မလေးရှားအမျိုးသမီး သရုပ်ဆောင် မီရှဲယို ပြင်သစ်ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရ

The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သော မီရှဲယို
မလေးရှား အမျိုးသမီးသရုပ်ဆောင် မီရှဲယိုသည် ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

ပါရီမြို့တွင် မတ်လ ၁၄ ရက် ကပြုလုပ်ခဲ့သောအခမ်းအနား၌ ပြင် သစ်သမ္မတ နီကိုလတ်ဆာကော်ဇီက မီရှဲယိုကို Legion of Honour ဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ပါရီမြို့ရှိ Elysee သမ္မတနန်းတော်တွင် ပြုလုပ်သော ယင်းအခမ်းအနားသို့ ပြင်သစ်သမ္မတကတော် ကာလာဘရူနီ၊ သမ္မတဟောင်း ဂျက်ရှီယက်၏ ဇနီးဘာနန်ဒက်တီရှီယက်အပါအ၀င် ပြင်သစ်ဆိုင်ရာ မလေးရှားသံအမတ်ကြီး အဗ္ဗဒူအဇက်ဇိုင်နယ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကမ္ဘာတစ်ဝန်းရှိ အနုပညာနှင့်ဖျော်ဖြေရေးနယ်ပယ်မှ ၁၁ ဦးကို ဆာကော်ဇီက Legion of  Honour နှင့် The Order of Merit ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆုရရှိသူများထဲတွင် မီရှဲယိုအပါအ၀င် ပြင်သစ်တေးရေးဆရာ Jean- Michel Barre နှင့် ဒီဇိုင်းပညာရှင် Jean-Claude Jitrois တို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ပြင်သစ်၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု Legion of Honour ဆုကို ပြင်သစ် ပထမသမ္မတနိုင်ငံ ထူထောင်ခဲ့သော နပိုလီယန်ဘိုနာပတ်က ၁၈၀၂ ခုနှစ်၊ မေလ ၁၉ ရက်တွင် စတင် ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၁၈၀၄ ခု နှစ်၊ ဇူလိုင်လ ၁၄ ရက်တွင် စတင် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ အရပ်ဘက်နှင့် စစ်ဘက်တွင် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော အမျိုးသား၊ အမျိုးသမီး မရွေး၊ ပြင်သစ်နိုင်ငံသား သို့မဟုတ် ပြည်ပနိုင်ငံသားများကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အမျိုးအစား ငါးမျိုး ခွဲခြားထားကြောင်း သိရသည်။

Commandeur of the Légion d'Honneur ဘွဲ့ကို မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရရှိထားသည်။

The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့သော မီရှဲယိုမှာ Legion of  Honour ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။

EMG
မလေးရှားအမျိုးသမီး သရုပ်ဆောင် မီရှဲယို ပြင်သစ်ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရ မလေးရှားအမျိုးသမီး သရုပ်ဆောင် မီရှဲယို ပြင်သစ်ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရ Reviewed by သစ်ထူးလွင် on 09:00 Rating: 5

13 comments:

myayeethway said...

မီရှဲယို အတွက်ဂုဏ်ယူပါတယ်။လေးစားပါတယ်။သူ တော်တော်ကြိုးစားထားတာကို တွေ့ရပါတယ်။

Unknown said...

Congats..Michealle,,,,,,!

Neo said...

ဇာတ်ညွှန်းကို ဘဝင်မကျ၊ ရိုက်ပေါက်ဖြစ်နေသော်လည်း သရုပ်ဆောင်များ အထူးကြိုးစား သရုပ်ဆောင်သွားကြောင်း ငြင်းစရာမရှိပါ။ မစ်ရှဲယိုးအတွက် ဂုဏ်ယူပါတယ်။ အတော်ကြိုးစားထားကြောင်း သိသာပါတယ်။

tz said...

Congrats!

iitcm said...

Congratulation! but it's not perfect yet as I think, maybe she is not burmese woman, maybe if her place is burmese woman, it's more nice to watch that movie. Have a good day.

tharzaw said...

မျက်နှာက အမေစုလောက် ကျက်သရေမရှိပေမယ့် အတော်လေးတူအောင်
ပြင်ဆင်ထားတယ်။
ဗမာစကား မပီကလာပြောတာလည်း သဘောကျစရာကာင်းပါတယ်။
ဆုရတဲ့အတွက်လည်း ၀မ်းသာမိပါရဲ့။

Anonymous said...

ဂုဏ်ယူပါတယ်ဗျာ။ မြန်မာစကားကို အဲ့ဇာတ်ကားထဲမှာ ကြိုးစားပြီးပြောထားတယ် ။ အဲ့ဇာတ်ကားလေး ကြည့်ရတာလဲ ကောင်းပါတယ်ဗျာ

datha said...

အထူးသတင်း
28.3.2012 နေ့တွင် အမေစု မကွေးလာမည်
မကွေးသားတွေ ၀မ်းသာတော့

MyintOo said...

မစ်ရှဲယိုးအတွက် ဂုဏ်ယူပါတယ်။

tkm said...

တကယ်လားမကွေးလာမှာ..ရွာကလူတွေပြောလိုက်အုံးမယ်
သေချာတယ်နော်..မညာနဲ့

Tony said...

ွှ့The Lady ဇာတ်လမ်းက တကယ်ကို ကောင်းပါတယ်.. မီရှဲယိုး သရုပ်ဆောင်သွားတာလည်း တကယ်ကို ပီပြင်ပါတယ်..မစ်ရှဲယိုးအတွက် ဂုဏ်ယူပါတယ်ဗျာ..

Ag Thu said...

Congratulations! Michelle Yeoh

အရှိအတိုင်း said...

The Lady ကိုကြည့်ချင်ပါတယ်...ဘယ်မှာရှာရမလဲ...သိရင်ပြောပြပေးကြပါဦး

Powered by Blogger.