လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကြောင့် စခန်းသစ်ရွာမှ ပြန်လည်ထွက်ခွါလာ
မတ်လ(၂၄)ရက်နေ့ ၂၀၁၂
ယခုနောက်ဆုံးသတင်းရရှိသည့်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး
အခြေအနေကြောင့် ကျွန်းစုမြို့ နယ် စခန်းသစ်ရွာမှာ ပြန်လည်ထွက်ခွါလာပြီဟု သိရှိရပါသည်။
ရေကြောင်းခရီးဖြင့်သွားရောက်ရတဲ့ ခရီးစဉ်မှာ လှိုင်းမူးတဲ့ဒဏ်ကြောင့်လို့ သိရပါသည်။
ရှေ့ ဆက်သွားရမည့် အစီအစဉ်အရ ကံ့မော်ရွာကို သွားရောက်နိုင်တော့မည်
မဟုတ်ကြောင်း၊ယခုနောက်ဆုံးသတင်း
ရရှိသည်မှာ စခန်းသစ်ရွာမှာ မြိတ်မြို့ သို့
ပြန်လည်ထွက်ခွာလာပြီးဖြစ်ကြောင်း၊ခန့် မှန့် ခြေအရ ည ၆နာရီ(သို့မဟုတ်)
ဟုသိရပါသည်။
 Myanmar News Now
ဓါတ်ပုံ ( Super - Facebook)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကြောင့် စခန်းသစ်ရွာမှ ပြန်လည်ထွက်ခွါလာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေကြောင့် စခန်းသစ်ရွာမှ ပြန်လည်ထွက်ခွါလာ Reviewed by သစ်ထူးလွင် on 17:50 Rating: 5
25 comments:
Moe Moe said...
အမေ နားပါတော့၊
အားလုံးနားလည်ပါတယ်..
အမေ ကျမ်းမာဖို့ကအဓိကပါ..
အတာ said...
အမေစု ကျန်းမာပါစေဗျာ ... ခရီးစဉ်တွေကြောင့်လည်း အမေစု နွမ်းလျနေလှပါပြီ ... သွားခဲ့တိုင်းလည်း ဖိန့်ဖိန့်တုန်အောင် အောင်မြင်မှုရခဲ့ပါတယ် .. ကျနော်တို့တိုင်းပြည် ရှေ့အနာဂတ်အတွက် အမေစုရှိနေမှ ဖြစ်မယ် .. ကျန်းမာရေးကို ဂရုစိုက်ပါ အမေစုရေ ..အမေစုကို ခိုင်းဖို့ ဆုတောင်းပေးတာ မဟုတ်ပါဘူး .. အားကိုးတာပါ အမေစုခင်ဗျာ ...။
Anonymous said...
အမေ...တာဝန်တွေကျေတာများနေပြီ..စိတ်ချအမေ သားတို့အလုပ်တွေနဲ့သက်သေပြမယ်..ခဏလေးဖြစ်ဖြစ်နားပါ အမေရယ်.....
ကျော်ထိုက် said...
မမိုးမိုး ပြောသလို ပဲ အမေ နားပါတော့ ခဏလောက်...နောက် လုပ်ဖို့တွေ အများကြီး ရှိပါသေးတယ် အမေ ရယ်......
Anonymous said...
ရေကြောင်းခရီးဆိုလို့ သတိရမိတယ်..
ဗိုလ်ချုပ်က ကလေးဘ၀ကတည်းက အားကစားခုန်ကစားတွေမှာ အချိန်ကုန်ခံတာမျိုးတွေ အထုံဝါသနာ နည်းခဲတော့.. ရေမကူးတတ်ဘူး၊ စက်ဘီးမစီးတတ်ဘူး။ တခါတော့ ပါတီစည်းရုံးရေးအတွက် ပင်လယ်ကမ်းရိုးတန်း ခရီးတစ်ခုကို ရေလမ်းနဲ့ သွားရတယ်။ ဗိုလ်ချုပ် ရေမကူးတတ်တော့ ရေကြောက်နေမှာစိုးလို့၊ လှိုင်းမူးပြီး ရည်ရွယ်တဲ့နေရာရောက်ရင် လုပ်စရာတွေ မလုပ်နိုင်မှာစိုးလို့ သူ့အပါးတော်မြဲ ဗိုလ်ထွန်းလှက စက်လှေပေါ်မှာ ခြင်ထောင်ထောင်ပြီး ဗိုလ်ချုပ်ကို အိပ်ပြီးလိုက်ခိုင်းခဲ့တယ်။ ဗိုလ်ချုပ်ကလည်း မငြင်းဆန်ပဲ စက်လှေပေါ်မှာ အိပ်ပြီးလိုက်ခဲ့တာလေး ဖတ်ဖူးတာ သတိရမိတယ်။ မြေလတ်ပိုင်းဒေသတစ်ခုကို စည်းရုံးရေး ဆင်းတော့လည်း အဲဒီခရီးက စက်ဘီးစီဲးပြီးသွားမှ အစဉ်ပြေမှာမို့ ဒေသခံတွေက ဗိုလ်ချုပ်နဲ့ အဖွဲ့အတွက် စက်ဘီးတစ်စီးစီ စီစဉ်ပေးတယ်။ အဲဒီအချိန် ဗိုလ်ချုပ်လည်း သူ့စီရောက်လာတဲ့ စက်ဘီးကို လက်တစ်ဖက်ကကိုင်ရင်း ယောင်နနနဲ့ ရှက်ပြုံးပြုံးပြီး ကျုပ်..စက်ဘီးမစီးတတ်ဘူးဗျ လို့ပြောတော့မှ သူ့အပါးတော်မြဲက သတိရ အနောက်ကထိုင်ခိုင်းပြီး ခရီးကိုဆက်ခဲ့ရတယ်။ တကယ်ကို လူသားဆန်လွန်းတဲ့ ချစ်စရာကောင်းတဲ့ ဗိုလ်ချုပ်ပါ..ထူးခြားတဲ့ ဗိုလ်ချုပ်ပါ။ ဗိုလ်ချုပ်ဟာ တိုင်းပြည်အတွက် ဘယ်လောက်ပဲစေတနာရှိရှိ အပင်ပမ်းခံနိုင်နိုင် စက်ရုပ်မဟုတ်တဲ့ လူသားတစ်ယောက်ပါ။ လူသားဆန်စွာ ရေကြောက်တာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ နေမကောင်းလည်း ဖြစ်နိုင်ပါတယ်။ စိတ်ခံစားမှုလည်း ရှိပါတယ်။ ၀မ်နည်းတတ်ပါတယ်။ ၀မ်းသာတတ်ပါတယ်။ ချစ်တတ်ပါတယ်။ မုန်းတတ်ပါတယ်။ ငိုကြွေးတတ်ပါတယ်။ ကြုံးဝါးတတ်ပါတယ်။
အဲဒီတုန်းက ဗိုလ်ချုပ်က အသက်(၃၀)၀န်းကျင် ကျန်းမာသန်စွမ်းမှုက အင်အားအကောင်းဆုံးအရွယ်ပါ။
အခု အမေစုက အသက်(၆၀)ကျော်ပြီ၊ ဒီလောက်အပင်ပမ်းခံနိုင်တာ.. တိုင်းပြည်နဲ့ လူထုအပေါ် ထားတဲ့စေတနာက ဦးစီးနေလို့ပါ။ ဆန္ဒက အဓိပတိ တက်နေလို့ပါ။ အမေစု အနီးမှာရှိနေသူတွေအနေနဲ့ အသက်အရွယ်နဲ့ ပင်ပမ်းမှုဒဏ်၊ ကျန်းမာရေးကို အတည့်အတိုင်း သမာသမတ်ကျစွာ မြင်ပြီး အမေစုကို စိတ်ဆောင်တဲ့အတိုင်း မနားမနေအလုပ်လုပ်နေရင်း ကျန်းမာရေးကို မငဲ့ကွက်မိတာမျိုးတွေ မဖြစ်သွားအောင် အသေအချာ ထိရောက်စွာ ၀ိုင်းဝန်းသင့်ပါတယ်။ ၀ိုင်းဝန်းကရုစိုက်နေလိမ့်မယ်လို့လည်း နားလည်ပါတယ်။ အခုချိန်ဟာ သိပ်ကို အရေးကြီးတဲ့ အချိန်ဆိုတာ မှန်ပေမယ့် ကျန်းမာရေးကိုလည်း မဖြစ်မနေ အရေးတကြီး ထည့်တွက်သင့်ပါတယ်။ လောဘ၊ ဒေါသတွေနဲတဲ့ အမေဟာ တိုင်းပြည်အတွက် အလုပ်တွေ အများကြီးလုပ်နိုင်လောက်အောင် ကျန်းမာရေးဒေါင်ဒေါင်မည် ကောင်းတယ်ဆိုတာ လူထုက သိကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကောင်းကောင်းပါ ကျွန်တော်တို့ စိတ်ပူပါတယ်။ အသက် (၆၀)တန်းဟာ အသိဥာဏ်နဲ့ ဆင်ခြင်ပိုင်းခြားမှုမှာ ထိပ်ဆုံး၊ အကောင်းဆုံးအသက်အရွယ်ဆိုပေမယ့် ကျန်းမာရေးက ဆုတ်ယုတ်အားနည်းတဲ့ သဘာဝ ရှိတတ်ပါတယ်။ အမေစုရဲ့ ရုပ်ပိုင်းဆိုင်ရာ အစွမ်းအစတွေရဲ့ လူထုအပေါ် သက်ရောက်မှုအားကို လျော့နည်းမှုမရှိစေဘဲ လူပင်ပမ်းမှုသက်သာစေတဲ့ နည်းလမ်းတွေ ကြံဆ တည်ထွင်ပေးကြပါ။ ဥပမာ။ ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာတွေကို အသုံးချပြီး ဝေးလံခေါင်သီတဲ့အရပ်ဒေသတွေအထိ ရုပ်ရော၊ အသံပါ တိုက်ရိုက်ထုတ်လွှင့် စည်းရုံးနိုင်ပါတယ်။ လူထုနဲ့လည်း အပြန်အလှန် ပြောဆိုလို့ ရနိုင်ပါတယ်။ ပိတ်ကားတွေကို နေရာအနှံ့ထောင်ပြီး ဖျော်ဖြေရေးအစီအစဉ်တွေ ကြားညှပ်ပြီး လုပ်ရင်လူထုအတွက် အပမ်းလည်းပြေ၊ စိတ်ကျေနပ်မှုလည်းရ လိုရင်းလည်းရောက်နိုင်ပါတယ်။ ၂၀၁၅ အတွက် ကြိုတင် ပြင်ဆင်ထားရမှာပါ။
ခရီးတွေ အရှိန်အဟုန်နဲ့ အများကြီး ဆက်ရဦးမှာပါ။ အမေစုဟာ စက်ရုပ်မဟုတ်တဲ့ လူသားတစ်ယောက်ပါ။
ပုဂံစစ်သည် said...
အမှန်အတိုင်းဖြစ်မယ်ဆိုရင်တော့ အမေစုပါတီအပြတ်အသတ်နိုင်မှာ သေချာတယ်။ ခက်တာကမထင် လုံးဝကိုမထင်၊ ဒီကောင်တွေတစ်နည်းနည်းနဲ့ညစ်ပြီး အနိုင်ယူမှာတော့ အသေအချာပဲ။ အမေစုလှိုင်းမူးတယ်ဆိုမှ ဗိုလ်ချုပ်ကိုပြေးသတိရတယ်၊ ဗိုလ်ချုပ်လဲ ရေလမ်းခရီးမူးတတ်တယ် ကြားဘူးတယ်၊ အဖေတူသမီးပဲ၊ ပြည်သူအတွက် ဒီလောက်လုပ်နေတာကို အားလုံးနားလည်ပါတယ်၊ အမေစုအားလေးတွေမွေးဖို့ လိုသေးတယ်နော်၊ ပြိုင်ဘက်က ငရဲသားတွေထက် မိုက်တယ်ဆိုတာလဲ ထည့်စဉ်းစားစေချင်တယ်။
kyaw tun naing said...
အမေ...လိုက်မစည်းရုံးလဲ ပြည်သူတွေကထောက်ခံအားပေးနေပါတယ်...
ကျမ်းမာပါစေလို့ဆုတောင်းနေပါတယ်...
feels said...
အသက်ငယ်ငယ်လူတွေတောင် ..အမေ ခရီးသွားပုံမျိုး သိပ်ခံနိုင်မှာမဟုတ်ဘုး
အမေ နားပါအုံးဗျာ .. အမေကိုယ်စား လွှတ်လိုက်ပါတယ်ဆိုရင် အားလုံးကျေနပ်ပါတယ်..
Unknown said...
အမေပင်ပန်းလွန်းပါတယ်။ဒါပေမဲ့ သမီး တို နောင်ရေးခိုင်မာသွားဖို့ အတွက်ဂုဏ်ယူပါတယ်အမေရယ်။
One & Only said...
ရွေးကောက်ပွဲလဲ နီးလာတော့ အနရယ် များပါသည်။ Live စည်းရုံးရေးဆင်းတာတို့ ၊ support လုပ်ပေးကြရန် အကြံပြုပါသည်။ မြန်မာပြည်ရဲ့ နွေရာသီသည် ပူလောင်သည်။
ဖိုးစလုံး said...
အမေ အရမ်းပင်ပန်းနေပြီ...
အမေ ခနလောက်ဖြစ်ဖြစ် နားလိုက်ပါ အမေ...
အမေ့ကို ချစ်တယ် အမေ။
Mplus said...
အမေ..မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်အမေဟာမရှိမဖြစ်လိုအပ်နေတယ် အမေ .ကျန်းမာရေးကိုအသေးအဖွဲလေးကအစဂရုစိုက်ပါအမေရယ် အမေအရမ်းပင်ပန်းနေပြီ..အမြဲကျန်းမာပျော်ရွှင်ပါစေအမေ..
စေလိုရာ said...
အမေတစ်ခုခုဖြစ်သွားရင်ဆိုတဲ့အတွေးတွေဝင်လားတိုင်းရှေ့ဆက်မတွေးရဲဘူးနားပါတော့လားအမေရယ်ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေဒီသုံးမရတဲ့အုပ်ချုပ်မှုထဲကလွတ်မြောက်ဖို့အမေရှိမှဖြစ်မှာအမြန်ဆုံးနေကောင်းနေကောင်းပါစေလို့ပြည်ပအဝေးတစ်နေရာကဆုတောင်းပေးပါတယ်
my mart said...
ဦးသိန်းစိန် အစိုးရ ညစ်ပတ်တယ်
အန်တီစု ကို လေယာဉ်ကွင်းချိန်း နောက်ကျအောင်လုပ်တယ် ၊ သွားရမဲ့ ခရီးစဉ်တွေ ကို နှောင့်နှေးကြန့်ကြာ အောင် လုပ်တယ် ၊ ရေကြောင်းခရီး ဖြင့် သွားရမဲ့ ခရီးစဉ်များသည် ၊ ရေ အတက်အကျ ကိုလိုက်၍ သွားရသော ခရီးဖြစ်သောကြောင့် ၊ ခရီး ကြန့်ကြာအောင် ပြုလုပ်ခြင်းဖြစ်သည် ။ ညကြီးမိုးချုပ် ရေကြောင်းခရီး သွားလာလို့ အဆင်မပြေနိုင်ဘူးဆိုတာသိလို့ ၊တမင်သက်သက် လုပ်တာ ၊ ကျွန်းစု ခရီးစဉ် မသွားရသေးဘူး အချိန် မှီ မြိတ်မြို့ကိုပြန်လာရတယ်
ep said...
ပြည်သူအားလုံးရဲ့ မေတ္တာနဲ့ ဒေါ်စု ကျန်းမာပါစေ ---- ဘေးရန်ကင်းပါစေ ---
မြန်မာ့မြေ said...
မေစု နားပါနေလိုက်ပါဦး ကျွန်တော်တို့နိုင်ငံအတွက် ရတနာ ကြီး ထွန်းလင်းရတာ ပင်ပန်းနေရော့မယ် . ခဏလောက်တော့ ကတ်တီပါထဲမှာ နားပါဦး
မေစု ဆိုတဲ့ ရတနာ ထွန်းလင်းရဦးမှာပါ ဒါ့ကြောင့် ခဏလောက်တော့ နားပါဦး
ပြည်သူတွေက မေစု ကို ချစ်ကြပါတယ်
ကျွန်တော်တောင် အရင် ဗိုလ်ချုပ်သမီး မို့လို့ချစ်တာလို့ထင်ခဲ့မိတယ်
ဒါပေမဲ့ မေစု ဟာ ဘယ်သူ့အကူအညီမှ မပါပဲ နဲ့ ပြည်သူ့အချစ်ကိုရခဲ့ပါတယ်
မြန်မာနိုင်ငံအတွက် အစွမ်းကုန်ထွန်းလင်းတောက်ပဖို့ အခု ခဏနား လိုက်ပါမေစု
my mart said...
ဦးသိန်းစိန် အစိုးရ ညစ်ပတ်တယ်
အန်တီစု ကို လေယာဉ်ကွင်းချိန်း နောက်ကျအောင်လုပ်တယ် ၊ သွားရမဲ့ ခရီးစဉ်တွေ ကို နှောင့်နှေးကြန့်ကြာ အောင် လုပ်တယ် ၊ ရေကြောင်းခရီး ဖြင့် သွားရမဲ့ ခရီးစဉ်များသည် ၊ ရေ အတက်အကျ ကိုလိုက်၍ သွားရသော ခရီးဖြစ်သောကြောင့် ၊ ခရီး ကြန့်ကြာအောင် ပြုလုပ်ခြင်းဖြစ်သည် ။ ညကြီးမိုးချုပ် ရေကြောင်းခရီး သွားလာလို့ အဆင်မပြေနိုင်ဘူးဆိုတာသိလို့ ၊တမင်သက်သက် လုပ်တာ ၊ ကျွန်းစု ခရီးစဉ် မသွားရသေးဘူး အချိန် မှီ မြိတ်မြို့ကိုပြန်လာရတယ်
Sunmoon said...
I love you Amay.
Take care everything.
tkm said...
လေးစားတယ်အမေရယ်...
ခရီးတွေကများတော့အမေပင်ပန်းမှာပေါ့..
မကွေးမှာလဲသွားရအုံးမှာမဟုတ်လား
Unknown said...
အစိုးရကလည်း ညစ်ပတ်နေဆဲပဲ ၊ ပြည်သူတွေကလည်း ကြောက်နေဆဲပဲ ၊ အမေစု ပိုပြီးပင်ပန်းနေရပါပြီ ၊ ပြည်သူတွေအပေါ်ထားတဲ့ မေတ္တာတွေ ၊ တာဝန်ယူမှုတွေက လိုတာထက်တောင် ပိုနေပါပြီအမေ ၊ ကျေးဇူးတင်ပါတယ်အမေ ၊ တိုင်းပြည် နည်းနည်းလေးပဲ တိုးတက်မှုရတယ်ဆိုလဲ အမေရဲ့ ကြိုးစားမှုတွေကို ကျေနပ်ပါတယ်အမေ ၊ အမေရဲ့ လှုပ်ရှားမှုသတင်းတွေ မှတ်ချက်တွေကို ဖတ်ရတိုင်း မျက်ရည်ကျမိသည်အထိ ကြည်နူးမှု ၊ ၀မ်းနည်းမှုတွေ ခံစားရပါတယ် ။
ကျနော်တို့ပြည်သူတွေရဲ့ မျက်ရည်တွေဟာ အမေ့ကိုပို့သတဲ့ မေတ္တာတွေ ဖြစ်ပြီး လူညစ်လူဆိုးတွေအတွက်တော့ ကျိန်စာတွေ ဖြစ်နေမှာပါ ။ ဖြစ်လည်းဖြစ်ပါစေ..
nyo said...
လေဆိပ်မှာအမေ့ကိုတွေ့လိုက်တယ် အားတင်းထားပါအမေ
eint said...
အမေ.ကို ကြည့် ရတာ တဖြည်းဖြည်း ပိုပိန်လာသလိုပဲ...
ဒါပေမဲ့ အမေ.မျက်နှာကတော့ အမြဲ အားမာန်အပြည့်ရှိ နေတယ်..
အမေ.ကိုမြင်ရတာ အားတွေပြည့်လာတယ်...
ပြည်သူတွေကို အားအင်ပေးဖို့ အမေ အားရှိမှဖြစ်မှာ...
ကျန်းမာရေးကိုဂရုစိုက်ပါ အမေ...
change said...
ngaba said is right,
NLD should find another way, Aunty Su should no more travel very far away.
Aunty Su is 67 years old that she should take a rest a few days.She has so many things to do in future and She is only hope for our country.
NLD,do something like ngaba said.
thant said...
အမေ...ဆံပင်လေးတွေတောင် ဖီးပို့အချိန်မရလောက်အောင် ကျွန်တော်တို့
အတွက် အလုပ်တွေလုပ်နေရရှာတယ်...အမေကျန်းမာပါစေ...အမေပြော
သလိုပေါ့...နတ်မောက်မှာဆိုရင် ဗိုလ်ချုပ်ရဲ့အမေကို အမေစုလို့ လူတိုင်းက
ခေါ်ကြတယ်...အခုလည်းတစ်တိုင်းပြည်လုံးက အမေ့ကို အမေစုလို့ခေါ်ကြ
တယ်တဲ့...အမေစုလို့အခေါ်ခံနေပြီဖြစ်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းလို
သားကောင်းရတနာတွေမွေးထုတ်ပေးရဦးမယ်တဲ့...အမေကျန်းမာပါစေ..
မျိုးချစ်မြန်မာလူငယ် said...
လူထုခေါင်းဆောင် ဒေါ်စုကို ပြည်သူတွေက လေးစားချစ်ခင်ကြတာ တကမ္ဘာလုံးက သိတယ်။ အာဏာရူး ဖားကြီး အခု ချိန်ဆို ဘာ ကောက်ကျစ်ဖို့ ကြံနေပြီလဲမသိဘူးနော်။
Powered by Blogger.