တိုင်ရီ အလုပ်သမားတွေ တောင်းဆိုချက်ရပြီ
တိုင်ရီအလုပ်သမားတွေ အယူခံရုံးမှာ လျှောက်ထားတဲ့အတိုင်း သူဌေးက ခွင့်ပြု
- မတ်လ ၁ ရက်နေ့က တိုင်းအယူခံရုံးကို တက်တယ်။
- မတ်လ ၅ ရက်နေ့က မြို့နယ်ဝါဏိဇ္ဇရုံးက ၁ နာရီလျှင် (၁၂၀) ကျပ် ချမှတ်တယ်။
- လုပ်ခလစာ တိုးတဲ့အတွက် အချိန်ပိုကြေး ၁ နာရီကို (၂၆၁) ကျပ် ရတယ်။
- ဒါပေမယ့် စက်ရုံမှာ အချိန်ပိုဆင်းရက် ၁ လမှာ ၁၀ ရက်ပဲ ရှိတယ်။
- အချိန်ပိုအလုပ်ကို မှီခိုနေရတဲ့ အလုပ်သမားအများစု အဆင်မပြေကြဘူး။
- ဒါကြောင့် အချိန်ပိုအလုပ်ချိန် (၁၈) ရက် ထားရှိပြီး
တိုးမြှင့်သတ်မှတ်ပေးဖို့ တိုင်းဝါဏိဇ္ဇအယူခံရုံးကို အလုပ်သမားရှေ့နေတွေနဲ့
အလုပ်သမားဥပဒေအတိုင်ပင်ခံ ဦးဖိုးဖြူ တို့က မတ်လ (၁၄) ရက်နေ့တွင်
လျှောက်ထားကြတယ်။
- ၂၈ ရက်နေ့အထိ ဆုံးဖြတ်ချက် မပေးဘူး။ အလုပ်သမားဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအသစ် ပြဋ္ဌာန်းမှာမို့လို့ မဆုံးဖြတ်တော့ဘူးလို့ အကြောင်းပြန်တယ်။
- မတ်လ ၂၉ ရက်နေ့နှင့် ယနေ့ ၃၀ ရက်နေ့မှာ အလုပ်သမားပေါင်း (၁၃၁၁) ဦး ဆန္ဒပြကြတယ်။
- အလုပ်သမား (၅) ဦး လုံထိန်းရိုက်တာ ခံရတယ်။
- ယနေ့ညနေမှာတော့ အယူခံရုံးမှာ အလုပ်သမားတွေ တောင်းထားတဲ့အတိုင်း ခွင့်ပြုလိုက်တယ်။
- သူဌေးက (၁) နာရီလုပ်ခ (၁၂၀) ကျပ်၊ ရက်မှန်ကြေး (၇၀၀၀) ကျပ် နှင့် အချိန်ပိုဆင်းရက် (၁၈) ရက် သတ်မှတ်ပေးလိုက်တယ်။
- အလုပ်သမားတွေအားလုံး ပျော်နေကြပြီ။
- နည်းပါးတဲ့ လုပ်ခလစာဖြစ်ပေမယ့် နည်းနည်းချင်းစီလောက်ပဲ တိုးမြှင့်ရရှိတယ်။
- အလုပ်သမားဝန်ကြီးဌာနက ဥပဒေလက်တစ်လုံးခြားလုပ်တာ သိချင်ရင် ဆက်သွယ်ပါ။
ဦးဖိုးဖြူ
ဥပဒေအတိုင်ပင်ခံ
ဖုန်း - ၀၉-၇၃၀၀၀၄၄၁၊ ၃၈၉၂၉၆
တိုင်ရီ အလုပ်သမားတွေ တောင်းဆိုချက်ရပြီ
Reviewed by သစ်ထူးလွင်
on
19:45
Rating: 5
17 comments:
အလုပ်သမားရုံးမထားသင့်တော့ဘူး။ပြန်အသစ်ဖွဲ့ဘို့ကောင်းနေဘီ
လေးစားပါတယ် ကိုဖိုးဖြူ
မြန်မာအလုပ်သမားတွေအတွက် ဝမ်းသာစရာ သတင်းကောင်းတခုဖြစ်တယ်။စိတ်ချမ်းသာစရာဘဲ။နိုင်ငံခြားသားပိုင်ရှင်တောင်နားလည်မှု့ပေးနိုင်တယ်။ကိုယ့်လူကြီးတွေက ကိုယ့်ပြည်သားမျက်နှာ မထောက်ဘူး။ရင်နာချက်
ဒါမှ ဒို့ဖိုးဖြူကွ.. လုံးဝ လုံးဝ ကျေနပ်ပျော်ရွှင်တယ်။ ဒါမှတိုင်ရီအလုပ်သမားသူရဲကောင်းတွေကို.. အားလုံးနည်းနာယူသင့်တယ်။ သူတို့တွေ အလုပ်သမားအားလုံးရဲ့ စံပြတွေပါ.. ခြောက်လို့လဲ မရွေ့ ဟောက်ပြန်လဲ နောက် မပြန်.. ဇွဲမာန် သတ္တိအပြည့်နဲ့ အောင်ပွဲခံ..
ရရင် ရ၊ မရရင် ချမယ် အဲဒါဗိုလ်ချုပ်ပြောတဲ့ ဗမာ့သွေး ဗမာ့သတ္တိဘဲ။ နောက်လဲ လုပ်စရာတွေ အများကြီးရှိသေးတယ်.. ဆက်လုပ်ကြမှာဘဲ.. ကိုယ့်ရှူးကို ပတ်မှာကြောက်ရင် တကိုယ်ကောင်းဆန်တဲ့ စနစ်ဟောင်းကို တွယ်ကပ်မနေနဲ့...။
ကိုဖိုးဖြူကိုလေးစားတယ်ဗျာ
ငအောင်ကြည်ဆိုတဲ့ဘိုချုပ်ဟောင်းမင်းကအလုပ်သမားဘက်ကလားအလုပ်ရှင်
ဘက်ကလား. ကိုဖိုးဖြူခင်ဗျားကိုတော့ ဇ ပြင်းတဲ့အလုပ်သမားဘက်တော်
သားပဲဗျ..လေးစားတယ်ဗျာ..လေးစားတယ်..
ဦးဆောင်မှုပေးခဲ့တဲ့ ကိုဖိုးဖြူ ဂုဏ်ယူတယ် ကျေးဇူးတင်တယ်
လုံထိန်းက ဘာလို့ရိုက်ရတာလဲ .....
Ko Poe PHu
Thank you very much as your doing good
ဂုဏ်ယူပါတယ် ဒကာတော် ကိုဖိုးဖြူ
ကိုဖိုးဖြူ အတွက်ဂုဏ်ယူပါတယ်....
ဒီသတင်းကြားသိရတာ ၀မ်းသာတယ်
အားလုံး အဆင်ပြေနိုင်ကြပါစေ
မြို့နယ်ဝါဏိဇ္ဇရုံးကေ-ာက်သုံး မကျတဲ့အဖွဲ့ပဲ မြန်မြန် ဖျက်သိမ်းခိုင်းလိုက်ရင်ကောင်းမယ် ထင်တယ်။
ကိုဖိုးဖြူနှင့် တိုင်ရီ အလုပ်သမားများကို လေးစားပါတယ်ခင်ဗျာ...ဒါဟာကျနော်တို့ရဲ့ မိုင်ထောင်ချီခရီးအတွက် အစပျိုးတဲ့ခြေလှမ်းပါ...
ကိုဖိုးဖြူ... လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ် ကျေးဇူးတင်ပါတယ်..
အလုပ်သမားတွေကိုစီးပွားရေးသမားCronyတွေကမတရားခေါင်းပုံဖြတ်၊လည်ပင်းညစ်နေတာတွေကိုအစိုးရတို့UMFCCIတို့ကလဲဘာမှတားမြစ်မပေးဘူး၊ဒီအတိုင်းဆိုမကြာခင်အလုပ်သမားသပိတ်တွေလာတော့မယ်။
ဝမ်းသာစရာသတင်းကောင်းပါပဲ။
တိုက်ပွဲငယ်လေးတစ်ခုကိုအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါပြီ။ဦးဆောင်
ခဲ့သောကိုဖိုးဖြူနှင့်တိုက်ပွဲဝင်ခဲ့သောတိုင်ရီအလုပ်သမားများအား
လုံးကိုဂုဏ်ယူလေးစားပါတယ်။ရှေ့ဆက်ပြီးမြန်မာ့နိုင်ငံရေးတော်လှန်ရေးတိုက်
ပွဲကြီးမှာပါအောင်မြင်ပါစေ။
Post a Comment