သတင်းသမားများ၏ လွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရ

မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

ယုံကြည်အပ်နှံ အလွဲသုံးစားမှု ပုဒ်မ ၄၀၆ ဖြင့်စွဲဆိုခံရသည့် အမှုတစ်မှုနှင့် ပတ်သက်၍ စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့) တွင် ခေါ်ယူစစ်ဆေးခံနေရစဉ် မိန်းကလေး တဦး သေဆုံးသွားသည့် ကိစ္စကို သတင်းသွားရောက်စုံစမ်းစဉ် စသုံးလုံး ၀န်ထမ်းများက သတင်းထောက်အား ယခုအမှုကို ဆက်လက်စုံစမ်းပါက ညီလေး အန္တရာယ် ရှိသည်ဟု ခြိမ်းခြောက်ခံနေရသည်။

သေဆုံးသူ မိန်းကလေး၏ မိသားစုဝင်များအနေဖြင့် ရုတ်တရက် သေဆုံးရသည့်အကြောင်းအရင်း သိရှိလိုသဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ သွားရောက်ခဲ့သည်။

ထိုသို့သွားရောက်နေစဉ် သတင်းထောက်က မိသားစုဝင်များနှင့် မေးမြန်းရန် ကြိုးစားသည့် သတင်းထောက်ကို စသုံးလုံး ၀န်ထမ်းများက ခြိမ်းခြောက်ခြင်း ဖြစ်သည်။

ယခုကိစ္စလို လူတယောက် အသက်ဆုံးရှုံးသွားရသည့် အဖြစ်ကို မိသားစုဝင်များ အနေဖြင့် အဖြစ်မှန်အတိုင်း သိရှိလိုမည်ဖြစ်ပါသည်။ ထိုသို့ သောကိစ္စတွင် သတင်းမီဒီယာက တနည်းတလမ်းဖြင့် အမှန်တရား ပေါ်ထွက်လာအောင် မီးမောင်းထိုးပြပေးရန် တာဝန်ရှိသည်ဟု ယူဆပါသည်။

နိုင်ငံတော် လျို့ဝှက်ချက် မဟုတ်သော၊ တိုင်းပြည်လုံးခြုံရေး နှင့် မပတ်သက်သည့် သတင်း အချက်အလက်များကို သတင်းမီဒီယာမှ ရှာဖွေဖေါ်ထုတ်ခွင့် ရှိသည်ဟု ယုံကြည်ပါသည်။

သမ္မတ ဦးသိန်းစိန်က စနစ်ပြောင်း၍ ခေတ်ပြောင်းနေပြီဟု မိန့်ခွန်းထဲတွင် မကြာခဏ အလေးပေးပြောဆိုနေချိန် ၊ ပွင့်လင်းမြင်သာမှုရှိဖို့ တာဝန်ယူမှုရှိဖို့ ပြောဆိုထားချိန်၊ စတုတ္ထမဏ္ဍိုင်သည် လည်း တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် အရေးပါသည့် ထောင့်တထောင့်မှ လုပ်ဆောင်လျှက်ရှိနေချိန်တွင် ယခင်ထောက်လှမ်းရေး ကြီးစိုးသည့် ခေတ်ကဲ့သို့ ခြိမ်းခြောက်ခြင်းမျိုးသည် သတင်းမီဒီယာ အား အင်အားချည့်နဲ့အောင် လုပ်ဆောင်သကဲ့သို့ ရှိပါသည်။

စတုတ္ထမဏ္ဍိုင် အားကောင်းစေရန် ယခုကိစ္စလို ကိစ္စတွင် မီဒီယာ အားလုံး ၀ိုင်းဝန်းရပ်တည်ရန် လိုအပ်သည်ဟု YPI အနေဖြင့် ယုံကြည်ပါသည်။
သတင်းသမားများ၏ လွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရ သတင်းသမားများ၏ လွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရ Reviewed by သစ်ထူးလွင် on 14:59 Rating: 5

9 comments:

Ko Htet said...

အောင်မလေးဗျာ-----
မြန်မာပြည်မှာဒီလောက်စစ်ဆေးရေး ကောင်းတဲ့ ဌာန ရှိနေရင် လည်း မြန်မာပြည်ရဲ့ သူခိုး၊ သူတောင်းစား၊ ဓါးပြ တွေမျိုးရိုးနဲ့ ချီပြီး ရှိနေတာ စစ်ပါလားဗျ။
ခုတော့ Clean Government ကြီးဆိုတာ မယုံ ရေးချ မယုံ-----
ပြီးတော့ လည်း သတင်းလွတ်လပ်ခွင့်ပေးတယ်ဆို တာ ဘယ်ဆောက်ရူး ပါးစပ် ကပြောထားတာလဲ။

Anonymous said...

ဒီစသုံးလုံးဆိုတဲ့ ..ငနဲတွေက..ခြောက်စား..ဟောက်စားတွေဘာမှအေ၇းပါတာတွေမဟုတ်ဘူး..တမတ်ဘိုးလောက်၇တဲ့ ..အာဏာကို..နှစ်ကျပ်ဘိုးလောက်ချိန်းခြောက်နေကြတာ..တိုင်းပြည်အတွက်တော့ လူပိုတွေဘဲ..တ၇ားဥပဒေစိုးမိုးမှုမရှိလေ..ဒင်းတို့ ကြိုက်လေ...

supergunner said...

မီဒီယာတွေညီညွတ်စို့ ........

Anonymous said...

စိတ်ပျက်ဖို့ ကောင်းလိုက်တာ . . . ၂၀၁၅ မြန်မြန်ရောက်ပြီး လက်ရှိ အစိုးရအုပ်ချုပ်မှု တစ်ဖွဲ့ လုံး မြန်မြန်လူလဲ ပါတော့ . . . ဒါမှ တိုင်းပြည်ပြောင်းလဲမယ် . . . အခုထိတော့ ပြောင်းလဲပြီဆိုတာ ယုံနိုင်စရာ တစ်ကွက်မှ မရှိဘူး . .

Aung Soe Oo said...

ကျွန်တော်တို့တိုင်းပြည်ဟာတနေ့ထက်တနေ့ပိုပြီးပျက်ဆီးလာနေပြီဗျာ

ကျော်ထိုက် said...

မီဒီယာ အခန်းကဏ မှာ အလွန်းအရေးကြီးပါသည်...ဒါကို လျှော့ ပေးပါက နောင် ဆို အလားတူမျိုး မြောက်မြားစွာ ခြိမ်းခြောက်ခံ ၇နိုင်ပါသည်....ခုကတည်းက ညီညွတ်ပြီး ဒီလိုမျိုးနောင် မဖြစ်အောင် တော်လှန်ကြပါစို့......ရဲရင့်သူသည် အလှနတ်သမီး ကို ရသည်....လို့ဆိုတဲ့ စကားအတိုင်းပေါ့.............

Myanmar said...

စိမ်းလဲ့ကန်သာ ၇န်ကုန်မြို့လည်ခေါင် လူသတ်မှုကို ဖော်ထုတ်ပေးပါ။ ဒီမိန်းကလေး ဘာကြောင့် သေဆုံးသွား၇တာလဲဖော်ထုတ်ပေးပါ။ အပြစ်၇ှိသူကို အကာကွယ်မပေးကြပါနဲ့။ အပြစ်၇ှိသူကို အပြစ်ပေးနိုင်၇မယ်။

iban said...

အုပ်ချုပ်ရေးမဏ္ဍိုင်
တရားစီရင်ရေးမဏ္ဍိုင်
ဥပဒေပြုရေးမဏ္ဍိုင်.. ဆိုပြီး အဓိကမဏ္ဍိုင်ကြီးသုံးရပ်ရဲ့ လုပ်ရပ်တွေကို အပြန်အလှန်ထိန်းကျောင်းနိုင်ဖို့ ပြည်သူလူထုကို သက်သေအရာမှာထား ပြည်သူလူထုရဲ့ သဘောထားတွေကို ပြန်လည်သုံးသပ်ပြီး လိုအပ်တာတွေကို.. ပြန်လည်ပြင်ဆင်နိုင်ဖို့.. ကြားခံအဖြစ် သတင်းမီဒီယာက ဆောင်ရွက်ရတယ်။
ဒါကြောင့် ပြည်သူနဲ့ အုပ်ချုပ်သူ အကြား၊ ပြည်သူနဲ့ လွှတ်တော်အကြား လွှတ်တော်နဲ့ အစိုးရကြား.. စသဖြင့် သတင်းအချက်အလက်တွေ အပြန်အလှန် ဖြန့်ဝေနိုင်ရေးအတွက် သတင်းမီဒီရာကို စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်တယ်။
စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို မျက်ကွယ်ပြုခြင်းဟာ လက်ရှိ နိုင်ငံတော်ကချမှတ်ထားတဲ့ လမ်းစဉ်၊ မူဝါဒနဲ့ သွေဖီနေတယ်ဆိုတာ သတိပြုသင့်တယ်။

mnaing said...

စုံစမ်းသူ ညီလေး ကြုံရမယ့် အန္တရာယ် က ညီမလေး နန်းဝိုးဖန် ကြုံခဲ့ရတဲ့ အန္တရာယ် နဲ့ Source တစ်ခုတည်းဘဲလား။
စစစ ၀န်ထမ်းများအားလုံး တစ်ကြိတ်တည်း တစ်ဥာဏ်တည်းဘဲလား။ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက် တွေ ??????????????

Powered by Blogger.