိုမျိုးဆက်ကောင်းလေးချန်ထားပေးခဲ့တာကို..။ အာဇာနည်မျိုးဆိုတာ သေရိုးထုံးစံမရှိဆိုတာ...အမှန်ဘဲဗျို့..။ အပြင်မှာတောင်မဟုတ်သေးဘူး...စာကိုဖတ်လိုက်ရတာနဲ့အားရှိလိုက်တာဗျာ..။ ကိုသစ်ဆီကစာတွေက..ကျွန်တော်နဲ့နီးစပ်ရာတွေကို ပရင့်ထုတ်ပြီး ဗဟုသုတအဖြစ်နောက်ပြီးအဖြစ်မှန်တွေအဖြစ်ဖြန့်ပးနေတယ်ဗျာ...။ သူတို့အများစုပိုင်းကလည်း..အရာထမ်းအဆင့်တွေဗျာ ..ဒီလိုစာမျိုးသူ့တို့ကို ဖတ်ရအောင်ပါ... သူတို့ဖတ်ရမှလည်း...အရင်စိတ်တွေပြင်ပြီး.. တော်ရုံသင်ရုံလူထုနဲ့ အကောင်းဆုံးဆက်ဆံသွားနိုင်မှာပါ...။
ဒ.ီဆောင်းပါးကိုဖတ်ပြီးမျက်၇ည်ကျမိပါတယ်။လိုရာဆန္ဒတွေအားလုံးပြည်ပါစေ။
တို့အမေကတော့ ဘက်စုံ ထူးချွန်တဲ့သူပါပဲ။ ရင်ထဲကို တိုက်ရိုက်ထိသွားအောင်လည်း အရေးအသားက ကောင်းပါပေရဲ့။အမေ့ကိုသားတို့ ချစ်တယ်အမေ။ အမေဟာ သားတို့ဘ၀အတွက် အလင်းရောင်ပါ။ သားတို့အမိနိုင်ငံတော်ကြီးရဲ့ ရင်ခွင်ကနေ ခွဲခွာပြီးရေမြေခြားမှာ ရောက်ရှိနေရပေမဲ့ အမေ့ကို အားပေးထောက်ခံနေပါတယ်။ အမေ ဘေးရန်အန္တရာယ်အပေါင်းက ကင်းဝေးပါစေလို့ နေ့စဉ်လည်း ဆုတောင်းနေမိပါတယ်။ အမေရယ် သားတို့ဘ၀ မှာအမေမရှိလို့ မဖြစ်ဘူးလေ။ အမေ့ရဲ့ အေးချမ်းတဲ့ ရင်ခွင်ထဲမှာ နေရမယ်ဆိုရင် သားတို့ရဲ့ဘ၀တွေဟာ အမေ့မေတ္တာကြောင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဘ၀လုံခြုံမူ့တွေ နဲ့ နေနိုင်ကြမှာပါ။ အမေ့ကို ချစ်တဲ့အဝေးရောက်သား
စိတ်ထဲမှာ နင့်သွားတယ် အမေရယ်..
အမေရဲစာကို ဖတ်ပြီးတဲ့ အချိန်မှာ အားသစ်တွေကို ပြန်ပြီးမွှေဖွားစေခဲပါတယ်။ ဘယ်တော့မှ ဘယ်အရာကိုမှ အခုရော နောင်ရော ဘယ်တောမှ အရှုံးမပေးတောဘူး
ကျွန်တော်တို့အဝေးရောက်နေတဲ့အတွက်..အမေနဲ့တွေ့ခွင့်မရကြဘူး..ဒီဆောင်းပါးလေးဖတ်ရတာနဲ့တင်..၀မ်းနည်းဝမ်းသာ
ကြည်နူးရပါတယ်..အမေ့ကိုကိုယ်တိုင်အားပေးနှုတ်ဆတါကြတဲ့
သက်ကြီးရွယ်အို\ဒုက္ခိတနှင့်ရဟန်းရှင်လူများအဖို့တော့ဆိုဖွယ်မရှိ
တော့ပါဘူး..အမေ့ကိုတစ်ခါမှအပြင်မှာမမြင်ဘူးပေမဲ့..မေတ္တာဓါတ်တွေကြောင့်ကြည်ညိုလျှက်ပါပဲ..'အမေ'ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာစေဆုတောင်းလျှက်..အဝေးမှအားပေးနေပါတယ်
အမေ
ကျေးဇူးတင်ပါတယ်။ ဘယ်သူ့ကို ကြောက်ရမှန်းမသိနဲ့ ဖြတ်သန်းလာရတဲ့ဘ၀လမ်းတလျှောက်မှာ ဒီလို ပြည်သူတွေကိုချစ်တဲ့ ၊ ပြည်သူတွေကို တသားထဲလို့စိတ်ထားနိုင်တဲ့၊ တိုင်းပြည်ကိုခေါင်းဆောင်နိုင်တဲ့ အမေ့လို အမေတစ်ယောက်ရှိနေတာကို ဂုဏ်ယူပါတယ်အမေ။ အမေဟာပြည်သူတွေရဲ့ အလင်းပိုင်ရှင်အစစ်ပါ။ နောက်ဆုံးထွက်သက်အထိ အမေ့ကိုအားပေး ထောက်ခံနေပါ့မယ်။ ကိုယ်နိုင်တဲ့ဖက်ကနေပြီး အားနည်းသူတွေကို အားပေးကူညီပါ့မယ်။ အမေအသက်ရာကျော်ရှည်ပါစေ။
မွေးသမိခင် ပြီးရင်...ဒုတိယ အမြတ်နိုးဆုံး...အလေးစားဆုံး..တန်ဖိုးအထားဆုံး..သူတယောက်ဖြစ်သော...အမေစု ရန်သူမျိုး ၅ ပါး ဘေးမှ ကင်းဝေး နိုင်ပါစေ..လို့ ဆုတောင်းပေးနေပါတယ် အမေ...
မွေးသမိခင် ပြီးရင်...ဒုတိယ အမြတ်နိုးဆုံး...အလေးစားဆုံး..တန်ဖိုးအထားဆုံး..သူတယောက်ဖြစ်သော...အမေစု ရန်သူမျိုး ၅ ပါး ဘေးမှ ကင်းဝေး နိုင်ပါစေ..လို့ ဆုတောင်းပေးနေပါတယ် အမေ...
ချိုမြိန်တဲ့ စေတနာ.......
ဖြုစင်တဲ့ အကြင်နာ....
နွေးထွေးတဲ့ ကရုဏာ....
အေးမြတဲ့ ချစ်ခြင်း...
မေတ္တာတရားတို့၏ သရုပ်ဖေါ်ရာမြေ ။
မေတ္တာတရားတို့၏ မြစ်ဖျားခံရာမြေ ။
မေတ္တာတရားတို့၏ မွေးဖွားရာမြေ အဲဒါ တို့အမေ...
တို့အားလုံးရဲ့. အမေ ။ ။ zayyax@gmail.com
Honesty is the secret of that artical. It hits direct to my deepest heart. To be honest I can't control my tears from my eyes.
အရမ်းပင်ပန်းတယ်အမယ်ရယ် နေကလဲပူ ဖုန်ကလဲထူနေတဲ့ကြားက မေရဲ့
အပြုံးက သားမျက်စိထဲကထွက်မသွားဘူး အမေရယ်။အမေကျမ္မာပါစေလို့
သားတိုဆုတောင်းပေပါတယ်အမေရယ်။ အမေ မရှိလိုမဖြစ်သေးဘူး ....
အမေရဲ့ စာကိုဖတ်ရင်း မျက်ရည်မဆည်နိုင် အောင်ခံစား ရပါတယ်။ အမေ့ကို ဒီပဲရင်း အရေးအခင်း မတိုင်ခင်က ဘုတလင်မြို့မှာ လက်ဆွဲနူတ်ဆက် ခဲ့ရတာကိုအခုတိုင် အမှတ်ရနေမိတယ်အမေ။ အခုတော့ သမီးက စားဝတ်နေရေး အတွက်တိုင်းတပါး မှာ ကျွန်ခံနေရတဲ့ အတွက်အမေ့ သတင်းလေးတွေကိုပဲ ဖတ်ပြီးအလွမ်းဖြေနေရတဲ့ အဝေးကအမေကိုချစ်တဲ့ သားသမီးတွေပါ အမေ။ အမေ့ကို ကူညီချင်ပေမဲ့ ဘ၀ပေးခြေနေအရ အဝေးမှာနေရပေမဲ့ မြန်မာစိတ်မပြောက်ပဲ နိုင်ငံကိုပြန်လာခဲ့ပါ့မယ် အမေ။ အမေရဲ့နွေးထွေးလှ တဲ့ရင်ခွင် မှာ ခိုလှုံပါရစေအမေ။ သမီးတို့တိုင်းတပါး မှာနေရတာခါးသီးလှပါတယ်အမေ။ အမေ့ကိုမကူညီနိုင်တာကိုခွင့် လွတ်ပါအမေ။ အမေ့ကိုကျန်းမာစေဖို့ ဆုတောင်းလျက် မဝေးရောက်သမီးမှ ရှိခိုးဦးတင်လိုက်ပါတယ် ချစ်တဲ့အမေ ဒေါ်အောင်ဆန်းစုကြည် ရှင့်။
လက်ရှိ တိုင်းပြည်အုပ်ချုပ် နေတဲ့ လူကြီးမင်းများ ဒေါ်စုလို ပြည်သူတွေနဲ့တသွေးတသား ထဲ ဖြစ်အောင်ကြိုးစားကြစေခြင်ပါတယ် ၊ ခုဟာက ခင်များတို့က ပိုက်ဆံ တွေ အရမ်းချမ်းသာ အာဏာကလဲ လက်ထဲမှာ အတင်းဆုတ်ကိုင် နေခြင်တာဘဲ သိတော့ တကယ့် ပြည်သူတွေ ရဲ့ ခံစားချက်နဲ့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဘ၀ အမှန်ကို ကိုယ်ခြင်း မစာနာနိုင်ဘူး ဖြစ်နေတယ် ။
ငါတို့ အားလုံးရဲ့ အမေ........
အမေ့ရဲ့ မေတ္တာတွေ ကျွန်တော်တို့ ရရှိပါတယ် အမေ..
အမေ့ရဲ့ အနစ်နာခံမူတွေ ကျွန်တော်တို့ ရရှိပါတယ် အမေ...
အမေ့ရဲ့ အကြင်နာတွေ ကျွန်တော်တို့ ရရှိပါတယ် အမေ...
အမေ..ပင်ပန်းနေပြီလား အမေ...
အမေ့ ရဲ့တာဝန်တွေ ကျွန်တော်တို့ ပုခုံးပြောင်း ထမ်းဆောင်ချင်တယ် အမေ..ဒါပေမယ့် အမေရယ် ကျွန်တော်တို့ အမေ့လို မပေးဆပ်ရဲဘူး အမေ..ကျွန်တော်တို့ အမေ့လို မစွန့်လွတ်ရဲဘူး အမေ...ကျွန်တော်တို့ မှောင်မိုက်နေတဲ့ အခန်းလေးထဲမှာ နှစ်ပေါင်း ၂၀ ကျော်ကြောက်နေရတယ်...အမေ ကျွန်တော်တို့ကို ခွန်အားပေးပါ အမေ လျောက်တဲ့ လမ်းမှာ ကျွန်တော်တို့ သဲပွင့်လေး တစ်ပွင့်လောက် ဖြစ်ရရင် ကြေနပ်ပါတယ် အမေ...အမေ့ကို ချစ်တဲ့....အဝေးရောက်သား
Mother Suu....You must be the great leader of Myanmar.....I pray for you ...your NLD must be get victory in election ....please carry on ..we sport to NLD.....
အမေ ရယ် ...အမေ စိတ်ထား ဖြူစင်ပြီး မြင့်မြတ် တယ်ဆို တာ သားတို့ က အမေ မရေးလဲ သိပြီးသားပါ အမေ ရယ်...ဟုတ်တယ် အမေ...သား တို့ မှာ အမေ ပဲ ရှိတယ်...အားကိုးစရာ ဆိုလို့... သား တို့ ကို ပစ်မသွားပါနဲ့..အမေ....အမေ နောက် မှာ သား တို့လို လူငယ် တွေ အများကြီး ရှိတယ်..အမေ...
Dear Amay,
Please receive my deepest regards.
We raised the NLD flag on Mt. Victoria (Nat Ma Taung, Chin State, Myanmar)altitude of 10800 ft, on 4th of March, 2012 for you and your party NLD.
Post a Comment