ကျောက်ဖြူတွင် အိန္ဒိယ လုပ်သားများကို အရပ်သားများ တိုက်ခိုက်၍ ရဲက သေနတ်ပစ်ဖေါက် လူစုခွဲ

ကျောက်ဖြူတွင် အိန္ဒိယ အလုပ်သမားများအား ကျေးရွာသားများက တုတ်၊ဓါး၊ လေးဂွများဖြင့် ၀ိုင်းဝန်း တိုက်ခိုက်သဖြင့် ရဲအဖွဲ့က သေနတ်ပစ်ဖေါက်ကာ လူစုခွဲခဲ့ရကြောင်း သတင်း ရရှိသည်။


india-workers
" ဖြစ်တာက မတ်လ ၂၀ ရက်နေ့ ညမှာ ကြက်တိန်ကျေးရွာ KP 14 လုပ်ငန်းခွင်မှာ ဖြစ်ပါတယ်။ ရွာသား ၆၀ ခန့်က အစောင့်တွေကို လေးဂွတွေနဲ့ စတင် တိုက်ခိုက်ရာကနေ ပြဿနာ ကြီးထွားလာတဲ့ အတွက် ရဲအဖွဲ့က မိုးပေါ်ကို သေနတ် သုံးချက်ပစ်ပြီး လူစု ခွဲခဲ့ရပါတယ်" ဟု ဒေသခံ လူငယ် တစ်ဦးက ပြောသည်။

အတိုက်ခံရသော အိန္ဒိယ လုပ်သားများမှာ Punj Lloyd အိန္ဒိယ ကုမ္ပဏီမှ ဖြစ်ပြီး ကျေးရွာသားများက မကျေနပ်မူများ တိုးပွားနေရာမှ ၀ိုင်းဝန်း တိုက်ခိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

" သူတို့က ဒေသခံ ရွာသားတွေကို မလေးမစား လုပ်တာတွေ များလာတဲ့ အခါ မကျေနပ်မူတွေ များလာပြီးတော့ ကျေးရွာသားတွေက တိုက်ခိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရတာက အနည်းအကျဉ်းရှိတယ်လို့ သိရပါတယ်" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ်မှ တာဝန်ရှိသူ ဦးသန္တာမောင်က ပြောသည်။

ကြက်တိန် ကျေးရွာသားများသည် အိန္ဒိယ လုပ်သားများကို တိုက်ခိုက်စဉ် အတွင်း မြေထိုးစက်ကြီးများ၊ ကရိန်း မောင်းတံများကိုလည်း ဖျက်ဆီးပစ်ကာ စက်သုံးဆီများကိုလည်း ထုတ်ယူ မီးရှို့ ပစ်ကြသည်ဟု ဆိုသည်။

အိန္ဒိယ လုပ်သားများနှင့် ရွာသားများမှာ တဘက်နှင့် တဘက် ရိုက်ပုတ်ကြသည့် အထိ အခြေအနေ ရောက်ရှိလာပြီး ရဲအဖွဲ့က မိုးပေါ်ကို သေနတ် သုံးချက်တိတိ ထောင်ပစ်ဖေါက်ပြီးမှ ရွာသားများ ထွက်ပြေးသွားကြသည်ဟု ဒေသခံ လူငယ်က ပြောသည်။

ကျောက်ဖြူရဲစခန်းသို့ အဆိုပါ သတင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက မိမိတို့ အနေဖြင့် ထိုသတင်းကို လက်ခံရရှိခြင်း မရှိသေးသဖြင့် မပြောနိုင်ကြောင်း ပြောကြားသည်။

ကြက်တိန်ကျေးရွာမှာ ကျောက်ဖြူမှ ကုန်းမိုင် (၁၂) မိုင်ခန့် ဝေကွာပြီး အဆိုပါ ကျေးရွာအနီးတွင် အိန္ဒိယ Punj Lloyd ကုမ္ပဏီမှ စီမံကိန်း တစ်ခုကို လုပ်ကိုင်နေကြောင်း သိရသည်။

 နိရဉ္စရာ
ကျောက်ဖြူတွင် အိန္ဒိယ လုပ်သားများကို အရပ်သားများ တိုက်ခိုက်၍ ရဲက သေနတ်ပစ်ဖေါက် လူစုခွဲ ကျောက်ဖြူတွင် အိန္ဒိယ လုပ်သားများကို အရပ်သားများ တိုက်ခိုက်၍ ရဲက သေနတ်ပစ်ဖေါက် လူစုခွဲ Reviewed by သစ်ထူးလွင် on 12:22 Rating: 5

11 comments:

Myanmar said...

What a useless Government! What a shameful Government! Don't know how to rule the Country efficiently but only know how to steal and misuse the pepole's propeties.

Myanmar said...

ပြည်ဖျက် အစိုး၇က တိုင်းပြည်ကို မစောင့်ေ၇ှာက်တော့ ၇က္ခိတ ၇ခိုင်တိုင်းသားတို့က ကိုယ်ထူကိုယ်ထ တိုင်းပြည်ကို စောင့်ေ၇ှာက်နေ၇တဲ့အဖြစ်။ လေးစားပါတယ် ၇ခိုင်တိုင်းသားတို့ေ၇..။ ။

aung aung said...

ကုလားရော တရုတ်ရော ဘယ်ကောင်မှ မထားနဲ့ အကုန်ဆော်ဗျာ ..
ဒီကောင်တွေ တစ်ကောင်မှ မကောင်းဘူး
မြန်မာနိုင်ငံကို လာပြီး အနိုင့်ကျင့်ချင်နေတာ
မြန်မာနိုင်ငံမှာ ရှိတဲ့ လူကြီး(အကောင်ကြီးပြီး အချိန်မစီးတဲ့အကောင်) တွေက သူများနိုင်ငံသားကို အဖေခေါ်ထားတော့ ပိုဆိုးနေတာပေါ့
ကိုယ့်မြေပေးလာပြီး အနိုင်ကျင့်တဲ့အကောင်တွေကို သေအောင်သာ ဆော်လိုက်တော့ဗျာ

Thet said...

အစိုးရက ပရောဂျက်ကို လက်ခံတဲ့အခါ ဘယ်က အလုပ်သမားငှားမလဲဆိုတာ သေသေချာချာ စဉ်းစားပြီးမှ လက်ခံသင့်တယ်။ ရခိုင်တွေ ဘယ်လို ခံစားရတယ်ဆိုတာကို နားလည်ပါတယ်။

Anonymous said...

လိုချင်တာက ဒီမိုကရေစီ ဒီမိုကရေစီဆိုတာကိုနားလည်လာ..ခုတောင်ကြည့်ဟိုလူ့ဆဲဒီလူဆဲ ဟိုအဖွဲ့စည်းဆဲ ဟိုဘာသာကိုဆဲနဲ့ မြင်ယောင်သေးတယ်...

Bravo said...

ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို တကယ်ချစ်ရင် ကိုယ့်လူမျိုးတွေအလုပ်ရရေးရှေးရှုပြီး ဦးစားပေးဆောင်ရွက်ခဲ့ရင် ဒါမျိုးတွေ ရှိမှာမဟုတ်ဘူး။ အိတ်ကပ်ထဲ ထည့်ဖို့ပဲ ဦးစားပေးနေကြတာကိုး။

pyaponthu said...

ကိုယ်ပြည်ထဲက လုပ်ငန်ခွင်မှာ ဘာလို့ နိုင်ငံခြားသားတွေ ခေါ် ခိုင်းရတာလဲ။မြန်မာပြည်သူတွေ အလုပ်ရှားတာ ။ပြည်သားအရေးကို မကြည့်ဘူး။မြန်မာပြည်ကို အုပ်ချုပ်နေတဲ့သူတွေ။မြန်မာလူမျိုးအစစ်တွေမှ ဟုတ်ရဲ့လား။သူတို့ မအုပ်ချုပ်သင့်တော့ဘူး။

harrison said...

ဒါဆိုဗမာတွေလဲ တရုပ်ကုလားနိုင်ငံတွေမှာ အလုပ်မလုပ်ကြပါနဲလား အကြံပြု ကြည်တာပါ

harrison said...

ဗမာတွေလဲတရုပ်ပြည်နဲ ကုလားပြည်မှာ သွာပြီအလုပ်မလုပ်ကြပါနဲလား အကြံပြုကြတာပါ.......

harrison said...

TATA ကားတွေလဲဗမာပြည်ကိုမသွင်ခိုင်နဲတော့ ဘာလုပ်မှာလဲကုလားကားတွေ တရုပ်ကားတွေ တိုဗမာရဲ ထော်လာဂျီဘဲစီးတော့

Good Happy said...

ကြက်တိန်ကျေးရွာက.ရွာသူရွာသားများကိုလေးစာပါတယ်
အဲဓီလိုမျိုးကုလားတွေကို ဒီလိုပုံစံမျိုးနဲ့များများစော်ပေးသင့်တယ်
ရခိုင်ပြည်နယ်ကပြည်သူ့ရဲတွေကလဲ..ကြက်တိန်ကျေးရွာသားများ
လုပ်ရက်တွေကို. ကူညီသင့်တယ်လို့..ထင်တယ်ဘာဖြစ်လို့လဲဆိုတော့
ကုလားတွေကို.မြန်မာရေပိုင်နက် 200တောင်ပေးလိုက်ရပြီလေ
နောက်ထပ် အမျိုးဘာသာ..သာသနာကိုတော့အပေးမခံသင့်တော့ဘူးလို့
ကျွန်တော်ထင်ပါတယ်.. ဒါဟာ ပထမဆုံးသောခြေလှမ်းပါပဲ ဒီလို့မှ
မလုပ်ရင်ကုလားတွေ ကရခိုင်ပြည်မှာရှိတဲ့ရေမြေတောတောင်နဲ့ လူမျိုး
တွေကို. တစ်စ တစ်စ ဝါးမြိုချင်းခံရတော့မှာ တရုတ်တုန်းကလဲ ဝါးမျိုးလိုက်တာ ရှမ်းပြည် တဝက်တောင်ပါတော့မယ် အားပေးပါတယ်
ရခိုင်လူမျိုးတွေကို ရခိုင်လူမျိုးဆိုတာဗာမာတွေထက်သွေးစည်းနေရမှာ
ဆိုးရိုးစကားတောင်ရှိတယ်လေ ဘာတဲ့ (နွားကွဲရင် ကျားဆွဲမယ်)ဆိုလား

Powered by Blogger.